• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဇီဝဇိုးငှက် အကြောင်း သိကောင်းစရာ

by Thutamm
January 8, 2021
Reading Time: 2min read
0
ဇီဝဇိုးငှက် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဇီဝဇိုးငှက် (Grey-rumped Swiftlet ) သည် မျိုးစဉ်အားဖြင့် ‘အပေါ့ဒီဖေါမီး (Apodiforme)’ တွင်၎င်း၊ မျိုးရင်းအားဖြင့် ‘ခက်တူးရီနီး’ တွင်၎င်း ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် ‘ကောလိုကေးလီယား ဂျာမယ်နီ’ ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှားငှက်နှင့် အနည်းငယ်တူသော်လည်း၊ မျိုးစဉ်အားဖြင့် ကွဲပြားသည်။ ဇီဝဇိုး ငှက်ကို အဝေးမှတွေ့မြင်ရလျှင် ပျံလွှားငှက်နှင့် ရုတ်တရက်ခွဲ ခြား၍ မရနိုင်ချေ။ သို့သော် အမွေးထူသော ခြေမျက်ရိုးကို၎င်း၊ အရွယ်ပို၍ကြီးသော တောင်ပံကို၎င်း ကြည့်ရှုခြင်းဖြင့် ဇီဝဇိုး ငှက်ကို ပျံလွှားငှက်နှင့် ခွဲခြား၍သိရှိနိုင်သည်။

ဇီဝဇိုးငှက်သည် အသိုက်ကို မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ သည်။ ထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြသည်။ ဇီဝဇိုးငှက်သည် အသိုက်များကို ဂူနံရံများ၊ ကျောက်ဆောင် မြင့်များတွင် ဆောက်တတ်သည်။ အသိုက်၏အရွယ်မှာ ကန့် လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍၊ စောက် ၁ လက်မရှိသည်။ ဥ ဥချိန်မှာ ဧပြီလလယ်လောက်တွင် ဖြစ်သည်။ တစ်မြုံလျှင် ဥနှစ်လုံးစီရှိသည်။

ဇီဝဇိုးငှက်ကို အပူပိုင်းဒေသများတွင် အထူးသဖြင့် ကျွန်းစု နှင့် ပင်လယ်ကမ်းရိုးတန်းများ၌ အနှံ့အပြားတွေ့ရသည်။ ဆေးရှဲ ကျွန်းစုနှင့် မောရစ်ရှကျွန်းစုမှ ကွင်းစလန်အထိပျံ့နှံ့စွာနေသည်။ ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများတွင်၎င်း၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင်၎င်း ဇီဝဇိုးငှက်တို့ကို တွေ့ရသည်။

ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏဝါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။ ဇီဝဇိုးငှက်သည် ကောင်းကင်မှ တိမ်ညွှန့်ကိုစားသည်ဟု ဆိုကြသည်။ ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။

ငှက်သိုက် နှင့် ငှက်သိုက် ထွက်ရှိရာဒေသများ

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက လုပ်သော အသိုက် ဖြစ်ပါသည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝဇိုးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝဇိုးငှက်မှသာ ရရှိပါသည်။ ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် “လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုး ငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂) မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။

ဇီဝဇိုးငှက် ပုံသဏ္ဌာန်

မြန်မာနိုင်ငံတွင် ငှက်သိုက်အများဆုံး ထုတ်လုပ်ပေးသော ဇီဝဇိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး ၃လက်မကျော်မှ လေးလက်မ အတွင်းသာ ရှိသည်။ ကျောဘက် ငှက်မွှေးမှာ အမဲရောင် ရှိပြီး ဝမ်းဘက် ငှက်မွှေးမှာ မီးခိုးရောင် ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။ တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့် အပြင် ညအိပ်သည့် အချိန်မှ လွဲ၍ တစ်နေ့လုံး ပျံနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း(၄) ချောင်းရှိ၏။ ခြေချောင်း(၄) ချောင်းအနက် (၃) ချောင်းသည် အရှေ့ဘက်သို့ ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦး များတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။

ဇီဝဇိုးငှက်၏ သဘာဝ

ဇီဝဇိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်း များစွာ ပါဝင်၏။ မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ် ရေပြင် ထက်တွင် လျင်မြန်စွာ ပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူ စားသောက် ပေသည်။ တိမ်ရှိသည့် နေရာအထိ မြင့်မားစွာ ပျံသန်း နိုင်၍ အမြင်အာရုံ စူးရှပြီး လျင်မြန် ဖြတ်လတ်၏။ တပေါင်း၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၎င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ကြပဲ ထူးဆန်းစွာ အာခေါင်မှ အာစေး တစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ဝင်ဥအု ကြသည်။ တစ်နှစ်လျင် နှစ်ကြိမ် ဥအုပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လ ကြာမျှ ကျွေးမွေး ပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။

အသိုက်ပြုလုပ်ပုံ

ဇီဝဇိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ ၊ ဧပြီလနှင့် ဩဂုတ်လများတွင် ဥများအုရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇိဝဇိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေး သည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင် နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွှေးနုများ ပါဝင်သည်။ အမဲရောင်ငှက်သိုက်တွင် အမဲရောင် ငှက်မွှေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမဲရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂) ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များ သောကြောင့် (၁၀) ဆမျှ ဈေးပိုကြီးသည်။

ငှက်သိုက်များ ထုတ်လုပ်ပုံ

ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် ငှက်သိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။ ၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာ (၂၁) မှ လကုန်အထိ (၄) ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။ စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူကို ဒဏ်ရိုက်သည်။ လိုင်စင်ထုတ်ပေးရာတွင် ထိုကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားရ၏။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေး များသည် အနှောင့်အယှက် မရှိဘဲ အသိုက် ပြုလုပ် ပေါက်ဖွား နိုင်ကြသည်။

ငှက်သိုက် အသုံးဝင်ပုံ

မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာ ပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြား ပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထား သဖြင့် အဆုတ်ကို အားကောင်း စေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုး ဖြစ်သောကြောင့် အလွန် အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက် များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။

နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် နေကြောင်း တင်ပြအပ်ပါသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) ၊ မြိတ်တက္ကသိုလ် ၂၀၀၄-၂၀၀၅ နှစ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြထားသောသတ္တဗေဒဌာန(ဌာနမှူး)ပါမောက္ခ ဒေါ်မြင့်မြင့်သန်း၏ “ ငှက်သိုက် “ ဆောင်းပါး – ဦးသန်းမြင့် (၂၀၀၁) ၊ ´´ မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက“ စာအုပ်

Myanmar Wikipedia မှ

Tags: animals
Next Post
ခြင်္သေ့မျိုးစိတ် ၈ ခု အကြောင်း

ခြင်္သေ့မျိုးစိတ် ၈ ခု အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!