• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆွစ်ဇာလန်ရဲ့ အကြီးဆုံး ဇူးရစ်မြို့တော်

by Thutamm
October 15, 2020
Reading Time: 4min read
0
ဆွစ်ဇာလန်ရဲ့ အကြီးဆုံး ဇူးရစ်မြို့တော်
Share on FacebookShare on Twitter

ဆွစ်ဇာလန်နိုင်ငံရဲ့ မြောက်အလယ်ပိုင်းမှာ တည်ရှိတဲ့ ဇူးရစ်မြို့ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်သလို ဇူးရစ်ကန်တွန်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြည်နယ်တွေ တိုင်းတွေခွဲခြားထားသလို ဆွစ်ဇာလန်ကိုလည်း ကန်တွန် ၂၆ ခု ခွဲပြီးတော့ အုပ်ချုပ်တာဖြစ်ပါတယ်။ ဇူးရစ်ဟာ အေဒီ ၁၁ရာစုကာလကတည်းက ထင်ရှားခဲ့တဲ့ မြို့ဖြစ်သလို ယခုအချိန်မှာလည်း ကားလမ်း ၊ ရထားလမ်း ၊ လေကြောင်းလိုင်းတွေနဲ့အတူ ဆွစ်ဇာလန်ရဲ့ အစည်ကားဆုံးမြို့ဖြစ်နေဆဲပါ။

ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၃၃၉ပေခန့်မှာတည်ရှိနေတဲ့ ဇူးရစ်မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၄ မိုင်ခန့် ကျယ်ဝန်းပြီး ၂၀၁၈ ခုနှစ်စာရင်းအရ မြို့ပေါ်နေ လူဦးရေ ၄၁၅,၂၁၅ဦးရှိပြီး မြို့တော်နယ်မြေဒေသ တခုလုံးကို ထည့်သွင်းတွက်ချက်ပါက လူဦးရေ ၂သန်းနီးပါး နေထိုင်လျက်ရှိပါတယ်။ လင်မ်မက် နဲ့ ဆစ်လ်မြစ်တွေက မြို့တော်ကို ဖြတ်သန်းစီးဆင်းနေပြီး အနောက်ဘက်နဲ့ အရှေ့မြောက်ဘက်တွေမှာတော့ အယ်လ်ဘစ်တောင်တန်းတွေက ဝန်းရံထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်ကတည်းက လူသားတွေဟာ ဇူးရစ်ရေကန်ကြီး တဝိုက်မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဇူးရစ်မြို့ကိုတော့ ၁၅ ဘီစီ ကာလမှာ ရောမတွေက တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်စဉ်တုန်းက Turicum အမည်နဲ့ ဖြစ်ပါတယ်။ ဇူးရစ်မြို့ဟာ အေဒီ ၄ ရာစု အထိ ရောမအင်ပါယာထဲမှာ ပါဝင်တဲ့ နယ်မြေတခုဖြစ်ခဲ့ပါတယ်။

ရှားလမိန်ဘုရင်ကြီးရဲ့ မြေးဖြစ်သူ အရှေ့ဖရန့်ခ်ဘုရင် ဒုတိယလူဝီဟာ အေဒီ ၈၅၃ ကာလက ဇူးရစ်မြို့မှာ ရဲတိုက် နဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွေကို တည်ဆောက်ခဲ့ပါတယ်။ အေဒီ ၁၁ ရာစု တတိယ ဟင်နရီဘုရင်လက်ထက်မှာတော့ ဇူးရစ်ဟာ ထင်ရှားတဲ့မြို့တခုဖြစ်လာခဲ့ပါတယ်။ အလယ်ခေတ်အတောအတွင်း ၁၆ ရာစု အစောပိုင်း ကာလမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတခုဖြစ်လာခဲ့ပြီး ဆွစ်ခေါင်းဆောင် Zwingli ရဲ့ ဦးဆောင်မှုနဲ့အတူ ဥရောပရဲ့ ပရိုတက်စတင့် ပြန်လည်တည်ဆောက်ရေး ဗဟိုချက်မ နေရာဖြစ်လာခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းများစွာ ဇူးရစ်မှာ တည်ဆောက်လာကြပြီး ဇူးရစ်သမ္မာကျမ်းစာကိုလည်း ရိုက်နှိပ်ထုတ်ဝေခဲ့ကြတယ်။

၁၈ ရာစုတော့ ဇူးရစ်ဟာ ကုန်သွယ်ရေးမြို့အဖြစ်ကနေ စက်မှုလုပ်ငန်းတွေကို တဖြည်းဖြည်းတိုးချဲ့လာခဲ့တယ်။ ပိုးထည်လုပ်ငန်းထွန်းကားခဲ့ပြီး မြို့နေလူထုရဲ့ ၄ပုံ၁ပုံဟာ ဒီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတယ်။ ၁၈ ရာစုအကုန်မှာတော့ ဇူးရစ်မြို့မှာ ဇူးရစ် ပထမ စစ်ပွဲဖြစ်ပွားခဲ့တယ်။ ပြင်သစ် နဲ့ သြစတြီးယားတို့ကြား တိုက်ပွဲဖြစ်ကာ သြစတြီးယားတို့ အနိုင်ရခဲ့တယ်။ နောက်ထပ် ၃လအကြာမှာပဲ ဒုတိယ ဇူးရစ်စစ်ပွဲဖြစ်ပွားပြီး ပြင်သစ်တို့ပြန်လည် အနိုင်ရခဲ့ကြတယ်။

