ဂျမ်ဘို ဆိုတဲ့နာမည်ကို ယနေ့ထိတိုင် ထုတ်ကုန်အမျိုးမျိုးမှာ တံဆိပ်တပ်ရောင်းချလျှက်ရှိတာကြောင့်တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ ဆင်တကောင်ရဲ့ နာမည်ဆိုတာ အားလုံးသိပြီးဖြစ်ပေမယ့် သူ့အကြောင်းကိုတော့ သိသူနည်းမယ်ထင်ပါတယ်။ မသိသေးတဲ့ သုတဇုန် မိတ်ဆွေများအတွက် တခေတ်တခါက အလွန်နာမည်ကြီးခဲ့တဲ့ ဆင်ကလေးဂျမ်ဘိုရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။
ဂျမ်ဘို ဟာ အာဖရိကဆင်အမျိုးအစားတစ်ကောင်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုနဲ့ဉာဏ်ရည်ဉာဏ်သွေးမှာ တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုသာလွန်ကြောင်းကိုသူရဲ့ လုပ်ဆောင်ချက်တွေကသက်သေပြလျက်ရှိပါတယ်။ ဂျမ်ဘို ဟာသူကိုမြင်တွေ့ခွင့်ရခဲ့တဲ့ကလေးသူငယ်တိုင်းကို ပျော်ရွှင်စရာအခိုက်အတန့်များစွာဖန်တီးပေးခဲ့ပါတယ်။
သူဟာလန်ဒန် နဲ့၊တောင်အမေရိကတိုက်တိရစ္ဆာန်ရုံတွေအတွင်းလှည့်လည်ကျက်စားခဲ့ကာ တိရစ္ဆာန်တစ်ကောင်ထက်များစွာသာလွန်တဲ့စွမ်းရည်တွေပြသကာလာရောက်သူအပေါင်းရဲ့အာရုံကိုစွဲဆောင် နိုင်စွမ်းကြီးလွန်းသူဖြစ်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ ဂျမ်ဘိုဟာညတိရစ္ဆာန်တစ်ကောင်ဖြစ်ပေမဲ့ ကမ္ဘာကျော်ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဂျမ်ဘို ကိုစတင်တွေ့ရှိခဲ့သူတွေကတော့ အာရေဗီအမဲလိုက်သမားတွေဖြစ်ကြပြီး ဆူဒန် နဲ့ အီထရီးယားနယ်စပ် မြေပြန့်လွင်ပြင်တလျှောက်မှာရှိတဲ့စမ်းရေတွင်းတခုအတွင်းမှာ (၁၈၆၁) ခုနှစ်လောက်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စတင်တွေ့ရှိချိန်က အာဖရိကဆင်ရိုင်းလေးဖြစ်တဲ့ ဂျမ်ဘိုဟာဆိုရင်အသက်(၂)နှစ်သာရှိသေးပြီး ခြေစုံရပ်အမြင့် လက်မ(၄၀)အတိုင်းအတာ သာရှိခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဂျမ်ဘို ဟာ တိရစ္ဆာန်စုဆောင်းရေးသမားတစ်ယောက်ဖြစ်တဲ့ Johann Schmidt ရဲ့ဝယ်ယူခြင်းကိုခံခဲ့ရပြီးပြင်သစ်နိုင်ငံပဲရစ်မှာရှိတဲ့ Jardin de Plantes တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
(၁၈၆၅)ခုနှစ်ရောက်ချိန်မှာတော့ လန်ဒန်တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပြန်ပါတယ်။လန်ဒန်ကိုရောက်ချိန်မှာတော့ ဂျမ်ဘို လေး ဟာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ Matthew Scott ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့နိုင်ငံရဲ့ရတနာတပါးဖြစ်လာခဲ့ပါတော့တယ်။ ဂျမ်ဘို ရဲ့သူမတူတဲ့နာလည်မှုနဲ့ဉာဏ်ရည်သွေး ကြောင့်ပဲဖြစ်ပါတယ်။
