Via : Your Life Success Blog
” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင် သည်းခံပါ ဆိုတော့ ရှိထားတဲ့ စိတ်ဓာတ်ခွန်အားလေးတွေတောင် ပျောက်သွားတယ်။ ဘယ့်နှယ်၊ အောင်မြင်ချင်ရင် သည်းခံရမှာလဲ။ စာပေဟောပြောပွဲတစ်ခုမှာ ဆရာကြီးတစ်ယောက် ပြောတာကို နားထောင်ရတော့ အဲလိုအတွေးတွေ ပေါ်လာမိတယ်။
ဒါပေမဲ့ ကျနော် ဆက်နားထောင်ကြည့်တယ်။ ဟုတ်တယ်။ အောင်မြင်ချင်ရင် သည်းခံရမယ်။ ဘာတွေကို သည်းခံရမလဲ။ ဘဝအခက်အခဲတွေကို သည်းခံရမယ်။ ဆိုးတာတွေကိုပဲ သည်းခံရမှာလား။ မဟုတ်ဘူး။ ကောင်းတာတွေကိုလည်း သည်းခံရမယ်။
ပြီးတော့ စကားစပ်မိလို့ တစ်ဆက်တည်း ပြောလိုက်ရပါဦးမယ်။ကျနော်တို့ အောင်မြင်ဖို့အတွက်ဆိုရင် လျစ်လျူရှုတဲ့ အတတ်ပညာကိုလည်း တတ်ရလိမ့်မယ်။ ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးလမ်းကြောင်းကိုသွားရာမှာ အလွန်အဓိကကျတဲ့အတွက် အဲဒါကို ကျနော် ပြောချင်ပါတယ်။
လျစ်လျူရှုတဲ့ အသိပညာ-တဲ့။ Zhang Le Wen ၊၂ဝဝ၉ ဧပြီလထုတ် အွန်လိုင်းမဂ္ဂဇင်းကနေ ဆရာမနိုင်းနိုင်းစနေ ဘာသာပြန်ထားတာပါ။ အမေရိကန် ကယ်ရီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုး ရှိခဲ့တယ်။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်းပေါ်က လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့တယ်။ နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတယ်။
အမေရိကန် လင်းယုန်ငှက်က ဘယ်လိုငှက်မျိုးလဲ? အရွယ်ရောက် လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ကီလို၂ဝအထိ ရှိနိုင်ပြီး ဖြန့်ထားတဲ့အတောင်ပံက ၃မီတာအထိရှိတဲ့ ငှက်ကြီးမျိုးဖြစ်တယ်။ အမေရိကန်လင်းယုန်က ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက်ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တယ်။ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တ ရခဲ့ကြတယ်။
အမေရိကန် လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှတွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ လူတွေထင်နေချိန်မှာ ဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး Ah. Steven ဆိုသူက တောင်အမေရိကားမှာရှိတဲ့ Andes တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျယ်ပြန့်တဲ့နေရာ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်က ဒီလိုကျဉ်းမြောင်းသေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။
