ဆိုက်ပရပ်နိုင်ငံဟာ မြေထဲပင်လယ်အရှေ့ပိုင်းက ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ရှေးအရင်ကတည်းကကျော်ကြားလှတဲ့ သမိုင်းကြောင်းများရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့တရားဝင်နာမည်ကတော့ ဆိုက်ပရပ်သမ္မတနိုင်ငံဖြစ်ပါတယ်။ ဆိုက်ပရပ်နိုင်ငံဟာဂရိနိုင်ငံရဲ့အရှေ့ဘက် ၊ ဆီးရီးယားနိုင်ငံ နှင့် လက်ဘနွန်နိုင်ငံ ရဲ့အနောက်ဘက် ၊ တူရကီနိုင်ငံရဲ့ တောင်ဘက် ၊ အီဂျစ်နိုင်ငံ ရဲ့ မြောက်ဘက် နှင့် အစ္စရေးနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၃၇၅၂ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာတော့ ၁၆၂ခုမြောက် အကြီးဆုံး နိုင်ငံဖြစ်ပါတယ်။
ရုံးသုံးဘာသာစကားအဖြစ် ဂရိနှင့် တူရကီ ဘာသာစကားတို့ကိုထားရှိပြီး အာမေးနီးယန်း ၊ ဆစ်ပရစ်အာရေဗျ ၊ ရုရှား စတဲ့ ဘာသာစကားတွေကိုလည်း ပြောဆိုသုံးစွဲကြပါတယ်။ ကျွန်းဆွယ်ကိုနှစ်ပိုင်းခွဲထားပြီး မြောက်ပိုင်းကို ဆိုက်ပရပ်တာ့ခ် ဟုခေါ်ပြီး တောင်ပိုင်းကို ဂရိဆိုက်ပရပ်ဟုခေါ်ကြပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းအရ ဆိုက်ပရပ်စ် နိုင်ငံရဲ့ လူဦးရေက ၁,၁၈၉,၂၆၅ ဖြစ်ပြီး ၁၅၈ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ လူဦးရေ သိပ်သည်းဆ အနေနဲ့ ၁မိုင်ပတ်လည်မှာ ၃၂၀ ဦးခန့် နေထိုင်ကြပါတယ်။ ဆိုက်ပရပ်နိုင်ငံမှာ အဓိကနေထိုင်တဲ့ လူမျိုးစုကြီး ၄စုကတော့ ဂရိဆိုက်ပရပ် ၊ တူရကီဆိုက်ပရပ် ၊ အာမေးနီးယန်း နဲ့ မာရွန်နိုက် လူမျိုးတွေဖြစ်ပါတယ်။ ကိုးကွယ်မှုအနေနဲ့ကတော့ အရှေ့တိုင်းခရစ်ယာန်(Eastern Orthodox )ဘာသာကို ၇၈% ၊ အစ္စလမ်ဘာသာကို ၂၀% ၊ ဂျူးဘာသာ နဲ့ အခြားဘာသာတွေကို ၂% ခန့်ကိုးကွယ်ကြပါတယ်။
အုပ်ချုပ်ရေးအနေနဲ့ နီကိုရှား ၊ ဖာမာဂတ်စတာ ၊ ကီရယ်ညာ ၊ လာနာကာ ၊ လီမာဆော နဲ့ ပီးဖော့စ် ဆိုပြီး နယ်မြေ ၆ ခု ခွဲခြားထားပါတယ်။ နီကိုရှား မြို့ဟာ ဆိုက်ပရပ် နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ လူဦးရေ ၂သိန်းကျော် နေထိုင်တဲ့ဒီမြို့ဟာ မြောက်ပိုင်းနဲ့တောင်ပိုင်းခွဲထားတဲ့ ကမ္ဘာပေါ်က တခုတည်းသောမြို့တော်ဖြစ်ပါတယ်။ ပီးဖော့စ်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ကျေက်ခေတ်နှောင်းပိုင်းတည်းက နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမြို့ကတော့ အဖရိုဒိုက်နှင့် ဟယ်လင်နစ်ခေတ်နတ်ဘုရားတို့အား ကိုးကွယ်ခဲ့ရာ အချက်အချာနေရာဖြစ်ခဲ့ပါတယ်။ ဂရိဒဏ္ဍာရီလာ အချစ်နတ်သမီးခေါ် အဖရိုဒိုက်ကို ဆိုက်ပရပ်မှာမွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။
သမိုင်းကြောင်း
ဆိုက်ပရပ်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းခန့်ကတည်းက လူတွေနေထိုင်ခဲ့တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရပါတယ်။ ဆိုက်ပရပ်က Neolithic ဒေသမှာတွေ့ရတဲ့ ဂူတစ်ဂူရဲ့ သက်တမ်းကို တွက်ချက်ရာမှာ နှစ်ပေါင်း ၉၅၀၀ခန့် ရှိနေပြီလို့ သိရပါတယ်။ ဘီစီ ၁၄၀၀ခန့်မှာတော့ ရှေးဂရိတွေဟာ ဒီဒေသကို ခြေချလာခဲ့ကြပါတယ်။ ဘီစီ ၇၀၀ ခန့်မှာတော့ ဒီဒေသကို အဆီးရီးယန်းတွေက အုပ်ချုပ်ခဲ့ကြပါတယ်။ ဘီစီ ၃၃၀ ဝန်းကျင်မှာတော့ စစ်ဘုရင် အလက်ဇန္ဒားရဲ့လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။