အသက်(၇)နှစ်အရွယ်ရောက်ချိန်မှာပဲ ဂျမ်ဘို ဟာ နေ့စဉ်မြတ်ခြောက်ပေါင်(၂၀၀)၊အာလူးတစ်ပေပါ၊ဘေ့စ်ဆန် (၈)ဂါလုံဝင်ပုံး ၂ ပုံး၊ပေါင်မုန့်(၁၅)ချပ်၊လက်ဆွဲ ပုံးနဲ့ရေဂါလံများစွာကို သူရဲ့အစာအဖြစ်စားသုံးတဲ့အထိဖြစ်လာပါတယ်။ ဂျမ်ဘိုရဲ့အရပ်အမြင့်ကလည်း (၁၁)ပေ(၆)လက်မနဲ့ပေါင်(၁၃၀၀၀)အထိကိုအလေးချိန်ရှိလာခဲ့ပါတယ်။
တိရစ္ဆာန်ရုံကိုရောက်ရှိသူတိုင်းဟာ ဂျမ်ဘို ကိုချစ်ခင်ကြပြီး အထူးသဖြင့်ကလေးငယ်တွေအကြားမှာတော့ ဂျမ်ဘို ဟာ အလွန်ကိုရေးပန်းစားခဲ့ပါတယ်။ ဒီအတွက်လည်း ဆင်လိမ္မာလေး ဂျမ်ဘို ဟာဆိုရင် အံ့သြသင့်စရာပြကွက်များစွာ၊ကိုယ်အမူအယာပုံစံများစွာကိုပြသခဲ့ပြီး သာမန်တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုတဲ့ ဉာဏ်ရည်ကိုပိုင်ဆိုင်ထားကြောင်းကို လည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဂျမ်ဘို ဟာလန်ဒန်မှာ(၁၇)နှစ်ကြာအောင်လူထုရဲ့အချစ်တော်အဖြစ်ခံယူပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုက ပွဲစီစဉ်သူ(showman) တစ်ယောက်ဖြစ်တဲ့ P.T.Barnum ရဲ့ဝယ်ယူမှုကိုခံခဲ့ရပြီးသူရဲ့နောက်ထပ်လူသားတွေကိုဖျော်ဖြေရေးလမ်းကြောင်းသစ်တစ်ခုကိုစတင်ခဲ့ပါတော့တယ်။
ဒီအတွက်လည်း P.T.Barnum ဟာ လန်ဒန်တိရစ္ဆာန်ရုံရဲ့လက်ထောက်ညွှန်ကြားရေးမှူး Bartlett ငြင်းလို့မရနိုင်တဲ့ငွေပမာဏဖြစ်တဲ့ နဲ့ဝယ်ယူခဲ့တယ်လို့သိရပြီး အင်္ဂလန်ကလေးငယ်(၁)သိန်းလောက် ကတော့စာရေးသားကာ ဂျမ်ဘို ကိုရောင်းချခြင်းမျိုးမလုပ်ဖို့တောင်းဆိုခဲ့ကြတယ်လို့သိရပါ တယ်။ Bartlett ဟာ အမေရိကန်ပြည်ထောင်စုရဲ့နာမည်ကျော်ဆပ်ကအဖွဲ့ဖြစ်တဲ့ Barnum&Bailey Circus ကိုပိုင်ဆိုင်ထားတဲ့ P.T.Barnum ထံ ဆင်လိမ္မာလေး ဂျမ်ဘို ကိုအမေရိကန်ဒေါ်လာ(၁၀၀၀၀)နဲ့ရောင်းချပစ်ခဲ့တာပါ။ P.T.Barnum ဟာ ဂျမ်ဘို ကို လှောင်အိမ်ထဲထည့်ကာပြစားတဲ့ပုံစံမျိုးနဲ့ အမေရိကန်ဒေါ်လာ (၂၂၇ ၀၀၀)လောက်အထိကိုရှာဖွေစုဆောင်းနိုင်သွားခဲ့တာကြောင့် P.T.Barnum ရဲ့အကြံဟာမှန်ကန်ပြီး Bartlett ကတော့ တရားခံဖြစ်သွားခဲ့ပါတယ်။ ဂျမ်ဘို ဟာ(၁၈၈၂)ခုနှစ်နွေဦးမှာပဲ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စုကိုထွက်ခွာသွားခဲ့ပါတော့တယ်။