ဂူထဲမှာ ထိုးထိုးထောင်ထောင် ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေရှိတာကို Ah. Steven သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့တစ်ခုကြား အကွာအဝေးဟာလည်း ဝ.၅ ပေပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလို ထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလို ချွန်ထက်နေခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက်မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှပါဘူး။ အမေရိကန် လင်းယုန်ငှက်တွေ ဘယ်လိုရှင်သန်ခဲ့သလဲ? ပညာရှင်တွေ ဉာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။
Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ဝ.၅ပေသာ ကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခု လုပ်ခဲ့တယ်။ အဲဒီနောက် အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲ ဆိုတာကို စူးစမ်းခဲ့တယ်။
လင်းယုန်ငှက်ဟာ လှောင်အိမ်ထဲကနေ လွတ်လိုက်တယ်ဆိုရင်ပဲ လျှပ်တစ်ပြက်အတွင်း ဝ.၅ပေသာရှိတဲ့ အပေါက်ကနေ ပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မတွေ့ခဲ့ကြရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ အခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။
အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်က သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ်ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းတစ်ဖြောင့် အနေအထားမှာထားပြီး ကြီးမားတဲ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းလို့ ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင် သူ့ရဲ့ အပြုအမှုက ပေါ့ပါးလွယ်ကူခဲ့တယ်။
လင်းယုန်ငှက်ကို Steven လေ့လာစူးစမ်းနေတုန်း ငှက်ကိုယ်ပေါ်မှာ အဖုအပိန့် အသားမာတွေနဲ့ ပြည့်နေတာကို သတိထားမိခဲ့တယ်။ အဲဒီအသားမာတွေက ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျောနေခဲ့တယ်။ တစ်ချိန်က လူတွေရဲ့အဖမ်းအဆီးရန်က ရှောင်နိုင်ဖို့ လင်းယုန်ငှက်တွေဟာ ဂူထဲပုန်းအောင်းခဲ့တယ်။ ဂူထဲမှာ အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တယ်။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက်ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့တယ်။ လူတွေရဲ့ ဖမ်းဆီးပစ်ခတ်ဒဏ်ကို အမေရိကန် လင်းယုန်ငှက်တွေ ရှောင်လွဲမရနိုင်ခဲ့ဘူး။ ကျဉ်းမြောင်းတဲ့ ဂူတွေကို သူတို့မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ကိုယ်သူတို့ပြောင်းလဲခဲ့ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ကြတယ်။
လူရယ်လို့ဖြစ်လာတဲ့ ကျွန်တော်တို့မှာလည်း ကုန်းထလို့မရ၊ ကိုယ်ကိုစောင်းလှည့်လို့ မရအောင် အဖက်ဖက်ကထိုးနှက်တဲ့ အခက်အခဲမျိုးစုံ ရှိတတ်ကြတယ်။ အဲဒီအခက်အခဲတွေ ကျော်လွှားဖို့၊ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်တော်တို့က အမေရိကန် လင်းယုန်ငှက်လို ပြုမှုရလိမ့်မယ်။ ကိုယ်ကို ကျုံ့နိုင်သမျှကျုံ့ပြီး ကျယ်ပြန့်တဲ့ ရှင်သန်မှုကို (ဆက်လက်ရှင်သန်ဖို့) ရှာရလိမ့်မယ်။
ကိုယ်ကိုကျုံ့နိုင်ဖို့ရာ မလွယ်ကူလှဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလည်း ရှိမယ်။ မျက်ရည်ကျတဲ့အချိန်လည်း ရှိမယ်။ ဒါပေမယ့် အဲဒီနာကျင် ထိခိုက်ဒဏ်ကို ခံနိုင်တဲ့လူတွေကမှ သေးငယ်တဲ့အပေါက် (အခက်အခဲ)ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်တဲ့ကောင်းကင်ကို တွေ့ရမှာဖြစ်တယ်။
မွေးဖွားရာအရပ်၊ မိဘနဲ့ မိသားစုတွေကို ကျွန်တော်တို့ ရွေးခြယ်ခွင့် မရှိခဲ့ဘူး။ ဖြစ်ခဲ့တဲ့ ဘဝကံကြမ္မာကို ကျွန်တော်တို့ ပြောင်းလဲခွင့် မရခဲ့ဘူး။ ဘယ်လိုအခက်အခဲလဲ၊ ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ကြိုမသိခဲ့ဘူး။ ဒါကြောင့် အတိတ်ကဖြစ်ခဲ့သမျှကို ကျိန်ဆဲ၊ အပြစ်မတင်ဘဲ လက်ခံ၊ သည်းခံခဲ့ရတယ်။ ဒါပေမယ့် ရှေ့ဆက်ဖြစ်လာနိုင်မယ့် အခြေအနေမှာ ကျွန်တော်တို့ရွေးဖို့ နည်းလမ်းရခဲ့တယ်။ တနည်းပြောရရင် လဲကျရာမှ ပြန်ထဖို့၊ ဒုတိယအကြိမ်ရှင်သန်ဖို့ နည်းရခဲ့တယ်။
ပြောသလို လုပ်ဖို့ရာမလွယ်ဘူးလို့ တစ်ချို့ကပြောကြတယ်။ ဒါပေမယ့် ကိုယ်ကိုစောင်းလှည့်ဖို့၊ ကုန်းထဖို့ရာ လွယ်ကူပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းရုံပါပဲ။ မှန်ကန်တဲ့နည်းလမ်းဆိုတာ ဘာလဲ? ကိုယ့်ကိုလဲကျရာက ပြန်ထရပ်စေတဲ့၊ ထပ်မလဲစေတဲ့ နည်းပဲဖြစ်တယ်။
ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့လို သာမန်လူတွေလုပ်နိုင်၊ သင်ယူနိုင်တဲ့ အနေအထားနှစ်မျိုးရှိခဲ့တယ်။ အဲဒီနှစ်မျိုးက “မေ့ပစ်”တာနဲ့ “လျစ်လျူရှု” တာပဲဖြစ်တယ်။ အသက် (၂ဝ)မတိုင်ခင် လျစ်လျူရှု (ဥပေက္ခာပြု) တတ်ရမယ်။ လျစ်လျူရှုတတ်ဖို့ သင်ရလိမ့်မယ်။ လျစ်လျူရှုုတာ သူရဲဘောကြောင်လို့ မဟုတ်ဘဲ ရှင်သန်ဖို့ နည်းလမ်းသာဖြစ်တယ်။ အထူးသဖြင့် အားငယ်ချိန်၊ ဘေးရန်က မကာကွယ်နိုင်ခင်မှာဖြစ်တယ်။