ဘီစီ ၅၀ခန့်မှာတော့ ရောမအင်ပါယာအောက်ကို ရောက်ခဲ့ပြီး ရောမအင်ပါယာ နှစ်ခြမ်းကွဲသွားပြီးတဲ့နောက်မှာတော့ အရှေ့ရောမအင်ပါယာလို့ခေါ်တဲ့ ဘိုင်ဇန်တိုင်းအင်ပါယာအောက်ကို ရောက်ရှိခဲ့ပါတယ်။ အေဒီ ၁၁၉၁ တတိယခရူးဆိတ်စစ်ပွဲအပြီးမှာတော့ အင်္ဂလန်ဘုရင် ရစ်ချက်ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ လူမျိုးစုခေါင်းဆောင် အီမရီ က ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဆိုက်ပရပ်ဘုရင့်နိုင်ငံကိုတည်ထောင်အုပ်ချုပ်တဲ့ ပထမဆုံးဘုရင်ဖြစ်လာခဲ့ပါတယ်။ ဆိုက်ပရပ် ဘုရင့်နိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သူကတော့ ဘုရင်မ ကက်သရင်း ကော်နာရို ဖြစ်ပြီး ၁၄၈၉ ခုနှစ်တိုင် အုပ်ချုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆိုက်ပရပ်ဟာ ဗင်းနစ် ၊ အော်တိုမန်အင်ပါယာ နဲ့ ဗြိတိသျှအင်ပါယာတို့ရဲ့ လက်အောက်ကိုရောက်ခဲ့ပြီး ၁၉၆၀ခုနှစ်မှ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ တူရကီဟာ ဆိုက်ပရပ်စ်မြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁သောင်းနီးပါး သေကြေခဲ့ရပါသေးတယ်။ လက်ရှိအုပ်ချုပ်ရေးအနေဖြင့် ဗဟိုအစိုးရ သမ္မတစနစ်ကိုကျင့်သုံးပြီး လက်ရှိသမ္မတမှာ ၂၀၁၃ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ပြီး ဒုတိယအကြိမ်ထပ်မံရွေးကောက်ခံထားရသူ နီကိုစ် အန်နာစတာဆီယာဒေစ့် ဖြစ်ပါတယ်။
ပထဝီဝင်
ဆိုက်ပရပ်စ်ကျွန်းဟာ မြေထဲပင်လယ်ထဲမှာ စစ္စလီ နဲ့ ဆာဒင်းနီးယားကျွန်းတွေပြီးရင် တတိယမြောက်အကြီးဆုံး ကျွန်းဖြစ်ပါတယ်။ တောင်တန်းဒေသ နှစ်ခု ၊ လွင်ပြင်ဒေသ ၊ ကမ်းရိုးတန်းဒေသတွေ ရှိနေပါတယ်။ အပူပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားပြီး နှစ်စဉ်ပျမ်းမျှအပူချိန်ကတော့ ၂၄ဒီဂရီ ဆဲစီးယပ်စ်ဖြစ်ပါတယ်။ နွေရာသီမှာတော့ ၃၅ဒီဂရီဆဲစီးယပ်စ် လောက်ရှိသွားတတ်ပြီး ဆောင်းရာသီမှာတော့ ၁၅ – ၁၀ ဒီဂရီဆဲစီးယပ်စ်လောက် ကျဆင်းနိုင်ပါတယ်။
သစ်တောနယ်မြေ အနေနဲ့ကတော့ စတုရန်းမိုင် ၆၆၇ ခန့် ရှိနိုင်ပါတယ်။ ဆိုက်ပရပ်စ်မှာ မြစ် ချောင်း အလွန်နည်းပါးပြီး အရှည်ဆုံးမြစ်ကတော့ ၆၁မိုင်ခန့် ရှည်တဲ့ ပတ်ဒဲယိုးမြစ် ဖြစ်ပါတယ်။ ဆိုက်ပရပ်စ်ရဲ့ အမြင့်ဆုံးနေရာကတော့ ထရူးဒိုစ့်တောင်တန်းဒေသမှာတည်ရှိတဲ့ အိုလံပိုစ့်တောင်ပဲဖြစ်ပါတယ်။ ဒီတောင်ဟာ အမြင့်ပေ ၆၄၀၄ ပေရှိပြီး တောင်ပေါ်မှာတော့ နှင်းလျှောစီး အပန်းဖြေစခန်းတွေ ရှိနေပါတယ်။
စီးပွားရေး
