Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စွန့်ပစ်ပလတ်စတစ်ဘူးခွံတွေကို လမ်းတွေအဖြစ် ပြောင်းလဲပစ်နေတဲ့ကုမ္ပဏီ

by Thutamm
April 11, 2020
Reading Time: 1min read
0
စွန့်ပစ်ပလတ်စတစ်ဘူးခွံတွေကို လမ်းတွေအဖြစ် ပြောင်းလဲပစ်နေတဲ့ကုမ္ပဏီ
Share on FacebookShare on Twitter

ပလတ်စတစ်လို စွန့်ပစ်ပစ္စည်းတွေကြောင့် ကမ္ဘာ့မြေထု၊ရေထုတွေဆိုးရွားစွာ ညစ်နွမ်းပျက်စီးနေပြီဆိုတာကို သတိထားမိလာချိန်မှာတော့ပညာရှင်တွေဟာ ဒီပလတ်စတစ်စွန့်ပစ် ပစ္စည်းတွေရဲ့အန ္တရာယ်ကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားလာခဲ့ကြပါတယ်။ တဦးတယောက် ကနေ လူအများစုကို အသိပညာပေးလုပ်ငန်းတွေနဲ့လျော့ချဖို့စီစဉ်ခဲ့ပေမယ့် ယနေ့အထိ တော့တန်နဲ့ချီတဲ့ စွန့်ပစ်ပစ္စည်းတွေကိုထိန်းသိမ်းနိုင်တဲ့အခြေအနေမှာမရှိသေးပါဘူး။

မြေကြီးထဲမှာ ရေထဲမှာပါနှစ်ရာနဲ့ချီရှိနေနိုင်တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကိုထိန်း သိမ်းရာလမ်းစဉ်မှာ လူတွေကိုပညာပေးတဲ့နည်းလမ်းသာမက အခြားသောပုံစံတွေကိုပါ ထည့်သွင်းဖို့ ပညာရှင်တွေနားလည်လာခဲ့ကြပါတယ်။ ယင်းပညာရှင်တွေအနက်က Toby McCartney ကတော့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကိုအသုံးပြုပြီး လူတွေအတွက်တဖက်တလမ်းကနေအကျိုးပြုနိုင်မဲ့အရာကိုဖန်တီးနိုင်ခဲ့ပါတယ်။

စကော့တလန်နိုင်ငံသားဖြစ်တဲ့သူဟာ သူကြုံတွေရတဲ့နည်းလမ်းစဉ်(၂)ခုကို အခြေခံပြီး စွန့်ပစ်ပလတ်စတစ်ကနေ လမ်းတွေတည်ဆောက်ဖို့အကြံရခဲ့ပါတယ်။ ပထမတစ်ခုကတော့ ပင်လယ်သမုဒ္ဒရာအတွင်းနှစ်စဉ်ကျရောက်နေတဲ့ ပလတ်စတစ်တွေကြောင့် အကြီးအကျယ် ဒုက္ခရောက်နေရတဲ့ ရေနေသတ္တဝါတွေအပေါ် အသနားပိုနေတဲ့ သူ့သမီးအတွက် ပလတ်စတစ်တွေကိုဖယ်ရှားပေးလိုတဲ့ ဆန္ဒရယ် နောက်တခုကတော့ အိန္ဒိယနိုင်ငံကိုသူ ရောက်စဉ်ကတွေ့ရှိခဲ့ရတဲ့ လမ်းတွေကိုဖာတဲ့နေရာမှာ ပလတ်စတစ်တွေကိုအရည်ကျိုပြီးအသုံးပြုကြတာကို တွေ့မြင်ခဲ့ရတာရယ်ဖြစ်ပါတယ်။ သူဟာယင်း(၂)ချက်ကိုအခြေခံပြီး ပလတ်စတစ်ဘူးခွံတွေကနေ လမ်းတည်ဆောက်မယ့် ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပါတော့တယ်။

ကုမ္ပဏီနာမည်ကတော့ MacRebur ဖြစ်ပြီး Toby McCartney ကတော့ CEO အဖြစ်တာဝန်ထမ်းဆောင်ကာ အိန္ဒိယနိုင်ငံတောင်ပိုင်းကလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေကို ဒေသခံပရဟိတ အဖွဲ့တွေနဲ့ပေါင်းစပ် လုပ်ကိုင်ခဲ့ပါတယ်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေ၊ဘူးခွံတွေကို အသုံးပြုပြီးလိုအပ်တဲ့ ကျိုချက်မှုတွေပြုလုပ်ကာ နိုင်လွန်ကတ္တရာတွေထက်တောင် ပိုမိုကောင်းမွန်တဲ့လမ်းမကြီးတွေဟာ McCartney တို့လူစု ကျေးဇူးနဲ့ အိန္ဒိယတောင်ပိုင်းမှာ ပေါ်ပေါက်လာခဲ့ကြပါတယ်။