တကယ်လို့ ကိုယ်ဟာမွဲတေနေတယ်ဆိုရင် ဆင်းရဲသားလို့ ကဲ့ရဲ့လှောင်ပြောင်လာတဲ့ လူတစ်ချို့ကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ သာမန်လူတန်းစားက မွေးဖွားလာတဲ့ကိုယ့်ကို အထင်သေး၊ မောက်မာပြတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ ကိုယ့်မှာဘာကျောထောက်နောက်ခံမှ မရှိဘူး၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ မရှိဘူးဆိုရင် လိုတရနေတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ လူတစ်ယောက်က ကိုယ်နဲ့တိုက်ရိုက် အကျိုးမပတ်သက်ခဲ့ရင် သူရဲ့ကိုယ်ကျင့်တရား၊ သူ့တန်ဖိုးကို လျစ်လျူရှုတတ်ရမယ်။
လျစ်လျူရှုတာက တစ်ခြားလူကို ခွင့်လွတ်ခြင်း တစ်မျိုး၊ ကိုယ့်အတွက် လွတ်မြောက်ခြင်းတစ်မျိုးဖြစ်တယ်။ လျစ်လျူရှုတာက ကိုယ့်ဖိအားကို ဖြည်လျော့စေတယ်။ လွယ်လွယ်ကူကူ ရှင်သန်စေတယ်။ ကိုယ်လုပ်ချင်တာကို စိတ်ဝင်တစား၊ အာရုံစိုက်လုပ်နိုင်စေတယ်။ အခက်အခဲကို လျစ်လျူရှုတာက ကိုယ့်ကို အင်အားတွေဖြည့်တာနဲ့ အတူတူဖြစ်တယ်။ လျစ်လျူရှုတယ်ဆိုတာ အားအင်တစ်ခုကို ကိုယ်မွေးဖွားလိုက်သလို ကိုယ့်ကိုယ်ဖိထားတဲ့ ဝန်တစ်ခုကို ခွါချလိုက်တာနဲ့တူတယ်။ ကိုယ်မရခဲ့တဲ့ မျှတမှုကို လျစ်လျူရှုတာက ကိုယ်အတွက် နောက်အခွင့်အရေး တစ်ခုကို ရယူလိုက်တာနဲ့တူတယ်။
နောက်တစ်ခုက မေ့ပစ်တာဖြစ်တယ်။ ကိုယ်သည်းမခံနိုင်တဲ့ အရာကို မေ့ပစ်လိုက်တာက ကိုယ့်အတွက် အလွယ်ကူဆုံး စိတ်ထွက်ပေါက်ဖြစ်တယ်။ အမှားနဲ့စခဲ့တာကို မေ့လိုက်တာက အမှန်နဲ့ပြီးဆုံးဖို့အတွက် ဖြစ်တယ်။ တစ်ချိန်က မိုက်မိုက်ကန်းကန်း ရွေးခြယ်ခဲ့တာကို မေ့လိုက်တာက နောက်တစ်ချိန် ရှင်းရှင်းလင်းလင်းနဲ့ ပိုင်ဆိုင်ဖို့အတွက်ဖြစ်တယ်။
တကယ်တော့ လူ့ဘဝမှာ လျစ်လျူရှုတာနဲ့ မေ့ပစ်လိုက်တာက ရင်ထဲမှာဖြစ်နေတဲ့ အစိုင်အခဲ၊ စိတ်ဖိအားတွေကို ကုသပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ စိတ်တည်ငြိမ်၊ ပေါ့ပါးလွယ်ကူစေတယ်။ လျစ်လျူရှုနဲ့ မေ့ပစ်လိုက်တာဟာ သူရဲဘောကြောင်တာ မဟုတ်ဘူး။ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်လျှောက်မယ့်လမ်းအတွက် အားအင်တွေဖြစ်တယ်။
——— —– ————
(Zawgyi)
