လမ်းဘေးက ပုံမှန်အရာတွေကို ကျွန်တော်တို့သာမန်မျက်စိနဲ့ ကြည့်ရင်တော့ ညစ်ပတ်ပြီး ဘာမှစိတ်ဝင်စားစရာ မကောင်းတဲ့အရာတွေအဖြစ် မြင်မိကြမှာပါ။ ဒါပေမယ့် အနုပညာရှင်တွေကတော့ ဒီလိုမမြင်ပါဘူး။ သူတို့မှာ လမ်းဘေးက ကြည့်လို့မကောင်းတဲ့ အရာတွေကို ချစ်ဖို့ကောင်းတဲ့အရာတွေအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
အောက်ကပုံတွေကတော့ အမေရိကန်က အနုပညာရှင် Tom Bob ရဲ့ ဖန်တီးမှုတွေပါ။ သူဟာ နူယူးယောက်မှာနေထိုင်သူဖြစ်ပြီး သူသွားခဲ့တဲ့ နယူးယောက်လမ်းတွေပေါ်က မြင်မကောင်းတဲ့အရာတွေကို စိတ်ကြိုက်ပြောင်းလဲဖန်တီးခဲ့ပါတယ်။ သာမန်ဆိုရင်တော့ လမ်းဘေးက ရေပိုက်တွေ ၊ မြောင်းတွေ ၊ နံရံအကွဲတွေ ၊ လျှပ်စစ်ကြိုးအစတွေဟာ ဘာမှမထူးခြားတဲ့အရာတွေပါ။
ဒါတွေကို ပါရမီရှင် Bob က ဘယ်လိုပြောင်းလဲလိုက်သလဲ ဆိုတာ အောက်ကပုံတွေမှာ ကြည့်ကြည့်ပါ။ ဒီပုံတွေမှာ နယူးယောက်ကပုံတွေအပြင် Bob သွားလည်ခဲ့တဲ့ ထိုင်ဝမ် နဲ့ ဒူဘိုင်း(ယူအေအီး) က ပုံတွေလည်းပါဝင်ပါတယ်။ သာမန်မျက်စိနဲ့ ဘယ်လိုမှမလှတဲ့အရာတွေကို ချစ်ဖို့ကောင်းတဲ့ ရောင်စုံမြင်ကွင်းအဖြစ် ပြောင်းလဲဖန်တီးခဲ့တဲ့ Bob ရဲ့ အစွမ်းကတော့ လေးစားဖို့ကောင်းလှပါတယ်။ အနုပညာရှင်တွေရဲ့ မျက်စိထဲမှာ မြင်မြင်သမျှလှနေတယ် ဆိုတာ ဒါကိုပြောတယ် တူပါရဲ့။
သူပြောင်းလဲဖန်တီးခဲ့တဲ့အရာတွေကို မြင်တဲ့သူတိုင်းက သဘောကျသွားကြပါတယ်။ မိတ်ဆွေရော…..
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photos : Tombobnyc Instagram
Bored Panda