• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆီးရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 3, 2020
Reading Time: 2min read
0
ဆီးရီးယားနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆီးရီးယားရဲ့တရားဝင်အမည်ကတော့ ဆီးရီးယားအာရပ်သမ္မတနိုင်ငံဖြစ်ပြီး အနောက်ဘက်မှာဆိုရင် လက်ဘနွန်၊မြေထဲပင်လယ်၊မြောက်ဘက်မှာဆိုရင် တူရကီနိုင်ငံ၊အရှေဘက်မှာဆိုရင် အီရတ်နိုင်ငံ၊တောင်ဘက်မှာ ဆိုရင် ဂျော်ဒန် ၊ အနောက်တောင်ဘက်မှာဆိုရင်အစ္စရေးနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ် လျက်တည်ရှိနေပါတယ်။

နိုင်ငံရဲ့ရုံးသုံးဘာသာစကားကတော့ အာရပ်ဘာသာစကား ဖြစ်ပါတယ်။ စုစုပေါင်းဧရိယာအကျယ်အဝန်း (၇၁ ၅၀၀)စတုရန်းမိုင်ကျယ်ဝန်းပြီး (၁.၁.) ရာခိုင်နှုန်းကသာရေထုအဖြစ်တည်ရှိလို့နေတာဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်ကစာရင်းတွေ အရတော့ ဆီးရီးယားရဲ့လူဦးရေဟာ (၁၇ ၀၇၀ ၁၃၅)ရှိပြီး လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၃၀၆.၄)ယောက်နေထိုင်ကြပါတယ်။

ဆီးရီးယားနိုင်ငံရဲ့မြို့တော်ကတော့ Damascus ဖြစ်ပြီးဒေသခံတွေကတော့ ash-Sham လို့ခေါ်ဆိုကြပါတယ်။ Damascus မြို့တော်ဟာ ခရစ်တော်မပေါ်ခင် ထောင်စုနှစ် ၃ခု လောက်ကတည်းကတည်ရှိနေတာဖြစ်တာကြောင့် ကမ္ဘာရှေးအကျဆုံးမြို့ကြီးတစ်မြို့လို့ ဆိုနိုင်ပါတယ်။ သမိုင်းစဉ်တလျှောက် ဒီမြို့အတွင်းဆောက်လုပ်ခဲ့တဲ့ အထိန်းအမှတ်အဆောက်အအုံ (၁၂၅)ခုလောက်တည်ရှိနေတဲ့ Damascus ဟာ(၁၉၇၉)ကာလကတည်းက ယူနက်စကိုရဲ့ ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ ဒမတ်စကတ်မြို့မှာ လူဦးရေ ၁.၇သန်းခန့် နေထိုင်လျှက်ရှိပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့နဲ့ လူဦးရေအများဆုံးမြို့ဖြစ်ခဲ့တဲ့ အလက်ပိုမြို့ကတော့ ပြည်တွင်းစစ်ရဲ့ စစ်တလင်းနယ်မြေဖြစ်ခဲ့တာကြောင့် တချိန်က လူဦးရေ ၅သန်းနီးပါးရှိခဲ့တဲ့ ဒီမြို့ဟာ လက်ရှိအချိန်မှာတော့ လူဦးရေ ၁.၈သန်းခန့်သာ ကျန်ရှိတော့ပါတယ်။ အခြားထင်ရှားတဲ့မြို့ကြီးတွေကတော့ Homs,Latakia,Raqqa,Hama စတဲ့မြို့တွေပဲ ဖြစ်ပါတယ်။


ဆီးရီးယားနိုင်ငံဟာ မြေထဲပင်လယ်ကမ်းခြေများစွာတည်ရှိနေပြီး တောင်ကုန်းနိမ့်များစွာ သွယ်တန်းတည်ရှိနေကြကာ နိုင်ငံအတွင်းပိုင်းမှာတော့ သဲကန္တာရကုန်းပြင်မြင့်များစွာ တည်ရှိနေပါတယ်။ ဆီးရီးယားရဲ့အမြင့်ဆုံးအပိုင်းကတော့ Hermon တောင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၉၂၃၂)ပေလောက်မြင့်မားပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ပင်လယ်ကမ်ရိုးတန်းအရှည်မိုင်ကတော့(၁၂၀)မိုင်လောက်ရှိပါတယ်။