၁၈၃၃ ခုနှစ်မှာ ဇူးရစ်တက္ကသိုလ်ကို တည်ထောင်ခဲ့ပြီး ၁၈၄၀ ခုနှစ်မှာတော့ ဖက်ဒရယ်မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ၁၈၄၇ ခုနှစ်မှာတော့ ဇူးရစ်ကနေ အနီးအနားမှာရှိတဲ့ ဘာဒန်မြို့ဆီကို ပြေးဆွဲတဲ့ ဆွစ်ဇာလန်ရဲ့ပထမဆုံးရထားလမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့တယ်။၁၈၅၀ မှာတော့ ဇူးရစ်မြို့နေ လူဦးရေဟာ ၃သောင်းခွဲခန့် ရှိလာခဲ့တယ်။ ၁၉ ရာစုအလယ်ပိုင်းမှာတော့ ဘဏ် နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာကြပြီး ဒုတိယကမ္ဘာစစ်ကာလကနေ စလို့ အလုံခြုံဆုံးဘဏ်တွေအဖြစ် နာမည်ကြီးခဲ့တယ်။

၁၉ ရာစု အကုန်မှာတော့ ဇူးရစ်ဟာ အရင်က ဘေဆယ်လ် နဲ့ ဂျီနီဗာ တို့ရဲ့နောက်မှာ ရှိနေရာကနေ ကျော်တက်ပြီး ဆွစ်ဇာလန်ရဲ့ စီးပွားရေး နဲ့ ငွေးကြေးဆိုင်ရာ ဗဟိုဒေသေဖြစ်လာခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဆွစ်ဇာလန်နိုင်ငံဟာ စစ်ဘေးကင်းတဲ့နိုင်ငံဖြစ်ခဲ့ပေမယ့် ဇူးရစ်ကတော့ မမျှော်လင့်ပဲ ဗုံးကြဲခံခဲ့ရတယ်။ မဟာမိတ်လေယာဉ်တွေက ကြဲခဲ့တာဖြစ်ပြီး အကြိမ်ပေါင်း ၇၀ ခန့် ကြဲခဲ့တာကြောင့် လူပေါင်း ၈၄ဦး သေဆုံးခဲ့ရတယ်။ မှတ်တမ်းတွေကတော့ ဆွစ်ဇာလန်ဟာ ဂျာမနီနဲ့ ဆက်စပ်နေတာကို သံသယရှိတဲ့အတွက် သတိပေးတဲ့အနေနဲ့ ကျဲခဲ့တာလို့ ဆိုကြတယ်။ ဒီမှားယွင်းမှုအတွက် အမေရိကန်ဟာ ဆွစ်ဇာလန်အစိုးရကို အမေရိကန်ဒေါ်လာ ၁၄.၄သန်းကို ၁၉၄၉ ခုနှစ်အတောအတွင်းက လျှော်ကြေးအနေနဲ့ ပြန်ပေးခဲ့ရပါတယ်။

ဇူးရစ် ရဲ့ စိတ်ဝင်စားစရာအချက်များ

ဇူးရစ် ဆိုတဲ့ အမည်ကဂျာမန်စကားကနေ လာတာဖြစ်ပြီး အေဒီ ၆ ရာစုကာလက စတင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကို အတိအကျဖော်ပြထားတာမျိုး မရှိပေမယ့် တချို့ကတော့ Gift of God ဘုရားသခင်ရဲ့ လက်ဆောင်လို့ ဆိုကြပါတယ်။ ဇူးရစ်အမည်ကို ခေါ်ရာမှာ ဘာသာစကားအလိုက် ကွဲပြားခြားနားမှုတွေရှိပါတယ်။ ပြင်သစ် နဲ့ အင်္ဂလိပ်က Zurich ၊ အီတလီက Zurigo ၊ ရိုမန်လို Turitg ၊ ဂျာမန်လို Zürich ၊ ဆွစ်-ဂျာမန် လို Züri စသည်ဖြင့် သုံးနှုန်းကြပါတယ်။

ဇူးရစ်ရေကန် ကတော့ ဇူးရစ်မြို့အနီး အရှေ့တောင်ပိုင်းမှာ တည်ရှိနေပါတယ်။ အလျား ၂၅မိုင် ၊ အနံ၂မိုင် ရှိတဲ့ လခြမ်းကွေးသဏ္ဍာန် ရေကန်ကြီးဖြစ်ပြီး ဇူးရစ်မြို့ရဲ့အမှတ်အသားလည်းဖြစ်ပါတယ်။ ရေကန်ကြီးထဲမှာတော့ သင်္ဘောငယ်ပေါင်းများစွာကို မြင်ရမှာဖြစ်သလို ရေကန် ရဲ့ ဘေးမှာလည်း အခြားမြို့ပေါင်းများစွာ တည်ရှိနေပါတယ်။ သမိုင်းတလျှောက်မှာတော့ ဒီရေကန်ကြီးဟာ ၁၉၂၉ ခုနှစ်က တကြိမ် ၊ ၁၉၆၂-၆၃ က တကြိမ် ၂ကြိမ် ရေခဲပြင်ကြီး ဖြစ်သွားခဲ့ဖူးပါတယ်။