စီးပွားရေးအနေနဲ့ကတော့ ဆိုက်ပရပ်နိုင်ငံသားတွေဟာ အစားအစာ ၊ အဖျော်ယမကာ ၊ ဘိလပ်မြေ ၊ သင်္ဘောပြုပြင်ရေး ၊ ချည်မျှင်အထည် ၊ ဓာတုပစ္စည်းများ ၊ သတ္တုပစ္စည်းများ ၊ သစ် ၊ စက္ကူ ၊ ရွံ့စေးမြေစေး လုပ်ငန်းများ နဲ့ ဟိုတယ် ခရီးသွားလာရေး ဝန်ဆောင်မှု လုပ်ငန်းများကိုလုပ်ကိုင်ကြပါတယ်။ ၂၀၂၀ ခုနှစ် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဆိုက်ပရပ်နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၂၉၅၆ ဖြစ်ပြီး ကမ္ဘာမှာ ၃၁ခုမြောက် အချမ်းသာဆုံးနိုင်ငံ ဖြစ်ပါတယ်။ ငွေကြေးစနစ် အနေနဲ့ကတော့ ယူရိုကို သုံးပါတယ်။
ပညာရေး
ဆိုက်ပရပ်စ်ရဲ့ ပညာရေးကိုတော့ မူကြို ၊ အခြေခံ ၊ အလယ်တန်း ၊ အဆင့်မြင့် ဆိုပြီး ၄မျိုးခွဲထားပါတယ်။ အစိုးရက ပညာရေးကို အလွန်အားပေးပြီး အရွယ်ရောက်ပြီး စာတတ်မြောက်မှုရာခိုင်နှုန်းက ၉၉% ဖြစ်ပါတယ်။ ဘယ်လောက်ထိ အားပေးသလဲဆိုရင် နိုင်ငံဝင်ငွေစုစုပေါင်းရဲ့ ၇% ကို ပညာရေးမှာ သုံးစွဲပြီး သူ့ရဲ့အပေါ်မှာ ဒီလိုသုံးစွဲတာဆိုလို့ ဒိန်းမတ် နဲ့ ဆွီဒင်နိုင်ငံတွေပဲ ရှိပါတော့တယ်။ ၂၀၁၈ ခုနှစ်စာရင်းအရ အခြေခံကျောင်းသားသူပေါင်း ၅၆၇၀၀ ရှိနေတဲ့အချိန်မှာ ကျောင်းပေါင်း ၃၃၄ကျောင်းရှိနေပြီး ဆရာဆရာမပေါင်း ၄၀၀၀ နီးပါးရှိနေတဲ့အတွက် အချိုးချကြည့်ရင် ကျာင်းသား ၁၄ ယောက်ကို ဆရာ ၁ယောက်နှုန်းနဲ့ လုံလောက်စွာ စာသင်ကြားနိုင်ပါတယ်။
အထက်တန်းကျောင်းဒီပလိုမာကို အဆင့် ၂၅ ရာခိုင်နှုန်းအတွင်းဝင်သည့်သူများသာပေးပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုတော့ ထိန်းသိမ်းလုပ်ဆောင်ပါတယ်။ တက္ကသိုလ်ကျောင်းများဟာ သာမာန်အားဖြင့် ဝင်ခွင့်သတ်မှတ်ထားခြင်းမရှိပဲ အထက်ကျောင်း ဒီပလိုမာအရ ဖြေသင့်သည့်သူများသာ ဝင်ခွင့်အတွက်ဖြေဆိုရပါတယ်။ (စိတ်ဝင်စားတဲ့ တက်ချင်တဲ့ ဘာသာရပ်ကျောင်းကို လွတ်လပ်စွာရွေးချယ်နိုင်တယ်)။ဆိုက်ပရပ်နိုင်ငံကျောင်းသားများဟာ ပိုမိုမြင့်မားတဲ့ ဘွဲ့များအတွက်တော့ ဂရိ ၊ တူရကီ ၊ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများတွင် ထပ်မံတက်ရောက်လေ့ရှိကြပါတယ်။ တက္ကသိုလ်အနေနဲ့လည်း နိုင်ငံပိုင်တက္ကသိုလ်တွေဖြစ်တဲ့ ဆိုက်ပရပ်စ်တက္ကသိုလ် ၊ Open တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်တွေ ရှိသလို ပုဂ္ဂလိက နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ ဥရောပ-ဆိုက်ပရပ်စ်တက္ကသိုလ် ၊ ဖရက်ဒရစ်တက္ကသိုလ် ၊ နီရာပိုလစ်စတဲ့ တက္ကသိုလ်တွေလည်း ရှိနေပါတယ်။
စစ်တပ်
ဆိုက်ပရပ်စ် စစ်တပ်မှာတော့ အမြဲတမ်းစစ်သည် ၂၀၀၀၀ကျော်ရှိပြီး အရံအင်အား ၁၀၀၀၀၀ ကျော်ရှိပါတယ်။ အသက် ၁၈နှစ်နှင့် အထက် ၁၄လကြာ စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးပါတယ်။ ကြည်းတပ်မှာ တင့်ကားစီးရေ ၂၀၀ ခန့် ၊ အခြားသံချပ်ကာယာဉ်စီးရေ ၃၅၀ခန့် ၊ အမြောက်နဲ့ တာဝေးပစ်၊ ယာဉ် ၉ မျိုး ၊ Oerlikon GDF နဲ့ 9K37 Buk တို့အပါအဝင် လေယာဉ်ပစ် လက်နက် ၊ ယာဉ် ၆ မျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လေတပ်မှာတော့ လေယာဉ်နဲ့ ဟယ်ရီကော်ပတာ စီးရေ ၃၀ ခန့် ရှိနေပြီး ရေတပ်မှာတော့ စစ်သင်္ဘောစုစုပေါင်း ၁၀ စီးပါဝင်နေပါတယ်။
ဆိုက်ပရပ်စ်အကြောင်း စိတ်ဝင်စားစရာ အချက်များ
