Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆန်မာရီနို နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
ဆန်မာရီနို နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဆန်မာရီနိုနိုင်ငံဟာ ဗာတီကန်စီစတီးလိုပဲ အီတလီနိုင်ငံအတွင်းမှာတည်ရှိနေတဲ့ နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ တောင်ထူထပ်တဲ့ဒေသဖြစ်ပြီး နာမည်ကျော်ကျွန်သူရဲ ကောင်း စပါတာကတ်ရောမစစ်တပ်ကို အခြေချတော်လှန်ခဲ့တဲ့ Apennine တောင်ရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိတဲ့ Italian ကျွန်းဆွယ်မှာတည်ရှိပါတယ်။ ဆန်မာရီနိုနိုင်ငံ ရဲ့တရားဝင်အမည်ကတော့ ဆန်မာရီနိုသမ္မတနိုင်ငံဖြစ်ပြီး ဒီနိုင်ငံရဲ့သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် အနေအထားကြောင့် လူသိများပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ တရား ဝင်ရုံးသုံးစာကတော့ အီတလီဘာသာစကားပဲဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာ ကောက်ခံတဲ့ စာရင်းတွေအရ ဆန်မာရီနိုနိုင်ငံရဲ့ လူဦးရေဟာ ၃၃၅၃၇ ဦးရှိပြီး လူဦးရေရဲ့ ၉၉%ဟာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါတယ်။ နိုင်ငံဧရိယာကတော့ ၂၄စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။ ဒါအပြင် ဆန်မာရီနိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အသေးဆုံးနိုင်ငံဖြစ်ပြီး ဥရောပမှာတော့ ဗာတီကန်စီးတီးနဲ့ မိုနာကို နိုင်ငံပြီးရင် တတိယမြောက် အသေးဆုံးနိုင်ငံဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ မြို့တော်အမည်ကို ဆန်မာရီနိုလို့ နိုင်ငံတကာက သိကြပြီး ဒေသခံတွေ ကတော့ Citta လို့ခေါ်ဆိုကြပါတယ်။

ဆန်မာရီနိုမြို့တော်ရဲ့ ထင်ရှားတဲ့နေရာကတော့ Palazzo Pubblico မြို့တော်ခမ်းမ ဖြစ်ြ်ပီး အစိုးရအဖွဲ့ ရုံးစိုက်ရာ အဆောက်အအုံလည်းဖြစ်ပါတယ်။ အဲဒီအဆောက်အအုံ ဒီဇိုင်းကိုတော့ ခေတ်သစ်ရောမနိုင်ငံသား၊ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Francesco Azzurri ကဒီဇိုင်းရေးဆွဲပေးခဲ့ပြီး (၁၈၈၄-၁၈၉၄)ခုနှစ်အတွင်း အပြီးဆောက်လုပ်ခဲ့ပါတယ်။

Basilica of the Saint ကိုတော့ (၁၈၂၆)ခုနှစ်အတွင်းကတည်ဆောက်ခဲ့တာဖြစ်ပြီး အီတလီနိုင်ငံ၊ ဘိုလော့နာမြို့က ဗိသုကာပညာရှင် Antonio Serra ကဒီဇိုင်းထုတ်ရေး ဆွဲပေးခဲ့ပါတယ်။ ယခုမြင်တွေ့ရတဲ့ အဆောက်အအုံဟာ (၅)ရာစုလောက်က ရောမခရစ်ယာန်ဘုရားရှိခိုး ကျောင်းပုံစံတည်ဆောက်ထားတဲ့ အဆောက်အအုံဟောင်းကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်ခဲ့တာ လည်းဖြစ်ပါတယ်။

