• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆာဟာရ သဲကန္တာရကြီးရဲ့ လျို့ဝှက်ချက်များ

by Thutamm
September 25, 2020
Reading Time: 3min read
0
ဆာဟာရ သဲကန္တာရကြီးရဲ့ လျို့ဝှက်ချက်များ
Share on FacebookShare on Twitter

ရေးသားသူ – အောင်ကောင်းထက်(GAD)

ကျွန်တော်တို့အများစုက ဆာဟာရသဲကန္တာရကို ကမ္ဘာပေါ်မှာ အကြီးဆုံးကန္တာရလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဆာဟာရ သဲကန္တာရဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးကန္တာရသာ ဖြစ်ပါတယ်။ အကြောင်းကတော့ ကန္တာရဆိုတာ ကြမ်းတမ်းခက်ခဲတဲ့ပတ်ဝန်းကျင်အနေအထား မိုးနည်းပါးခြင်း နဲ့ အပင် သတ္တဝါတွေ ရှင်သန်နေထိုင်ဖို့ အလွန်ခက်ခဲတဲ့ နေရာလို့ သတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အကြီးဆုံးကန္တာရတွေက အအေးပိုင်းကန္တာရတွေဖြစ်တဲ့ အန္တာတိက ကန္တာရ နဲ့ အာတိတ်ကန္တာရတို့ပဲဖြစ်ပါတယ်။

ကန္တာရတွေထဲမှာ တတိယဧရိယာအကြီးဆုံးဖြစ်တဲ့ ဆာဟာရကတော့ အပူပိုင်းသဲကန္တာရတွေထဲမှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ပါတယ်။ လူဦးရေ (၂.၅)သန်းလောက်ဟာ ဆာဟာရ ကန္တာရကိုသူတို့ရဲ့ရှင်သန်ရာ နေရာအဖြစ်မှတ်ယူထားကြပါတယ်။ တချိန်တခါတုန်းကတော့ ဆာဟာရ ကန္တာရဟာ အလွန်ကျယ်ပြောတဲ့မြက်ခင်းစိမ်း လွင်ပြင်ကြီးဖြစ်ခဲ့ပါတယ်။ ယနေ့ကာလမှာဆိုရင်လည်း ဆာဟာရ ကန္တာရဟာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ ကြောင့်အရင်ကထက်ကို ပိုမိုကျယ်ဝန်းလို့လာခဲ့ပြန်ပါတယ်။

ဆာဟာရ သဲကန္တာရဟာဆိုရင် အာဖရိကတိုက်မြောက်ဘက်ပိုင်းမှာတည်ရှိပြီး ကမ္ဘာ့အကြီးဆုံးသော ကန္တာရဒေသတခုအဖြစ် ရှိနေပါတယ်။ ကမ္ဘာပေါ်က အခြားသော သဲကန္တာရတွေ လိုပဲ ဆာဟာရ ကန္တာရဟာဆိုရင် သက်ရှိတွေရှင်သန်နေထိုင်ဖို့ အလွန်ခက်ခဲကာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေဟာ တူညီစွာရှိလို့နေတာဖြစ်ပြီး နေရာကိုလိုက်ကာ ပြောင်းလဲမှုအခြေအနေတွေကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီတခါ မျှဝေပေးချင်တာကတော့ ဆာဟာရ သဲကန္တာရကြီးရဲ့ အချက်အလက်အချို့ပဲဖြစ်ပါတယ်။

ဆာဟာရ ကန္တာရ လို့ဘာကြောင့်ခေါ်ဆိုတာလဲ

ဆာဟာရ (Sahara)ဆိုတဲ့စကားလုံးဟာ အာရေဗီစကား Sahra ကနေ ဆင်းသက်လာခဲ့ပြီး Great Desert မဟာသဲကန္တာရကြီး လို့ အဓိပ္ပါယ်ရပါတယ်။

ဆာဟာရက ဘယ်လောက်ကျယ်သလဲ

ဆာဟာရကန္တာရကြီးဟာ အလျား ၃၂၀၀ မိုင် နဲ့ အနံ ၁၁၀၀ မိုင် ရှိပြီး ဧရိယာကတော့ စတုရန်းမိုင်ပေါင်း ၃.၆သန်းခန့်ရှိနေပြီး ဥရောပတိုက်ရဲ့အကျယ်အဝန်းနီးပါးလောက်(စတုရန်းမိုင် ၃သိန်းကျော်နည်း) ကို ရှိနေတာဖြစ်ပါတယ်။ ဆာဟာရ သဲကန္တာရဒေသမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်နေပြီး အဲဒါတွေကတော့ အယ်လ်ဂျီးရီးယား ၊ ချက်ဒ် ၊ အီဂျစ် ၊ လစ်ဗျား ၊ မာလီ ၊ မော်ရီတေးနီးယား ၊ မော်ရိုကို ၊ နီဂါ ၊ အနောက်ဆာဟာရ ၊ ဆူဒန် နဲ့ တူနီးရှားနိုင်ငံတွေဖြစ်ပါတယ်။