(၁၈၈၂)ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှာတော့ ဂျမ်ဘို ဟာ နယူးယောက်မြို့တော်ကိုရောက်ရှိလာခဲ့ပြီး မြို့ခံလူထုရဲ့တခဲနက်ကြိုဆိုဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။ လူအုပ်ကြီးဟာ ဂျမ်ဘို ကိုထားရှိမဲ့ Hippodrome (ယခု Madison Square Garden) အထိလိုက်လံပို့ဆောင်ခဲ့ကြပြီး ယင်းနေရာမှာပဲ ဂျမ်ဘို ဟာလပေါင်းများစွာနေထိုင်ပြီး နေထိုင်စဉ်ကာလအတွင်းမှာလည်း သူရဲ့ချစ်ခင်ဖွယ်အမူအရာတွေကြောင့် နယူးယောက်မြို့သားတွေရဲ့အချစ်တော်ဖြစ်သွားခဲ့ပြန်ပါတယ်။ ယင်းနောက်မှာတော့ အမေရိကန်ပြည်ထောင်စုတခွင်ကို လှည့်လည်ပြီး ပိုင်ရှင်ဖြစ်သူ P.T.Barnum ရဲ့အလိုက်ရုံးသွင်းခံကာ ငွေရှာပေးခဲ့ရပါတယ်။ ခရီးမိုင်များစွာသွားရောက်ခဲ့ရပြီး ယင်းခရီးကြမ်းတွေကြောင့်ပဲ ဂျမ်ဘို လေးဟာတစတစ ကျန်းမာရေးယိုယွင်းလာပါတော့တယ်။
(၁၈၈၅)ခုနှစ်၊စက်တင်ဘာ(၅)ရက်နေ့မှာတော့ ကနေဒါနိုင်ငံ Ontario ကိုရောက်ရှိလာတဲ့ ဂျမ်ဘို လေးဟာယင်းမှာရှိတဲ့ St.Thhomas မီးရထားလမ်းတလျှောက်လေ့ကျင့်ခန်းအ တွက်လမ်းလျှောက်ထွက်ချိန်မှာပဲမတော်တဆ ခြေချော်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကြောင့်သူနဲ့အတူပါလာတဲ့ဆင်ထိန်း Scott လည်းသေဆုံးခဲ့ရတဲ့အပြင်ဂျမ်ဘို ဟာ လည်း သူအစွယ်နဲ့ပြန်ထိုးမိခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။
တချိန်တည်းမှာပဲရောက်လာတဲ့မီးရထားကြောင့်လည်း ဂျမ်ဘို ရဲ့အသက်မဲ့ခန္ဓာကိုယ်ဟာ ထပ်မံအတိုက်ခံပြီးရုပ်ပျက်၊ဆင်းပျက်ဒဏ်ရာဖြစ်ခဲ့ရပြန်ပါတယ်။ သေဆုံးချိန်မှာတော့ဂျမ်ဘို လေးဟာအသက်(၂၄)နှစ်အရွယ်သာရှိသေးပါတယ်၊ ပုံမှန်ဆိုရင်အာဖရိက ဆင်တစ်ကောင်ရဲ့သက်တမ်းဟာ နှစ်(၆၀)ကနေ(၇၀)သက်တမ်းအကြားရှိနေတာကြောင့် ဂျမ်ဘို ဟာ အရွယ်မတိုင်ခင်မှာပဲကွယ်လွန်ခဲ့တယ်လို့ဆိုရပါမယ်။ ဂျမ်ဘို သေဆုံးရခြင်းနဲ့ပတ်သက်ပြီးကွဲပြားတဲ့ထင်မြင်ချက်များစွာရှိနေခဲ့ပြီး P.T.Barnum ကတော့ ဂျမ်ဘို ဟာ အခြားဆင်ငယ်လေးဖြစ်တဲ့ Tom Thumb ကိုရထားတိုက်မဲ့ဘေး ကနေကင်းလွတ်စေရန် ဝင်ရောက်တွန်းရာကနေ တိုက်မိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
သေဆုံးခဲ့ပြီးဖြစ်တဲ့ ဂျမ်ဘို ရဲ့ခန္ဓာကိုယ်ကို ရွေ့ဖို့အတွက် ဆပ်ကပ်အဖွဲ့လုပ်သားတွေအပြင် လူ(၁၅၀)လောက်ကိုသုံးခဲ့ရပါတယ် ။ ဂျမ်ဘိုရဲ့ အစာအိမ်ထဲမှာတော့ အကြွေစေ့တွေ ၊ သော့တွေ နဲ့ ခရာတွေ တို့တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးချိန်မှာ ဂျမ်ဘိုရဲ့ အရပ်မြင့်ဟာ ၁၀ပေ ၇ လက်မရှိကာ အလေးချိန်ကတော့ ၆တန်ကျော်နေပြီလို့ သိရပါတယ်။