ဆိုက်ပရပ်စ်ကို ဘီစီ ၁၅ ရာစုခန့်က Cypriot လို့ခေါ်ခဲ့ပြီး ဂရိစကားလုံး Kýpros ကနေ ဆင်းသက်လာတာလို့ ဆိုပါတယ်။ Kýpros ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ ၃မျိုးခန့်ရှိနေပြီး ဒါတွေကတော့ မြေထဲပင်လယ်ဆိုက်ပရပ်ပင် ၊ အီဂျစ် privet ပင် နဲ့ ကြေးနီ ဆိုပြီးတော့ ဖြစ်ပါတယ်။
ဆိုက်ပရပ်စ်ဒေသမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့သော ဘုရားကျောင်းများ ၊ နန်းတော်များ ၊ ကဇာတ်ရုံများ ၊ ခံတပ်များ နှင့် သင်္ချိုင်းများကို ပြန်လည်တွေ့ရှိခဲ့ရတာကြောင့် ဒီနေရာဟာ ရှေးခေတ်ယဉ်ကျေးမှု ကြီးကျယ်ထွန်းကားခဲ့ရာ နေရာတခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပီးဖော့စ်မြို့တွင် ကမ္ဘာ့အလှဆုံး လို့ဆိုကြတဲ့ mosaics ပန်းချီများကိုလည်းတွေ့ရှိနိုင်ပါတယ်။
ပီးဖော့ခ်သင်္ဘောဆိပ်မှ အနောက်ဖက် ၂ ကီလိုမီတာအကွာမှာတော့ ကြီးမားတဲ့ ရှေးသင်္ချိုင်းကြီးကို တွေ့နိုင်ပါတယ်။ မြေအောက်တွင် ဘီစီ ၄ ရာစုခန့်ကထွင်းထုတည်ဆောက်ခဲ့သော သချိုင်းများကိုကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( UNESCO) မှရှေးဟောင်းယဉ်ကျေးမှုနေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါတယ်။
ဆိုက်ပရပ်နိုင်ငံ အလယ်တွင်တည်ရှိသော ထရူးဒေါ့တောင်ရှိရောမ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတွင်နံရံအပြည့်ရေးခြယ်ထားသော အရှေ့ရောမ နံရံဆေးရးပန်းချီကားများဟာ လည်း ယူနက်စကို ကရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။
Kykkos ဘုန်းတော်ကြီးကျောင်းဟာ ဆိုင်ပရပ်မှာရှိတဲ့နာမည်အကြီးဆုံး ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အဆိုပါဘုန်းကြီးကျောင်းကို ဘိုင်ဇန်တိုင်းအင်ပါယာဘုရင် အလက်ဇီးယက်ကွန်နီးနော့စ် (၁၀၈၁-၁၁၁၈) က ၁၁ ရာစုအကုန်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၎င်းကျောင်းဟာ ထရူးဒေါ့စ်တောင်ရဲ့အနောက်တောင်ဘက် ၁၃၁၈ မီတာအကွာမှာ ရှိတာဖြစ်ပါတယ်။
ဆိုက်ပရပ်နိုင်ငံရှိ ဖစ်ထရီးဘေးကမ်းခြေဟာ ၂၀၁၁ ခုနှစ်တုန်းက ခရီးသွားအကြံပေးအဖွဲ့မှ ဥရောပတွင် တတိယအကောင်းဆုံးကမ်းခြေအဖြစ် ကြေငြာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အဆင့် ၉ နေရာသို့ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် နစ်ဆီကမ်းခြေဟာ အရှည်မီတာ ၅၀၀ ရှိပြီး ကမ်းခြေမှာကရှိတဲ့ကြည်လင်တဲ့ရေများကြောင့် blue flag ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။
ဆိုက်ပရပ်စ်ရဲ့ အလံမှာတော့ အဖြူရောင် နောက်ခံပေါ်မှာ လိမ္မော်ရောင် ဆိုက်ပရပ်စ် ကျွန်းပုံစံ နဲ့ အောက်ဘက်မှာ အစိမ်းရောင် သံလွင်ခက် ၂ခက်တို့ ပါဝင်နေပါတယ်။ အဖြူရောင်က ငြိမ်းချမ်းမှု နဲ့ သန့်စင်မှုကို ကိုယ်စားပြုပါတယ်။ သံလွင်ခက် ၂ခက်ကတော့ ဒီနိုင်ငံမှာ ဂရိဆိုက်ပရပ်စ် နဲ့ တူရကီဆိုက်ပရပ်စ် မတူညီတဲ့ လူမျိုးစုကြီး ၂စု ယှဉ်တွဲနေထိုင်တယ်ဆိုတဲ့ သဘောပါ။ လိမ္မော်ရောင်ကတော့ ဆိုင်ပရပ်စ်ကျွန်း နဲ့ ကြေးနီသတ္တုတွေ ပေါများစွာ ထွက်တာကို ရည်ညွှန်းပါတယ်။