ဆာဟာရ ကန္တာရ(Sahara)ရဲ့သက်တမ်းကဘယ်လောက်ရှိပြီလဲ

ပညာရှင်အချို့ကတော့ဆာဟာရ ကန္တာရရဲ့သက်တမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂)သန်းကနေ(၃)သန်းအကြား ကာလဖြစ်မယ်လို့ပြောဆိုသတ်မှတ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၀၆)ခုနှစ်ကတော့ အာဖရိကတိုက် ချက်ဒ်နိုင်ငံမှာတွေ့ရတဲ့ သဲတောင်ပူစာ(သဲခုံ)တွေကို လေ့လာမှုတွေအရတော့ဆာဟာရ ကန္တာရဟာဆိုရင် Miocene Epoch ကာလဖြစ်တဲ့ လွန်ခဲ့တဲနှစ်(၅.၃)သန်းကနေ(၂၃)သန်းကြားကာလမှာဖြစ်ပေါ်လာခဲ့တယ် လို့ လေ့လာသူ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ဆာဟာရ ကန္တာရမှာဘယ်သူတွေနေထိုင်ကြသလဲ

ဆာဟာရ ဟာဆိုရင် လူသားတွေအတွက်တော့ အခြေမချသင်တဲ့နေရာဖြစ်ပါတယ်။ ရာသီဥတုအလွန်ကိုကြမ်းတမ်းသလို မြေပေါ် သယံဇာတထွက်ရှိမှု လုံးဝကိုနည်းပါးပါတယ်။ လူသားတွေ အတွက်ဘယ်လိုနေထိုင်မှုမျိုးကိုမဆို အဆင်ပြေဖို့မလွယ်ကူနိုင်ပါဘူး။ ကန္တာရပေါက်ပင်အချို့ကတော့ ပြင်းထန်တဲ့နှင်းစက်တွေ၊ပြင်းထန်စွာရွာသွန်းတတ်လေ့ရှိတဲ့မိုးရေတွေ အကြားမှာပဲ ရက်သတ္တပတ်အတွင်းရှင်သန်ပေါက်ပွားကြပါတယ်။ ကွဲပြားတဲ့ အပင်မျိုးစိတ်တွေဖြစ်တဲ့ သံလွင်ပင်နဲ့ ကျောက်ပန်းပင်လိုမျိုးအပင်တွေကိုလည်း ဆာဟာရ ကန္တာရအတွင်းမြင်တွေ့နိုင်ပါတယ်။

ယင်းကန္တာရကိုပဲမှီတင်းနေထိုင်ကြတဲ့ တိရိစ္ဆာန်မျိုးစိတ်အချို့လည်းရှိနေပါတယ်။ ယင်းသတ္တဝါတွေကတော့ ကုလားအုတ် ၊ တောဆိတ် ၊ Docras ဒရယ် ၊ ကင်းမြီးကောက် ၊ ငှက်ကုလားအုတ် ၊ ပုတ်သင်ညို ၊ ကန္တာရမြေခွေး ၊ သိုး ၊ ဟိုင်အီးနား ၊ ကန္တာရဖြူး ၊ jerboa(ကြွက်နှင့်တူပြီးခြေလက် ၂ချောင်းသာ ပါသည့်အကောင်ငယ်လေး) နဲ့ မြွေတို့အပြင် ကွဲပြားတဲ့ငှက်မျိုး စိတ်ပေါင်း (၃၀၀)ကျော်တို့ ဖြစ်ပါတယ်။

လူသားအများစုအတွက်တော့ ဆာဟာရ ကန္တာရဟာစွန့်ပစ်နယ်မြေဖြစ်တယ်ဆိုပေမဲ့ လူ(၂)သန်းခွဲလောက်အတွက်တော့ မှီတင်းနေထိုင်ရာနေရာအဖြစ်ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။ သမိုင်းကြောင်းတွေမှာဆိုရင်လည်း ရှေးအီဂျစ်နဲ့ နူဘီးယားမျိုးနွယ်စု ဝင်တွေအပါအဝင် ဂါနာနဲ့မာလီအင်ပါယာတွေဟာဆိုရင် ဆာဟာရ ကန္တာရနေရာမှာပဲအခြေစိုက်နေထိုင်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ကန္တာရဒေသတွေမှာနေ ထိုင်ကြသူတွေကတော့ ရာသီဥတုအခြေအနေကိုလိုက်ပြီးနေထိုင်ကြတဲ့ Nomadic လူမျိုးစုတွေဖြစ်ပါတယ်။

ယင်းမျိုးနွယ်စုတွေဟာ အိုအေစစ်လိုရေသယံ ဇာတပေါများတဲ့နေရာတွေမှာ အခြေချနေထိုင်ကြတာဖြစ်ပါတယ်။ လက်ရှိ ဆာဟာရ ကန္တာရမှာနေထိုင်သူတွေကတော့အာရပ်နဲ့ ဘာဘာ(Berbers) တွေပဲ ဖြစ်ပါတယ်။အာရပ်တွေကတော့အာရေဗီဘာသာစကားကိုပြောဆိုကြတာဖြစ်ပြီး Amazighs လို့သိကြတဲ့ ဘာဘာတွေကတော့ Afro-Asiatic ဘာသာကနေဆင်းသက် လာတဲ့ Berber ဘာသာစကားကိုပြောဆိုကြပါတယ်။ ကိုးကွယ်ယုံကြည်မှုပိုင်းမှာတော့ ဆာဟာရ ကန္တာရဒေသဟာ အစ္စလာမ်ယဉ်ကျေးမှုရဲ့ အရေးပါတဲ့မြို့တမြို့ဖြစ်တဲ့ Timbuktu မြို့တည်ရှိနေတာနဲ့ အားလျော်စွာ နေထိုင်သူအားလုံးနီးပါး ဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ဆာဟာရ သဲကန္တာရအတွင်း၌ နေထိုင်သော လူများဟာ သိုး၊ ဆိတ်များ မွေးမြူ၍သော်လည်းကောင်း၊ အိုအေစစ်များ၌ ဂျုံ၊ ပြောင်းစသော ကောက်ပဲသီးနှံများ စိုက်ပျိုး၍သော်လည်းကောင်း အသက်မွေးကြပါတယ်။

