Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆိုမာလီယာ နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
April 22, 2020
Reading Time: 1min read
0
ဆိုမာလီယာ နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဆိုမာလီယာနိုင်ငံကို တရားဝင်အခေါ်အားဖြင့် ဆိုမာလီယာသမ္မတနိုင်ငံဟု ခေါ်ဆိုပြီး ယခင် ကွန်မြူနစ်များအုပ်ချုပ်စဉ်က ဆိုမာလီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ အာဖရိကဦးချိုတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ် စတင် ဖြစ်ပွားကတည်းက နိုင်ငံ၏ နေရာ အတော်များများတွင် ဗဟိုအစိုးရ၏ ထိန်းချုပ်မှု မရှိပေ။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ကြားဖြတ် ဖက်ဒရယ်အစိုးရမှ နိုင်ငံ၏ အစိတ်အပိုင်း သေးသေးကလေးကိုသာ အုပ်ချုပ်နိုင်သည်။ ဆိုမာလီယာနိုင်ငံအား မဖြစ်မြောက်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ကြပြီး ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် အကြမ်းတမ်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဆိုမာလီယာနိုင်ငံသည် အာဖရိက၏ အရှေ့ဘက်ဆုံး အပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ဂျီဘူတီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ မြောက်ဘက်တွင် ယီမင်နိုင်ငံ နှင့် အေဒင်ပင်လယ်ကွေ့ ၊ အရှေ့ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ တို့ ရှိကြသည်။ ဆိုမာလီယာနိုင်ငံသည် အာဖရိကတိုက်တွင် ကမ်းရိုးတန်း အရှည်လျားဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၂၄၆၂၀၁ ဖြစ်သည်။ နိုင်ငံ၏ မြေပြင်အနေအထားမှာ ကုန်းမြေမြင့်များ၊ လွင်ပြင်များနှင့် ကုန်းမြင့်များ ပါဝင်သည်။ တစ်နှစ်ပတ်လုံး ပူပြင်းပြီး အချိန်မှန်တိုက်ခိုက်သော မုတ်သုံလေနှင့် ပုံမှန်မရှိသော မိုးရွာသွန်းမှုတို့ ရှိသည်။

ရုံးသုံးဘာသာစကားအဖြစ် ဆိုမာလီဘာသာစကား နှင့် အာရေးဘစ်ဘာသာစကားများကို သုံးသည်။ ၂၀၁၇ခုနှစ်စာရင်းအရ ဆိုမာလီနိုင်ငံ၏ လူဦးရေမှာ ၁၁.၂သန်း ဖြစ်သည်။ မြို့တော်မှာ Mogadishu ဖြစ်ပြီး လူဦးရေ ၂.၆ သန်းခန့်နေထိုင်သည်။ မြို့တော်ကို ဒေသခံများက Xamar ဟုခေါ်ပြီး  အေဒီ ၉ရာစု ဝန်းကျင်ကတည်းက စတင်တည်ထောင်ခဲ့သော ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။ လွန်ခဲ့သော နှစ် ၁ထောင်ကျော်ကတည်းက အရေးပါသည့် ဆိပ်ကမ်းမြို့တော်ဖြစ်ခဲ့သည်။ ထူးထူးခြားခြား တရုတ်ဗိသုကာလက်ရာများကို မြင်တွေ့နိုင်သည့် ရှန်ဟိုင်းမြို့ဟောင်း(Shanghai Old City) ဟုခေါ်သည့် နေရာသည် ဆိုမာလီယာအလယ်ပိုင်းတွင် ရှိနေသေးသည်။