ဂျမ်ဘို ရဲ့ပိုင်ရှင်ဖြစ်သူ Barnum ကတော့ အထိန်းအမှတ်အခမ်းအနားနဲ့မြှုပ်နှံမဲ့အစား၊ ဂျမ်ဘို ကိုအင်္ဂလန်ကဝယ်ယူစဉ်ကျသင့်ငွေအမေရိကန်ဒေါ်လာ(၁၀၀၀၀)ကိုကာမိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျမ်ဘို ရဲ့အလောင်း ကောင်ကိုရုပ်လုံးသွင်းခဲ့ပါတယ်။ သူရုပ်လုံးသွင်းခဲ့တဲ့ ဂျမ်ဘို ရဲ့အရွယ်အစားဟာ(၁၃)ပေအထိမြင့်မားခဲ့ပြီး သူရဲ့ဆပ်ကပ်အဖွဲ့ထဲမှာပဲ (၁၈၈၉)ခုနှစ်အထိဆက်လက်ပြသခဲ့ပါတယ်။ အဖြစ် ကတော့ ဂျမ်ဘို အနေနဲ့သေဆုံးပြီးချိန်မှာတောင် ထပ်မံအခိုင်းခံရတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါ၊ (၁၈၈၉)ခုနှစ်မှာတော့ စီးပွားရေးသမား Barnum ဟာ ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းပုံကို Medford မှာရှိတဲ့ Tufts University ကိုလှူဒါန်းသွားခဲ့ပြီး သူရဲ့အရိုးစုတွေကိုတော့ နယူးယောက်မှာရှိတဲ့ အမေရိကန်အမျိုးသားသဘာဝသမိုင်းပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။
ယင်းကာလကနေစတင်ပြီး ဂျမ်ဘို ဟာငြိမ်းချမ်းစွာအနားရသွားခဲ့ပြီလို့ သူကိုအမှတ်ရသူအားလုံးကထင်မှတ်ခဲ့ကြပေမဲ့ (၁၉၇၅)ခုနှစ်မှာတော့ သူရဲ့ရုပ်လုံးသွင်းတည်ရှိရာ Tufts University ခန်းမဟာမီးလောင်ကျွမ်းခဲ့ပြီး ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းရုပ်တုလည်းမီးထဲပါဝင်သွားခဲ့ပါတယ်။ ပြာပုံထဲကနေ ဂျမ်ဘို ရဲ့အမြီးပိုင်းအပါအဝင်အစိတ်အပိုင်းအနည်းငယ်ကိုသာပြန်လည်ရရှိခဲ့ပါတယ်။
ဂျမ်ဘို ဟာယနေ့အထိလည်း Tufts University ရဲ့လာဘ်ကောင်ရုပ်အဖြစ်တည်ရှိနေပြီး သူသေဆုံးခဲ့ရတဲ့ကနေဒါနိုင်ငံ Ontario က St. Thomas ရထားလမ်းအနီးမှာလည်း ဂျမ်ဘိုရဲ့အမှတ်တရရုပ်တုကိုတည်ဆောက်ထားရှိပါတယ်။ ဒါအပြင်အမေရိကန်ပြည်ထောင်စု၊ Massachusetts ပြည်နယ်အတွင်းက Barnum ပြတိုက်အတွင်းမှာဆိုရင်လည်း နာမည်ကျော်ဆပ်ကပ်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဂျမ်ဘိုအတွက်အမှတ်တရပြခန်းတခုထားရှိပါတယ်။