ဆာဟာရ ကန္တာရဟာဘယ်လိုရာသီဥတုမျိုးလဲ

နေရာအပိုင်းအလိုက်ကွဲပြားမှုတွေရှိပါတယ်။ ကန္တာရရဲ့မြောက်ဘက်စွန်းပိုင်းတွေဟာဆိုရင် ခြောက်သွေ့တဲ့ အပူလျော့ပိုင်းရာသီဥတုကိုပိုင်ဆိုင်ပြီး တောင်ဘက်ပိုင်းကတော့ အပူပိုင်း ရာသီဥတုအခြေအနေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဆာဟာရရဲ့မြောက်ဘက် စွန်းဒေသတွေဟာ နွေရာသီမှာဆိုရင် အပူချိန်ပြင်းထန်ပြီး ဆောင်းရာသီမှာတော့ ညအချိန်မှာ အအေးပြင်းထန်ပါတယ်။တောင်ဘက်ပိုင်းကတော့ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု သီးသန့်ကိုပိုင်ဆိုင်ထားတာကိုလည်းတွေ့ရပါတယ်။

ဆာဟာရသဲကန္တာရကြီးဟာ နေ့အခါ၌ တခါတရံ ဖာရင်ဟိုက်ဒီဂရီ ၁၅ဝ ကျော်အထိ ပူပြင်းတတ်ပြီး ညအခါ၌မူ လွန်လွန်ကဲကဲအေး၍ အပူချိန် ရေခဲမှတ်အောက်ကျဆင်းတတ်ပြန်ပါတယ်။ အများစုထင်သလို ဆာဟာရဟာ ၁၂ရာသီပတ်လုံးပူပြင်းခြောက်သွေ့နေတာမျိုးတော့ မဟုတ်ပဲ ဆာဟာရ ကန္တာရ မြောက်ပိုင်းမှာနှင်းတွေကျတာကိုမြင်နိုင်ပြီး ပုံမှန်မိုးရေချိန်လက်မ(၃)လက်မအထိရွာ သွန်းပြီး တခါတရံမှာဆိုရင်မိုးကြိုးမုန်တိုင်းတွေပါဖြစ်ပေါ်လေ့ရှိပါတယ်။ သဲကန္တာရဲ့ တဝက်ဟာ နှစ်စဉ်မိုးရေချိန် ဝ.၇၉လက်မ ရရှိပြီး ကျန်အပိုင်းများမှာ ၃.၉လက်မ အထိရရှိတတ်ပါတယ်။

ဆာဟာရ မြောက်ပိုင်းဟာဆိုရင် သဲမုန်တိုင်းအများစုကျရောက်ဖြစ်ပေါ်လေ့ရှိတာကိုလည်း တွေ့မြင်ရပါပြီးရာသီဥတုပြောင်းလဲခြင်းတွေပဲ ဆာဟာရ ကန္တာရကိုပိုမိုကျယ်ပြန့်လာစေတာ လည်းဖြစ်ပါတယ်။ သဲကန္တာရလို့ ဆိုပေမယ့် သဲချည်းသာရှိနေတာ မဟုတ်ပဲ ကျောက်စရစ်ခဲလွင်ပြင် ၊ ကျောက်တုံးတောင် ၊ ဆားပြင် ၊ သဲကုန်းပြင်မြင့်များ ၊ မြစ်များ ၊ စမ်းချောင်းများ နှင့် အိုအေစစ်များလည်းပါဝင်ပါတယ်။ ဆာဟာရမှာရှိတဲ့ စမ်းချောင်းနဲ့ မြစ်တွေကတော့ ရာသီဥတုအလိုက်သာ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဆာဟာရ ကန္တာရရဲ့ထွက်ကုန်တွေကဘာတွေလဲ

ဆာဟာရကန္တာရရဲ့ အနည်းငယ်သော ဒေသမှာတော့ စက်မှုကမ္ဘာရဲ့သည်းခြေကြိုက် ရေနံ၊သဘာဝဓာတ်ငွေ့၊သတ္ထုတွင်းထွက်တွေ ထွက်ရှိပါတယ်။ ဒေသရဲ့ရေနံသိုက်အများစုကတော့ အီဂျစ်နိုင်ငံအနောက်ဘက်ပိုင်းနယ်မြေ၊လစ်ဗျား အရှေ့မြောက်ဘက်ပိုင်း၊အယ်ဂျီးရီးယားအရှေမြောက်ပိုင်းနေရာတွေမှာ များစွာသောသဘာဝဓာတ်ငွေ့သိုက်ကြီးတွေနဲ့တည်ရှိနေတာဖြစ်ပါတယ်။ ဆာဟာရ ရဲ့တွင်း ထွက်ပစ္စည်းတွေကတော့ သံ၊ကြေးနီနဲ့ယူရေနီယံသတ္ထုတွေပဲဖြစ်ပါတယ်။