ကမ်းခြေအများစုဟာ လှပတဲ့ သဲသောင်မြင်ရှည်ကြီးတွေကိုသာမက ကျောက်သားကျောက်ငူတွေကိုသာမက အချို့နေရာတွေမှာဆိုရင် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတော့ ဆီးရီးယားဟာ သစ်တော ထိန်းသိမ်းရေးနယ်မြေ (၂၄)ခု ပိုင်ဆိုင်ထားပြီး နိုင်ငံရဲ့အကျယ်အဝန်းနဲ့ဆိုရင်တော့ ဒီနိုင်ငံရဲ့ သစ်တော ထိန်းသိမ်းတဲ့ဧရိယာဟာ (၁.၃)ရာခိုင်နှုန်းလောက်သာရှိပါတယ်။

ကမ္ဘာ့သမိုင်းမှာထင်ရှားတဲ့ Semitic (ဂျူး၊အာရပ်၊ဖီနီရှင်း၊အဆီးရီးယန်းမျိုးနွယ်စုတွေရဲ့) မြို့တော်Palmyra ဟာ ယခုဆီးရီးယားနိုင်ငံ Homs ပြည်နယ်တွင်တည်ရှိနေတာဖြစ်ပါ တယ်။ သမိုင်းသုတေသီတွေကတော့ လွန်ခဲ့တဲ့ ဘီစီ(၂၀၀၀)လောက်ကကျော်ကြားခဲ့တဲ့ Neolithic ခေတ်ကာလကသမိုင်းအထောက်အထားတွေကို ယင်းမြို့မှာတွေ့ရှိခဲ့ရတယ် လို့ဆိုကြပြီးအေဒီ(၁)ရာစုအတွင်းရောမအင်ပါယာဖြစ်လာဖို့ ထင်ရှားတဲ့သမိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာလည်း Palmyra မြို့အတွင်းမှာပဲဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ် ။


ရှေးဟောင်းသမိုင်းဝင် Palmyra မြို့ဟာ (၁၉၈၀)ခုနှစ်လောက်ကတည်းက ယူနက်စကို ရဲ့ကမ္ဘာရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ် ယင်းမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ သချိုင်းဟောင်းကြီးနဲ့အတူ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မြို့တော် Damascus မှာရှိတဲ့ Umayyad ဗလီကြီး ကိုတော့ Great Mosque of Damascus လို့လည်းလူသိများပြီး ယင်းဗလီကြီးဟာ ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးသောဗလီကြီးတွေအနက်က တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ မူဆလင်ဘာသာ ဝင်အချို့ကတော့ Umayyad Mosque ဟာ အစ္စလာမ်ဘာသာမှာတော့(၄)ခုမြောက် အမြင့်မြတ်ဆုံးသောနေရာအဖြစ်သတ်မှတ်ထားကြပါတယ်။

ဆီးရီးယားရဲ့နောက်ထပ် ထင်ရှားတဲ့နေရာကတော့ နာမည်ကျော် ခရူးဆိတ်စစ်ပွဲကာလအတွင်းကတည်ဆောက်ခဲ့တဲ့ Krak des Chevallers ရဲတိုက်ဖြစ်ပြီး အလယ်ခေတ်ကာလက တည်ဆောက်ခဲ့တဲ့နာမည်ကျော်ရဲတိုက်ကြီးတွေအနက်ကတစ်ခုအဖြစ်လည်းပါဝင်လို့ နေပါတယ်။ ယင်းရဲတိုက်ကြီးကိုတော့ ဂျေရုဆလင်ကို (၁၁၄၂)ကနေ (၁၂၇၁)ခုနှစ်ကာ လအတွင်းအုပ်စိုးခဲ့တဲ့ Saint John က ခရူဆိတ်တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သည်တွေ ကုသရန်နေရာအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