ဂျမ်ဘို အတွက်အမှတ်တရအဆောက်အအုံအားလုံးဟာဆိုရင်လည်း ကမ္ဘာ့ပထမဆုံးသော အထင်ရှားဆုံး ဖျော်ဖြေရေးသမားတစ်ယောက်လို့ဆိုရမဲ့ အာဖရိကဆင်ကြီး ဂျမ်ဘို ရဲ့ကြီးမြတ်တဲ့နှလုံးသားကိုဂုဏ်ပြုရာရောက်ပါတယ်။ သူရဲ့အချိန်အများစုဟာဆိုရင်လူသားတွေစိတ်အပန်းဖြေနိုင်ဖို့အတွက်သာပေးဆပ်ခဲ့ရပြီး သူကိုယ်တိုင်ကတော့ အနီးကပ်အနေနဲ့ ဆင်ထိန်း Scott ရဲ့ချစ်ခြင်းမေတ္တာတရားနဲ့ဆက်ဆံခြင်းကိုခံခဲ့ရရှာပါတယ်။
—– —– ——
(Zawgyi)
တကယ္ရွိခဲ့တဲ့ ဆင္လိမၼာကေလး ဂ်မ္ဘုိ
ဂ်မ္ဘုိ ဆုိတဲ့နာမည္ကုိ ယေန႔ထိတုိင္ ထုတ္ကုန္အမ်ုိးမ်ဳိးမွာ တံဆိပ္တပ္ေရာင္းခ်လွ်က္ရွိတာေၾကာင့္ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကပါလိမ့္မယ္။ ဆင္တေကာင္ရဲ႕ နာမည္ဆုိတာ အားလုံးသိၿပီးျဖစ္ေပမယ့္ သူ႔အေၾကာင္းကိုေတာ့ သိသူနည္းမယ္ထင္ပါတယ္။ မသိေသးတဲ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ တေခတ္တခါက အလြန္နာမည္ႀကီးခဲ့တဲ့ ဆင္ကေလးဂ်မ္ဘုိရဲ႕ အေၾကာင္းကို ေ၀မွ်လုိက္ပါတယ္။
ဂ်မ္ဘုိ ဟာ အာဖရိကဆင္အမ်ဳိးအစားတစ္ေကာင္ျဖစ္ျပီး စည္းကမ္းလိုက္နာမႈနဲ႔ဥာဏ္ရည္ဥာဏ္ေသြးမွာ တိရစာၦန္တစ္ေကာင္ထက္ပိုမိုသာလြန္ေၾကာင္းကိုသူရဲ့ လုပ္ေဆာင္ခ်က္ေတြကသက္ေသျပလ်က္ရွိပါတယ္။ ဂ်မ္ဘုိ ဟာသူကိုျမင္ေတြ႔ခြင့္ရခဲ့တဲ့ကေလးသူငယ္တိုင္းကို ေပ်ာ္ရႊင္စရာအခိုက္အတန္႔မ်ားစြာဖန္တီးေပးခဲ့ပါတယ္။
သူဟာလန္ဒန္ နဲ႔၊ေတာင္အေမရိကတိုက္တိရစာၦန္ရံုေတြအတြင္းလွည့္လည္က်က္စားခဲ့ကာ တိရစာၦန္တစ္ေကာင္ထက္မ်ားစြာသာလြန္တဲ့စြမ္းရည္ေတြျပသကာလာေရာက္သူအေပါင္းရဲ့အာရံုကိုစြဲေဆာင္ နိုင္စြမ္းၾကီးလြန္းသူျဖစ္ခဲ့ပါတယ္။ တနည္းေျပာရရင္ေတာ့ ဂ်မ္ဘုိဟာညတိရစာၦန္တစ္ေကာင္ျဖစ္ေပမဲ့ ကမာၻေက်ာ္ေဖ်ာ္ေျဖေရးသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။
ဂ်မ္ဘုိ ကိုစတင္ေတြ႔ရွိခဲ့သူေတြကေတာ့ အာေရဗီအမဲလိုက္သမားေတြျဖစ္ၾကျပီး ဆူဒန္ နဲ႔ အီထရီးယားနယ္စပ္ ေျမျပန္႔လြင္ျပင္တေလ်ွာက္မွာရွိတဲ့စမ္းေရတြင္းတခုအတြင္းမွာ (၁၈၆၁) ခုနွစ္ေလာက္ကရွာေဖြေတြ႔ရွိခဲ့ပါတယ္။ စတင္ေတြ႔ရွိခ်ိန္က အာဖရိကဆင္ရိုင္းေလးျဖစ္တဲ့ ဂ်မ္ဘုိဟာဆိုရင္အသက္(၂)နွစ္သာရွိေသးၿပီး ေျခစံုရပ္အျမင့္ လက္မ(၄၀)အတိုင္းအတာ သာရွိခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ ဂ်မ္ဘုိ ဟာ တိရစာၦန္စုေဆာင္းေရးသမားတစ္ေယာက္ျဖစ္တဲ့ Johann Schmidt ရဲ့ဝယ္ယူျခင္းကိုခံခဲ့ရျပီးျပင္သစ္နုိင္ငံပဲရစ္မွာရွိတဲ့ Jardin de Plantes တိရစာၦန္ရံုကိုပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္။