Mounte Titano ကတော့ Apennines တောင်ရဲ့အဆက်တောင်တန်းဖြစ်ပြီး ဆန်မာရီနို နိုင်ငံရဲ့ အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။ အဲဒီတောင်ထိပ်ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း(၂၄၂၅)ပေအမြင့်ရှိပြီး မြို့တော် Citta အရှေပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။ ဆန်မာရီနို နိုင်ငံမှ ာမြေပြန့်လွင်ပြင်ဆိုတာ လုံးဝမရှိပဲ နေရာတိုင်း ဟာ တောင်ကုန်း၊တောင်တန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ San Marino သမိုင်းစင်တာ နဲ့ Titano တောင်ကို ၂၀၀၈ ခုနှစ်မှာတော့ UNESCO အဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ရမည့် ကမ္ဘာအမွေအနှစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသဟာ ၅၅ hectares (၁၃၆ ဧက) ကျယ်ဝန်းပြီး Mount Titano အပါအဝင်၊ (၁၃)ရာစု လောက် ကတည်းက မြို့ပြနိုင်ငံအဖြစ်တည်ဆောက်ခဲ့တဲ့ မြို့တော်ဟောင်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်၊ ထိန်းသိမ်းရာနေရာတွေလည်း ပါဝင်ပါတယ်။

ဆန်မာရီနိုနိုင်ငံရဲ့ အခြားကျော်ကြားတဲ့ နေရာကတော့ Monte Titanoရဲ့ တောင်ထိပ် သုံးခုပေါ်မှာတည်ဆောက်ထားတဲ့ မျှော်စင်သုံးခု(Three Tower of San Marino) ပဲ ဖြစ်ပါတယ်။ အဲဒီမျှော်စင်(၃)ခုကိုတော့ ဆန်မာရီနိုနိုင်ငံရဲ့အလံနဲ့ မျိုးနွယ်စုဆိုင်ရာ အဆောင်အယောင်တွေနဲ့ ခြယ်မှုန်းထားပါတယ်။ Guaita ကတော့ အဲဒီမျှော်စင်(၃)ခုအနက်က သက်တမ်းအရင့်ဆုံးနဲ့ အထင်ရှားဆုံး မျှော်စင်ဖြစ်ပါတယ်။ အဲဒီမျှော်စင်ကို (၁၁)ရာစုလောက်ကတည်းကတည်ဆောက်ခဲ့ ပြီး ထောင်အဖြစ် ခဏတာသုံးစွဲခဲ့ပါသေးတယ်။

Cesta ကတော့ Monte Titano ရဲ့ အမြင့်ဆုံးတောင်ထွတ်မှာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ (၁၃)ရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ရောမခံတပ် တစ်ခုအနေနဲ့လည်းထင်ရှားပါတယ်။ Montale ကတော့ မျှော်စင်(၃)ခုအနက် အငယ်ဆုံးဖြစ်ပြီး (၁၄)ရာစုအတွင်းက လူချမ်းသာတစ်ဦးက ကိုယ်ပိုင်အဆောက်အအုံအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ယခုချိန်ထိ ပုဂ္ဂလိက သာပိုင်ဆိုင်တာကြောင့် အခြားမျှော်စင်နှစ်ခုလို ဖွင့်လှစ်ပြသ ခြင်းတော့မရှိပါဘူး။

ဆန်မာရီနိုရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုကတော့ နေရာကျဉ်းကျဉ်းလေးတစ်ခု တည်းမှာ ရှေးဟောင်းကျောက်ဆစ်လက်ရာပေါင်း(၁၀၀)ကျော်နဲ့ အတူတည်ရှိနေတဲ့ Lady of Liberty ရုပ်တုဖြစ်ပြီး မြို့တော်ခန်းမရဲ့ အရှေဘက်မှာတည်ရှိပါတယ်။ အဲဒီရုပ်တုဟာ Monte Titano မှာရှိတဲ့ မျှော်စင်(၃)ခုကို ထိပ်ပိုင်းမှာ အသေးစားပုံဖော်ထားတဲ့ သရဖူကိုဆောင်းထားပါတယ်။

ဆန်မာရီနိုနိုင်ငံကိုရှေးအကျဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ အခြေခံဥပဒေ ကိုချမှတ်ခဲ့သူတွေကတော့ Monastic Community(ခရစ်ယာန်ဘုန်းတော်ကြီး အသိုင်း အဝိုင်း) ကနေချမှတ်ခဲ့တာဖြစ်ပြီး အေဒီ၃၀၁ ခုနှစ်၊ စက်တင်ဘာ(၃)ရက်နေ့အတည်ပြုခဲ့ တာဖြစ်တယ်လို့  Marinus of Arba က မှတ် တမ်းတင်ရေးထိုးထားခဲ့ပါတယ်။ ယင်းကာလကထုတ်ပြန်ခဲ့တဲ့ အခြေခံဥပဒေကို ယနေ့အချိန်ထိ ဆန်မာရီနိုနိုင်ငံမှာ ကျင့်သုံးလျက်ရှိနေပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးအုပ်ချုပ်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ခြင်း ကိုခံခဲ့ရပါတယ်။ (၁၆၀၀)ပြည့်နှစ်မှာတော့ အချို့သောခေတ်ကာလနဲ့ ကွဲလွဲတဲ့ ဥပဒေဆိုင်ရာ အဆိုပြုချက်တွေကို ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