(၁၃)ရာစုနောက်ပိုင်းရောက်ချိန် မှာလည်း Mamluks (မူဆလင်မဟုတ်တဲ့ကျွန်စစ်သည်)တွေဟာ ယင်းရဲတိုက်ကိုပြန်လည်မွမ်းမံမှုတွေ၊တည်ဆောက်မှုအသစ်တွေထပ်မံပြုလုပ်ခဲ့ကြပါတယ်။ Krak des Chevallers ဟာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနယ်မြေစာရင်းကိုတော့ (၂၀၀၆)ခုနှစ်ကစတင်ပါဝင်လာပါတယ်။

ဆီးရီးယားနိုင်ငံအနောက်မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ Qal’ at Salah El-Din ခံတပ် ကြီးကိုတော့ Fortress of Saladin လို့လည်းသိကြပါတယ်။ ယခင်ချိန်မှာဆိုရင်တော့ ယင်းခံတပ်ကြီးဟာပျက်စီးနေပြီဆိုပေမဲ့ ရှေးခေတ်ကာလက ခံတပ်တစ်ခုပြင်ဆင်တည် ဆောက်ပုံပညာရပ်နဲ့ ခံစစ်နည်းဗျူဟာတွေကိုလေ့လာမှတ်သားဖို့တော့ အကောင်းဆုံး သမိုင်းဝင်နေရာတစ်ခုအဖြစ်တည်ရှိလို့နေပါတယ်။ (၁၀)ရာစုကာလက အရှေ့ရောမအင်ပါယာ( Byzantine) ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ Fortress of Saladin ဟာ (၁၂) ရာစုနှောင်းပိုင်းကာလကနေ (၁၃)ရာစုရောက်ချိန်အထိ Ayyubid မင်းဆက်တွေအစဉ် အစိုက်အသုံးပြုထိန်းသိမ်းခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။

Citadel of Aleppo ကတော့ ခံတပ်သဏ္ဍာန်ပြင်ဆင်ထားတဲ့ နန်းတော်ကြီးဖြစ်ပြီး အလယ်ခေတ်ကာလ (၁အဒီ ၁၁၀၀ ကနေ ၁၄၀၀)အကြားကတည်ဆောက်ခဲ့ပြီး ဆီးရီးယားနိုင်ငံမြောက်ဘက်ပိုင်းက သမိုင်းဝင်မြို့တော်ဟောင်းဖြစ်တဲ့ Aleppo မြို့မှာတည်ရှိလို့နေပါတယ်။ Citadel of Aleppo ဟာ ကမ္ဘာသက်တမ်းအရင့်ဆုံးနဲ့အကြီးဆုံးသောရဲတိုက်ကြီး တစ်ခုအနေနဲ့လည်းတည်ရှိနေပြီး များစွာသောအင်ပါယာမျိုးနွယ်စုတွေရဲ့ခံတပ်မြို့အဖြစ် လည်းရှိနေခဲ့ပါတယ်။

