Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆရာကြီး ပဒေသာတင် ပြောတဲ့ အာကာသဆိုင်ရာ ဆေးပညာ

by Thutamm
August 17, 2019
Reading Time: 1min read
0
ဆရာကြီး ပဒေသာတင် ပြောတဲ့ အာကာသဆိုင်ရာ ဆေးပညာ
Share on FacebookShare on Twitter

VOA Burmese သိပ္ပံနဲ့နည်းပညာကဏ္ဍ

အမေရိကန်နဲ့ ဥရောပ အပါအဝင် နိုင်ငံတကာ အာကာသနဲ့ လေကြောင်းဆိုင်ရာ စူးစမ်းလေ့လာတဲ့ ဌာနတွေဟာ ဒုံးပျံလွှတ်တင်ရုံတင် မဟုတ်ပဲ လာမယ့် ဆယ်စုနှစ်လောက်အတွင်း အာကာသ ခရီးရှည် သွားဖို့အတွက်ပါ ပြင်ဆင်နေကြတာဖြစ်ပြီး ဒီအထဲမှာ အာကာသခရီးအတွက် လိုအပ်မယ့် ကျန်းမာရေး ဆိုင်ရာ ကြိုတင်ပြင်ဆင်တဲ့ space medicine အာကာသဆေးပညာရပ်လည်း ပါဝင်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“၂၀၁၈ မနှစ်က နှစ်ကုန်လောက်မှာ အင်္ဂါဂြိုဟ်သွားမယ့် အာကာသ ယာဉ်မှုးတွေအတွက် လေ့လာတဲ့အခါမှာ ဘာပြဿနာတခု ထပ်ပေါ်လာသလဲ ဆိုတော့ အစာအိမ် လမ်းကြောင်း အူနံရံ တစ်ရှုးတွေပျက်စီးတာရယ်၊ ဦးနှောက်ချို့ယွင်းတာ၊ ရောဂါဘယကြောင့် အသေစောမယ် ဆိုတဲ့ဟာကို သူတို့ သေသေချာချာ စပြီးတော့ တွေ့လာရတယ်။ ဒါမနှစ်က နှစ်မကုန်ခင် ကစတွေ့တာပါ။”

ကမ္ဘာ့လေထုထဲ နေသားကျနေတဲ့ လူ့ခန္ဓာကိုယ်ဟာ အာကာသထဲမှာ ဘယ်လို ပြောင်းလဲမှုတွေ ကြုံရနိုင်ပါသလဲ။

ဒေါက်တာပဒေသာတင်။ ။“သိသာတဲ့ အချက်ကတော့ ကမ္ဘာပေါ်မှာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဥပမာအားဖြင့် ရေဓါတ်ပေါ့။ ရေဓါတ်က ၈၀- ၉၀ % လောက်ရှိတဲ့ဟာပါ။ တကိုယ်လုံးကို ကမ္ဘာပေါ်မှာ ကမ္ဘာ့ဆွဲအားနဲ့ အညီမျှတစွာ ရှိနေအောင် သဘာဝက ကမ္ဘာ့ဆွဲအားနဲ့ ချိန်ပြီးတော့ထားပါတယ်။ အာကာသထဲ ရောက်သွားလို့ ကမ္ဘာ့ဆွဲအားလည်း မဲ့သွားရော အဲဒီ ရေဓါတ်ပမာဏက ကိုယ်ပေါ်မှာ မျှမျှတတ မရှိတော့ပဲနဲ့ ကိုယ်ရဲ့ အထက်ပိုင်းကို အဆမတန် တွန်းတင်လိုက်တယ်။ တွန်းတင်လိုက်တဲ့ အခါကျတော့ ဓါတ်ပုံရိုက်လိုက်လို့ ရှိရင် အာကာသ ယာဉ်မှုးတွေရဲ့ ပုံစံက ဘယ်လို ဖြစ်နေလဲ ဆိုရင် ကိုယ်ခန္ဓာ အထက်ပိုင်းက တော်တော်လေးကို ကြီးနေတာကို သွားတွေ့ရပါတယ်။ အဲဒီအခါမှာ ရောဂါတွေ ပေါ်လာပါတယ်။ ဥပမာအားဖြင့် နှလုံးသွေးလည်ပတ်မှု ပြောင်းတာ၊ နှလုံး ခုန်မှု ပြောင်းသွားတဲ့ဟာကို တွေ့လာပါတယ်။