ဇူးရစ်မြို့မှာ ပြတိုက်ပေါင်း ၅၀ကျော် ရှိနေသလို အလယ်ခေတ် ခေတ်ဟောင်းလက်ရာ အဆောက်အအုံတွေကို မူလအတိုင်း ပုံစံမပျက် ထိမ်းသိမ်းထားနိုင်ခဲ့ပါတယ်။ အနုပညာပြတိုက် ၊ ဆွစ်အမျိုးသားပြတိုက် ၊ Kunsthaus အနုပညာပြတိုက် ၊ ဖီဖာပြတိုက် ၊ ပိုက်ဆံပြတိုက် ၊ ဒီဇိုင်းပြတိုက် ၊ Rietberg အနုပညာပြတိုက် ၊ နာရီပြတိုက် နဲ့ FocusTerra သိပ္ပံပြတိုက်တွေဟာ အလွန်ထင်ရှားပါတယ်။

ဆွစ်တောင်တန်းတခုဖြစ်တဲ့ Uetliberg တောင်ကတော့ အမြင့်ပေ ၂၈၅၀ မြင့်ပါတယ်။ ဒီတောင်ပေါ်ကနေ ဒေသတဝိုက်လုံးကိုမြင်နိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီတောင်ပေါ်တက်ပြီး ဇူးရစ်ရေကန်ကြီး နဲ့ ဇူးရစ်မြို့ရဲ့ အလှအပမြင်ကွင်းတွေကို တက်ရောက်ကြည့်ရှု့လေ့ရှိကြပါတယ်။

ဇူးရစ်တက္ကသိုလ် နဲ့ ဇူးရစ်ဖက်ဒရယ် နည်းပညာတက္ကသိုလ်တွေဟာ မြို့ရဲ့နာမည်အကြီးဆုံး တက္ကသိုလ်တွေဖြစ်ပါတယ်။ ၁၈၃၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဇူးရစ်တက္ကသိုလ်ဟာ ဆွစ်ဇာလန်ရဲ့အကြီးဆုံးတက္ကသိုလ်ဖြစ်ပြီး ကျောင်းသားပေါင်း ၂သောင်းကျော် တက်ရောက်နိုင်ပါတယ်။ ဒီတက္ကသိုလ်မှာတက်ရောက်ခဲ့ကြတဲ့ အိုင်းစတိုင်းအပါအဝင် ၁၂ယောက်ဟာ ရူပဗေဒ နဲ့ ဓာတုဗေဒ နိုဘယ်ဆုတွေကို ရရှိခဲ့ကြသူတွေဖြစ်ပါတယ်။

ဇူးရစ်မြို့ဟောင်းကိုတော့ Altstadt လို့ခေါ်ပါတယ်။ ဒီနေရာဟာ ၁၈၉၃ ခုနှစ်ကတည်းက သမိုင်းဝင်နေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ မြစ်ကမ်းဘေးမှာ ရှိတဲ့ဒီနေရာမှာတော့  ရှေးဟောင်းအဆောက်အအုံများအပြင် သမိုင်းဝင် အဆောက်အဦး နဲ့ ဗိသုကာလက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Schauspielhaus ကတော့ ဇူးရစ်ရဲ့နာမည်အကြီးဆုံး ဇာတ်ရုံကြီးဖြစ်ပြီး ဒီဇာတ်ရုံကြီးကို ၁၈၉၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ထိုင်ခုံ ၇၅၀ ရှိတဲ့ ဒီဇာတ်ရုံကြီးရဲ့ သမိုင်းတလျှောက်မှာ နာမည်အကျော်ကြားဆုံး ပြဇာတ်ပေါင်းများစွာကို တင်ဆင်ခဲ့ဖူးပါတယ်။

Grossmünster ကတော့ လင်မ်မက်မြစ်ဘေးမှာတည်ရှိနေတဲ့ ရောမစတိုင် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ ဇူးရစ်အဓိကဘုရားကျောင်းကြီး ၄ ခုထဲ တခုအပါအဝင် ဖြစ်တဲ့ ရှေးဟောင်းဘုရားကျောင်းကြီးဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့အချို့အစိတ်အပိုင်းတွေကို ၁၃ ရာစု ကာလလောက်ကတည်းက တည်ဆောက်ခဲ့တယ်လို့ သိရပြီး ၁၆ ရာစုမှာတော့ Zwingli ကြောင့် ပိုပြီးလူသိများခဲ့ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ ဘုရားကျောင်းတွေကတော့ Fraumünster ၊ စိန့်ပီတာ ၊ စိန့်ဂျိုးဆက်ဖ် စတဲ့ ဘုရားကျောင်းတွေဖြစ်ပါတယ်။

ရောမမြို့မှာ ရေပန်းတွေ အလွန်များသလို ဇူးရစ်မြို့မှာလည်း ရေပန်းပေါင်း ၁၂၀၀ ကျော် ရှိနေပါတယ်။ မြို့ကို အလှဆင်ထားတဲ့ ဒီရေပန်းတွေဟာ မြို့ရဲ့အနှံ့မှာတည်ရှိနေပြီး ထူးခြားချက်ကတော့ ဒီရေပန်းတွေက ရေတွေကို သန့်စင်ပြီး မည်သူမဆို အလွယ်တကူ စိတ်ချလက်ချ သောက်သုံးနိုင်အောင် ဖန်တီးထားတာပါပဲ။