ဂရိ၊အရှေ့ရောမအင်ပါယာ၊Ayyubids နဲ့ Mamluks စတဲ့စစ်တပ် တွေအခြေချခံစစ်ထိုင်ခဲ့တဲ့နေရာဖြစ်ပြီး Ayyubids မျိုးနွယ်စုတွေလက်ထက်ရောက်ချိန် မှာတော့ Citadel of Aleppo ကိုအကြီးစားပြင်ဆင်တည်ဆောက်မှုတွေပြုလုပ်ခဲ့ကြပါ တယ်။ Citadel of Aleppo မြို့တည်ရှိရာ Aleppo ကတော့ ယူနက်စကိုရဲ့ ကမ္ဘာ အမွေအနှစ်ထိန်းသိမ်းရေးနယ်မြေစာရင်းထဲကို (၁၉၈၆)ခုနှစ်ကစတင်ပါဝင်လာခဲ့ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၂သိန်း နဲ့ ၄သိန်းအကြား ဒီကမ္ဘာပေါ်မှာရှင်သန်နေထိုင်ခဲ့ကြတဲ့ ရှေးဦးလူသားမျိုးနွယ်တစ်ခုဖြစ်တဲ့ Neanderthal တွေရဲ့ ရုပ်ကြွင်းတွေကို လက်ရှိ ဆီးရီးယားနိုင်ငံရှိရာနေရာထဲမှာ တွေ့ရှိခဲ့ကြပါတယ်။ လက်ရှိဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရဲ့ အနောက်တောင်ဘက် ၃၄မိုင်အကွာခန့်မှာ ဘီစီ ၃ထောင်ခန့်က Ebla မြို့ပြနိုင်ငံရှိခဲ့ပါတယ်။ Ebla ဟာ ဆူးမား ၊ အာကတ်ဒ် ၊ အဆီးရီးယားစတဲ့ လူမျိုးစုတွေနဲ့ ကုန်သွယ်ခဲ့ကြပါတယ်။

Elba ဟာ ဘီစီ ၂၃၃၀ခန့်မှာ Akkadian အင်ပါယာရဲ့လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ လက်ရှိဆီးရီးယားရဲ့ နယ်မြေတွေဟာ ဘီစီ ၂၂ရာစုကနေ ၁၈ရာစုအကြားမှာ နီရိုဆူမားရီးယန်း ၊ ရှေးအဆီးရီးယန်း ၊ ဘေဘီလုံ စတဲ့အင်ပါယာတွေရဲ့ လက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဘီစီ ၁၅ ရာစုမှာ အီဂျစ်တို့ရဲ့နယ်မြေဖြစ်ခဲ့သလို ဘီစီ ၁၀ရာစုနဲ့ ၆ရာစုကြားမှာ နီရိုအဆီးရီးယန်းတို့ရဲ့နယ်မြေ ဘီစီ၁ရာစုမှာ ရောမတို့ရဲ့ နယ်မြေ အသီးသီးဖြစ်ခဲ့ပြန်ပါတယ်။

ထို့နောက်မှာတော့ ပါရှန်းလူမျိုးတို့က ဆီးရီးယားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အေဒီ ၆၃၅မှာတော့ အာရပ်လူမျိုးတို့က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြန်ပါတယ်။ ဆီးရီးယားနိုင်ငံဟာ ရာစုနှစ်(၄)စုလောက် အော်တိုမန်အင်ပါယာနယ်မြေအတွင်းကျ ရောက်နေခဲ့ပြီး (၁၉၂၀)ရောက်ချိန်မှာတော့ အာရပ်ဆီးရီးယားဘုရင့်နိုင်ငံကို ထူထောင်ခဲ့ပေမယ့် အဲဒီနှစ်မှာပဲ ပြင်သစ်တွေရဲ့ကိုလိုနီနိုင်ငံတစ်ခုဖြစ်လာခဲ့ရပြန်ပါတယ်။

ပြင်သစ်တွေဆီကပဲ (၁၉၄၆)ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ ဆီးရီးယားဟာ အတော်ကိုရှုပ်ထွေးတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ၊ငြိမ်းချမ်းရေးကင်းမဲ့မှုတွေနဲ့ အကြမ်းဖက်အဖွဲ့တော်တော်များ များရဲ့ အခြေချနေထိုင်ရာစစ်တလင်းဖြစ်ခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်ကနေ (၂၀၁၁)ခုနှစ်ကာလအတွင်း ဆီးရီးယားဟာ အရေးပေါ်အခြေ အနေ အရထုတ်ပြန်တဲ့ ဥပဒေတွေနဲ့သာ (၄၈)နှစ်လောက်အုပ်ချုပ်ခဲ့ရပြီး (၂၀၁၁)မှာတော့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ ဆီးရီးယားအရေးကြောင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကာ လကတည်းကဖြစ်ခဲ့တဲ့ ဥရောပရွေ့ပြောင်းဒုက္ခသည်အရေးလို ကိစ္စရပ်တွေဟာ ပေါ်ပေါက်လာခဲ့တာဆိုရင်မမှားပါဘူး။

