Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆိုမာလီယာရဲ့ နာမည်ကျော် ပင်လယ်ဓားပြများ အကြောင်း

by Thutamm
August 16, 2019
Reading Time: 1min read
0
ဆိုမာလီယာရဲ့ နာမည်ကျော် ပင်လယ်ဓားပြများ အကြောင်း
Share on FacebookShare on Twitter

အရင်နေ့က ဆိုမာလီယာနိုင်ငံအကြောင်း တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ အဲဒီ ဆိုမာလီယာနိုင်ငံကို အဓိက နာမည်ကြီးစေတဲ့ ဆိုမာလီပင်လယ်ဓားပြတွေအကြောင်းကို မျှဝေသွားပါမယ်။ ဆိုမာလီပင်လယ်ဓားပြတွေဟာ ဆိုမာလီယာပင်လယ်၊ Guardafui တူးမြောင် းနဲ့ Aden ပင်လယ်အော်အတွင်းမှာ ကျင်လည်ကျက်စားပြီးကမ္ဘာရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းကို ဆယ်စုနှစ်တစ်ခုမက ဒုက္ခပေးခဲ့သူတွေဖြစ်ပါတယ်။

သူတို့ဟာ ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ ဆိုမာလီယာပြည်တွင်းစစ်အတွင်း ၊(၂၀၀၀)ပြည့််နှစ် ဝန်းကျင်ကနေစတင်ပြီး ပင်လယ်ပြင်အကြမ်းဖက်လုယက်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုမာလီယာကမ်းလွန်မှာဖြစ်ပွားခဲ့တဲ့ ဓါးပြမှုတွေရဲ့အစကတော့ ဒေသခံတံငါသည်တွေ ကပြည်တွင်းစစ်အတွင်း သူတို့ရဲ့ရေပိုင်နက်နယ်မြေကို စတင်ကာကွယ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားမဝင်လက်နက်ကိုင်ဆောင်တဲ့အခြေအနေတွေကနေ စတင်ပါတယ်။

(၁၉၉၁)ခုနစ်မှာတော့ ဆိုမာလီအစိုးရက အခြားနိုင်ငံတွေနည်းတူ အလွန်အကျွံငါးဖမ်းခြင်း၊သဘာဝနည်းအတိုင်းမဟုတ်တဲ့ငါးဖမ်းခြင်း၊ အဆိပ်အတောက် ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်အတွင်းစွန့်ပစ်ခြင်းမရှိဖို့ စတင်တားမြစ်ပိတ်ပင် လာခဲ့ပါတယ်။ ဒါဟာဒေသခံတံငါသည်တွေကို တရားမဝင်လုပ်ငန်းတွေဘက်ကို ရောက်အောင်တွန်းပို့နေသလို ဖြစ်ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဆိုမာလီအာဏာပိုင်တွေနဲ့ ပင်လယ်ဓါးပြတွေအကြားမှာ အပေးအယူအဆက်အသွယ် တွေရှိနေခဲ့တယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။

အခြားသောအချက်တစ်ခုကလည်း ဆိုမာလီယာဒေသခံတွေဟာ နိုင်ငံခြားသင်္ဘောတွေမှာသာအလုပ်လုပ်ခွင့်ရရင် ငွေကြေး များစွာရရှိနိုင်မယ်လို့ထင်နေတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုမာလီဒေသခံ အချို့ဟာနိုင်ငံခြားသင်္ဘောတွေကိုတွေ့ရင် အလုအယက်အပေါ်ကိုတက်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဆိုမာလီဓါးပြတွေကတော့ သူတို့ကိုယ်သူတို့ Coast Guard (ကမ်းခြေစောင့်) အဖွဲ့တွေလို ထင်ကြပါတယ်။

