Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စန္ဒရားတီးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အမေရိကန်စစ်သည်တော်များ

by Thutamm
August 17, 2019
Reading Time: 1min read
0
စန္ဒရားတီးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အမေရိကန်စစ်သည်တော်များ
Share on FacebookShare on Twitter

စစ်ပွဲတွေဆိုတာ တိတိကျကျပြောရရင် လူကိုလူချင်းသတ်ကြတဲ့ လူသတ်ပွဲတွေဖြစ်ကြလို့ ပါဝင်တိုက်ခိုက်တဲ့သူတွေကို စိတ်ကြမ်းကိုယ်ကြမ်းရှိသူတွေရယ်လို့ အကြမ်းဖျင်းတံဆိပ်ကပ်ရမှာ ပါပဲ။ အခြားတစ်ဖက်မှာတော့ဂီတအနုပညာဟာ သိမ်မွေ့နက်နဲတာကြောင့် ဖန်တီးသူပညာ ရှင်အများစုဟာ သိမ်မွေ့ပျော့ပျောင်းကြသူတွေဖြစ်ပါတယ်။ ဖော်ပြပါအကြောင်း အရာ(၂)ခုဟာ အတော်ကိုခြားနားနေပေမဲ့ ဒုတိယကမ္ဘာစစ်ကာလက လူမျိုးစွဲ ၊နိုင်ငံစွဲ၊ အယူအဆစွဲတွေနဲ့ တိုက်ပွဲဝင်နေတဲ့ လူကြမ်း၊စိတ်ကြမ်းအမေရိကန် စစ်သားကြီးတွေဟာ တိုက်ပွဲဝင်နေရင်းနဲ့ ခြားနားတဲ့ အဲဒီအလုပ်(၂)ခုကိုတပြိုင်နက်ပြုလုပ်ခဲ့ကြပါတယ်။

အမှန်တကယ်လည်း စစ်ကြီးအတွင်းမှာ အမေရိကန်လေတပ်ဟာ ကောင်းကင်ပေါ်ကနေ အစားအစာရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေတင်မကပဲ စန္ဒရားအလုံးရေထောင်နဲ့ချီပြီးပေးပို့ခဲ့ရတဲ့ ဖြစ်ရပ်ဟာ အမှန်တကယ်ရှိခဲ့ပါတယ်။ အမေရိကန်အစိုးရဟာကမ္ဘာစစ် ကာလအတွင်းမှာတော့ အထူးအမိန့်တစ်ရပ်နဲ့ သံ၊ကြေးနီ၊ကြေးဝါ၊စတဲ့ သတ္ထု တွေနဲ့ပြုလုပ်တဲ့ကုန်ထုတ်လုပ်ငန်းအားလုံးကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ဒီသတ္ထုတွေဟာ သေနတ်၊အမြောက်၊ကျည်ဆံနဲ့အခြားသောစစ်လက် နက်ပစ္စည်းတွေထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့ပစ္စည်းတွေဖြစ်နေလို့ဖြစ်ပါတယ်။

အစိုးရရဲ့ဒီကန့်သတ်ချက်ကြောင့် ဂီတတူရိယာပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေဟာ အတော်အကျပ်ရိုက်ခဲ့ပြီး သူတို့အနေနဲ့ရွေးချယ်စရာ(၂)ခုပဲရှိကြောင်း အစိုးရကပြန်ကြားခဲ့ပါတယ်။ ပထမအချက်ကတော့ ဖော်ပြပါသတ္ထုတွေကိုမသုံးပဲ အခြားပစ္စည်းတွေနဲ့ ဂီတတူရိယာတွေတည်ဆောက်ရန် (၂)အချက်ကတော့ ကမ္ဘာစစ်ပြီးဆုံးချိန်အထိ စောင့်ဆိုင်းသွားရန်ဖြစ်ပါတယ်။ ဂီတထုတ်လုပ်သူတွေကတော့ ပထမအချက်ကိုပဲရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အမေရိကန်အစိုးရရဲ့ပိတ်ပင်မှုကြောင့် နာမည်ကျော် Steinway&Sons ကုမ္ပဏီရဲ့ Big Four စန္ဒရားထုတ်လုပ်ရေးလုပ်ငန်းစုတစ်ရပ်လုံးဟာ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဒီအချိန်မှာတော့ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ Steinway ဟာ လုပ်ငန်းတွေကိုရပ်ဆိုင်းရမဲ့အစား ကျဆုံးစစ်သည်တော်တွေအတွက် ခေါင်းတလားတွေနဲ့ စက်မဲ့လေယာဉ်တွေကိုထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယင်းအချိန်မှာပဲ အခြားသော စန္ဒရားတူရိယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Baldwin နဲ့ Gibson ဂီတာထုတ်လုပ်ရေးကတော့ သစ်သားကို အသုံးပြုပြီးလေယာဉ်တောင်ပံတွေနဲ့ ကလေးကစားစရာအရုပ်တွေကိုပြောင်းလဲပြီးထုတ် လုပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ကုမ္ပဏီတွေအဖို့ ဒီလုပ်ငန်းတွေဟာ အမြတ်အစွန်းများစွာရရှိဖို့မမျှော်မှန်းနိုင်ပဲ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရေးအတွက်သာအသုံးဝင် ခဲ့ပါတယ်။