သယ်ယူပို့ဆောင်ရေးအနေနဲ့ကတော့ ဒီမြို့ရဲ့လမ်းမကြီးတွေဟာ အလွန်ရှုပ်ထွေးစည်ကားလှပါတယ်။ သွားလာသူပေါင်းရဲ့ ၇၀% က လျှပ်စစ်ကား နဲ့ ဘတ်စ်ကားတွေကိုပဲ စီးကြလေ့ရှိပါတယ်။ ရထားလမ်းတွေအပြင် အခြားမြို့တွေကို ရေကြောင်းကနေသွားလာနိုင်အောင် ဇူးရစ်ကန်ကြီးထဲမှာ လှေ သင်္ဘောငယ်ပေါင်းများစွာ ရှိနေပါတယ်။ ဇူးရစ်လေဆိပ်ကြီးကတော့ မြို့နဲ့ ၆မိုင်ခန့်အကွာက Kloten မှာ ရှိနေပြီး ၂၀၁၉ ခုနှစ်စာရင်းအရ ခရီးသွားပေါင်း ၃၁သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ စက်ဘီးစီးသူများအတွက် စက်ဘီးလမ်းကြောင်းတွေကိုလည်း သတ်မှတ်ပေးထားပါသေးတယ်။

ဘုရားကျောင်းတွေ ပြတိုက်တွေ အပြင် တိရစ္ဆာန်ရုံ နဲ့ ရုက္ခဗေဒ ဥယျာဉ်ကြီးတွေဟာလည်း ဒီမြို့မှာ ရှိနေပြန်ပါတယ်။

စီးပွားရေးအဖြစ် ဘဏ်လုပ်ငန်း ၊ စတော့အိတ်ချိန်း ၊ ပိုးထည်လုပ်ငန်း ၊ စက်မှုလုပ်ငန်း နဲ့ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ဇူးရစ်မြို့ဟာ ကမ္ဘာ့သြဇာအကြီးဆုံး မြို့ ၁၀ မြို့ စာရင်းမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

ကမ္ဘာ့လူနေမှု အဆင့်အတန်း အမြင့်မားဆုံး မြို့တမြို့ဖြစ်သလို ကမ္ဘာ့အပျော်ဆုံးမြို့တမြို့အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဇူးရစ်မြို့သူ မြို့သားတွေဟာ ဖျော်ဖြေရေးကို အလွန်နှစ်သက်လေ့ရှိပါတယ်။ ဇူးရစ်မှာ နိုက်ကလပ်ပေါင်းများစွာ ရှိပြီး နေထိုင်သူ လူဦးရေနဲ့တွက်ရင် ဥရောပရဲ့ နိုက်ကလပ်အများဆုံးမြို့လည်းဖြစ်ပါတယ်။ ဈေးဆိုင်ပေါင်းများစွာရှိနေသလို နေထိုင်မှုစရိတ်မြင့်မားတဲ့ မြို့လည်း ဖြစ်ပါတယ်။

—— —– ———

(Zawgyi)

ဆြစ္ဇာလန္ရဲ႕ အႀကီးဆုံး ဇူးရစ္ၿမဳိ႕ေတာ္

ဆြစ္ဇာလန္ႏုိင္ငံရဲ႕ ေျမာက္အလယ္ပုိင္းမွာ တည္ရွိတဲ့ ဇူးရစ္ၿမဳိ႕ဟာ ဆြစ္ဇာလန္ႏုိင္ငံရဲ႕ အႀကီးဆုံးၿမဳိ႕ျဖစ္သလုိ ဇူးရစ္ကန္တြန္ရဲ႕ အႀကီးဆုံးၿမဳိ႕လည္းျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ ႏုိင္ငံမွာ ျပည္နယ္ေတြ တုိင္းေတြခြဲျခားထားသလုိ ဆြစ္ဇာလန္ကိုလည္း ကန္တြန္ ၂၆ ခု ခြဲၿပီးေတာ့ အုပ္ခ်ဳပ္တာျဖစ္ပါတယ္။ ဇူးရစ္ဟာ ေအဒီ ၁၁ရာစုကာလကတည္းက ထင္ရွားခဲ့တဲ့ ၿမဳိ႕ျဖစ္သလုိ ယခုအခ်ိန္မွာလည္း ကားလမ္း ၊ ရထားလမ္း ၊ ေလေၾကာင္းလုိင္းေတြနဲ႔အတူ ဆြစ္ဇာလန္ရဲ႕ အစည္ကားဆုံးၿမဳိ႕ျဖစ္ေနဆဲပါ။

ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၃၃၉ေပခန္႔မွာတည္ရွိေနတဲ့ ဇူးရစ္ၿမဳိ႕ဟာ အက်ယ္အ၀န္းအားျဖင့္ စတုရန္းမုိင္ ၃၄ မုိင္ခန္႔ က်ယ္၀န္းၿပီး ၂၀၁၈ ခုႏွစ္စာရင္းအရ ၿမဳိ႕ေပၚေန လူဦးေရ ၄၁၅,၂၁၅ဦးရွိၿပီး ၿမဳိ႕ေတာ္နယ္ေျမေဒသ တခုလုံးကို ထည့္သြင္းတြက္ခ်က္ပါက လူဦးေရ ၂သန္းနီးပါး ေနထုိင္လ်က္ရွိပါတယ္။ လင္မ္မက္ နဲ႔ ဆစ္လ္ျမစ္ေတြက ၿမဳိ႕ေတာ္ကို ျဖတ္သန္းစီးဆင္းေနၿပီး အေနာက္ဘက္နဲ႔ အေရွ႕ေျမာက္ဘက္ေတြမွာေတာ့ အယ္လ္ဘစ္ေတာင္တန္းေတြက ၀န္းရံထားပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ခန္႔ကတည္းက လူသားေတြဟာ ဇူးရစ္ေရကန္ႀကီး တ၀ုိက္မွာ အေျခခ်ေနထုိင္ခဲ့ၾကပါတယ္။ ဇူးရစ္ၿမဳိ႕ကိုေတာ့ ၁၅ ဘီစီ ကာလမွာ ေရာမေတြက တည္ေထာင္ခဲ့တာျဖစ္ၿပီး စတင္တည္ေထာင္စဥ္တုန္းက Turicum အမည္နဲ႔ ျဖစ္ပါတယ္။ ဇူးရစ္ၿမဳိ႕ဟာ ေအဒီ ၄ ရာစု အထိ ေရာမအင္ပါယာထဲမွာ ပါ၀င္တဲ့ နယ္ေျမတခုျဖစ္ခဲ့ပါတယ္။

ရွားလမိန္ဘုရင္ႀကီးရဲ႕ ေျမးျဖစ္သူ အေရွ႕ဖရန္႔ခ္ဘုရင္ ဒုတိယလူ၀ီဟာ ေအဒီ ၈၅၃ ကာလက ဇူးရစ္ၿမဳိ႕မွာ ရဲတုိက္ နဲ႔ ခရစ္ယာန္ဘုန္းေတာ္ႀကီးေက်ာင္းေတြကို တည္ေဆာက္ခဲ့ပါတယ္။ ေအဒီ ၁၁ ရာစု တတိယ ဟင္နရီဘုရင္လက္ထက္မွာေတာ့ ဇူးရစ္ဟာ ထင္ရွားတဲ့ၿမဳိ႕တခုျဖစ္လာခဲ့ပါတယ္။ အလယ္ေခတ္အေတာအတြင္း ၁၆ ရာစု အေစာပုိင္း ကာလမွာေတာ့ ကုိယ္ပုိင္အုပ္ခ်ဳပ္ေရးနယ္ေျမတခုျဖစ္လာခဲ့ၿပီး ဆြစ္ေခါင္းေဆာင္ Zwingli ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဥေရာပရဲ႕ ပရုိတက္စတင့္ ျပန္လည္တည္ေဆာက္ေရး ဗဟုိခ်က္မ ေနရာျဖစ္လာခဲ့ပါတယ္။ ခရစ္ယာန္ဘုရားေက်ာင္းမ်ားစြာ ဇူးရစ္မွာ တည္ေဆာက္လာၾကၿပီး ဇူးရစ္သမၼာက်မ္းစာကုိလည္း ရုိက္ႏွိပ္ထုတ္ေ၀ခဲ့ၾကတယ္။

၁၈ ရာစုေတာ့ ဇူးရစ္ဟာ ကုန္သြယ္ေရးၿမဳိ႕အျဖစ္ကေန စက္မႈလုပ္ငန္းေတြကို တျဖည္းျဖည္းတုိးခ်ဲ႕လာခဲ့တယ္။ ပုိးထည္လုပ္ငန္းထြန္းကားခဲ့ၿပီး ၿမဳိ႕ေနလူထုရဲ႕ ၄ပုံ၁ပုံဟာ ဒီလုပ္ငန္းမွာ ၀င္ေရာက္လုပ္ကုိင္ခဲ့ၾကတယ္။ ၁၈ ရာစုအကုန္မွာေတာ့ ဇူးရစ္ၿမဳိ႕မွာ ဇူးရစ္ ပထမ စစ္ပြဲျဖစ္ပြားခဲ့တယ္။ ျပင္သစ္ နဲ႔ ၾသစႀတီးယားတုိ႔ၾကား တုိက္ပြဲျဖစ္ကာ ၾသစႀတီးယားတုိ႔ အႏုိင္ရခဲ့တယ္။ ေနာက္ထပ္ ၃လအၾကာမွာပဲ ဒုတိယ ဇူးရစ္စစ္ပြဲျဖစ္ပြားၿပီး ျပင္သစ္တုိ႔ျပန္လည္ အႏုိင္ရခဲ့ၾကတယ္။