ဆိုမာလီယာနိုင်ငံ၏ အမြင့်ဆုံးနေရာမှာ အရှေ့မြောက်ပိုင်းရှိ Cal Madow တောင်ဖြစ်ပြီး အမြင့်ပေ ၈၀၇၁ပေ မြင့်သည်။ အာဖရိက၏ အရှည်ဆုံးကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းအရှည်မှာ ၁၈၇၉ မိုင်ရှိသည်။ အလွန်လှပသော ကမ်းခြေများရှိသော်လည်း ၁၉၉၁ခုနှစ် ပြည်တွင်းစစ်ပွဲများစတင်သည့် အချိန်မှစ၍ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု နည်းပါးသွားသည်။ အမျိုးသားဥယျာဉ် ၆ခုရှိပြီး အထင်ရှားဆုံးမှာ မိုင် ၆၀ခန့်ရှည်လျားသည့် သစ်တောရှိကာ အပင်မျိုးစိတ်ပေါင်း ၃ထောင်ရှိသည့် Daallo Mountain အမျိုးသားဥယျာဉ် ဖြစ်သည်။

ယခုဆိုမာလီယာနိုင်ငံနေရာတွင် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက လူသားများနေထိုင်ခဲ့ကြသည်။ ရှာဖွေတွေ့ရှိရသော ရုပ်ကြွင်းများ၏ သက်တမ်းများမှာ အနည်းဆုံး နှစ်ပေါင်း ၆ထောင်ခန့်ရှိနေသည်ကို တွေ့ရသည်။ ဘီစီ ၂၅၀၀ ခန့်က ရှေးဟောင်းအီဂျစ်တို့နှင့် ခေတ်ပြိုင် Land of Punt ဘုရင့်နိုင်ငံတည်ရှိခဲ့သည်။ ပွန့်လူမျိုးများ(Puntites) သည် သစ်စေး ၊ သစ်နက်ပင် ၊ ရွှေ ၊ ဆင်စွယ် ၊ ဆေးဝါးပင်များ နှင့် တိရစ္ဆာန်များကို အီဂျစ်သို့တင်ပို့ခဲ့သည်။

ဘီစီ ၅ရာစုခန့်တွင်မူ Macrobia လူမျိုးများနေထိုင်ရာ Macrobia ဘုရင့်နိုင်ငံရှိခဲ့သည်။ ထိုအချိန် နှင့် အေဒီ ၅ရာစုကြားတွင်မူ Mosylon, Opone, Malao, Sarapion, Mundus စသည့်မြို့ပြနိုင်ငံများ တည်ရှိလာခဲ့သည်။ အလယ်ခေတ်အစတွင် အစ္စလာမ်ဘာသာသည် ဆိုမာလီနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး အေဒီ ၉ရာစု နှင့် ၁၀ရာစုတွင် တစ်နိုင်ငံလုံးနီးပါး ကိုးကွယ်ခဲ့ကြသည်။ လက်ရှိတွင်လည်း အစ္စလာမ်ဘာသာကိုးကွယ်သူပေါင်း မှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၉၉.၈% ဖြစ်သည်။

အေဒီ ၁၃ရာစုမှ ၁၇ ရာစုအတွင်း ဆိုမာလီယာနိုင်ငံတည်ရှိရာ အာဖရိကဦးချိုဒေသတွင် Ajuran Sultanate ဟုခေါ်သည့် ဆိုမာလီယာအင်ပါယာကို ထူထောင်ခဲ့ကြသည်။ ၁၈ရာစုတွင် Majeerteen ဘုရင့်နိုင်ငံ ၊ ၁၉ရာစုတွင် Sultanate of Hobyo ဘုရင့်နိုင်ငံ ဟူ၍ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉ရာစုနှောင်းပိုင်းမှ စ၍ ပြင်သစ် ၊ ဗြိတိန် နှင့် အီတလီတို့၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ၁၉၆၀တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၆၉မှ ၁၉၉၁ခုနှစ်အထိ ကွန်မြူနစ်များအုပ်ချုပ်ပြီး ဆိုမာလီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။