တခ်ိဳ႕အရာေတြကို လ်စ္လ်ဴရႈတတ္ေအာင္ ႀကိဳးစားပါ
Via : Your Life Success Blog
” လူငယ္ေတြ မင္းတို႔ ေအာင္ျမင္ခ်င္သလား၊ ႀကီးပြားခ်မ္းသာခ်င္သလား၊ အဲဒါဆိုရင္ သည္းခံပါ ” -တဲ့။ အာ.. ဘယ္လိုႀကီးလဲ။ စိတ္ဓာတ္တက္ႂကြေအာင္ ေျပာရမယ့္အစား ေအာင္ျမင္ခ်င္ရင္ သည္းခံပါ ဆိုေတာ့ ရွိထားတဲ့ စိတ္ဓာတ္ခြန္အားေလးေတြေတာင္ ေပ်ာက္သြားတယ္။ ဘယ့္ႏွယ္၊ ေအာင္ျမင္ခ်င္ရင္ သည္းခံရမွာလဲ။ စာေပေဟာေျပာပြဲတစ္ခုမွာ ဆရာႀကီးတစ္ေယာက္ ေျပာတာကို နားေထာင္ရေတာ့ အဲလိုအေတြးေတြ ေပၚလာမိတယ္။
ဒါေပမဲ့ က်ေနာ္ ဆက္နားေထာင္ၾကည့္တယ္။ ဟုတ္တယ္။ ေအာင္ျမင္ခ်င္ရင္ သည္းခံရမယ္။ ဘာေတြကို သည္းခံရမလဲ။ ဘဝအခက္အခဲေတြကို သည္းခံရမယ္။ ဆိုးတာေတြကိုပဲ သည္းခံရမွာလား။ မဟုတ္ဘူး။ ေကာင္းတာေတြကိုလည္း သည္းခံရမယ္။
ၿပီးေတာ့ စကားစပ္မိလို႔ တစ္ဆက္တည္း ေျပာလိုက္ရပါဦးမယ္။က်ေနာ္တို႔ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ လ်စ္လ်ဴရႈတဲ့ အတတ္ပညာကိုလည္း တတ္ရလိမ့္မယ္။ ဒါဟာ က်ေနာ္တို႔ရဲ႕ ေအာင္ျမင္ေရးလမ္းေၾကာင္းကိုသြားရာမွာ အလြန္အဓိကက်တဲ့အတြက္ အဲဒါကို က်ေနာ္ ေျပာခ်င္ပါတယ္။
လ်စ္လ်ဴရႈတဲ့ အသိပညာ-တဲ့။ Zhang Le Wen ၊၂ဝဝ၉ ဧၿပီလထုတ္ အြန္လိုင္းမဂၢဇင္းကေန ဆရာမႏိုင္းႏိုင္းစေန ဘာသာျပန္ထားတာပါ။ အေမရိကန္ ကယ္ရီဖိုးနီးယားက ကြၽန္းမွာ American Eagle လို႔ေခၚတဲ့ လင္းယုန္ငွက္တစ္မ်ိဳး ရွိခဲ့တယ္။ အဲဒီငွက္ကို လူတစ္ခ်ိဳ႕က ေဈးႀကီးေပးၿပီး ဝယ္ယူၾကတဲ့အတြက္ ေဒသခံေတြ အလုအယက္ ဖမ္းဆီးခဲ့ၾကတယ္။ ဒီလိုနဲ႔ တျဖည္းျဖည္း ကြၽန္းေပၚက လင္းယုန္ငွက္ေတြ မ်ိဳးတုံးလာခဲ့တယ္။ ေနာက္ဆုံး ငွက္ေတြရဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕ေတာ့တဲ့အတြက္ လူေတြက ဒီလင္းယုန္ငွက္ေတြ ကမာၻေပၚမွာ လုံးဝမရွိေတာ့ဘူးလို႔ ထင္ခဲ့ၾကတယ္။
အေမရိကန္ လင္းယုန္ငွက္က ဘယ္လိုငွက္မ်ိဳးလဲ? အ႐ြယ္ေရာက္ လင္းယုန္ငွက္တစ္ေကာင္ရဲ႕ ကိုယ္အေလးခ်ိန္က ကီလို၂ဝအထိ ရွိႏိုင္ၿပီး ျဖန႔္ထားတဲ့အေတာင္ပံက ၃မီတာအထိရွိတဲ့ ငွက္ႀကီးမ်ိဳးျဖစ္တယ္။ အေမရိကန္လင္းယုန္က ေရျပင္ေပၚပ်ံဝဲရင္း ႐ုတ္တရက္ထိုးဆင္းၿပီး ပင္လယ္ဖ်ံတစ္ေကာင္ကို အလြယ္တကူ ကုတ္ယူႏိုင္တဲ့ ငွက္မ်ိဳးျဖစ္တယ္။ ဒီလိုငွက္မ်ိဳး မ်ိဳးတုံးသြားတဲ့အတြက္ လူေတြႏွေျမာေနာင္တ ရခဲ့ၾကတယ္။