ဆာဟာရဟာ အမြဲတမ်း သဲကန္တာရတခုအဖြစ်ပဲ ရှိနေခဲ့တာလား

လေ့လာသူတွေရဲ့တွေ့ရှိချက်မှာတော့ ဆာဟာရ ကန္တာရဟာဆိုရင် ယခင်နှစ်များ စွာအကြာက ယခုလိုကျယ်ပြောတဲ့ကန္တာရဒေသတော့မဟုတ်ခဲ့ပါဘူး။ အမေရိကန်ပြည် ထောင်စုအခြေစိုက် (MIT) နည်းပညာတက္ကသိုလ်ရဲ့လေ့လာမှုတွေအရဆိုရင် ဆာဟာရ ကန္တာရဟာလွန်ခဲ့တဲ့နှစ်(၂၀၀၀၀)ကာလကတော့ ပူနွေး၊စိုစွတ်တဲ့ရာသီဥတုအခြေအနေ အမြဲလိုလိုရှိနေခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ ယင်းကနှစ်ပေါင်း(၁၄၀၀၀)လောက်ကို ဖြတ်သန်းပြီးချိန်မှာတော့ ဆီနှင်းတွေထူကဲစွာကျရောက်လေ့ရှိတဲ့ ကျယ်ပြန်တဲ့ မြက်ခင်းစိမ်းလွင်ပြင်ကျယ်ကြီးတခုဖြစ်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါအပြင် သမိုင်းမတင်မီခေတ်ကာလက ပန်းချီတွေ၊ ပန်းပုလက်ရာ တွေကိုလည်း ကန္တာရအတွင်းကနေတူးဖော်ရရှိခဲ့တာကိုကြည့်ခြင်းအားဖြင့်လည်း ယင်းနေရာဟာသစ်တောသစ်ပင်များစွာပေါက်ရောက်ပြီး ဆင်၊ သစ်ကုလားအုတ်၊ ရေမြင်းစတဲ့သတ္တဝါတွေနေထိုင်ခဲ့တဲ့ တောနက်ကြီးတခုဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေ ဘက်ကခန့်မှန်းထားကြတာမျိုးတွေလည်းရှိနေပါတယ်။ အဓိကအချက်ကတော့ရာသီဥတုဆိုင်ရာ ပြောင်းလဲခြင်းတွေကနေပဲ ဆာဟာရ ကန္တာရရဲ့မြေပြင်အနေအထားကို သက်ရောက်မှုအားကြီးခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူတွေကတော့ ကမ္ဘာဂြိုလ်ပတ်လမ်း လှုပ်ခါမှုကြောင့်(သို့မဟုတ်) အခါအားလျော်စွာဖြစ်ပွားတတ်တဲ့ကမ္ဘာရာသီဥတုအပိုင်းအခြားကြောင့် ဆာဟာရ ကန္တာရအတွင်းသက်ရောက်မှုအားကောင်းတဲ့ပြောင်းလဲမှု အခြေအနေကို နှစ်ကာလတွေအလိုက်ပြောင်းလဲဖြစ်တည်ခဲ့တာလို့ယုံကြည်ကြပါတယ်။ ဒီကန္တာရကြီးဟာ အေဒီ ၁၇၀၀၀ ဝန်းကျင်မှာ တဖန်ပြန်လည်စိမ်းလန်းတဲ့ နေရာတခု ဖြစ်လာဦးမှာလို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

——- —– ————

(Zawgyi)

ဆာဟာရ သဲကႏၲာရႀကီးရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား

ေရးသားသူ – ေအာင္ေကာင္းထက္(GAD)

ကြၽန္ေတာ္တို႔အမ်ားစုက ဆာဟာရသဲကႏၲာရကို ကမာၻေပၚမွာ အႀကီးဆုံးကႏၲာရလို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ဆာဟာရ သဲကႏၲာရဟာ ကမာၻေပၚမွာ တတိယအႀကီးဆုံးကႏၲာရသာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ကႏၲာရဆိုတာ ၾကမ္းတမ္းခက္ခဲတဲ့ပတ္ဝန္းက်င္အေနအထား မိုးနည္းပါးျခင္း နဲ႔ အပင္ သတၱဝါေတြ ရွင္သန္ေနထိုင္ဖို႔ အလြန္ခက္ခဲတဲ့ ေနရာလို႔ သတ္မွတ္ထားတာေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻေပၚမွာ အႀကီးဆုံးကႏၲာရေတြက အေအးပိုင္းကႏၲာရေတြျဖစ္တဲ့ အႏၲာတိက ကႏၲာရ နဲ႔ အာတိတ္ကႏၲာရတို႔ပဲျဖစ္ပါတယ္။