ပြည်တွင်းစစ်မဖြစ်ပွားမီ(၂၀၁၁)ခုနှစ် နှစ်ဦးကာလတွေကဆိုရင် ဆီးရီးယားအစိုးရဟာ နိုင်ငံရဲ့ခရီးသွားလုပ်ငန်း ၊သဘာဝဓာတ်ငွေ့နဲ့စီးပွားရေး ကဏ္ဍအသီးသီးအတွက် ရင်းနှီး မြုပ်နှံမှုအသစ်သစ် တွေပြုလုပ်ပြီး ရေနံနဲ့စိုက်ပျိုးရေးလုပ်ငန်းကိုမှီခိုနေရတဲ့ နိုင်ငံရဲ့ အနေအထားကို ပြောင်းလဲဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားနိုင်ငံဟာ လက်ရှိအချိန်အထိ မငြိမ်မသက်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းမှာတော့ အောက်ဆုံးနေရာကို ရောက်ရှိလျှက်ရှိပါတယ်။ ဒီပြည်တွင်းစစ်ကြောင့် လူပေါင်း ၅သိန်းကျော် သေဆုံးခဲ့ရသလို လူပေါင်း ၁၀သန်းကျော်ဟာ စစ်ပြေးဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သမ္မတတွင် တစ်စိတ် တစ်ပိုင်း အာဏာရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ပြည်ထောင် သမ္မတစနစ်နဲ့ အုပ်ချုပ်လျှက်ရှိပါတယ်။

ဆီးရီးယားရဲ့အဓိကရိုးရာအစားအစာကတော့ kibbeh ဟင်းလျာဖြစ်ပြီး သိုးငယ်(သို့) အမဲသားကိုအဓိကထားချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဆီရီးယားနိုင်ငံတော်အလံပေါ် မှာရှိတဲ့ကြယ်(၂)ပွင့်ဟာ လွန်ခဲ့တဲ့ကာလတွေဆီကပြည်ထောင်စုတစ်ခုတည်းဖြစ်ခဲ့တဲ့ အီဂျစ်နဲ့ ဆီးရီးယားနိုင်ငံတို့ကိုကိုယ်စားပြုပါတယ်။

ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ Shouting Valley (တောင်ကြား)နေရာဟာဆိုရင် ဘက်ဘနွန်၊ဂျော်ဒန်နဲ့အစ္စရေးနိုင်ငံတွေရဲ့နယ်နိမိတ်တွေနဲ့ ဆုံချက်နေရာဖြစ်ပြီး ယင်းမှာနေထိုင် သူတစ်ယောက်နဲ့တစ်ယောက်အော်လန်တွေကိုအသုံးပြုပြီး အော်ဟစ်ပြောဆို မှုပြုလု ပ်ခဲ့ရာ တာကို အစွဲပြုပြီး Shouting Valley ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်။ ယနေ့ချိန် မှာဆိုရင်တော့ မိုဘိုင်းဖုန်းတွေကျေးဇူးနဲ့ ယင်းတောင်ကြားဒေသနေထိုင်သူတွေအနေနဲ့ အော်ဟစ်ပြောဆိုဖို့မလိုတော့ဘူးဆိုပေမယ့် သာရေး၊နာရေးကိစ္စတွေမှာဆိုရင်တော့ လော်စပီကာတွေ၊ အောလန်တွေ အသုံးပြုဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမြို့တော် Damascus ကိုအစွဲပြုခေါ်ဝေါ်ထားတဲ့ Damascus Steel ဟာ လွန်ခဲ့တဲ့နှစ်များစွာကာလအချိန်ကတည်းက ယနေ့အချိန်ထိ ထိပ်တန်းအရည်အသွေးမြင့်သံမဏိစာရင်းအတွင်း ပါဝင်နေခဲ့ပါတယ်။ အထပ်ထပ်ဖြစ်အောင်ခေါက်ယူထားတဲ့ဒီသတ္တုအမျိုးအစားကိုတော့ ဓါးရှည်တွေအပြင်ဓါးအမျိုးမျိုးပြုလုပ် ရာမှာအသုံးပြုပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ကျော်ကြားတဲ့ဓါးလက်နက်များစွာဟာ ယင်း ဒေသက သံမဏိကိုအသုံးပြုတည်ဆောက်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ လည်းကျန်ရှိနေတာကိုတွေ့ရပါတယ်။