နောက်ပြီးတော့ အာကာသ ယာဉ်ထဲမှာ မဟုတ်ပဲနဲ့ အာကာသ ယာဉ်ရဲ့ အပြင်ဘက်ကို ထွက်ပြီးတော့ အလုပ်လုပ်မယ် ဆိုလို့ရှိရင် အာကာသ ဝတ်စုံဝတ်ရပါတယ်။ အာကာသအပြင်ကို ထွက်လို့ရှိရင် အပြင်မှာက လေဖိအား လုံးဝ မရှိတဲ့ အတွက် ဒီအာကာသဝတ်စုံကို ဖိအား ပေးထားရပါတယ်။ အောက်ဆီဂျင် အပြည့်နဲ့ ပေးပါတယ်။ ကျနော်တို့ ကမ္ဘာပေါ်မှာ အသက်ရှုတဲ့ အခါမှာ ၈၀ % လောက်က နိုက်ထရိုဂျင် ပါပါတယ်။ အဲဒီတော့ ဘာလုပ်ပေးရသလဲ ဆိုရင် နိုက်ထရိုဂျင်ကို တဖြေးဖြေး လျှော့ပြီးတော့ အောက်ဆီဂျင်ကို တဖြေးဖြေးတင်ပေးရပါတယ်။ နေလို့ ရအောင် ဖြစ်သွားတဲ့ အခါမှာမှ အပြင်ထွက်ပြီး လမ်းလျှောက်ခိုင်းပါတယ်။ အာကာသ အပြင်ထဲကို။ အဲဒီလို ဖိအား ပြောင်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝ ပြောင်းလဲမှု ရုတ်တရက်ဖြစ်တာကြောင့် နာမကျန်းဖြစ်တာကို တွေ့ရပါတယ်။ baro trauma လို့ခေါ်ပါတယ်။ မျက်လုံးတဝိုက်မှာ နီရဲ ယောင်ရမ်းမှု ဖြစ်လာတဲ့ ရောဂါကို စပြီး တွေ့ရပါတယ်။”

အာကာသယာဉ်မှုးတွေမှာ ဖြစ်ပေါ်တဲ့ ရောဂါတွေကို ဆန်းစစ်ဖို့ လိုအပ်တဲ့စက်တွေ အတွက်ပါ သုတေသနလုပ်ပြီး တီထွင်ကြရတာဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“အာကာသယာဉ်မှုးတွေရဲ့ ကျန်းမာရေး ဆေးစစ်တဲ့ အခါလိုအပ်တဲ့ x-ray တို့ CT Scan တို့ Magnetic Resonance Imaging – MRI တို့လုပ်ဖို့ အဲဒီလောက် လေးပြီး ကြီးမားတဲ့ စက်တွေ အာကာသထဲထည့် ယူသွားလို့ မရတဲ့ အတွက် အခု အာကာသ ဆေးပညာရှင် တွေက ultrasound ပေါ့နော်။ အသံနဲ့ ပုံရိပ်ကို ဖမ်းတဲ့စက်နဲ့ တကိုယ်လုံးကို ရိုက်ပြီး လေ့လာရတဲ့ စက်ကို ယူသွားရပါတယ်။ ကမ္ဘာပေါ်မှာလည်း ဒီ ultrasound နဲ့ ခန္ဓာကိုယ်တွင်း လည်ပတ်နေတာကို ကြည့်နေကျပါ။ ဒါပေမယ့် အလွန်ကြည်လင် ပြတ်သားတဲ့ ပုံဖေါ်နိုင်တဲ့ ultrasound စက်ကို အခုတီထွင်နေပါတယ်။”

နောက်အာကာသထဲ ကြုံရတာ တခုက ကိုယ်ခံအား တဖြေးဖြေး နဲလာတာ ဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“Body Immune System ကိုယ်ခံအား လျော့သွားတာ ကိုလဲ တွေ့ရပါတယ်။ အပြည်ပြည် ဆိုင်ရာ အာကာသစခန်းမှာ ဘာကြောင့်ဖြစ်သလဲ ဆိုရင် ကမ္ဘာ့ဆွဲအား မရှိတဲ့ နေရာမှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တွေကို မွေးထုတ်လိုက်တဲ့ နှုန်းက ကမ္ဘာပေါ်မှ ာထက် အဆမတန် များတာကို တွေ့ရတယ်။ အဲဒီတော့ ကူးစက်ရောဂါ ဖြစ်မှုက ပိုပြီး မြန်လာ ပါလိမ့်မယ်။ အဲဒီ ဘက်တီးရီးယားက ရတဲ့ ရောဂါကို ကုဖို့ penicillin ပင်နယ်စလင် လို antibody ပဋိဇီဝဆေးလို ဆေးမျိုးက ရိုးရိုး ကမ္ဘာပေါ်မှာ သုံးတဲ့ ဆေးမျိုးနဲ့ မတိုးတော့ဘူး ဆိုတာကို သိလာတဲ့ အတွက် ပိုပြီးအစွမ်းထက်တဲ့ ဆေးတွေ၊ ကာကွယ်ဆေးတွေကို ကျနော်တို့ ရှာနေရ ပါတယ်။”