ကႏၲာရေတြထဲမွာ တတိယဧရိယာအႀကီးဆုံးျဖစ္တဲ့ ဆာဟာရကေတာ့ အပူပိုင္းသဲကႏၲာရေတြထဲမွာေတာ့ ကမာၻေပၚမွာ အႀကီးဆုံးျဖစ္ပါတယ္။ လူဦးေရ (၂.၅)သန္းေလာက္ဟာ ဆာဟာရ ကႏၲာရကိုသူတို႔ရဲ႕ရွင္သန္ရာ ေနရာအျဖစ္မွတ္ယူထားၾကပါတယ္။ တခ်ိန္တခါတုန္းကေတာ့ ဆာဟာရ ကႏၲာရဟာ အလြန္က်ယ္ေျပာတဲ့ျမက္ခင္းစိမ္း လြင္ျပင္ႀကီးျဖစ္ခဲ့ပါတယ္။ ယေန႔ကာလမွာဆိုရင္လည္း ဆာဟာရ ကႏၲာရဟာ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေတြ ေၾကာင့္အရင္ကထက္ကို ပိုမိုက်ယ္ဝန္းလို႔လာခဲ့ျပန္ပါတယ္။

ဆာဟာရ သဲကႏၲာရဟာဆိုရင္ အာဖရိကတိုက္ေျမာက္ဘက္ပိုင္းမွာတည္ရွိၿပီး ကမာၻ႔အႀကီးဆုံးေသာ ကႏၲာရေဒသတခုအျဖစ္ ရွိေနပါတယ္။ ကမာၻေပၚက အျခားေသာ သဲကႏၲာရေတြ လိုပဲ ဆာဟာရ ကႏၲာရဟာဆိုရင္ သက္ရွိေတြရွင္သန္ေနထိုင္ဖို႔ အလြန္ခက္ခဲကာ ျပင္းထန္တဲ့ရာသီဥတုအေျခအေနဟာ တူညီစြာရွိလို႔ေနတာျဖစ္ၿပီး ေနရာကိုလိုက္ကာ ေျပာင္းလဲမႈအေျခအေနေတြကိုေတာ့ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ဒီတခါ မွ်ေဝေပးခ်င္တာကေတာ့ ဆာဟာရ သဲကႏၲာရႀကီးရဲ႕ အခ်က္အလက္အခ်ိဳ႕ပဲျဖစ္ပါတယ္။

ဆာဟာရ ကႏၲာရ လို႔ဘာေၾကာင့္ေခၚဆိုတာလဲ

ဆာဟာရ (Sahara)ဆိုတဲ့စကားလုံးဟာ အာေရဗီစကား Sahra ကေန ဆင္းသက္လာခဲ့ၿပီး Great Desert မဟာသဲကႏၲာရႀကီး လို႔ အဓိပၸါယ္ရပါတယ္။

ဆာဟာရက ဘယ္ေလာက္က်ယ္သလဲ

ဆာဟာရကႏၲာရႀကီးဟာ အလ်ား ၃၂၀၀ မိုင္ နဲ႔ အနံ ၁၁၀၀ မိုင္ ရွိၿပီး ဧရိယာကေတာ့ စတုရန္းမိုင္ေပါင္း ၃.၆သန္းခန႔္ရွိေနၿပီး ဥေရာပတိုက္ရဲ႕အက်ယ္အဝန္းနီးပါးေလာက္(စတုရန္းမိုင္ ၃သိန္းေက်ာ္နည္း) ကို ရွိေနတာျဖစ္ပါတယ္။ ဆာဟာရ သဲကႏၲာရေဒသမွာ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံပါဝင္ေနၿပီး အဲဒါေတြကေတာ့ အယ္လ္ဂ်ီးရီးယား ၊ ခ်က္ဒ္ ၊ အီဂ်စ္ ၊ လစ္ဗ်ား ၊ မာလီ ၊ ေမာ္ရီေတးနီးယား ၊ ေမာ္႐ိုကို ၊ နီဂါ ၊ အေနာက္ဆာဟာရ ၊ ဆူဒန္ နဲ႔ တူနီးရွားႏိုင္ငံေတြျဖစ္ပါတယ္။

ဆာဟာရ ကႏၲာရ(Sahara)ရဲ႕သက္တမ္းကဘယ္ေလာက္ရွိၿပီလဲ

ပညာရွင္အခ်ိဳ႕ကေတာ့ဆာဟာရ ကႏၲာရရဲ႕သက္တမ္းဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၂)သန္းကေန(၃)သန္းအၾကား ကာလျဖစ္မယ္လို႔ေျပာဆိုသတ္မွတ္မႈေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ (၂၀၀၆)ခုႏွစ္ကေတာ့ အာဖရိကတိုက္ ခ်က္ဒ္ႏိုင္ငံမွာေတြ႕ရတဲ့ သဲေတာင္ပူစာ(သဲခုံ)ေတြကို ေလ့လာမႈေတြအရေတာ့ဆာဟာရ ကႏၲာရဟာဆိုရင္ Miocene Epoch ကာလျဖစ္တဲ့ လြန္ခဲ့တဲႏွစ္(၅.၃)သန္းကေန(၂၃)သန္းၾကားကာလမွာျဖစ္ေပၚလာခဲ့တယ္ လို႔ ေလ့လာသူ ပညာရွင္ေတြက ယုံၾကည္ထားၾကပါတယ္။