ဆိုမာလီယာနိုင်ငံ၏ အဓိကစီးပွားရေးမှာ သကြား ၊ ချည်မျှင် နှင့် အထည် ၊ တိရစ္ဆာန်မွေးမြူရေး ၊ ဆက်သွယ်ရေးလုပ်ငန်း ၊ မီးသွေး ၊ သားရေလုပ်ငန်း နှင့် ငါးဖမ်းခြင်း တို့ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲတွင် ပါဝင်ပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၀၀ကျော်သာ ရှိသည်။ တက္ကသိုလ်များစွာ ဖွင့်လှစ်ထားသော်လည်း ပညာရေးစနစ် နိမ့်ကျပြီး အရွယ်ရောက်ပြီး စာတတ်မြောက်မှုနှုန်းမှာ ၃၇.၈% သာရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးပြီး ၂၀၁၆ခုနှစ် စာရင်းအရ ဆိုမာလီယာနိုင်ငံသား တစ်ဦးချင်း၏ ပျမ်းမျှသက်တမ်းမှာ ၅၆.၂၉ နှစ် သာရှိသည်။

ဆိုမာလီယာ နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အချက်များ

၁။ ဆိုမာလီယာဟာ ဗြိတိန်စစ်လေယာဉ်တွေ ပထမဆုံးပျံသန်းတဲ့ အာဖရိက နိုင်ငံဖြစ်သည်။

၂။ Jubba-Shebelle မြစ်သည် ဆိုမာလီယာနိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်ပြီး ၇၀၂မိုင် ရှည်လျားသည်။

၃။ ဆိုမာလီယာ စုစုပေါင်းကုန်းမြေ၏ ၂% ခန့်သာ စိုက်ပျိုးနိုင်သည့် မြေဖြစ်သည်။

၄။ အပူချိန်သည် ၂၀ ဒီဂရီမှ ၄၀ ဒီဂရီ ဆဲစီးယပ် အတွင်းရှိတတ်ပြီး အချို့နေရာများတွင်မူ အလွန်ပူပြင်းပြီး ၄၅ဒီဂရီ ဆဲစီးယပ်စ် အထိ ရှိတတ်သည်။

၅။ ဆိုမာလီယာ ဟု ဆိုလိုက်လျှင် လူအများစုသိကြ သည်မှာ ပင်လယ်ဓားပြနိုင်ငံဟူ၍ပင် ။ မပြီးသေးသည့်ပြည်တွင်းစစ်နှင့်အတူ ဗုံးပေါက်ကွဲမှုများ ၊ အကြမ်းဖက်သတ်ဖြတ်မှုများ မကြာခဏဖြစ်လေ့ရှိသည်။ အစိုးရနှင့် လက်ရှိတိုက်ခိုက်နေသည့် အဖွဲ့ ၂ဖွဲ့မှာ အဲကိုင်ဒါအဖွဲ့နှင့် ISIL( Islamic State in Somalia) အဖွဲ့များဖြစ်သည်။

၆။ ယူရေနီယံ ၊ သံရိုင်း ၊ ကြေးနီ ၊ သဘာဝဓာတ်ငွေ့ စသည့် သဘာဝအရင်းအမြစ်များရှိရာနေရာဖြစ်သော်လည်း ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိသေးပဲ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရပ်တည်နေရသည်။

၇။ ဆိုမာလီယာ သို့ ပထမဆုံးရောက်ရှိလာကြသည့် ဥရောပတိုက်သားများမှာ ပေါ်တူဂီလူမျိုးများဖြစ်သည်။

၈။ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း အာဖရိက၏ နည်းပညာမြင့်ဆက်သွယ်ရေးကို ပိုင်ဆိုင်ထားသည်။

၉။ လွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက စားသောက်ဆိုင်ယဉ်ကျေးမှု ထွန်းကားရာနိုင်ငံဖြစ်သော်လည်း ၁၉၉၀ခုနှစ် မတိုင်မီအထိ အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ စားသောက်ခွင့်မရှိပေ။ အိမ်တွင်စားလျှင်ပင် အရင်ဆုံး အမျိုးသားစားပြီးသည့်နောက်မှ အမျိုးသမီးများနှင့် ကလေးများက စားကြရသည်။