၁၈၃၃ ခုႏွစ္မွာ ဇူးရစ္တကၠသုိလ္ကို တည္ေထာင္ခဲ့ၿပီး ၁၈၄၀ ခုႏွစ္မွာေတာ့ ဖက္ဒရယ္ၿမဳိ႕ေတာ္အျဖစ္ သတ္မွတ္ခံခဲ့ရတယ္။ ၁၈၄၇ ခုႏွစ္မွာေတာ့ ဇူးရစ္ကေန အနီးအနားမွာရွိတဲ့ ဘာဒန္ၿမဳိ႕ဆီကို ေျပးဆြဲတဲ့ ဆြစ္ဇာလန္ရဲ႕ပထမဆုံးရထားလမ္းေၾကာင္းကို ဖြင့္လွစ္ႏုိင္ခဲ့တယ္။၁၈၅၀ မွာေတာ့ ဇူးရစ္ၿမဳိ႕ေန လူဦးေရဟာ ၃ေသာင္းခြဲခန္႔ ရွိလာခဲ့တယ္။ ၁၉ ရာစုအလယ္ပိုင္းမွာေတာ့ ဘဏ္ နဲ႔ ေငြေၾကးဆုိင္ရာ လုပ္ငန္းေတြကို စတင္လုပ္ကုိင္လာၾကၿပီး ဒုတိယကမာၻစစ္ကာလကေန စလုိ႔ အလုံၿခဳံဆုံးဘဏ္ေတြအျဖစ္ နာမည္ႀကီးခဲ့တယ္။

၁၉ ရာစု အကုန္မွာေတာ့ ဇူးရစ္ဟာ အရင္က ေဘဆယ္လ္ နဲ႔ ဂ်ီနီဗာ တုိ႔ရဲ႕ေနာက္မွာ ရွိေနရာကေန ေက်ာ္တက္ၿပီး ဆြစ္ဇာလန္ရဲ႕ စီးပြားေရး နဲ႔ ေငြးေၾကးဆုိင္ရာ ဗဟုိေဒေသျဖစ္လာခဲ့တယ္။ ဒုတိယ ကမာၻစစ္မွာ ဆြစ္ဇာလန္ႏုိင္ငံဟာ စစ္ေဘးကင္းတဲ့ႏုိင္ငံျဖစ္ခဲ့ေပမယ့္ ဇူးရစ္ကေတာ့ မေမွ်ာ္လင့္ပဲ ဗုံးႀကဲခံခဲ့ရတယ္။ မဟာမိတ္ေလယာဥ္ေတြက ႀကဲခဲ့တာျဖစ္ၿပီး အႀကိမ္ေပါင္း ၇၀ ခန္႔ ႀကဲခဲ့တာေၾကာင့္ လူေပါင္း ၈၄ဦး ေသဆုံးခဲ့ရတယ္။ မွတ္တမ္းေတြကေတာ့ ဆြစ္ဇာလန္ဟာ ဂ်ာမနီနဲ႔ ဆက္စပ္ေနတာကို သံသယရွိတဲ့အတြက္ သတိေပးတဲ့အေနနဲ႔ က်ဲခဲ့တာလုိ႔ ဆုိၾကတယ္။ ဒီမွားယြင္းမႈအတြက္ အေမရိကန္ဟာ ဆြစ္ဇာလန္အစုိးရကို အေမရိကန္ေဒၚလာ ၁၄.၄သန္းကို ၁၉၄၉ ခုႏွစ္အေတာအတြင္းက ေလွ်ာ္ေၾကးအေနနဲ႔ ျပန္ေပးခဲ့ရပါတယ္။

ဇူးရစ္ ရဲ႕ စိတ္၀င္စားစရာအခ်က္မ်ား

ဇူးရစ္ ဆုိတဲ့ အမည္ကဂ်ာမန္စကားကေန လာတာျဖစ္ၿပီး ေအဒီ ၆ ရာစုကာလက စတင္သုံးစြဲခဲ့တယ္လုိ႔ သိရပါတယ္။ အဓိပၸါယ္ကို အတိအက်ေဖာ္ျပထားတာမ်ဳိး မရိွေပမယ့္ တခ်ဳိ႕ကေတာ့ Gift of God ဘုရားသခင္ရဲ႕ လက္ေဆာင္လုိ႔ ဆုိၾကပါတယ္။ ဇူးရစ္အမည္ကို ေခၚရာမွာ ဘာသာစကားအလုိက္ ကြဲျပားျခားနားမႈေတြရွိပါတယ္။ ျပင္သစ္ နဲ႔ အဂၤလိပ္က Zurich ၊ အီတလီက Zurigo ၊ ရုိမန္လုိ Turitg ၊ ဂ်ာမန္လုိ Zürich ၊ ဆြစ္-ဂ်ာမန္ လို Züri စသည္ျဖင့္ သုံးႏႈန္းၾကပါတယ္။

ဇူးရစ္ေရကန္ ကေတာ့ ဇူးရစ္ၿမဳိ႕အနီး အေရွ႕ေတာင္ပုိင္းမွာ တည္ရွိေနပါတယ္။ အလ်ား ၂၅မုိင္ ၊ အနံ၂မုိင္ ရွိတဲ့ လျခမ္းေကြးသ႑ာန္ ေရကန္ႀကီးျဖစ္ၿပီး ဇူးရစ္ၿမဳိ႕ရဲ႕အမွတ္အသားလည္းျဖစ္ပါတယ္။ ေရကန္ႀကီးထဲမွာေတာ့ သေဘၤာငယ္ေပါင္းမ်ားစြာကို ျမင္ရမွာျဖစ္သလုိ ေရကန္ ရဲ႕ ေဘးမွာလည္း အျခားၿမဳိ႕ေပါင္းမ်ားစြာ တည္ရွိေနပါတယ္။ သမုိင္းတေလွ်ာက္မွာေတာ့ ဒီေရကန္ႀကီးဟာ ၁၉၂၉ ခုႏွစ္က တႀကိမ္ ၊ ၁၉၆၂-၆၃ က တႀကိမ္ ၂ႀကိမ္ ေရခဲျပင္ႀကီး ျဖစ္သြားခဲ့ဖူးပါတယ္။