အေမရိကန္ လင္းယုန္ငွက္ေတြကို ကမာၻေပၚမွာ ဘယ္ေတာ့မွေတြ႕ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ လူေတြထင္ေနခ်ိန္မွာ ဒီငွက္မ်ိဳးကို အထူးေလ့လာ သုေတသနျပဳေနတဲ့ အေမရိကန္လူမ်ိဳး Ah. Steven ဆိုသူက ေတာင္အေမရိကားမွာရွိတဲ့ Andes ေတာင္တန္းရဲ႕ ဂူတစ္ခုမွာ ဒီငွက္ေတြကို ရွာေဖြေတြ႕ရွိခဲ့တယ္။ က်ယ္ျပန႔္တဲ့ေနရာ ပင္လယ္ေရျပင္ေတြေပၚမွာ က်က္စားတတ္တဲ့ လင္းယုန္ငွက္က ဒီလိုက်ဥ္းေျမာင္းေသးငယ္တဲ့ ဂူထဲမွာ ရွင္သန္ႏိုင္ခဲ့မယ္လို႔ လူေတြတစ္ခါမွ ေတြးထင္မထားခဲ့မိၾကဘူး။
ဂူထဲမွာ ထိုးထိုးေထာင္ေထာင္ ထိုးထြက္ေနတဲ့ ေက်ာက္ခြၽန္းေတြရွိတာကို Ah. Steven သတိထားခဲ့မိတယ္။ အဲဒီအျပင္ ဂူနံရံတစ္ခုနဲ႔တစ္ခုၾကား အကြာအေဝးဟာလည္း ဝ.၅ ေပပဲရွိခဲ့တယ္။ အက်ဥ္းဆုံးေနရာက နံရံႏွစ္ခု ထပ္လုနီးနီးပါပဲ။ တစ္ခ်ိဳ႕ေက်ာက္ေတြက ဓါးသြားလို ထက္ျမက္ပါးလႊာၿပီး တစ္ခ်ိဳ႕က သံေခ်ာင္းလို ခြၽန္ထက္ေနခဲ့တယ္။ ဒီလိုေနရာမ်ိဳးမွာ ကိုယ္ထည္ႀကီးမားတဲ့ လင္းယုန္ငွက္မဆိုထားနဲ႔ စာကေလးေတာင္ ရွင္သန္ဖို႔ရာ မလြယ္ကူလွပါဘူး။ အေမရိကန္ လင္းယုန္ငွက္ေတြ ဘယ္လိုရွင္သန္ခဲ့သလဲ? ပညာရွင္ေတြ ဉာဏ္မီေအာင္ မေတြးေတာႏိုင္ခဲ့ၾကဘူး။
Steven က အဆင့္ျမင့္နည္းပညာနဲ႔ ဂူထဲက လင္းယုန္ငွက္တစ္ေကာင္ကို ဖမ္းဆီးခဲ့တယ္။ အဲဒီေနာက္ ငွက္ကို သစ္ဆူးသစ္ခက္ေတြနဲ႔ ပတ္လည္ဝိုင္းေလွာင္ထားၿပီး သံဆူးႀကိဳးနဲ႔ ဝ.၅ေပသာ က်ယ္ဝန္းတဲ့ ထြက္ေပါက္တစ္ခု လုပ္ခဲ့တယ္။ အဲဒီေနာက္ အေပါက္ကေန လင္းယုန္ငွက္ ဘယ္လိုပ်ံထြက္မလဲ ဆိုတာကို စူးစမ္းခဲ့တယ္။
လင္းယုန္ငွက္ဟာ ေလွာင္အိမ္ထဲကေန လြတ္လိုက္တယ္ဆိုရင္ပဲ လွ်ပ္တစ္ျပက္အတြင္း ဝ.၅ေပသာရွိတဲ့ အေပါက္ကေန ပ်ံထြက္သြားခဲ့တယ္။ ျမန္လြန္းလို႔ ဘယ္လိုပ်ံထြက္သြားမွန္းေတာင္ မေတြ႕ခဲ့ၾကရဘူး။ ဒါေပမယ့္ Steven က သြင္းထားတဲ့ အေခြကတစ္ဆင့္ အေႏွးျပကြက္နဲ႔ အေျဖကိုရွာခဲ့ပါတယ္။
အေပါက္ေသးေသးကေန ပ်ံထြက္ခ်ိန္ တခဏအတြင္းမွာ လင္းယုန္ငွက္က သူ႔အေတာင္ႏွစ္ဖက္ကို ဗိုက္နားကပ္ထားၿပီး ေျခႏွစ္ေခ်ာင္းကို အၿမီးနဲ႔တစ္ေျဖာင့္ထဲ ကပ္ထားလိုက္တယ္။ ေခါင္းနဲ႔လည္ပင္းကို မ်ဥ္းတစ္ေျဖာင့္ အေနအထားမွာထားၿပီး ႀကီးမားတဲ့ခႏၶာကိုယ္ကို ႀကိဳးတစ္ေခ်ာင္းလို႔ ေပ်ာ့ေပ်ာင္းပစ္လိုက္တယ္။ လူေတြ မေတြးေတာမိေအာင္ သူ႔ရဲ႕ အျပဳအမႈက ေပါ့ပါးလြယ္ကူခဲ့တယ္။