၁၀။ ဆိုမာလီယာနိုင်ငံ၏ ထင်ရှားသည့်နေရာများမှာ Mogadishu ဘုရားကျောင်း ၊ Union mosque ၊  Hargeisa စစ်ပွဲအထိမ်းအမှတ်နေရာ ၊ နှစ်ပေါင်း ၅ထောင်ကျော်သက်တမ်းရှိ Laas Geel လိုဏ်ဂူ ၊ လီဒိုကမ်းခြေ ၊ Baathela ကမ်းခြေ ၊အမည်မသိစစ်သားအထိမ်းအမှတ်အုတ်ဂူ ၊ ရှန်ဟိုင်းမြို့ဟောင်း ၊Lag Badana အမျိုးသားဥယျာဉ် ၊ Sa’ad ad-Din ကျွန်းများ တို့ဖြစ်ကြသည်။

ကိုရိုနာဗိုင်းရပ်စ် နဲ့ ဆိုမာလီယာ

လက်ရှိ ကမ္ဘာတဝန်းလုံး၌ ဖြစ်ပွားလျှက်ရှိသော ကိုဗစ်နိုင်တင်းကူးစက်ရောဂါဟာ ဆိုမာလီယာနိုင်ငံကို မတ်လ ၁၆ ရက်နေ့မှာ စတင်ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ပြန်လာသော ဆိုမာလီလူမျိုးတယောက်ထံကနေ ဗိုင်းရပ်စ်ပိုးကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး မြို့တော်မာဂါဒစ်ရှုမြို့မှာ ဖြစ်ပါတယ်။ ဧပြီလ ၈ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေထဲမှာ ပထမဆုံး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆိုမာလီယာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၈၆ ဦးရှိသွားပြီဖြစ်ပြီး ကူးစက်ခံရသူတွေထဲက ၈ဦး သေဆုံးခဲ့ကာ ၄ ဦးကတော့ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူတွေထဲမှာ ဆိုမာလီယာပြည်နယ်ဝန်ကြီး တဦးလည်းပါပါတယ်။ ဆိုမာလီယာမှာ လေကြောင်းလိုင်းတွေ ၊ စီးပွားရေးလုပ်ငန်းတွေ ၊ တက္ကသိုလ် ကျောင်းတွေကို ပိတ်ခဲ့ပြီးဖြစ်ပြီး စည်းကမ်းမလိုက်နာပါက လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ဆိုမာလီယာကျန်းမာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌ Mohamed Mohamud Ali က သတိပေးထားပါတယ်။

လက်ရှိအချိန်ထိတော့ ဆိုမာလီယာဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လျင် ကူးစက်မှုအတော်အတန်လျော့နည်းနေတုန်းလို့ ဆိုရမှာဖြစ်ပေမယ့် ကူးစက်ရောဂါပျံ့နှံ့သွားလျင်တော့ ဆိုးရွားစွာခံရမှာဖြစ်ပါတယ်။ အဓိက အကြောင်းကတော့ ဥပဒေစိုးမိုးမှုမရှိခြင်း ၊ နယ်မြေတချို့သည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိပဲ လက်နက်ကိုင်အဖွဲ့၏ လက်အောက်တွင်ရှိနေခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှု အလွန် အားနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိမရှိကို နိုင်ငံအတွင်း၌ မစစ်နိုင်ပဲ တောင်အာဖရိကသို့ ပေးပို့စစ်ဆေးရသဖြင့် အဖြေသိရန်ပင် ၃ ရက်စောင့်ရတယ် လို့ သိရပါတယ်။

 

Tags: countries
Next Post
ကမ္ဘာတလွှားက ထူးခြားဆန်းပြား လူလုပ်ကျွန်းတုများ

ကမ္ဘာတလွှားက ထူးခြားဆန်းပြား လူလုပ်ကျွန်းတုများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!