ဆန်မာရီနိုနိုင်ငံဟာ တောင်တန်းဒေသဖြစ်တာနဲ့အညီ သံလွင်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင်၊ Ash(ငွေပြာရောင် အခေါက်ရှိတဲ့ သစ်ပင်ကြီးတစ်မျိုး) အပင်တွေကို သာတွေ့ရှိနိုင်ပါတယ်။  ဒါ့အပြင် ဆန်မာရီနိုရဲ့ တောင်တန်းတွေမှာ ပွေးသတ္တဝါ၊ ဖြူကောင်၊ မြေခွေး၊ badger (ဦးခေါင်းတွင်အနက်စင်းပါရှိပြီးညဘက်တွင် တွင်းတူးနေ ထိုင်လေ့ရှိတဲ့ နို့တိုက်သတ္တဝါတစ်မျိုး၊ ဖျံနီညို၊ hares လို့ခါ်တဲ့ တောယုန်အကောင်ကြီးမျိုး တွေရှင်သန်နေထိုင်ကြတာကိုလည်းတွေ့ရပါတယ်။ ဆန်မာရီနိုနိုင်ငံအတွင်းမှာ များစွာသောမြစ်ငယ်တွေ၊ ရေစီးကြောင်းတစ်လျောက် ဖြတ်သန်းစီးဆင်းနေတာကို လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။

Ausa၊ Marano၊နဲ့ ဆန်မာရီနို မြစ်တွေကတော့ ဒီနိုင်ငံရဲ့ထင်ရှားတဲ့ မြစ်တွေဖြစ်ကြပါတယ်။ ဆန်မာရီနိုင်ငံသားတွေကိုတော့ Sammarinese တွေလို့ခေါ်ဆိုကြပြီး အီတာလျံ အနွယ် ဝင်မျိုးဆွေတွေကပဲ ဆင်းသက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

Torta Tre Monti ဆိုတဲ့ရိုးရာအစားအစာကတော့ ဆန်မာရီနိုနိုင်ငံရဲ့ထင်ရှားတဲ့ Monte Titano တောင်ထိပ်က မျှော်စင်သုံးခုကိုရည်ရွယ်ပြီးပြုလုပ်ထားပါတယ်။ ဒီအစား အစာဟာ ဆန်မာရီနိုလူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်ပြီး ဝေဖာတွေကိုအသုံးပြုပြီး မျှော်စင်သဏ္ဍာန်ပြုလုပ်ထားပြီး ချောကလက်၊သစ်အယ်သီး၊ မလိုင်စတာတွေကို အချိုး ကျထည့်သွင်းပြီး စားချင်စဖွယ် ကိတ်တစ်ခုအသွင်ဖန်တီးထားတာပါ။

ဆန်မာရီနိုနိုင်ငံရဲ့ GDP ကတော့ နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ တစ်နှစ်ကို ပျှမ်းမျှအမေရိကန် ဒေါ်လာ ၅၅၄၄၉ ရရှိနေပါတယ်။ ဒီပမာဏဟာ ဥရောပတိုက်က ဖွံဖြိုးပြီးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံနဲ့ တောင်နှိုင်းယှဉ်နိုင်တဲ့ အရေအတွက်ဖြစ်ပြီး ဆန်မာရီနိုဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ဘဏ်လုပ်ငန်း၊လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ကြွေထည်၊ မြေထည်ထုတ်လုပ်တဲ့လုပ်ငန်း၊တို့ဖြစ်ပါတယ်။