——– —– ———
(Zawgyi)
ဆိုက္ပရပ္စ္ႏိုင္ငံ အေၾကာင္း သိေကာင္းစရာ
ဆိုက္ပရပ္ႏိုင္ငံဟာ ေျမထဲပင္လယ္အေရွ႕ပိုင္းက ကြၽန္းႏိုင္ငံတစ္ခုျဖစ္ၿပီး ေရွးအရင္ကတည္းကေက်ာ္ၾကားလွတဲ့ သမိုင္းေၾကာင္းမ်ားရွိခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ သူ႔ရဲ႕တရားဝင္နာမည္ကေတာ့ ဆိုက္ပရပ္သမၼတႏိုင္ငံျဖစ္ပါတယ္။ ဆိုက္ပရပ္ႏိုင္ငံဟာဂရိႏိုင္ငံရဲ႕အေရွ႕ဘက္ ၊ ဆီးရီးယားႏိုင္ငံ ႏွင့္ လက္ဘႏြန္ႏိုင္ငံ ရဲ႕အေနာက္ဘက္ ၊ တူရကီႏိုင္ငံရဲ႕ ေတာင္ဘက္ ၊ အီဂ်စ္ႏိုင္ငံ ရဲ႕ ေျမာက္ဘက္ ႏွင့္ အစၥေရးႏိုင္ငံရဲ႕ အေနာက္ေျမာက္ဘက္မွာ တည္ရွိတဲ့ႏိုင္ငံ ျဖစ္ပါတယ္။ ဧရိယာစတုရန္းမိုင္ေပါင္း ၃၇၅၂ က်ယ္ဝန္းၿပီး ကမာၻေပၚမွာေတာ့ ၁၆၂ခုေျမာက္ အႀကီးဆုံး ႏုိင္ငံျဖစ္ပါတယ္။
႐ုံးသုံးဘာသာစကားအျဖစ္ ဂရိႏွင့္ တူရကီ ဘာသာစကားတို႔ကိုထားရွိၿပီး အာေမးနီးယန္း ၊ ဆစ္ပရစ္အာေရဗ် ၊ ရုရွား စတဲ့ ဘာသာစကားေတြကိုလည္း ေျပာဆုိသုံးစြဲၾကပါတယ္။ ကြၽန္းဆြယ္ကိုႏွစ္ပိုင္းခြဲထားၿပီး ေျမာက္ပိုင္းကို ဆိုက္ပရပ္တာ့ခ္ ဟုေခၚၿပီး ေတာင္ပိုင္းကို ဂရိဆိုက္ပရပ္ဟုေခၚၾကပါတယ္။ ၂၀၁၈ ခုႏွစ္စာရင္းအရ ဆုိက္ပရပ္စ္ ႏုိင္ငံရဲ႕ လူဦးေရက ၁,၁၈၉,၂၆၅ ျဖစ္ၿပီး ၁၅၈ ခုေျမာက္ လူဦးေရအမ်ားဆုံးႏုိင္ငံျဖစ္ပါတယ္။ လူဦးေရ သိပ္သည္းဆ အေနနဲ႔ ၁မုိင္ပတ္လည္မွာ ၃၂၀ ဦးခန္႔ ေနထုိင္ၾကပါတယ္။ ဆိုက္ပရပ္ႏိုင္ငံမွာ အဓိကေနထိုင္တဲ့ လူမ်ိဳးစုႀကီး ၄စုကေတာ့ ဂရိဆိုက္ပရပ္ ၊ တူရကီဆိုက္ပရပ္ ၊ အာေမးနီးယန္း နဲ႔ မာ႐ြန္ႏိုက္ လူမ်ိဳးေတြျဖစ္ပါတယ္။ ကိုးကြယ္မႈအေနနဲ႔ကေတာ့ အေရွ႕တိုင္းခရစ္ယာန္(Eastern Orthodox )ဘာသာကို ၇၈% ၊ အစၥလမ္ဘာသာကို ၂၀% ၊ ဂ်ဴးဘာသာ နဲ႔ အျခားဘာသာေတြကို ၂% ခန႔္ကိုးကြယ္ၾကပါတယ္။
အုပ္ခ်ဳပ္ေရးအေနနဲ႔ နီကိုရွား ၊ ဖာမာဂတ္စတာ ၊ ကီရယ္ညာ ၊ လာနာကာ ၊ လီမာေဆာ နဲ႔ ပီးေဖာ့စ္ ဆုိၿပီး နယ္ေျမ ၆ ခု ခြဲျခားထားပါတယ္။ နီကိုရွား ၿမိဳ႕ဟာ ဆိုက္ပရပ္ ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး အႀကီးဆုံးၿမိဳ႕လည္းျဖစ္ပါတယ္။ လူဦးေရ ၂သိန္းေက်ာ္ ေနထိုင္တဲ့ဒီၿမဳိ႕ဟာ ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္းခြဲထားတဲ့ ကမာၻေပၚက တခုတည္းေသာၿမိဳ႕ေတာ္ျဖစ္ပါတယ္။ ပီးေဖာ့စ္ၿမိဳ႕ဟာ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ၿပီး ေက်က္ေခတ္ေႏွာင္းပိုင္းတည္းက ေနထိုင္ခဲ့တာျဖစ္ပါတယ္။ ဒီၿမဳိ႕ကေတာ့ အဖ႐ိုဒိုက္ႏွင့္ ဟယ္လင္နစ္ေခတ္နတ္ဘုရားတို႔အား ကိုးကြယ္ခဲ့ရာ အခ်က္အခ်ာေနရာျဖစ္ခဲ့ပါတယ္။ ဂရိဒ႑ာရီလာ အခ်စ္နတ္သမီးေခၚ အဖ႐ိုဒိုက္ကို ဆိုက္ပရပ္မွာေမြးဖြားခဲ့တယ္လို႔ ဆိုပါတယ္။
သမုိင္းေၾကာင္း