ဆာဟာရ ကႏၲာရမွာဘယ္သူေတြေနထိုင္ၾကသလဲ

ဆာဟာရ ဟာဆိုရင္ လူသားေတြအတြက္ေတာ့ အေျခမခ်သင္တဲ့ေနရာျဖစ္ပါတယ္။ ရာသီဥတုအလြန္ကိုၾကမ္းတမ္းသလို ေျမေပၚ သယံဇာတထြက္ရွိမႈ လုံးဝကိုနည္းပါးပါတယ္။ လူသားေတြ အတြက္ဘယ္လိုေနထိုင္မႈမ်ိဳးကိုမဆို အဆင္ေျပဖို႔မလြယ္ကူႏိုင္ပါဘူး။ ကႏၲာရေပါက္ပင္အခ်ိဳ႕ကေတာ့ ျပင္းထန္တဲ့ႏွင္းစက္ေတြ၊ျပင္းထန္စြာ႐ြာသြန္းတတ္ေလ့ရွိတဲ့မိုးေရေတြ အၾကားမွာပဲ ရက္သတၱပတ္အတြင္းရွင္သန္ေပါက္ပြားၾကပါတယ္။ ကြဲျပားတဲ့ အပင္မ်ိဳးစိတ္ေတြျဖစ္တဲ့ သံလြင္ပင္နဲ႔ ေက်ာက္ပန္းပင္လိုမ်ိဳးအပင္ေတြကိုလည္း ဆာဟာရ ကႏၲာရအတြင္းျမင္ေတြ႕ႏိုင္ပါတယ္။

ယင္းကႏၲာရကိုပဲမွီတင္းေနထိုင္ၾကတဲ့ တိရိစာၦန္မ်ိဳးစိတ္အခ်ိဳ႕လည္းရွိေနပါတယ္။ ယင္းသတၱဝါေတြကေတာ့ ကုလားအုတ္ ၊ ေတာဆိတ္ ၊ Docras ဒရယ္ ၊ ကင္းၿမီးေကာက္ ၊ ငွက္ကုလားအုတ္ ၊ ပုတ္သင္ညိဳ ၊ ကႏၲာရေျမေခြး ၊ သုိး ၊ ဟုိင္အီးနား ၊ ကႏၱာရျဖဴး ၊ jerboa(ႂကြက္ႏွင့္တူၿပီးေျခလက္ ၂ေခ်ာင္းသာ ပါသည့္အေကာင္ငယ္ေလး) နဲ႔ ေႁမြတုိ႔အျပင္ ကြဲျပားတဲ့ငွက္မ်ိဳး စိတ္ေပါင္း (၃၀၀)ေက်ာ္တုိ႔ ျဖစ္ပါတယ္။

လူသားအမ်ားစုအတြက္ေတာ့ ဆာဟာရ ကႏၲာရဟာစြန႔္ပစ္နယ္ေျမျဖစ္တယ္ဆိုေပမဲ့ လူ(၂)သန္းခြဲေလာက္အတြက္ေတာ့ မွီတင္းေနထိုင္ရာေနရာအျဖစ္ရွိေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။ သမိုင္းေၾကာင္းေတြမွာဆိုရင္လည္း ေရွးအီဂ်စ္နဲ႔ ႏူဘီးယားမ်ိဳးႏြယ္စု ဝင္ေတြအပါအဝင္ ဂါနာနဲ႔မာလီအင္ပါယာေတြဟာဆိုရင္ ဆာဟာရ ကႏၲာရေနရာမွာပဲအေျခစိုက္ေနထိုင္ခဲ့ၾကပါတယ္။ ယေန႔အခ်ိန္မွာေတာ့ကႏၲာရေဒသေတြမွာေန ထိုင္ၾကသူေတြကေတာ့ ရာသီဥတုအေျခအေနကိုလိုက္ၿပီးေနထိုင္ၾကတဲ့ Nomadic လူမ်ိဳးစုေတြျဖစ္ပါတယ္။

ယင္းမ်ိဳးႏြယ္စုေတြဟာ အိုေအစစ္လိုေရသယံ ဇာတေပါမ်ားတဲ့ေနရာေတြမွာ အေျခခ်ေနထိုင္ၾကတာျဖစ္ပါတယ္။ လက္ရွိ ဆာဟာရ ကႏၲာရမွာေနထိုင္သူေတြကေတာ့အာရပ္နဲ႔ ဘာဘာ(Berbers) ေတြပဲ ျဖစ္ပါတယ္။အာရပ္ေတြကေတာ့အာေရဗီဘာသာစကားကိုေျပာဆိုၾကတာျဖစ္ၿပီး Amazighs လို႔သိၾကတဲ့ ဘာဘာေတြကေတာ့ Afro-Asiatic ဘာသာကေနဆင္းသက္ လာတဲ့ Berber ဘာသာစကားကိုေျပာဆိုၾကပါတယ္။ ကိုးကြယ္ယုံၾကည္မႈပိုင္းမွာေတာ့ ဆာဟာရ ကႏၲာရေဒသဟာ အစၥလာမ္ယဥ္ေက်းမႈရဲ႕ အေရးပါတဲ့ၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ Timbuktu ၿမိဳ႕တည္ရွိေနတာနဲ႔ အားေလ်ာ္စြာ ေနထိုင္သူအားလုံးနီးပါး ဟာ အစၥလာမ္ဘာသာကို ကိုးကြယ္ယုံၾကည္ၾကပါတယ္။ ဆာဟာရ သဲကႏၲာရအတြင္း၌ ေနထိုင္ေသာ လူမ်ားဟာ သိုး၊ ဆိတ္မ်ား ေမြးျမဴ၍ေသာ္လည္းေကာင္း၊ အိုေအစစ္မ်ား၌ ဂ်ဳံ၊ ေျပာင္းစေသာ ေကာက္ပဲသီးႏွံမ်ား စိုက္ပ်ိဳး၍ေသာ္လည္းေကာင္း အသက္ေမြးၾကပါတယ္။