အာကာသခရီးရှည်သွားရင် နွမ်းနယ် နုံးချိလာရာက နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“ အာကာသယာဉ်မှုးတွေမှာ တွေ့ရလေ့ရှိတဲ့ နောက်တခုကတော့ fatigue ပေါ့။ လွယ်လွယ်နဲ့ ပင်ပမ်းနွမ်းနယ်တာပေါ့။ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲ ဆိုရင် ကမ္ဘာ့ဆွဲအား မရှိတော့ပဲနဲ့ ကိုယ်ရဲ့ ဟန်ချက် ပျောက်သွားတာမျိုးလည်း ပါပါတယ်။ ကမ္ဘာ့ဆွဲအား ရှိတဲ့အတွက် ကိုယ့်ဟန်ချက်နဲ့ ကိုယ် လမ်းလျှောက်ကြပါတယ်။ ဟိုမှာက ဟန်ချက် မရှိတော့ဘူး။ အဲဒီတော့ လေထဲမှာ မျောပြီးတော့သွားနေတဲ့အတွက် ဦးနှောက်တို့ နားတို့ သွေးလည်ပတ်မှုတို့ ဒုက္ခပေး ပြန်ပါတယ်။ အဲဒီတော့ ဒီပင်ပမ်း နွမ်းနယ်မှုကြောင့် ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို သူတို့ ပြန်ပြီး ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို လေ့လာတယ်။ circadian rhythm ပါ circle လည်ပတ်မှု ပြောင်းလဲ သွားတာကိုပြောပါတယ်။

အာကာသထဲ ရောက်သွားတဲ့အခါ နေ့တို့ ညတို့ မှောင်သွားတာတို့ လင်းလာတာတို့ မရှိတော့ပဲနဲ့ အာကာသစခန်းထဲမှာဆို ၂၄ နာရီမှာ ကမ္ဘာကို တပတ်လည်မယ့်အစား မိနစ် ၉၀ တိုင်းလည် နေတဲ့ အခါကျတော့၊ နေ့ည၊ ၂၄ နာရီ နေဝင်နေထွက်နဲ့ အမြဲတမ်း ချိန်ဆပြီးနေတဲ့ ကမ္ဘာပေါ်က လူတွေ အတွက်က ဇီဝပုံမှန်လည်ပတ်မှု ပြောင်းသွားတာပေါ့။ အဲဒီလိုပြောင်းသွားတဲ့အခါ အိပ်ရေးပျက်တာ၊ မောတာ၊ လွယ်လွယ်နဲ့ပင်ပမ်းတာ၊ အဲဒီရောဂါတွေဟာ အဲဒီမှာ စပြီး မြင်ရပါတယ်။”

အာကာသထဲမှာ အနေကြာရင် ဖြစ်လာနိုင်တဲ့ ရောဂါတခုက အရိုးပွရောဂါပါ။

ဒေါက်တာပဒေသာတင်။ ။“အာကာသထဲမှာ ၄ – ၅ လလောက် နေပြီးရင် အရိုးပွ ရောဂါဖြစ်လာတာ bone density ကို တိုင်းလို့ရပါတယ်။ ကမ္ဘာကို ပြန်ရောက်ပြီး မူလ အရိုးကျစ်လစ်မှု သဘာဝ အတိုင်း ပြန်ဖြစ်ဖို့ ၃ နှစ်လောက် စောင့်ယူရပါတယ်။ အဲဒါဘာကြောင့်လည်း ဆိုတာကို ခုထိ အဖြေရှာ လို့ မရသေးပါဘူး။ ဒါကြောင့် သူ့ကို အစားအသောက်ရော၊ မြန်နှုန်းမြင့် ကရိယာနဲ့ တကိုယ်လုံးကို နှိပ်ပေး တယ်။ အရိုးအဆစ်တွေ အားကောင်းတဲ့ ဆေးတွေကို အခု ရှာဖွေနေရ ပါတယ်။ ကြွက်သား တွေ သန်မာအောင် ဘယ်ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရမလဲ၊ ဘာဆေးဖေါ်ရမလဲဆိုတာတွေလည်း လေ့လာနေကြပါပြီ။”