ဆိုက္ပရပ္ေဒသမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁ေသာင္းခန႔္ကတည္းက လူေတြေနထိုင္ခဲ့တဲ့ အေထာက္အထားေတြကို ေတြ႕ရွိခဲ့ရပါတယ္။ ဆိုက္ပရပ္က Neolithic ေဒသမွာေတြ႕ရတဲ့ ဂူတစ္ဂူရဲ႕ သက္တမ္းကို တြက္ခ်က္ရာမွာ ႏွစ္ေပါင္း ၉၅၀၀ခန႔္ ရွိေနၿပီလို႔ သိရပါတယ္။ ဘီစီ ၁၄၀၀ခန႔္မွာေတာ့ ေရွးဂရိေတြဟာ ဒီေဒသကို ေျခခ်လာခဲ့ၾကပါတယ္။ ဘီစီ ၇၀၀ ခန႔္မွာေတာ့ ဒီေဒသကို အဆီးရီးယန္းေတြက အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ ဘီစီ ၃၃၀ ဝန္းက်င္မွာေတာ့ စစ္ဘုရင္ အလက္ဇႏၵားရဲ႕လက္ေအာက္ကို ေရာက္ရွိခဲ့ပါတယ္။
ဘီစီ ၅၀ခန႔္မွာေတာ့ ေရာမအင္ပါယာေအာက္ကို ေရာက္ခဲ့ၿပီး ေရာမအင္ပါယာ ႏွစ္ျခမ္းကြဲသြားၿပီးတဲ့ေနာက္မွာေတာ့ အေရွ႕ေရာမအင္ပါယာလို႔ေခၚတဲ့ ဘိုင္ဇန္တိုင္းအင္ပါယာေအာက္ကို ေရာက္ရွိခဲ့ပါတယ္။ ေအဒီ ၁၁၉၁ တတိယခ႐ူးဆိတ္စစ္ပြဲအၿပီးမွာေတာ့ အဂၤလန္ဘုရင္ ရစ္ခ်က္ရဲ႕သိမ္းပိုက္ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ လူမ်ဳိးစုေခါင္းေဆာင္ အီမရီ က ျပန္လည္သိမ္းပိုက္ခဲ့ၿပီး ဆိုက္ပရပ္ဘုရင့္ႏိုင္ငံကိုတည္ေထာင္အုပ္ခ်ဳပ္တဲ့ ပထမဆုံးဘုရင္ျဖစ္လာခဲ့ပါတယ္။ ဆိုက္ပရပ္ ဘုရင့္ႏိုင္ငံကိုေနာက္ဆုံးအုပ္ခ်ဳပ္ခဲ့သူကေတာ့ ဘုရင္မ ကက္သရင္း ေကာ္နာရုိ ျဖစ္ၿပီး ၁၄၈၉ ခုႏွစ္တုိင္ အုပ္ခ်ဳပ္ခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ ဆိုက္ပရပ္ဟာ ဗင္းနစ္ ၊ ေအာ္တိုမန္အင္ပါယာ နဲ႔ ၿဗိတိသွ်အင္ပါယာတို႔ရဲ႕ လက္ေအာက္ကိုေရာက္ခဲ့ၿပီး ၁၉၆၀ခုႏွစ္မွ လြတ္လပ္ေရး ရရွိခဲ့တာျဖစ္ပါတယ္။ ၁၉၇၄ ခုႏွစ္မွာေတာ့ တူရကီဟာ ဆုိက္ပရပ္စ္ေျမာက္ပိုင္းကို က်ဴးေက်ာ္တုိက္ခုိက္ခဲ့တာေၾကာင့္ စစ္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး လူေပါင္း ၁ေသာင္းနီးပါး ေသေၾကခဲ့ရပါေသးတယ္။ လက္ရွိအုပ္ခ်ဳပ္ေရးအေနျဖင့္ ဗဟိုအစိုးရ သမၼတစနစ္ကိုက်င့္သုံးၿပီး လက္ရွိသမၼတမွာ ၂၀၁၃ခုႏွစ္ကတည္းက တာဝန္ထမ္းေဆာင္ၿပီး ဒုတိယအႀကိမ္ထပ္မံေ႐ြးေကာက္ခံထားရသူ နီကုိစ္ အန္နာစတာဆီယာေဒစ့္ ျဖစ္ပါတယ္။
ပထ၀ီ၀င္
ဆုိက္ပရပ္စ္ကြ်န္းဟာ ေျမထဲပင္လယ္ထဲမွာ စစၥလီ နဲ႔ ဆာဒင္းနီးယားကြ်န္းေတြၿပီးရင္ တတိယေျမာက္အႀကီးဆုံး ကြ်န္းျဖစ္ပါတယ္။ ေတာင္တန္းေဒသ ႏွစ္ခု ၊ လြင္ျပင္ေဒသ ၊ ကမ္းရုိးတန္းေဒသေတြ ရွိေနပါတယ္။ အပူပုိင္းရာသီဥတုကို ပုိင္ဆုိင္ထားၿပီး ႏွစ္စဥ္ပ်မ္းမွ်အပူခ်ိန္ကေတာ့ ၂၄ဒီဂရီ ဆဲစီးယပ္စ္ျဖစ္ပါတယ္။ ေႏြရာသီမွာေတာ့ ၃၅ဒီဂရီဆဲစီးယပ္စ္ ေလာက္ရွိသြားတတ္ၿပီး ေဆာင္းရာသီမွာေတာ့ ၁၅ – ၁၀ ဒီဂရီဆဲစီးယပ္စ္ေလာက္ က်ဆင္းႏုိင္ပါတယ္။
သစ္ေတာနယ္ေျမ အေနနဲ႔ကေတာ့ စတုရန္းမုိင္ ၆၆၇ ခန္႔ ရွိႏုိင္ပါတယ္။ ဆုိက္ပရပ္စ္မွာ ျမစ္ ေခ်ာင္း အလြန္နည္းပါးၿပီး အရွည္ဆုံးျမစ္ကေတာ့ ၆၁မုိင္ခန္႔ ရွည္တဲ့ ပတ္ဒဲယုိးျမစ္ ျဖစ္ပါတယ္။ ဆုိက္ပရပ္စ္ရဲ႕ အျမင့္ဆုံးေနရာကေတာ့ ထရူးဒုိစ့္ေတာင္တန္းေဒသမွာတည္ရွိတဲ့ အုိလံပုိစ့္ေတာင္ပဲျဖစ္ပါတယ္။ ဒီေတာင္ဟာ အျမင့္ေပ ၆၄၀၄ ေပရွိၿပီး ေတာင္ေပၚမွာေတာ့ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းေတြ ရွိေနပါတယ္။
စီးပြားေရး