လင္းယုန္ငွက္ကို Steven ေလ့လာစူးစမ္းေနတုန္း ငွက္ကိုယ္ေပၚမွာ အဖုအပိန႔္ အသားမာေတြနဲ႔ ျပည့္ေနတာကို သတိထားမိခဲ့တယ္။ အဲဒီအသားမာေတြက ေက်ာက္တုံးေတြနဲ႔ ပြတ္တိုက္သြားႏိုင္ေလာက္တဲ့အထိ မာေက်ာေနခဲ့တယ္။ တစ္ခ်ိန္က လူေတြရဲ႕အဖမ္းအဆီးရန္က ေရွာင္ႏိုင္ဖို႔ လင္းယုန္ငွက္ေတြဟာ ဂူထဲပုန္းေအာင္းခဲ့တယ္။ ဂူထဲမွာ အသက္ဆက္ႏိုင္ဖို႔၊ ေသးငယ္တဲ့ဂူနံရံၾကားမွာ ပ်ံသန္းႏိုင္ဖို႔ ႀကီးမားတဲ့ခႏၶာကိုယ္ကို အပြန္းပဲ့ခံ၊ အပြတ္တိုက္ခံၿပီး ေျပာင္းလဲခဲ့တယ္။ ကိုယ္ေပၚက အသားမာေတြနဲ႔ ေက်ာက္နံရံရဲ႕ ပြတ္တိုက္ဒဏ္ကို ကာကြယ္ၿပီး မ်ဥ္းတစ္ေၾကာင္းလို ေပ်ာ့ေပ်ာင္းေအာင္ က်င့္ခဲ့တယ္။ လူေတြရဲ႕ ဖမ္းဆီးပစ္ခတ္ဒဏ္ကို အေမရိကန္ လင္းယုန္ငွက္ေတြ ေရွာင္လြဲမရႏိုင္ခဲ့ဘူး။ က်ဥ္းေျမာင္းတဲ့ ဂူေတြကို သူတို႔မေျပာင္းလဲႏိုင္ခဲ့ဘူး။ ဒါေပမယ့္ သူတို႔ကိုယ္သူတို႔ေျပာင္းလဲခဲ့ၿပီး ရွင္သန္ဖို႔ ႀကိဳးစားခဲ့ၾကတယ္။
လူရယ္လို႔ျဖစ္လာတဲ့ ကြၽန္ေတာ္တို႔မွာလည္း ကုန္းထလို႔မရ၊ ကိုယ္ကိုေစာင္းလွည့္လို႔ မရေအာင္ အဖက္ဖက္ကထိုးႏွက္တဲ့ အခက္အခဲမ်ိဳးစုံ ရွိတတ္ၾကတယ္။ အဲဒီအခက္အခဲေတြ ေက်ာ္လႊားဖို႔၊ ဆက္လက္ရွင္သန္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔က အေမရိကန္ လင္းယုန္ငွက္လို ျပဳမႈရလိမ့္မယ္။ ကိုယ္ကို က်ဳံ႕ႏိုင္သမွ်က်ဳံ႕ၿပီး က်ယ္ျပန႔္တဲ့ ရွင္သန္မႈကို (ဆက္လက္ရွင္သန္ဖို႔) ရွာရလိမ့္မယ္။
ကိုယ္ကိုက်ဳံ႕ႏိုင္ဖို႔ရာ မလြယ္ကူလွဘူး။ ထိခိုက္ဒဏ္ရာရတဲ့အခါလည္း ရွိမယ္။ မ်က္ရည္က်တဲ့အခ်ိန္လည္း ရွိမယ္။ ဒါေပမယ့္ အဲဒီနာက်င္ ထိခိုက္ဒဏ္ကို ခံႏိုင္တဲ့လူေတြကမွ ေသးငယ္တဲ့အေပါက္ (အခက္အခဲ)ကို ျဖတ္ေက်ာ္ၿပီး က်ယ္ျပန႔္တဲ့ေကာင္းကင္ကို ေတြ႕ရမွာျဖစ္တယ္။
ေမြးဖြားရာအရပ္၊ မိဘနဲ႔ မိသားစုေတြကို ကြၽန္ေတာ္တို႔ ေ႐ြးျခယ္ခြင့္ မရွိခဲ့ဘူး။ ျဖစ္ခဲ့တဲ့ ဘဝကံၾကမၼာကို ကြၽန္ေတာ္တို႔ ေျပာင္းလဲခြင့္ မရခဲ့ဘူး။ ဘယ္လိုအခက္အခဲလဲ၊ ဘယ္ေလာက္ထိ ထိခိုက္ႏိုင္သလဲ ဆိုတာကို ကြၽန္ေတာ္တို႔ ႀကိဳမသိခဲ့ဘူး။ ဒါေၾကာင့္ အတိတ္ကျဖစ္ခဲ့သမွ်ကို က်ိန္ဆဲ၊ အျပစ္မတင္ဘဲ လက္ခံ၊ သည္းခံခဲ့ရတယ္။ ဒါေပမယ့္ ေရွ႕ဆက္ျဖစ္လာႏိုင္မယ့္ အေျခအေနမွာ ကြၽန္ေတာ္တို႔ေ႐ြးဖို႔ နည္းလမ္းရခဲ့တယ္။ တနည္းေျပာရရင္ လဲက်ရာမွ ျပန္ထဖို႔၊ ဒုတိယအႀကိမ္ရွင္သန္ဖို႔ နည္းရခဲ့တယ္။
ေျပာသလို လုပ္ဖို႔ရာမလြယ္ဘူးလို႔ တစ္ခ်ိဳ႕ကေျပာၾကတယ္။ ဒါေပမယ့္ ကိုယ္ကိုေစာင္းလွည့္ဖို႔၊ ကုန္းထဖို႔ရာ လြယ္ကူပါတယ္။ မွန္ကန္တဲ့နည္းလမ္းနဲ႔ ျဖစ္လာတဲ့ျပႆနာကို ေျဖရွင္း႐ုံပါပဲ။ မွန္ကန္တဲ့နည္းလမ္းဆိုတာ ဘာလဲ? ကိုယ့္ကိုလဲက်ရာက ျပန္ထရပ္ေစတဲ့၊ ထပ္မလဲေစတဲ့ နည္းပဲျဖစ္တယ္။