(၁၉၄၂)ခုနှစ်မှာတော့ Steainway ရဲ့ကုမ္ပဏီဟာအမေရိကန်အစိုးရနဲ့ သဘောတူညီမှု စာချုပ်တစ်ခုကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။ စာချုပ်အရ Steinway&Sons ဟာအမေရိကန် စစ်ဘက်ရဲ့ ပြန်တမ်းဝင်အရာရှိတွေအတွက် စန္ဒရားတွေထုတ်လုပ်ပေးရမှာဖြစ်ပြီး ယင်း နှစ်ဇွန်လထဲမှာပဲ Steinwayရဲ့သူလုပ်ဖော်ကိုင်ဖက်တွေဟာ စစ်မြေပြင်နဲ့ သင့်တော်တဲ့ စန္ဒရား ဒီဇိုင်းပုံစံအသစ်ကို ထုတ်ပြနိုင်ခဲ့ပါတယ်။ လူလေးယောက်သယ်ဆောင်နိုင်တဲ့ Steinway&Sonsရဲ့စန္ဒရားဟာ အလျား(၄၀)လက်မအောက်သာရှိပြီး (၄၅၅)ပေါင် အလေးချိန်ရှိပါတယ်။

စန္ဒရားတစ်ခုချင်းစီကိုတော့ ခြဒဏ်နဲ့ အခြားပိုးမွှားတွေဖျက်ဆီး ခြင်းကိုခံနိုင်ရည်ရှိအောင် ကျွန်းသားတွေနဲ့အဓိကတည်ဆောက်ပြီး ရေစိုစွတ်မှုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက်လည်း အထူးပြုလုပ်ထားတဲ့ ကော်ရည်တွေကိုထပ်ဆင့်ကပ်ထားပါတယ်။ Ivory Key တွေကိုတော့ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင် အဖြူရောင် celluloid(ကော်ကြည်)တွေကပ်ထားပြီး bass strings တွေကိုတော့ ကြေးနီအစား သံအပျော့စားတွေကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။

ဒီစန္ဒရားတစ်လုံးမှာ သတ္ထု ပမာဏ (၃၃)ပေါင်ကိုသာ အသုံးပြုထားပြီး Victory Verticlals တွေအဖြစ်လူသိများပါတယ်။ ယင်းနောက်မှာတော့ ဒီစန္ဒရားတွေကိုကုန်သေတ္တာတွေနဲ့ ထုတ်ပိုးပြီး လေကြောင်းကနေ အမေရိကန်စစ်သည်တွေထံကိုပို့ဆောင်ခဲ့ပါတယ်။ အဓိကပို့ဆောင် ခဲ့တာကတော့ အာရှ၊အာဖရိက၊ဥရောပစစ်မြေပြင်တွေဆီကိုဖြစ်ပြီး အလုံးရေပေါင်း (၂၅၀၀၀)လောက်ကို ပို့ဆောင်ခဲ့ရတယ်လို့ အမေရိကန်စစ်ဘက်ဆိုင်ရာမှတ်တမ်းတွေ အရသိရပါတယ်။