စီးပြားေရးအေနနဲ႔ကေတာ့ ဆိုက္ပရပ္ႏိုင္ငံသားေတြဟာ အစားအစာ ၊ အေဖ်ာ္ယမကာ ၊ ဘိလပ္ေျမ ၊ သေဘၤာျပဳျပင္ေရး ၊ ခ်ည္မွ်င္အထည္ ၊ ဓာတုပစၥည္းမ်ား ၊ သတၱဳပစၥည္းမ်ား ၊ သစ္ ၊ စကၠဴ ၊ ႐ြံ႕ေစးေျမေစး လုပ္ငန္းမ်ား နဲ႔ ဟိုတယ္ ခရီးသြားလာေရး ဝန္ေဆာင္မႈ လုပ္ငန္းမ်ားကိုလုပ္ကိုင္ၾကပါတယ္။ ၂၀၂၀ ခုႏွစ္ ႏုိင္ငံတကာေငြေၾကးအဖြဲ႔အစည္းရဲ႕ စာရင္းအရ ဆိုက္ပရပ္ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္ ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၄၂၉၅၆ ျဖစ္ၿပီး ကမာၻမွာ ၃၁ခုေျမာက္ အခ်မ္းသာဆုံးႏိုင္ငံ ျဖစ္ပါတယ္။ ေငြေၾကးစနစ္ အေနနဲ႔ကေတာ့ ယူ႐ိုကို သုံးပါတယ္။
ပညာေရး
ဆုိက္ပရပ္စ္ရဲ႕ ပညာေရးကိုေတာ့ မူႀကဳိ ၊ အေျခခံ ၊ အလယ္တန္း ၊ အဆင့္ျမင့္ ဆုိၿပီး ၄မ်ဳိးခြဲထားပါတယ္။ အစုိးရက ပညာေရးကို အလြန္အားေပးၿပီး အရြယ္ေရာက္ၿပီး စာတတ္ေျမာက္မႈရာခုိင္ႏႈန္းက ၉၉% ျဖစ္ပါတယ္။ ဘယ္ေလာက္ထိ အားေပးသလဲဆုိရင္ ႏုိင္ငံ၀င္ေငြစုစုေပါင္းရဲ႕ ၇% ကို ပညာေရးမွာ သုံးစြဲၿပီး သူ႔ရဲ႕အေပၚမွာ ဒီလုိသုံးစြဲတာဆုိလုိ႔ ဒိန္းမတ္ နဲ႔ ဆီြဒင္ႏုိင္ငံေတြပဲ ရွိပါေတာ့တယ္။ ၂၀၁၈ ခုႏွစ္စာရင္းအရ အေျခခံေက်ာင္းသားသူေပါင္း ၅၆၇၀၀ ရွိေနတဲ့အခ်ိန္မွာ ေက်ာင္းေပါင္း ၃၃၄ေက်ာင္းရွိေနၿပီး ဆရာဆရာမေပါင္း ၄၀၀၀ နီးပါးရွိေနတဲ့အတြက္ အခ်ဳိးခ်ၾကည့္ရင္ က်ာင္းသား ၁၄ ေယာက္ကုိ ဆရာ ၁ေယာက္ႏႈန္းနဲ႔ လုံေလာက္စြာ စာသင္ၾကားႏုိင္ပါတယ္။
အထက္တန္းေက်ာင္းဒီပလိုမာကို အဆင့္ ၂၅ ရာခိုင္ႏႈန္းအတြင္းဝင္သည့္သူမ်ားသာေပးၿပီး က်န္ ၇၅ ရာခိုင္ႏႈန္းကိုေတာ့ ထိန္းသိမ္းလုပ္ေဆာင္ပါတယ္။ တကၠသိုလ္ေက်ာင္းမ်ားဟာ သာမာန္အားျဖင့္ ဝင္ခြင့္သတ္မွတ္ထားျခင္းမရွိပဲ အထက္ေက်ာင္း ဒီပလိုမာအရ ေျဖသင့္သည့္သူမ်ားသာ ဝင္ခြင့္အတြက္ေျဖဆိုရပါတယ္။ (စိတ္၀င္စားတဲ့ တက္ခ်င္တဲ့ ဘာသာရပ္ေက်ာင္းကို လြတ္လပ္စြာေရြးခ်ယ္ႏုိင္တယ္)။ဆိုက္ပရပ္ႏိုင္ငံေက်ာင္းသားမ်ားဟာ ပိုမိုျမင့္မားတဲ့ ဘြဲ႕မ်ားအတြက္ေတာ့ ဂရိ ၊ တူရကီ ၊ ဥေရာပႏွင့္ ေျမာက္အေမရိကႏိုင္ငံမ်ားတြင္ ထပ္မံတက္ေရာက္ေလ့ရွိၾကပါတယ္။ တကၠသုိလ္အေနနဲ႔လည္း ႏုိင္ငံပုိင္တကၠသုိလ္ေတြျဖစ္တဲ့ ဆုိက္ပရပ္စ္တကၠသိုလ္ ၊ Open တကၠသုိလ္ ၊ နည္းပညာတကၠသုိလ္ေတြ ရွိသလုိ ပုဂၢလိက နာမည္ႀကီးတကၠသုိလ္ေတြျဖစ္တဲ့ ဥေရာပ-ဆုိက္ပရပ္စ္တကၠသိုလ္ ၊ ဖရက္ဒရစ္တကၠသုိလ္ ၊ နီရာပုိလစ္စတဲ့ တကၠသိုလ္ေတြလည္း ရွိေနပါတယ္။
စစ္တပ္
ဆုိက္ပရပ္စ္ စစ္တပ္မွာေတာ့ အၿမဲတမ္းစစ္သည္ ၂၀၀၀၀ေက်ာ္ရွိၿပီး အရံအင္အား ၁၀၀၀၀၀ ေက်ာ္ရွိပါတယ္။ အသက္ ၁၈ႏွစ္ႏွင့္ အထက္ ၁၄လၾကာ စစ္မႈမထမ္းမေနရ စနစ္ကို က်င့္သုံးပါတယ္။ ၾကည္းတပ္မွာ တင့္ကားစီးေရ ၂၀၀ ခန္႔ ၊ အျခားသံခ်ပ္ကာယာဥ္စီးေရ ၃၅၀ခန္႔ ၊ အေျမာက္နဲ႔ တာေ၀းပစ္၊ ယာဥ္ ၉ မ်ဳိး ၊ Oerlikon GDF နဲ႔ 9K37 Buk တုိ႔အပါအ၀င္ ေလယာဥ္ပစ္ လက္နက္ ၊ ယာဥ္ ၆ မ်ဳိးကိုလည္း ပုိင္ဆုိင္ထားပါေသးတယ္။ ေလတပ္မွာေတာ့ ေလယာဥ္နဲ႔ ဟယ္ရီေကာ္ပတာ စီးေရ ၃၀ ခန္႔ ရွိေနၿပီး ေရတပ္္မွာေတာ့ စစ္သေဘၤာစုစုေပါင္း ၁၀ စီးပါ၀င္ေနပါတယ္။
ဆုိက္ပရပ္စ္အေၾကာင္း စိတ္၀င္စားစရာ အခ်က္မ်ား