ပြည်တွင်းစစ်ကြောင့် ဆိုမာလီယာအစိုးရရဲ့အာဏာဟာ နိုင်ငံအနှံ့အပြားမှာသက်ရောက်မှုမရှိတာကလည်း သူတို့ကို ထင်ရာစိုင်း ဖို့အကောင်းဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါအပြင် ဒေါ်လာသိန်း၊သောင်းချီရတဲ့ အလုပ်ဖြစ်နေတာ ကြောင့် ဆိုမာလီဓါးပြအဖွဲ့ဝင်ဦးရေဟာ အစဉ်တိုးများလျက်ရှိနေခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ရေတပ်က လာရောက်ထိန်းသိမ်းရတဲ့ အထိဖြစ်ခဲ့ရပါတယ်။

ဆိုမာလီပင် လယ်ဓါးပြတွေဟာ ကုန်သင်္ဘောတွေကိုအဓိကထားပြီး လှေငယ်တွေ၊မော်တော်ဘုတ် ငယ်တွေကို အသုံးပြုကာ ချောင်းမြောင်း လုယက်တိုက်ခိုက်ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုမာလီဓါးပြတွေရဲ့ အမြင်ကတော့ သူတို့ဟာသူတို့ပိုင်နက်အတွင်းကင်းလှည့်နေတာဖြစ်ပြီး သူတို့ပိုင်နက် လမ်းကြောင်းထဲ ဝင်လာတဲ့ သဘောၤတွေကိုသာလုယက်တိုက်ခိုင်ကြခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်းတွေအရ ဆိုမာလီနိုင်ငံရဲ့အဓိကဝင်ငွေဟာ ဒီပင်လယ်ဓါးပြလုပ်ငန်းကနေ ရရှိနေသလိုဖြစ်နေခဲ့ပြီး ပင်လယ်ဓါးပြတွေဟာ နှစ်စဉ်အမေရိကန်ဒေါ်လာသန်း (၂၀၀) ဖိုးလောက်အထိ လုယက်တိုက်ခိုက်မှုတွေကတစ်ဆင့် ဝင်ငွေရရှိနေပါတယ်။ ဆိုမာလီ ပင်လယ်ဓါးပြအများစုဟာ ငယ်ရွယ်တဲ့ဆယ်ကျော်သက်တွေဖြစ်ကြပြီး အဓိကအားဖြင့် တော့ ပြည်တွင်းစစ်အပြင်းအထန်ဖြစ်ပွားနေတဲ့ နိုင်ငံတောင်ပိုင်းသားတွေများပါတယ်။

ဆိုမာလီယာ ပင်လယ်ဓါးပြတွေကိုတော့ ကိုင်ဆောင်တဲ့လက်နက်၊လက်အောက်ခံ အဖွဲ့ဝင်အရေအတွက်အပေါ်မူတည်ပြီး အတန်းအစား(၃)မျိုးခွဲခြားနိုင်ပါတယ်။ ငါးဖမ်းသမားတွေ ၊ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သတ်သူတွေ နဲ့ အဆင့်မြင့်နည်းပညာသုံးတဲ့ ပင်လယ်ဓားပြတွေဆိုပြီးတော့ပါ။

ဆိုမာလီယာတံငါသည်တွေဟာ သူတို့ရဲ့ပင်လယ်ရေကြောင်းကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီး ပြစ်မှုတွေကိုကျူးလွန်ကြတာ ကြောင့် များစွာသောကုန်တင်သင်္ဘောတွေဟာအလစ်အငိုက်မိ လုယက်ခြင်းကိုခံနေခဲ့ ရတာဖြစ်ပါတယ်။ ဒါအပြင် ပြည်တွင်းစစ်ဖြစ်ပွားခြင်းနေခြင်းကြောင့် ဆိုမာလီယာ ပင်လယ်ဓါးပြတွေအတွက် လိုအပ်တဲ့လက်နက်တွေကို မှောင်ခိုလမ်းကြောင်းကနေ လိုသလောက်ကို ရရှိနေနိုင်ပါတယ်။