ဒါအပြင် ကမ္ဘာထိပ်တန်း ဝိုင်အရက်၊ဒိန်ချဉ်/ဒိန်ခဲ ထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။  ဆန်မာရီနိုနိုင်ငံရဲ့ စာပို့တံဆိပ်ခေါင်းထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းဟာ နာမည်ကျော်ပြီး နိုင်ငံတွင်းမှာလည်း သက်တမ်းရှည်ကြာပြီဖြစ်တဲ့ ခိုင်မာတဲ့ စာသယ်သူပို့ဆောင်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ထားနိုင်ပါတယ်။ အထူးသဖြင့် ဆန်မာရီနိုနိုင်ငံရဲ့ရှေးကျတဲ့ တံဆိပ်ခေါင်းတွေဟာ ကမ္ဘာအရပ်ရပ်က စာပို့တံဆိပ် ခေါင်းစုဆောင်းသူတွေကိုစွဲဆောင်ထားနိုင် တာကြောင့် ဆန်မာရီနိုနိုင်ငံရဲ့အဓိက နိုင်ငံခြားဝင်ငွေကို စာပို့တံဆိပ်ခေါင်းထုတ်လုပ်တဲ့ လုပ်ငန်းကနေရရှိနေတာပဲဖြစ်ပါတယ်။

ဆန်မာရီနိုနိုင်ငံဟာ ပထမကမ္ဘာစစ်ရော၊ ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှာ စစ်ဘေးဒဏ်ကို မခံခဲ့ရပါဘူး။ ဒါအပြင် ဒုတိယကမ္ဘာစစ် ကာလအတွင်းက စစ်ဘေးဒဏ်ခံ အီတလီနဲ့ ဂျူးလူမျိုး(၁၀၀၀၀၀)ကျော်လောက်ကို နိုင်ငံတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ဆန်မာရီနိုနိုင်ငံရဲ့ လူဦးရေရဲ့(၁၀)ဆဖြစ်နေပေမဲ့ ဆန်မာရီနိုနိုင်ငံကတော့ ချောချောမွေ့မွေ့ပဲ အကူအညီ ပေးနိုင်ခဲ့ပါတယ်။

ထူးထူးခြားခြားပဲ ၁၉၄၀ ခုနှစ်မှာ နယူးယောက်သတင်းစာက ဆန်မာရီနိုနိုင်ငံဟာ ဗြိတိန်နိုင်ငံအပေါ်စစ်ကြေငြာခဲ့တယ်လို့ဖော်ပြခဲ့ဖူးပါတယ်။ ယင်းကာလက အီတလီဟာ အာဏာရှင် မူဆိုလီနီရဲ့ သြဇာအောက်မှာရှိတာမို့ အီတလီအင်ပါယာအတွင်းမှာလိုဖြစ်နေတဲ့ ဆန်မာရီနိုနိုင်ငံအပေါ် မှားယွင်း ပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆန်မာရီနိုနိုင်ငံရဲ့အစိုးရအဖွဲ့ က မိမိတို့မှာငြိမ်းချမ်းရေးသမားများ၊အလယ်လတ်ဝါဒီများဖြစ်ပြီး စစ်ကြေငြာခြင်းမရှိပါဟု ဗြိတိန် အစိုးရထံ စာရေးသား ဖြေရှင်းခဲ့ရပါသေးတယ်။

ဆန်မာရီနိုနိုင်ငံဟာ ကမ္ဘာပေါ် မှာစစ်အင်အား အနည်းပါးဆုံးသောနိုင်ငံငယ်ဖြစ်ပြီး နိုင်ငံတော်ရဲ့လုံခြုံရေးကို အီတလီ နိုင်ငံက တာဝန်ယူထားပေးရတဲ့ နိုင်ငံဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စိတ်ဝင်စားစရာအချက်အလက်တွေနဲ့ လှပတဲ့ သဘာဝပတ်ဝန်း ကျင်တွေကြောင့် ဆန်မာရီနိုနိုင်ငံကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်(၃)သန်းလောက် လာရောက်လည်ပတ်ကြပါတယ်။

သုတဇုန်

Tags: countries
Next Post
အကောင်းဆုံး ရာသီဥတု ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ၁၀ နိုင်ငံ

အကောင်းဆုံး ရာသီဥတု ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ၁၀ နိုင်ငံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!