ဆုိက္ပရပ္စ္ကို ဘီစီ ၁၅ ရာစုခန္႔က Cypriot လုိ႔ေခၚခဲ့ၿပီး ဂရိစကားလုံး Kýpros ကေန ဆင္းသက္လာတာလုိ႔ ဆုိပါတယ္။ Kýpros ရဲ႕ အဓိပၸါယ္ဖြင့္ဆုိမႈကေတာ့ ၃မ်ုိးခန္႔ရွိေနၿပီး ဒါေတြကေတာ့ ေျမထဲပင္လယ္ဆုိက္ပရပ္ပင္ ၊ အီဂ်စ္ privet ပင္ နဲ႔ ေၾကးနီ ဆုိၿပီးေတာ့ ျဖစ္ပါတယ္။
ဆုိက္ပရပ္စ္ေဒသမွာ ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္းမ်ားစြာကတည္းက တည္ေဆာက္ခဲ့ေသာ ဘုရားေက်ာင္းမ်ား ၊ နန္းေတာ္မ်ား ၊ ကဇာတ္႐ုံမ်ား ၊ ခံတပ္မ်ား ႏွင့္ သခၤ်ဳိင္းမ်ားကို ျပန္လည္ေတြ႕ရွိခဲ့ရတာေၾကာင့္ ဒီေနရာဟာ ေရွးေခတ္ယဥ္ေက်းမႈ ႀကီးက်ယ္ထြန္းကားခဲ့ရာ ေနရာတခုလို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ ပီးေဖာ့စ္ၿမိဳ႕တြင္ ကမာၻ႔အလွဆုံး လို႔ဆိုၾကတဲ့ mosaics ပန္းခ်ီမ်ားကိုလည္းေတြ႕ရွိႏိုင္ပါတယ္။
ပီးေဖာ့ခ္သေဘၤာဆိပ္မွ အေနာက္ဖက္ ၂ ကီလိုမီတာအကြာမွာေတာ့ ႀကီးမားတဲ့ ေရွးသခၤ်ဳိင္းႀကီးကို ေတြ႕ႏိုင္ပါတယ္။ ေျမေအာက္တြင္ ဘီစီ ၄ ရာစုခန႔္ကထြင္းထုတည္ေဆာက္ခဲ့ေသာ သခ်ိဳင္းမ်ားကိုကမာၻ႔အေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕( UNESCO) မွေရွးေဟာင္းယဥ္ေက်းမႈေနရာအျဖစ္ ထိန္းသိမ္းေစာင့္ေရွာက္လွ်က္ရွိပါတယ္။
ဆိုက္ပရပ္ႏိုင္ငံ အလယ္တြင္တည္ရွိေသာ ထ႐ူးေဒါ့ေတာင္ရွိေရာမ ခရစ္ယာန္ဘုရားေက်ာင္းႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း ၁၀ ေက်ာင္းတြင္နံရံအျပည့္ေရးျခယ္ထားေသာ အေရွ႕ေရာမ နံရံေဆးရးပန္းခ်ီကားမ်ားဟာ လည္း ယူနက္စကို ကေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိပါတယ္။
Kykkos ဘုန္းေတာ္ႀကီးေက်ာင္းဟာ ဆိုင္ပရပ္မွာရွိတဲ့နာမည္အႀကီးဆုံး ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းျဖစ္ပါတယ္။ အဆိုပါဘုန္းႀကီးေက်ာင္းကို ဘိုင္ဇန္တိုင္းအင္ပါယာဘုရင္ အလက္ဇီးယက္ကြန္နီးေနာ့စ္ (၁၀၈၁-၁၁၁၈) က ၁၁ ရာစုအကုန္မွာ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၎ေက်ာင္းဟာ ထ႐ူးေဒါ့စ္ေတာင္ရဲ႕အေနာက္ေတာင္ဘက္ ၁၃၁၈ မီတာအကြာမွာ ရွိတာျဖစ္ပါတယ္။
ဆိုက္ပရပ္ႏိုင္ငံရွိ ဖစ္ထရီးေဘးကမ္းေျခဟာ ၂၀၁၁ ခုႏွစ္တုန္းက ခရီးသြားအႀကံေပးအဖြဲ႕မွ ဥေရာပတြင္ တတိယအေကာင္းဆုံးကမ္းေျခအျဖစ္ ေၾကျငာခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ အဆင့္ ၉ ေနရာသို႔ေရာက္ရွိခဲ့ပါတယ္။ ဒါ့အျပင္ နစ္ဆီကမ္းေျခဟာ အရွည္မီတာ ၅၀၀ ရွိၿပီး ကမ္းေျခမွာကရွိတဲ့ၾကည္လင္တဲ့ေရမ်ားေၾကာင့္ blue flag ဆုကိုရရွိခဲ့တာျဖစ္ပါတယ္။
ဆုိက္ပရပ္စ္ရဲ႕ အလံမွာေတာ့ အျဖဴေရာင္ ေနာက္ခံေပၚမွာ လိေမၼာ္ေရာင္ ဆုိက္ပရပ္စ္ ကြ်န္းပုံစံ နဲ႔ ေအာက္ဘက္မွာ အစိမ္းေရာင္ သံလြင္ခက္ ၂ခက္တုိ႔ ပါ၀င္ေနပါတယ္။ အျဖဴေရာင္က ၿငိမ္းခ်မ္းမႈ နဲ႔ သန္႔စင္မႈကို ကုိယ္စားျပဳပါတယ္။ သံလြင္ခက္ ၂ခက္ကေတာ့ ဒီႏုိင္ငံမွာ ဂရိဆုိက္ပရပ္စ္ နဲ႔ တူရကီဆုိက္ပရပ္စ္ မတူညီတဲ့ လူမ်ဳိးစုႀကီး ၂စု ယွဥ္တြဲေနထုိင္တယ္ဆုိတဲ့ သေဘာပါ။ လိေမၼာ္ေရာင္ကေတာ့ ဆုိင္ပရပ္စ္ကြ်န္း နဲ႔ ေၾကးနီသတၱဳေတြ ေပါမ်ားစြာ ထြက္တာကို ရည္ညႊန္းပါတယ္။