နောက်ပိုင်းမှာတော့ ရုရှားနဲ့တရုတ်နိုင်ငံတွေ ဆီကလက်နက်အဟောင်းတွေကိုတောင် လက်နက်မှောင်ခိုတွေကတစ်ဆင့် ဆိုမာလီ ယာဓါးပြတွေလက်ထဲ အလွယ်တကူရောက်ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ ဒါအပြင် GPS နဲ့ အခြားနည်းပညာမြှင့်ပစ္စည်းတွေကိုတောင် ဆိုမာလီယာဓါးပြအဖွဲ့တွေက ကိုင်ဆောင်အသုံးပြုကြပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းလုံးကတော့ ဆိုမာလီယာဓါးပြတွေကို ပင်လယ်ဓါးမြတွေလို့ခေါ်ဆိုကြပေမဲ့ ဓါးပြတွေကတော့ သူတို့ကို ပင်လယ်ရဲ့ကယ်တင်ရှင်လို့ ခေါ်မှသဘောကျနှစ်ခြိုက်ကြတယ်လို့ ဆိုပါတယ်။

ဆိုမာလီယာဓါးပြတွေဟာ သေးငယ်တဲ့ရွက်သင်္ဘောတွေ၊စက်တပ်ယာဉ်ငယ်တွေကို အသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာအတွင်းထိအောင်လိုက်လံပြီး ဓါးပြတိုက်လုယက်မှုတွေကို ကျူးလွန်ကြပါတယ်။ သူတို့ရဲ့ရေယာဉ်အတွင်းမှာတော့ ကုန်သင်္ဘောတွေပေါ်ကိုတပ်ရာ မှာအသုံးပြုဖို့ လှေကားငယ်တွေကို ယူဆောင်လာလေ့ရှိပါတယ်။ ဆိုမာလီယာပင်လယ် ဓါးပြတွေကိုင်ဆောင်တဲ့လက်နက်တွေကတော့ ပုံမှန်အားဖြင့် RPGs နဲ့ လက်နက်ငယ် လေးတွေပဲဖြစ်ပါတယ်။

ဆိုမာလီယာဓါးပြတွေဟာသူတို့ကို ပြန်လည်ခုခံတဲ့သင်္ဘောတွေကိုတော့ လုံးဝပျက်စီးသွားတဲ့အထိပြင်းထန်စွာ တိုက်ခိုက်နှစ်မြုပ်လေ့ရှိပါတယ်။ ကျန်ခဲ့တဲ့ဆယ်စုနှစ်ကာလ အတွင်းမှာ ဆိုမာလီယာတွေကြောင့် အပြစ်မဲ့ရေကြောင်းသွားခရီးသည်တွေ များစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ဒါအပြင် ဆိုမာလီယာဓါးပြတွေဟာ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး သက်ဆိုင်ရာနိုင်ငံနဲ့သင်္ဘောကုမ္ပဏီကို အကျပ်ကိုင်လေ့လည်း ရှိပါတယ်။

ဆိုမာလီယာနိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၄၀၀ ဝန်းကျင်သာရှိကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပေမယ့်  ဓါးပြတိုက်သူတွေရဲ့ ဝင်ငွေကတော့ အင်မတန်ကောင်းတယ်လို့ ဆိုရမှာပါ။
ဆိုမာလီယာဓါးပြတွေရဲ့လက်ဝယ်မှာထားရှိတဲ့ငွေကြေးရဲ့ စီးဆင်းနှုန်းဟာ အလွန်ကျယ် ပြောပြီးရှုပ်ထွေးပါတယ်။