(၁၈၆၅)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ လန္ဒန္တိရစာၦန္ရံုကိုပို႔ေဆာင္ျခင္းခံခဲ့ရျပန္ပါတယ္။လန္ဒန္ကိုေရာက္ခ်ိန္မွာေတာ့ ဂ်မ္ဘုိ ေလး ဟာတိရစာၦန္ထိန္းသိမ္းေစာင့္ေရွာက္သူ Matthew Scott ရဲ့ေလ့က်င့္သင္ၾကားေပးမႈနဲ႔နိုင္ငံရဲ့ရတနာတပါးျဖစ္လာခဲ့ပါေတာ့တယ္။ ဂ်မ္ဘုိ ရဲ့သူမတူတဲ့နာလည္မႈနဲ႔ဥာဏ္ရည္ေသြး ေၾကာင့္ပဲျဖစ္ပါတယ္။
အသက္(၇)နွစ္အရြယ္ေရာက္ခ်ိိန္မွာပဲ ဂ်မ္ဘုိ ဟာ ေန႔စဥ္ျမတ္ေျခာက္ေပါင္(၂၀၀)၊အာလူးတစ္ေပပါ၊ေဘ့စ္ဆန္ (၈)ဂါလံုဝင္ပံုး ၂ ပံုး၊ေပါင္မုန္႔(၁၅)ခ်ပ္၊လက္ဆြဲ ပံုးနဲ႔ေရဂါလံမ်ားစြာကို သူရဲ့အစာအျဖစ္စားသံုးတဲ့အထိျဖစ္လာပါတယ္။ ဂ်မ္ဘုိရဲ့အရပ္အျမင့္ကလည္း (၁၁)ေပ(၆)လက္မနဲ႔ေပါင္(၁၃၀၀၀)အထိကိုအေလးခ်ိန္ရွိလာခဲ့ပါတယ္။
တိရစာၦန္ရံုကိုေရာက္ရွိသူတိုင္းဟာ ဂ်မ္ဘုိ ကိုခ်စ္ခင္ၾကျပီး အထူးသျဖင့္ကေလးငယ္ေတြအၾကားမွာေတာ့ ဂ်မ္ဘုိ ဟာ အလြန္ကိုေရးပန္းစားခဲ့ပါတယ္။ ဒီအတြက္လည္း ဆင္လိမၼာေလး ဂ်မ္ဘုိ ဟာဆိုရင္ အ့ံၾသသင့္စရာျပကြက္မ်ားစြာ၊ကိုယ္အမူအယာပံုစံမ်ားစြာကိုျပသခဲ့ျပီး သာမန္တိရစာၦန္တစ္ေကာင္ထက္ပိုမိုတဲ့ ဥာဏ္ရည္ကိုပိုင္ဆိုင္ထားေၾကာင္းကို လည္း သက္ေသျပနိုင္ခဲ့ပါတယ္။ ဂ်မ္ဘုိ ဟာလန္ဒန္မွာ(၁၇)ႏွစ္ၾကာေအာင္လူထုရဲ့အခ်စ္ေတာ္အျဖစ္ခံယူျပီးေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုက ပြဲစီစဥ္သူ(showman) တစ္ေယာက္ျဖစ္တဲ့ P.T.Barnum ရဲ့ဝယ္ယူမႈကိုခံခဲ့ရျပီးသူရဲ့ေနာက္ထပ္လူသားေတြကိုေဖ်ာ္ေျဖေရးလမ္းေၾကာင္းသစ္တစ္ခုကိုစတင္ခဲ့ပါေတာ့တယ္။
ဒီအတြက္လည္း P.T.Barnum ဟာ လန္ဒန္တိရစာၦန္ရံုရဲ့လက္ေထာက္ညႊန္ၾကားေရးမွူး Bartlett ျငင္းလို႕မရနိုင္တဲ့ေငြပမာဏျဖစ္တဲ့ နဲ႔ဝယ္ယူခဲ့တယ္လို႔သိရျပီး အဂၤလန္ကေလးငယ္(၁)သိန္းေလာက္ ကေတာ့စာေရးသားကာ ဂ်မ္ဘုိ ကိုေရာင္းခ်ျခင္းမ်ိဳးမလုပ္ဖို႔ေတာင္းဆိုခဲ့ၾကတယ္လို႔သိရပါ တယ္။ Bartlett ဟာ အေမရိကန္ျပည္ေထာင္စုရဲ့နာမည္ေက်ာ္ဆပ္ကအဖြဲ႔ျဖစ္တဲ့ Barnum&Bailey Circus ကိုပိုင္ဆိုင္ထားတဲ့ P.T.Barnum ထံ ဆင္လိမၼာေလး ဂ်မ္ဘုိ ကိုအေမရိကန္ေဒၚလာ(၁၀၀၀၀)နဲ႔ေရာင္းခ်ပစ္ခဲ့တာပါ။ P.T.Barnum ဟာ ဂ်မ္ဘုိ ကို ေလွာင္အိမ္ထဲထည့္ကာျပစားတဲ့ပံုစံမ်ိဳးနဲ႔ အေမရိကန္ေဒၚလာ (၂၂၇ ၀၀၀)ေလာက္အထိကိုရွာေဖြစုေဆာင္းနိုင္သြားခဲ့တာေၾကာင့္ P.T.Barnum ရဲ့အၾကံဟာမွန္ကန္ျပီး Bartlett ကေတာ့ တရားခံျဖစ္သြားခဲ့ပါတယ္။ ဂ်မ္ဘုိ ဟာ(၁၈၈၂)ခုနွစ္ေႏြဦးမွာပဲ လန္ဒန္ကေန အေမရိကန္ျပည္ေထာင္စုကိုထြက္ခြာသြားခဲ့ပါေတာ့တယ္။