ဆာဟာရ ကႏၲာရဟာဘယ္လိုရာသီဥတုမ်ိဳးလဲ

ေနရာအပိုင္းအလိုက္ကြဲျပားမႈေတြရွိပါတယ္။ ကႏၲာရရဲ႕ေျမာက္ဘက္စြန္းပိုင္းေတြဟာဆိုရင္ ေျခာက္ေသြ႕တဲ့ အပူေလ်ာ့ပိုင္းရာသီဥတုကိုပိုင္ဆိုင္ၿပီး ေတာင္ဘက္ပိုင္းကေတာ့ အပူပိုင္း ရာသီဥတုအေျခအေနကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ဆာဟာရရဲ႕ေျမာက္ဘက္ စြန္းေဒသေတြဟာ ေႏြရာသီမွာဆိုရင္ အပူခ်ိန္ျပင္းထန္ၿပီး ေဆာင္းရာသီမွာေတာ့ ညအခ်ိန္မွာ အေအးျပင္းထန္ပါတယ္။ေတာင္ဘက္ပိုင္းကေတာ့ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတု သီးသန႔္ကိုပိုင္ဆိုင္ထားတာကိုလည္းေတြ႕ရပါတယ္။

ဆာဟာရသဲကႏၲာရႀကီးဟာ ေန႔အခါ၌ တခါတရံ ဖာရင္ဟိုက္ဒီဂရီ ၁၅ဝ ေက်ာ္အထိ ပူျပင္းတတ္ၿပီး ညအခါ၌မူ လြန္လြန္ကဲကဲေအး၍ အပူခ်ိန္ ေရခဲမွတ္ေအာက္က်ဆင္းတတ္ျပန္ပါတယ္။ အမ်ားစုထင္သလို ဆာဟာရဟာ ၁၂ရာသီပတ္လုံးပူျပင္းေျခာက္ေသြ႕ေနတာမ်ိဳးေတာ့ မဟုတ္ပဲ ဆာဟာရ ကႏၲာရ ေျမာက္ပိုင္းမွာႏွင္းေတြက်တာကိုျမင္ႏိုင္ၿပီး ပုံမွန္မိုးေရခ်ိန္လက္မ(၃)လက္မအထိ႐ြာ သြန္းၿပီး တခါတရံမွာဆိုရင္မိုးႀကိဳးမုန္တိုင္းေတြပါျဖစ္ေပၚေလ့ရွိပါတယ္။ သဲကႏၲာရဲ႕ တဝက္ဟာ ႏွစ္စဥ္မိုးေရခ်ိန္ ဝ.၇၉လက္မ ရရွိၿပီး က်န္အပိုင္းမ်ားမွာ ၃.၉လက္မ အထိရရွိတတ္ပါတယ္။

ဆာဟာရ ေျမာက္ပိုင္းဟာဆိုရင္ သဲမုန္တိုင္းအမ်ားစုက်ေရာက္ျဖစ္ေပၚေလ့ရွိတာကိုလည္း ေတြ႕ျမင္ရပါၿပီးရာသီဥတုေျပာင္းလဲျခင္းေတြပဲ ဆာဟာရ ကႏၲာရကိုပိုမိုက်ယ္ျပန႔္လာေစတာ လည္းျဖစ္ပါတယ္။ သဲကႏၲာရလို႔ ဆိုေပမယ့္ သဲခ်ည္းသာရွိေနတာ မဟုတ္ပဲ ေက်ာက္စရစ္ခဲလြင္ျပင္ ၊ ေက်ာက္တုံးေတာင္ ၊ ဆားျပင္ ၊ သဲကုန္းျပင္ျမင့္မ်ား ၊ ျမစ္မ်ား ၊ စမ္းေခ်ာင္းမ်ား ႏွင့္ အိုေအစစ္မ်ားလည္းပါဝင္ပါတယ္။ ဆာဟာရမွာရွိတဲ့ စမ္းေခ်ာင္းနဲ႔ ျမစ္ေတြကေတာ့ ရာသီဥတုအလိုက္သာ ျဖစ္ေပၚေလ့ရွိပါတယ္။