အာကာသထဲ သွားသူတွေ အမြင်အာရုံချို့ယွင်းမှု ဘာကြောင့် ဖြစ်လာတာပါလဲ

ဒေါက်တာပဒေသာတင်။ ။“အာကာသထဲ ရောက်သွားတဲ့အခါ ကြွက်သားတွေ မသန်တဲ့ အခါ ကျတော့ မျက်လုံးအိမ် ဘေးက ထိန်းထားတဲ့ ကြွက်သားတွေက လျော့ရဲလာတဲ့ အခါ အမြင် မကြည်လင်တာကို တွေ့ရပါတယ်။ စြင်္ကာဝဌာမှာ သက်ရှိတွေကို ထိခိုက်စေတဲ့ ရောင်ခြည်တွေ ရှိပါတယ်။ ကမ္ဘာ့လေထု အိုဇုံးအလွှာတွေက သဘာဝအရ ဒီအန္တရာယ်တွေကို အကာကွယ်ပေး ထားပါတယ်။ ဒါပေမယ့် အာကာသထဲ ရောက်သွားရင် ဒီရောင်ခြည်တွေရဲ့ အကျိုးသက်ရောက်မှု ခံရပါတယ်။

၁၉၈၂ ခုနှစ်မှာ ဆိုဗီယက် အာကာသယာဉ်မှုးက ရက် ၂၀၀ ကျော် အာကာသထဲမှာ နေခဲ့တဲ့အခါ cataract မျက်လုံးတိမ်ဖြစ်ပြီးတော့ အမြင် ကွယ်လုနီးဖြစ်သွားတာ တွေ့ရပါတယ်။”

ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အလေးထားပြီး သုတေသနတွေ လုပ်နေကြတာပါ။

ဒေါက်တာပဒေသာတင်။ ။“အင်္ဂါဂြိုဟ်သွားမယ် ဆိုရင် သွားတာရယ်၊ ပြန်တာရယ်၊ နေတာနဲ့ ဆိုရင် ၄ နှစ်ခွဲ – ၅ နှစ်လောက် ကြာပြီး အာကာသယာဉ်မှာ တနေရာထဲမှာ အကြာကြီးနေရတဲ့အခါ စိတ်ဖေါက်ပြန်တာ မဖြစ်အောင် ဘယ်လို ဖန်တီးယူမလဲ ဆိုတာကို အာကာသ ဆေးပညာဆိုင်ရာ သုတေသန ပြုလုပ်မှုဟာ အလွန်အရေးပါတဲ့ အတွက် တကမ္ဘာလုံးမှာ ရှိတဲ့ အာကာသ အေဂျင်စီတွေက အရမ်းကို ကြိုးစားနေကြပါတယ်။ တချိန်ထဲမှာပဲ အာကာသ ဆေးဝါးဗေဒ၊ နောက် ကာကွယ်ဆေးတွေ၊ စိတ်ရောဂါကု ဆေးတွေကနေ ဆေးအသစ်တွေ ဖေါ်လာတဲ့အခါ လက်ရှိ နေ့စဉ် သုံးစွဲနေတဲ့ ကုသနေတဲ့ ဆေးပညာကို အတော်ကို အထောက်အကူ ပြုတယ် ဆိုတာကို တွေ့ရပါတယ်။”

အာကာသဆေးပညာဟာ အာကာသအတွက်သာမက ကမ္ဘာမြေပေါ်မှာ လက်တွေ့အသုံးဝင်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

မေးမြန်းသူ – ဒေါ်ခင်မျိုးသက် (VOA)
VOA Burmese News

Tags: science knowledge

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့
Amazing

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့

ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ...

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ
Knowledge

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ

အာကာသဝတ်စုံတွေကိုတော့ ဆွဲအားမရှိတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေဟာ အန္တရာယ်ကင်းစွာ အသင်ရှင်နိုင်ဖို့ ဝတ်ဆင်ကြရပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ လေဟာနယ်မှာ အသက်ရှုစေဖို့ နဲ့ သင်တော်တဲ့အပူချိန်ကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အာကာသဝတ်စုံတွေကို နိုင်ငံတကာ အာကာသစခန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာမြင့်...

Next Post
ကမ္ဘာအရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံးဒင်္ဂါး ၁၀ မျိုး

ကမ္ဘာအရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံးဒင်္ဂါး ၁၀ မျိုး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!