(၁၈၈၂)ခုနွစ္၊ဧျပီလ(၉)ရက္ေန႔မွာေတာ့ ဂ်မ္ဘုိ ဟာ နယူးေယာက္ျမိဳ႕ေတာ္ကိုေရာက္ရွိလာခဲ့ျပီး ျမိဳ႕ခံလူထုရဲ့တခဲနက္ၾကိဳဆိုဂုဏ္ျပဳျခင္းကိုခံခဲ့ရပါတယ္။ လူအုပ္ၾကီးဟာ ဂ်မ္ဘုိ ကိုထားရွိမဲ့ Hippodrome (ယခု Madison Square Garden) အထိလိုက္လံပို႔ေဆာင္ခဲ့ၾကျပီး ယင္းေနရာမွာပဲ ဂ်မ္ဘုိ ဟာလေပါင္းမ်ားစြာေနထိုင္ျပီး ေနထိုင္စဥ္ကာလအတြင္းမွာလည္း သူရဲ့ခ်စ္ခင္ဖြယ္အမူအရာေတြေၾကာင့္ နယူးေယာက္ျမိဳ႕သားေတြရဲ့အခ်စ္ေတာ္ျဖစ္သြားခဲ့ျပန္ပါတယ္။ ယင္းေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုတခြင္ကို လွည့္လည္ျပီး ပိုင္ရွင္ျဖစ္သူ P.T.Barnum ရဲ့အလိုက္ရံုးသြင္းခံကာ ေငြရွာေပးခဲ့ရပါတယ္။ ခရီးမိုင္မ်ားစြာသြားေရာက္ခဲ့ရျပီး ယင္းခရီးၾကမ္းေတြေၾကာင့္ပဲ ဂ်မ္ဘုိ ေလးဟာတစတစ က်န္းမာေရးယိုယြင္းလာပါေတာ့တယ္။
(၁၈၈၅)ခုနွစ္၊စက္တင္ဘာ(၅)ရက္ေန႔မွာေတာ့ ကေနဒါနိုင္ငံ Ontario ကိုေရာက္ရွိလာတဲ့ ဂ်မ္ဘုိ ေလးဟာယင္းမွာရွိတဲ့ St.Thhomas မီးရထားလမ္းတေလ်ွာက္ေလ့က်င့္ခန္းအ တြက္လမ္းေလ်ွာက္ထြက္ခ်ိန္မွာပဲမေတာ္တဆ ေျခေခ်ာ္လဲက်မႈျဖစ္ပြားခဲ့ပါတယ္။ ယင္းျဖစ္စဥ္ေၾကာင့္သူနဲ႔အတူပါလာတဲ့ဆင္ထိန္း Scott လည္းေသဆံုးခဲ့ရတဲ့အျပင္ဂ်မ္ဘုိ ဟာ လည္း သူအစြယ္နဲ႔ျပန္ထိုးမိခဲ့တာေၾကာင့္ အခင္းျဖစ္ရာေနရာမွာပဲပြဲခ်င္းျပီးေသဆံုးခဲ့ရပါတယ္။
တခ်ိိန္တည္းမွာပဲေရာက္လာတဲ့မီးရထားေၾကာင့္လည္း ဂ်မ္ဘုိ ရဲ့အသက္မဲ့ခႏၶာကုိယ္ဟာ ထပ္မံအတိုက္ခံျပီးရုပ္ပ်က္၊ဆင္းပ်က္ဒဏ္ရာျဖစ္ခဲ့ရျပန္ပါတယ္။ ေသဆံုးခ်ိန္မွာေတာ့ဂ်မ္ဘုိ ေလးဟာအသက္(၂၄)နွစ္အရြယ္သာရွိေသးပါတယ္၊ ပံုမွန္ဆိုရင္အာဖရိက ဆင္တစ္ေကာင္ရဲ့သက္တမ္းဟာ နွစ္(၆၀)ကေန(၇၀)သက္တမ္းအၾကားရွိေနတာေၾကာင့္ ဂ်မ္ဘုိ ဟာ အရြယ္မတိုင္ခင္မွာပဲကြယ္လြန္ခဲ့တယ္လို႔ဆိုရပါမယ္။ ဂ်မ္ဘုိ ေသဆံုးရျခင္းနဲ႔ပတ္သက္ျပီးကြဲျပားတဲ့ထင္ျမင္ခ်က္မ်ားစြာရွိေနခဲ့ျပီး P.T.Barnum ကေတာ့ ဂ်မ္ဘုိ ဟာ အျခားဆင္ငယ္ေလးျဖစ္တဲ့ Tom Thumb ကိုရထားတိုက္မဲ့ေဘး ကေနကင္းလြတ္ေစရန္ ဝင္ေရာက္တြန္းရာကေန တိုက္မိခဲ့တာျဖစ္တယ္လို႕ဆိုပါတယ္။
ေသဆံုးခဲ့ျပီးျဖစ္တဲ့ ဂ်မ္ဘုိ ရဲ့ခႏၶာကုိယ္ကို ေရြ႕ဖို႔အတြက္ ဆပ္ကပ္အဖြဲ႔လုပ္သားေတြအျပင္္ လူ(၁၅၀)ေလာက္ကိုသံုးခဲ့ရပါတယ္ ။ ဂ်မ္ဘုိရဲ႕ အစာအိမ္ထဲမွာေတာ့ အေၾကြေစ့ေတြ ၊ ေသာ့ေတြ နဲ႔ ခရာေတြ တုိ႔ေတြ႔ရွိခဲ့ၾကပါတယ္။ ေသဆုံးခ်ိန္မွာ ဂ်မ္ဘုိရဲ႕ အရပ္ျမင့္ဟာ ၁၀ေပ ၇ လက္မရွိကာ အေလးခ်ိန္ကေတာ့ ၆တန္ေက်ာ္ေနၿပီလုိ႔ သိရပါတယ္။