ဒီလိုအေျခအေနမ်ိဳးကို ကြၽန္ေတာ္တို႔လို သာမန္လူေတြလုပ္ႏိုင္၊ သင္ယူႏိုင္တဲ့ အေနအထားႏွစ္မ်ိဳးရွိခဲ့တယ္။ အဲဒီႏွစ္မ်ိဳးက “ေမ့ပစ္”တာနဲ႔ “လ်စ္လ်ဴရႈ” တာပဲျဖစ္တယ္။ အသက္ (၂ဝ)မတိုင္ခင္ လ်စ္လ်ဴရႈ (ဥေပကၡာျပဳ) တတ္ရမယ္။ လ်စ္လ်ဴရႈတတ္ဖို႔ သင္ရလိမ့္မယ္။ လ်စ္လ်ဴရႈုတာ သူရဲေဘာေၾကာင္လို႔ မဟုတ္ဘဲ ရွင္သန္ဖို႔ နည္းလမ္းသာျဖစ္တယ္။ အထူးသျဖင့္ အားငယ္ခ်ိန္၊ ေဘးရန္က မကာကြယ္ႏိုင္ခင္မွာျဖစ္တယ္။
တကယ္လို႔ ကိုယ္ဟာမြဲေတေနတယ္ဆိုရင္ ဆင္းရဲသားလို႔ ကဲ့ရဲ႕ေလွာင္ေျပာင္လာတဲ့ လူတစ္ခ်ိဳ႕ကို လ်စ္လ်ဴရႈတတ္ရမယ္။ တကယ္လို႔ သာမန္လူတန္းစားက ေမြးဖြားလာတဲ့ကိုယ့္ကို အထင္ေသး၊ ေမာက္မာျပတဲ့ လူေတြကို လ်စ္လ်ဴရႈတတ္ရမယ္။ တကယ္လို႔ ကိုယ့္မွာဘာေက်ာေထာက္ေနာက္ခံမွ မရွိဘူး၊ ပတ္သက္ရာ ပတ္သက္ေၾကာင္းေတြ မရွိဘူးဆိုရင္ လိုတရေနတဲ့ လူေတြကို လ်စ္လ်ဴရႈတတ္ရမယ္။ တကယ္လို႔ လူတစ္ေယာက္က ကိုယ္နဲ႔တိုက္႐ိုက္ အက်ိဳးမပတ္သက္ခဲ့ရင္ သူရဲ႕ကိုယ္က်င့္တရား၊ သူ႔တန္ဖိုးကို လ်စ္လ်ဴရႈတတ္ရမယ္။
လ်စ္လ်ဴရႈတာက တစ္ျခားလူကို ခြင့္လြတ္ျခင္း တစ္မ်ိဳး၊ ကိုယ့္အတြက္ လြတ္ေျမာက္ျခင္းတစ္မ်ိဳးျဖစ္တယ္။ လ်စ္လ်ဴရႈတာက ကိုယ့္ဖိအားကို ျဖည္ေလ်ာ့ေစတယ္။ လြယ္လြယ္ကူကူ ရွင္သန္ေစတယ္။ ကိုယ္လုပ္ခ်င္တာကို စိတ္ဝင္တစား၊ အာ႐ုံစိုက္လုပ္ႏိုင္ေစတယ္။ အခက္အခဲကို လ်စ္လ်ဴရႈတာက ကိုယ့္ကို အင္အားေတြျဖည့္တာနဲ႔ အတူတူျဖစ္တယ္။ လ်စ္လ်ဴရႈတယ္ဆိုတာ အားအင္တစ္ခုကို ကိုယ္ေမြးဖြားလိုက္သလို ကိုယ့္ကိုယ္ဖိထားတဲ့ ဝန္တစ္ခုကို ခြါခ်လိုက္တာနဲ႔တူတယ္။ ကိုယ္မရခဲ့တဲ့ မွ်တမႈကို လ်စ္လ်ဴရႈတာက ကိုယ္အတြက္ ေနာက္အခြင့္အေရး တစ္ခုကို ရယူလိုက္တာနဲ႔တူတယ္။
ေနာက္တစ္ခုက ေမ့ပစ္တာျဖစ္တယ္။ ကိုယ္သည္းမခံႏိုင္တဲ့ အရာကို ေမ့ပစ္လိုက္တာက ကိုယ့္အတြက္ အလြယ္ကူဆုံး စိတ္ထြက္ေပါက္ျဖစ္တယ္။ အမွားနဲ႔စခဲ့တာကို ေမ့လိုက္တာက အမွန္နဲ႔ၿပီးဆုံးဖို႔အတြက္ ျဖစ္တယ္။ တစ္ခ်ိန္က မိုက္မိုက္ကန္းကန္း ေ႐ြးျခယ္ခဲ့တာကို ေမ့လိုက္တာက ေနာက္တစ္ခ်ိန္ ရွင္းရွင္းလင္းလင္းနဲ႔ ပိုင္ဆိုင္ဖို႔အတြက္ျဖစ္တယ္။
တကယ္ေတာ့ လူ႔ဘဝမွာ လ်စ္လ်ဴရႈတာနဲ႔ ေမ့ပစ္လုိက္တာက ရင္ထဲမွာျဖစ္ေနတဲ့ အစိုင္အခဲ၊ စိတ္ဖိအားေတြကို ကုသေပးတဲ့ အေကာင္းဆုံးနည္းျဖစ္တယ္။ စိတ္တည္ၿငိမ္၊ ေပါ့ပါးလြယ္ကူေစတယ္။ လ်စ္လ်ဴရႈနဲ႔ ေမ့ပစ္လုိက္တာဟာ သူရဲေဘာေၾကာင္တာ မဟုတ္ဘူး။ ပန္းတိုင္ကိုေရာက္ဖို႔ ေရွ႕ဆက္ေလွ်ာက္မယ့္လမ္းအတြက္ အားအင္ေတြျဖစ္တယ္။
Discussion about this post