ဆိုမာလီယာပင်လယ်ဓါးပြ လောကမှာ စတော့အိတ်ချိန်း တစ်ခုရှိပြီး ငွေအရင်းအနှီးရှိသူက သတ်မှတ်ထားတဲ့ပေါက်ကြေးနဲ့ နောက်ထပ်တိုက် ခိုက်လို့ရမဲ့ ကုန်သင်္ဘောဒါမှမဟုတ်အခြားသောရေယာဉ်တွေဆီကနေ ရယူနိုင်မဲ့ တန်ဖိုးကို ကြိုတင်ဝယ်ယူနိုင်ပါတယ်။ ဒါအပြင် ပင်လယ်ဓါးပြလုပ်ဖို့ ဆန္ဒရှိပေမဲ့ လူအရေအတွက်သာရှိပြီး လိုအပ်တဲ့လှေ၊လက်နက် မပြည့်စုံပါကလည်း ကြိုတင်ငွေကြေး စိုက်ပြီးရင်းနှီးပေးမဲ့ ငွေရှင်တွေလည်း ဆိုမာလီယာပင်လယ်ဓါးပြ လောကမှာရှိနေပြီး အကျိုးကျေးဇူးရပါက အကူအညီရယူသူတွေက မူလရယူထားတဲ့ တန်ဖိုးထက်နှစ်ဆပမာဏရှိတဲ့ ငွေကိုပြန်လည်ပေးအပ်ရပါတယ်။(အလွယ်ပြောရင် တော့ အတိုးနဲ့ငွေထုတ်ပေးသလို ဖြစ်ပါတယ်။)

အဆိုးထဲကအကောင်းတစ်ခု ကတော့ ပင်လယ်ဓါးပြအဖြစ်လုပ်ကိုင်စားသောက်နေတဲ့ ဆိုမာလီယာနဲ့ကင်ညာငါးဖမ်း သမားတွေရဲ့ နှစ်ပေါင်းများစွာ အလွန်အကျွံငါးဖမ်းခြင်းမျိုးမလုပ်ကြတော့တာကြောင့် ယခုအချိန်မှာတော့ ဆိုမာလီယာပင်လယ်ပြင်ရဲ့ငါးသယံဇာတဟာ မူလနှုန်းထားအတိုင်း ပြန်လည်ရောက်ရှိနေပြီး အစိုးရကခွင့်ပြုပေးထားတဲ့အတွက် အချို့ဆိုငါးဖမ်းလုပ်ငန်း ကိုပြန်လည် လုပ်ကိုင်နေကြပြီလည်းဖြစ်ပါတယ်။

ယနေ့အချိန်ထိဖမ်းဆီးရမိတဲ့ ဆိုမာလီယာပင်လယ်ဓါးပြများစွာကို တရားစွဲဆိုခဲ့ကြပေမဲ့ ယီမင်နိုင်ငံတရားရုံးတစ်ခုတည်းကသာ ဆိုမာလီယာဓါးပြ(၆)ဦးလောက်ကိုပဲ အပြစ်ပေး အရေးယူထားနိုင်ပါသေးတယ်။ အချို့သော ဆိုမာလီယာဓါးပြအဖွဲ့တွေကတော့ အာဖရိ ကကနေ ဥရောပတိုက်ကိုဒုက္ခသည်အမည်ခံပြီး ဝင်ရောက်နိုင်ဖို့ကြိုးစားကြပါတယ်။

ဒါကိုသတိထားမိတဲ့ ဥရောပနိုင်ငံတွေကလည်း ဆိုမာလီယာပင်လယ်ဓါးပြဦးရေ တိုးပွားလာမှာကို မလိုလားပေမဲ့ နှစ်စဉ်တော့ များစွာသော လှေစီးဒုက္ခသည်တွေကို လက်ခံနေရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ ဥရောပဘက်ခြမ်းက ဖမ်းဆီးရမိတဲ့ ဆိုမာလီယာဓါးပြတွေကို ဆိုမာလီယာအစိုးရထံ ပြန်လည်ပေးအပ်ခြင်းမရှိပဲ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအတိုင်းသာ အရေးယူကြပါတယ်။ ပြန်လည်ပေးအပ်ခြင်းမရှိတာကတော့ ဆိုမာလီယာအစိုးရအပေါ်ယုံကြည်မှု အားနည်းတာနဲ့ ဆိုမာလီယာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။

သုတဇုန်

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဇာတ်သဘင်လောကရဲ့ မိခင်ကြီး မြချေကျင်းမငွေမြိုင်

ဇာတ်သဘင်လောကရဲ့ မိခင်ကြီး မြချေကျင်းမငွေမြိုင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!