ဂ်မ္ဘုိ ရဲ့ပိုင္ရွင္ျဖစ္သူ Barnum ကေတာ့ အထိန္းအမွတ္အခမ္းအနားနဲ႔ျမွဳပ္နွံမဲ့အစား၊ ဂ်မ္ဘုိ ကိုအဂၤလန္ကဝယ္ယူစဥ္က်သင့္ေငြအေမရိကန္ေဒၚလာ(၁၀၀၀၀)ကိုကာမိေစရန္ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ဂ်မ္ဘုိ ရဲ့အေလာင္း ေကာင္ကိုရုပ္လံုးသြင္းခဲ့ပါတယ္။ သူရုပ္လံုးသြင္းခဲ့တဲ့ ဂ်မ္ဘုိ ရဲ့အရြယ္အစားဟာ(၁၃)ေပအထိျမင့္မားခဲ့ျပီး သူရဲ့ဆပ္ကပ္အဖြဲ႔ထဲမွာပဲ (၁၈၈၉)ခုနွစ္အထိဆက္လက္ျပသခဲ့ပါတယ္။ အျဖစ္ ကေတာ့ ဂ်မ္ဘုိ အေနနဲ႔ေသဆံုးျပီးခ်ိန္မွာေတာင္ ထပ္မံအခိုင္းခံရတဲ့ပံုစံမ်ိဳးျဖစ္ခဲ့တာပါ၊ (၁၈၈၉)ခုနွစ္မွာေတာ့ စီးပြားေရးသမား Barnum ဟာ ဂ်မ္ဘုိ ရဲ့ရုပ္လံုးသြင္းပံုကို Medford မွာရွိတဲ့ Tufts University ကိုလွဴဒါန္းသြားခဲ့ျပီး သူရဲ့အရိုးစုေတြကိုေတာ့ နယူးေယာက္မွာရွိတဲ့ အေမရိကန္အမ်ိဳးသားသဘာဝသမိုင္းျပတိုက္ကိုလွဴဒါန္းခဲ့ပါတယ္။
ယင္းကာလကေနစတင္ျပီး ဂ်မ္ဘုိ ဟာျငိမ္းခ်မ္းစြာအနားရသြားခဲ့ျပီလို႔ သူကိုအမွတ္ရသူအားလံုးကထင္မွတ္ခဲ့ၾကေပမဲ့ (၁၉၇၅)ခုနွစ္မွာေတာ့ သူရဲ့ရုပ္လံုးသြင္းတည္ရွိရာ Tufts University ခန္းမဟာမီးေလာင္ကၽြမ္းခဲ့ျပီး ဂ်မ္ဘုိ ရဲ့ရုပ္လံုးသြင္းရုပ္တုလည္းမီးထဲပါဝင္သြားခဲ့ပါတယ္။ ျပာပံုထဲကေန ဂ်မ္ဘုိ ရဲ့အျမီးပိုင္းအပါအဝင္အစိတ္အပိုင္းအနည္းငယ္ကိုသာျပန္လည္ရရွိခဲ့ပါတယ္။
ဂ်မ္ဘုိ ဟာယေန႔အထိလည္း Tufts University ရဲ့လာဘ္ေကာင္ရုပ္အျဖစ္တည္ရွိေနျပီး သူေသဆံုးခဲ့ရတဲ့ကေနဒါနိုင္ငံ Ontario က St. Thomas ရထားလမ္းအနီိးမွာလည္း ဂ်မ္ဘုိရဲ့အမွတ္တရရုပ္တုကိုတည္ေဆာက္ထားရွိပါတယ္။ ဒါအျပင္အေမရိကန္ျပည္ေထာင္စု၊ Massachusetts ျပည္နယ္အတြင္းက Barnum ျပတိုက္အတြင္းမွာဆိုရင္လည္း နာမည္ေက်ာ္ဆပ္ကပ္သရုပ္ေဆာင္ျဖစ္ခဲ့တဲ့ ဂ်မ္ဘုိအတြက္အမွတ္တရျပခန္းတခုထားရွိပါတယ္။
ဂ်မ္ဘုိ အတြက္အမွတ္တရအေဆာက္အအံုအားလံုးဟာဆိုရင္လည္း ကမာၻ႔ပထမဆံုးေသာ အထင္ရွားဆံုး ေဖ်ာ္ေျဖေရးသမားတစ္ေယာက္လို႔ဆိုရမဲ့ အာဖရိကဆင္ၾကီး ဂ်မ္ဘုိ ရဲ့ၾကီးျမတ္တဲ့နွလံုးသားကိုဂုဏ္ျပဳရာေရာက္ပါတယ္။ သူရဲ့အခ်ိန္အမ်ားစုဟာဆိုရင္လူသားေတြစိတ္အပန္းေျဖနိုင္ဖို႔အတြက္သာေပးဆပ္ခဲ့ရျပီး သူကိုယ္တိုင္ကေတာ့ အနီးကပ္အေနနဲ႔ ဆင္ထိန္း Scott ရဲ့ခ်စ္ျခင္းေမတၱာတရားနဲ႔ဆက္ဆံျခင္းကိုခံခဲ့ရရွာပါတယ္။
Discussion about this post