စစ်ပွဲကာလကြာရှည်လာတာနဲ့အမျှ အိမ်လွမ်းဝေဒနာအပါအဝင် ဖိအားမျိုစုံခံစားနေရတဲ့ ရှေတန်းရောက်အမေရိကန်စစ်သည်တော်တွေအတွက် ဂီတဟာ လက်ရှိခံစားနေရတဲ့ သောကတွေကို ခဏတဖြုတ်မေ့ပျောက်ဖို့ အကောင်းဆုံးသမားတော်ဖြစ်ခဲ့ကြောင်း စစ်ပွဲအတွင်းကောက်ခံရရှိတဲ့စစ်သည်တွေရဲ့သဘောထားမှတ်တမ်းတွေကဖော်ပြနေခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်စစ်ရေးကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ဟာ သိန်းနဲ့ချီတဲ့ အမေရိကန်စစ်သည်တွေ အတွက်စိတ်ဓာက်ပိုင်းဆိုင်ရာ လန်းဆန်းစေဖို့အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ဆိုရပါမယ်။

စစ်ကြီးပြီးဆုံးချိန်မှာတော့ Steinway&Sons ဟာ လက်ကျန်စန္ဒရားအလုံးရေ(၅၀၀၀) လောက်အထိ ကျန်ရှိနေပါသေးတယ်။ ဒီအချိန်မှာတော့ ဈေးကွက်ဆိုင်ရာပြိုင်ဆိုင်မှု တွေကြောင့် သူတို့ရဲ့စစ်အတွင်းနာမည်ကျော် စန္ဒရားတွေဟာယခင်လိုတော့ အရောင်း မသွက်နိုင်တော့ပါဘူး။ ဒီစန္ဒရားတွေထဲက တစ်ဝက်လောက်ကို အမေရိကန်လက်နက်ကိုင်တွေထံကို ခက်ခက်ခဲခဲပြန်လည်ရောင်းချခဲ့ရပြီး ကျန်တစ်ဝက်ကိုတော့ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေကိုရောင်းချခဲ့ရပါတယ်။ ယင်းနေရာတွေကနေ နောက်ပိုင်းမှာတော့ စာသင်ကျောင်းတစ်ချို့ရဲ့အနုပညာဘာသာရပ်သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်း၊ဟိုတယ်နဲ့အခြားသော စန္ဒရားစုဆောင်းသူတွေလက်ထဲကို ဆက်လက်ပျံနှံ့ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ အမြဲတမ်းတပ်ဖွဲ့ဝင်ဆက်လက်ကျန်ရှိနေသေးတဲ့ အမေရိကန်စစ်သည်တချို့ကတော့ ဒီစန္ဒရားတွေကိုသာ ဆက်လက်အသုံးပြုခဲ့ကြပါ တယ်။ ထင်ထင်ရှားရှားအနေနဲ့ (၁၉၆၁)ခုနှစ်ကတည်ဆောက်ခဲ့တဲ့အမေရိကန်ရဲ့ နူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော USS Thomas A.Edison ပေါ်မှာဆိုရင် Steainway ရဲ့စန္ဒရားကို သင်္ဘောကပ္ပတိန်ဖြစ်သူရဲ့ တောင်းဆိုမှုနဲ့ ထည့်သွင်းခွင့်ပေးခဲ့ပါတယ်။ ယင်းရေငုပ်သင်္ဘောကိုဖျက်သိမ်းခဲ့တဲ့ (၁၉၈၃)ခုနှစ်အထိ ယင်းစန္ဒရားဟာ ဆက်လက်ကျန်ရှိနေခဲ့ပြီး ယခုချိန်မှာတော့ ဝါရှင်တန်စီဒီက အမေရိကန်ရေတပ်ရဲ့သမိုင်း ဆိုင်ရာပြခန်းမှာ သမိုင်းဝင်ပစ္စည်းတစ်ခုအဖြစ်ထည့်သွင်းပြသထားပါတယ်။

Tags: amazingkaung htetmilitaryworld history
Next Post
၁၆ ရာစု အပြင်းထန်ဆုံးလက်နက်ဖြစ်တဲ့ ငရဲမီးချိန်ကိုက်ဗုံးသင်္ဘော

၁၆ ရာစု အပြင်းထန်ဆုံးလက်နက်ဖြစ်တဲ့ ငရဲမီးချိန်ကိုက်ဗုံးသင်္ဘော

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!