ဆာဟာရ ကႏၲာရရဲ႕ထြက္ကုန္ေတြကဘာေတြလဲ

ဆာဟာရကႏၲာရရဲ႕ အနည္းငယ္ေသာ ေဒသမွာေတာ့ စက္မႈကမာၻရဲ႕သည္းေျခႀကိဳက္ ေရနံ၊သဘာဝဓာတ္ေငြ႕၊သတၳဳတြင္းထြက္ေတြ ထြက္ရွိပါတယ္။ ေဒသရဲ႕ေရနံသိုက္အမ်ားစုကေတာ့ အီဂ်စ္ႏိုင္ငံအေနာက္ဘက္ပိုင္းနယ္ေျမ၊လစ္ဗ်ား အေရွ႕ေျမာက္ဘက္ပိုင္း၊အယ္ဂ်ီးရီးယားအေရွေျမာက္ပိုင္းေနရာေတြမွာ မ်ားစြာေသာသဘာဝဓာတ္ေငြ႕သိုက္ႀကီးေတြနဲ႔တည္ရွိေနတာျဖစ္ပါတယ္။ ဆာဟာရ ရဲ႕တြင္း ထြက္ပစၥည္းေတြကေတာ့ သံ၊ေၾကးနီနဲ႔ယူေရနီယံသတၳဳေတြပဲျဖစ္ပါတယ္။

ဆာဟာရဟာ အၿမဲတမ္း သဲကႏၲာရတခုအျဖစ္ပဲ ရွိေနခဲ့တာလား

ေလ့လာသူေတြရဲ႕ေတြ႕ရွိခ်က္မွာေတာ့ ဆာဟာရ ကႏၲာရဟာဆိုရင္ ယခင္ႏွစ္မ်ား စြာအၾကာက ယခုလိုက်ယ္ေျပာတဲ့ကႏၲာရေဒသေတာ့မဟုတ္ခဲ့ပါဘူး။ အေမရိကန္ျပည္ ေထာင္စုအေျခစိုက္ (MIT) နည္းပညာတကၠသိုလ္ရဲ႕ေလ့လာမႈေတြအရဆိုရင္ ဆာဟာရ ကႏၲာရဟာလြန္ခဲ့တဲ့ႏွစ္(၂၀၀၀၀)ကာလကေတာ့ ပူေႏြး၊စိုစြတ္တဲ့ရာသီဥတုအေျခအေန အၿမဲလိုလိုရွိေနခဲ့တဲ့ေနရာျဖစ္တယ္လို႔သိရပါတယ္။ ယင္းကႏွစ္ေပါင္း(၁၄၀၀၀)ေလာက္ကို ျဖတ္သန္းၿပီးခ်ိန္မွာေတာ့ ဆီႏွင္းေတြထူကဲစြာက်ေရာက္ေလ့ရွိတဲ့ က်ယ္ျပန္တဲ့ ျမက္ခင္းစိမ္းလြင္ျပင္က်ယ္ႀကီးတခုျဖစ္ခဲ့တယ္လို႔ ယူဆခဲ့ၾကပါတယ္။

ဒါအျပင္ သမိုင္းမတင္မီေခတ္ကာလက ပန္းခ်ီေတြ၊ ပန္းပုလက္ရာ ေတြကိုလည္း ကႏၲာရအတြင္းကေနတူးေဖာ္ရရွိခဲ့တာကိုၾကည့္ျခင္းအားျဖင့္လည္း ယင္းေနရာဟာသစ္ေတာသစ္ပင္မ်ားစြာေပါက္ေရာက္ၿပီး ဆင္၊ သစ္ကုလားအုတ္၊ ေရျမင္းစတဲ့သတၱဝါေတြေနထိုင္ခဲ့တဲ့ ေတာနက္ႀကီးတခုျဖစ္ႏိုင္တယ္လို႔လည္း ပညာရွင္ေတြ ဘက္ကခန႔္မွန္းထားၾကတာမ်ိဳးေတြလည္းရွိေနပါတယ္။ အဓိကအခ်က္ကေတာ့ရာသီဥတုဆိုင္ရာ ေျပာင္းလဲျခင္းေတြကေနပဲ ဆာဟာရ ကႏၲာရရဲ႕ေျမျပင္အေနအထားကို သက္ေရာက္မႈအားႀကီးခဲ့တာျဖစ္ၿပီး ကြၽမ္းက်င္သူေတြကေတာ့ ကမာၻၿဂိဳလ္ပတ္လမ္း လႈပ္ခါမႈေၾကာင့္(သို႔မဟုတ္) အခါအားေလ်ာ္စြာျဖစ္ပြားတတ္တဲ့ကမာၻရာသီဥတုအပိုင္းအျခားေၾကာင့္ ဆာဟာရ ကႏၲာရအတြင္းသက္ေရာက္မႈအားေကာင္းတဲ့ေျပာင္းလဲမႈ အေျခအေနကို ႏွစ္ကာလေတြအလိုက္ေျပာင္းလဲျဖစ္တည္ခဲ့တာလို႔ယုံၾကည္ၾကပါတယ္။ ဒီကႏၲာရႀကီးဟာ ေအဒီ ၁၇၀၀၀ ဝန္းက်င္မွာ တဖန္ျပန္လည္စိမ္းလန္းတဲ့ ေနရာတခု ျဖစ္လာဦးမွာလို႔ ပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

Tags: world knowledge
Next Post
ဂရင်းနစ် နဲ့ ဂင်းနစ် အကြောင်း

ဂရင်းနစ် နဲ့ ဂင်းနစ် အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!