အလယ်ခေတ်ကာလမှာတော့ ဆီးရီးယားနိုင်ငံ၊ Damascus မြို့တော်ဟာ ပိုးလမ်းမကြီး ပေါ်မှာကုန်သွယ်ရေးလုပ်ငန်းအရအရေးပါတဲ့နေရာမှာတည်ရှိပြီး ချည်ထည်ရက်လုပ်တဲ့ လုပ်ငန်းနဲ့နာမည်ကျော်ပါတယ်။ ခရစ်ယာန်ကျမ်းစာအရတော့ St Paul ဟာ ဂျေရုဆလင်ကနေ Damascus ကိုသွားတဲ့ လမ်းမထက်မှာပဲ ကောင်းကင်တမာန်ရဲ့အလင်းတန်းတွေကို မြင်တွေ့ပြီးနောက် ခရစ်ယာန်ဘာသာကို သက်ဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

(၂၀၀၁)ခုနှစ်မေလအတွင်းကတော့ ပုပ်ရဟန်းမင်းကြီး John Paul (2) ဟာဆီးရီးယား နိုင်ငံ Damascus မြို့က Umayyad ဗလီအတွင်းကိုကြွရောက်လာဖူးပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါဟာ Umayyad ဗလီအတွင်းပထမဆုံးကြွရောက်လာတဲ့ခရစ် ယာန်ဘာသာရေးခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Ebla tablets လို့သိကြတဲ့ ရွံဆေးပြားနဲ့ပြုလုပ်ထားတဲ့ ရှေးခေတ် မှတ်တမ်း၊ မှတ်ရာ နဲ့ ဘီယာချက်နည်းတွေကို (၁၉၇၄)ခုနှစ်က ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ Ebla မှာ တွေ့ရှိခဲ့ပါတယ်။ ယင်းမှတ်တမ်းတွေအရ ဆီးရီးယားမှာ ဘီယာကို (၂၅၀၀)ဘီစီလောက် ကတည်းကထုတ်လုပ်နေခဲ့ကြပြီလို့ ပညာရှင်တွေကယူဆထားကြပါတယ်။

(၂၀၁၅)ခုနှစ်က တွက်ချက်မှုတွေအရ ဆီးရီးယားနိုင်ငံရဲ့ GDP (ခန့်မှန်း)တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၅၀.၂၈)ဘီလီလျံရှိပြီး တစ်ဦးချင်းဝင်ငွေကတော့ တစ်နှစ်ကိုအမေရိကန် ဒေါ်လာ (၂၉၀၀)ဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံရဲ့တရားဝင်သုံးငွေကြေးကတော့ ဆီးရီးယားပေါင်ဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာဟာ ဆီးရီးယားပေါင် ၅၁၄ (SYP)နဲ့ညီ မျှ ပါတယ်။ ဆီးရီးယားလူဦးရေရဲ့ (၈၇)ရာခိုင်နှုန်းကတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန် (၁၀)ရာခိုင်နှုန်း၊ Druzism (၃)ရာခိုင်နှုန်းဖြစ်ကြပါတယ်။

Tags: countries
Next Post
အမေရိကန်ရဲ့အခက်ခဲဆုံးကာလ (သို့) ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး

အမေရိကန်ရဲ့အခက်ခဲဆုံးကာလ (သို့) ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!