ဇူးရစ္ၿမဳိ႕မွာ ျပတုိက္ေပါင္း ၅၀ေက်ာ္ ရွိေနသလုိ အလယ္ေခတ္ ေခတ္ေဟာင္းလက္ရာ အေဆာက္အအုံေတြကို မူလအတုိင္း ပုံစံမပ်က္ ထိမ္းသိမ္းထားႏုိင္ခဲ့ပါတယ္။ အႏုပညာျပတုိက္ ၊ ဆြစ္အမ်ဳိးသားျပတုိက္ ၊ Kunsthaus အႏုပညာျပတုိက္ ၊ ဖီဖာျပတုိက္ ၊ ပုိက္ဆံျပတုိက္ ၊ ဒီဇုိင္းျပတုိက္ ၊ Rietberg အႏုပညာျပတုိက္ ၊ နာရီျပတုိက္ နဲ႔ FocusTerra သိပၸံျပတုိက္ေတြဟာ အလြန္ထင္ရွားပါတယ္။

ဆြစ္ေတာင္တန္းတခုျဖစ္တဲ့ Uetliberg ေတာင္ကေတာ့ အျမင့္ေပ ၂၈၅၀ ျမင့္ပါတယ္။ ဒီေတာင္ေပၚကေန ေဒသတ၀ုိက္လုံးကိုျမင္ႏုိင္တာေၾကာင့္ ကမာၻလွည့္ခရီးသြားေတြဟာ ဒီေတာင္ေပၚတက္ၿပီး ဇူးရစ္ေရကန္ႀကီး နဲ႔ ဇူးရစ္ၿမဳိ႕ရဲ႕ အလွအပျမင္ကြင္းေတြကို တက္ေရာက္ၾကည့္ရႈ႕ေလ့ရွိၾကပါတယ္။

ဇူးရစ္တကၠသုိလ္ နဲ႔ ဇူးရစ္ဖက္ဒရယ္ နည္းပညာတကၠသုိလ္ေတြဟာ ၿမဳိ႕ရဲ႕နာမည္အႀကီးဆုံး တကၠသုိလ္ေတြျဖစ္ပါတယ္။ ၁၈၃၃ ခုႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့တဲ့ ဇူးရစ္တကၠသုိလ္ဟာ ဆြစ္ဇာလန္ရဲ႕အႀကီးဆုံးတကၠသိုလ္ျဖစ္ၿပီး ေက်ာင္းသားေပါင္း ၂ေသာင္းေက်ာ္ တက္ေရာက္ႏုိင္ပါတယ္။ ဒီတကၠသုိလ္မွာတက္ေရာက္ခဲ့ၾကတဲ့ အုိင္းစတုိင္းအပါအ၀င္ ၁၂ေယာက္ဟာ ရူပေဗဒ နဲ႔ ဓာတုေဗဒ ႏုိဘယ္ဆုေတြကို ရရွိခဲ့ၾကသူေတြျဖစ္ပါတယ္။

ဇူးရစ္ၿမဳိ႕ေဟာင္းကိုေတာ့ Altstadt လုိ႔ေခၚပါတယ္။ ဒီေနရာဟာ ၁၈၉၃ ခုႏွစ္ကတည္းက သမုိင္း၀င္ေနရာတခုအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ျမစ္ကမ္းေဘးမွာ ရွိတဲ့ဒီေနရာမွာေတာ့  ေရွးေဟာင္းအေဆာက္အအုံမ်ားအျပင္ သမုိင္း၀င္ အေဆာက္အဦး နဲ႔ ဗိသုကာလက္ရာေတြကို ျမင္ေတြ႔ရမွာျဖစ္ပါတယ္။

Schauspielhaus ကေတာ့ ဇူးရစ္ရဲ႕နာမည္အႀကီးဆုံး ဇာတ္ရုံႀကီးျဖစ္ၿပီး ဒီဇာတ္ရုံႀကီးကို ၁၈၉၂ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ထုိင္ခုံ ၇၅၀ ရွိတဲ့ ဒီဇာတ္ရုံႀကီးရဲ႕ သမုိင္းတေလွ်ာက္မွာ နာမည္အေက်ာ္ၾကားဆုံး ျပဇာတ္ေပါင္းမ်ားစြာကုိ တင္ဆင္ခဲ့ဖူးပါတယ္။

Grossmünster ကေတာ့ လင္မ္မက္ျမစ္ေဘးမွာတည္ရွိေနတဲ့ ေရာမစတုိင္ ခရစ္ယာန္ဘုရားေက်ာင္းျဖစ္ပါတယ္။ ဒီဘုရားေက်ာင္းဟာ ဇူးရစ္အဓိကဘုရားေက်ာင္းႀကီး ၄ ခုထဲ တခုအပါအ၀င္ ျဖစ္တဲ့ ေရွးေဟာင္းဘုရားေက်ာင္းႀကီးျဖစ္ပါတယ္။ ဘုရားေက်ာင္းရဲ႕အခ်ဳိ႕အစိတ္အပုိင္းေတြကို ၁၃ ရာစု ကာလေလာက္ကတည္းက တည္ေဆာက္ခဲ့တယ္လုိ႔ သိရၿပီး ၁၆ ရာစုမွာေတာ့ Zwingli ေၾကာင့္ ပုိၿပီးလူသိမ်ားခဲ့ပါတယ္။ ေနာက္ထပ္ထင္ရွားတဲ့ ဘုရားေက်ာင္းေတြကေတာ့ Fraumünster ၊ စိန္႔ပီတာ ၊ စိန္႔ဂ်ဳိးဆက္ဖ္ စတဲ့ ဘုရားေက်ာင္းေတြျဖစ္ပါတယ္။

ေရာမၿမဳိ႕မွာ ေရပန္းေတြ အလြန္မ်ားသလုိ ဇူးရစ္ၿမဳိ႕မွာလည္း ေရပန္းေပါင္း ၁၂၀၀ ေက်ာ္ ရွိေနပါတယ္။ ၿမဳိ႕ကို အလွဆင္ထားတဲ့ ဒီေရပန္းေတြဟာ ၿမဳိ႕ရဲ႕အႏွံ႔မွာတည္ရွိေနၿပီး ထူးျခားခ်က္ကေတာ့ ဒီေရပန္းေတြက ေရေတြကို သန္႔စင္ၿပီး မည္သူမဆုိ အလြယ္တကူ စိတ္ခ်လက္ခ် ေသာက္သုံးႏုိင္ေအာင္ ဖန္တီးထားတာပါပဲ။

သယ္ယူပုိ႔ေဆာင္ေရးအေနနဲ႔ကေတာ့ ဒီၿမဳိ႕ရဲ႕လမ္းမႀကီးေတြဟာ အလြန္ရႈပ္ေထြးစည္ကားလွပါတယ္။ သြားလာသူေပါင္းရဲ႕ ၇၀% က လွ်ပ္စစ္ကား နဲ႔ ဘတ္စ္ကားေတြကိုပဲ စီးၾကေလ့ရွိပါတယ္။ ရထားလမ္းေတြအျပင္ အျခားၿမဳိ႕ေတြကို ေရေၾကာင္းကေနသြားလာႏုိင္ေအာင္ ဇူးရစ္ကန္ႀကီးထဲမွာ ေလွ သေဘၤာငယ္ေပါင္းမ်ားစြာ ရွိေနပါတယ္။ ဇူးရစ္ေလဆိပ္ႀကီးကေတာ့ ၿမဳိ႕နဲ႔ ၆မုိင္ခန္႔အကြာက Kloten မွာ ရွိေနၿပီး ၂၀၁၉ ခုႏွစ္စာရင္းအရ ခရီးသြားေပါင္း ၃၁သန္းေက်ာ္ကုိ ၀န္ေဆာင္မႈေပးခဲ့ပါတယ္။ စက္ဘီးစီးသူမ်ားအတြက္ စက္ဘီးလမ္းေၾကာင္းေတြကိုလည္း သတ္မွတ္ေပးထားပါေသးတယ္။

ဘုရားေက်ာင္းေတြ ျပတုိက္ေတြ အျပင္ တိရစာၦန္ရုံ နဲ႔ ရုကၡေဗဒ ဥယ်ာဥ္ႀကီးေတြဟာလည္း ဒီၿမဳိ႕မွာ ရွိေနျပန္ပါတယ္။

စီးပြားေရးအျဖစ္ ဘဏ္လုပ္ငန္း ၊ စေတာ့အိတ္ခ်ိန္း ၊ ပုိးထည္လုပ္ငန္း ၊ စက္မႈလုပ္ငန္း နဲ႔ ခရီးသြားလုပ္ငန္းေတြကို လုပ္ကုိင္ၾကပါတယ္။ ဇူးရစ္ၿမဳိ႕ဟာ ကမာၻ႔ၾသဇာအႀကီးဆုံး ၿမဳိ႕ ၁၀ ၿမဳိ႕ စာရင္းမွာလည္း ပါ၀င္ခဲ့ဖူးပါေသးတယ္။

ကမာၻ႔လူေနမႈ အဆင့္အတန္း အျမင့္မားဆုံး ၿမဳိ႕တၿမဳိ႕ျဖစ္သလုိ ကမာၻ႔အေပ်ာ္ဆုံးၿမဳိ႕တၿမဳိ႕အျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ ဇူးရစ္ၿမဳိ႕သူ ၿမဳိ႕သားေတြဟာ ေဖ်ာ္ေျဖေရးကုိ အလြန္ႏွစ္သက္ေလ့ရွိပါတယ္။ ဇူးရစ္မွာ ႏုိက္ကလပ္ေပါင္းမ်ားစြာ ရွိၿပီး ေနထုိင္သူ လူဦးေရနဲ႔တြက္ရင္ ဥေရာပရဲ႕ ႏုိက္ကလပ္အမ်ားဆုံးၿမဳိ႕လည္းျဖစ္ပါတယ္။ ေစ်းဆုိင္ေပါင္းမ်ားစြာရွိေနသလုိ ေနထုိင္မႈစရိတ္ျမင့္မားတဲ့ ၿမဳိ႕လည္း ျဖစ္ပါတယ္။

Tags: cities
Next Post
MotoGP အကြောင်း သိကောင်းစရာ

MotoGP အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!