McCartney တို့အဖွဲ့ရဲ့ပလတ်စတစ်တွေကို ဒီဇယ်နဲ့လောင်ကျွမ်းစေတဲ့နည်းလမ်းနဲ့ လမ်းသားတွေဖော်ဆောင်တဲ့လုပ်ငန်းဟာ သဘာဝလေထုကို အဆိုးဘက်ကနေအများကြီး သက်ရောက်နိုင်တာကြောင့် သူတို့ရဲ့ကုန်ကြမ်းတွေကိုထုတ်လုပ်တဲ့လမ်းစဉ်ကို ပြောင်းလဲလာခဲ့ရပါသေးတယ်။ Toby ဟာ(၂၀၁၆)ခုနှစ်၊ဧပြီလကတည်းက သူသူငယ်ချင်း တွေဖြစ်တဲ့ Gordon Reid ၊ Nick Burnett တို့နဲ့ပူးပေါင်းပြီး သူတို့(၃) ယောက်ရဲ့နာမည်တွေပါဝင်နေတဲ့ MacRebur အမည်ရလမ်းတည်ဆောက်ရေးကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်ကနေစတင်ပြီး McCartney ဟာ စွန့်ပစ်ပလတ်စတစ်တွေကနေ လမ်းတည်ဆောက်ရေးနည်းပညာပိုင်းဆိုင်ရာလေ့လာမှုတွေကို တဆင့်ပြီးတဆင့် ဖွံ့ဖြိုးအောင်တည်ဆောက်လာနိုင်ခဲ့ပါတယ်။

McCartney ဟာသူရဲ့ကုမ္ပဏီအတွက်လိုအပ်တဲ့ စွန့်ပစ်ပလတ်စတစ်တွေကို စီးပွားရေးလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းတွေကနေ (၆၀)ရာခိုင်နှုန်း၊အိမ်သုံးပစ္စည်းတွေကနေ(၄၀)ရာခို င်နှုန်းရယူခဲ့ပါတယ်။ ယင်းစုဆောင်းရတဲ့ပလတ်စတစ်ပစ္စည်းတွေကိုပဲစက်တွေကိုအသုံး ပြုပြီး (၅)မီလီမီတာထက်ပိုမိုသေးငယ်တဲ့အပိုင်းအစငယ်တွေအဖြစ် ကြိတ်ခွဲပါတယ်။ ယင်းလုပ်ငန်းစဉ်ကိုတော့ McCartney ရဲ့ဝက်ဆိုဒ်မှာအသေးစိတ်သွားရောက်လေ့လာ နိုင်ပါတယ်။

ရရှိလာတဲ့ပလတ်စတစ်အပိုင်းအစတွေကိုပဲ သူတို့မှာရှိတဲ့ Activator နဲ့ ရောနှောပြီးလမ်းတွေရဲ့အစိတ်အပိုင်းတခုအဖြစ်အသုံးပြုနိုင်အောင်ဖန်တီးယူပါတယ်။ McCartney ရဲ့ Activator ဟာ ဆိုရင်မူပိုင်ခွင့်ရရှိပြီးဖြစ်ကာ ဖော်စပ်ပုံကိုတော့ လျို့ဝှက် ထားပါတယ်။ ယင်း Activator နဲ့ ပလတ်စတစ်အပိုင်းအစတွေရောနှောထားတဲ့အရော အနှောကိုတော့ MacRebur mix လို့သိကြပါတယ်။

သာမန်နိုင်လွန်ကတ္တရာတွေကိုတော့ bitumen(ရေနံကတ္တရာ)နဲ့ ကျောက်ခဲတွေကိုအသုံ းပြုဖန်တီးထားတာကိုတွေ့ရပါတယ်။ MacRebur ကုမ္ပဏီရဲ့ကတ္တရာမှာတော့ bitumen အတုံးကြီးတွေကို အသုံးပြုထားပြီး လောင်စာဆီကိုလျော့ချထားတာကိုတွေ့ရပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတွေကတော့ မူရင်းအခြေအနေမှာရှိနေတဲ့ပလတ်စတစ်တွေကို ပဲ ကျတော်တို့ရဲ့ Activator အကူအညီနဲ့ကျောက်စရစ်ခဲတွေနဲ့ခိုင်မာသိပ်သည်းအောင် တည်ဆောက်ထားတဲ့သဘောပါပဲလို့ ပလတ်စတစ်ခင်းလမ်းတွေရဲ့အခြေအနေကို ရှင်းပြထားတာကိုတွေ့ရပါတယ်။

ကုမ္ပဏီအနေနဲ့ microplastic တွေကနေထွက်ပေါ်လာနိုင်တဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကနေကာကွယ်နိုင်ရန်အတွက် ဒေသအမြင့်ဆုံးပူချိန်နဲ့ကိုက်ညီတဲ့ ပါဝင်ပစ္စည်းတွေကိုလည်း လမ်းတွေမှ ာထည့်သွင်းသွားမှာဖြစ်ပါတယ်။ နိုင်လွန်ကတ္တရာတခု အရည်ပျော်ဖို့အတွက်အပူချိန် (၁၈၀)ဒီဂရီဆဲစီးယက်ဝန်းကျင်အထိလိုအပ်ပါတယ်။ ကျွတော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ပလတ်စတစ်တွေအရည်ပျော်ရန်အတွက် (၁၂၀)ဒီဂရီ ဆဲစီးယက်အထိလိုအပ်ပါတယ်။ ဒါကြောင့် နိုင်လွန်ကတ္တရာလို များပြားတဲ့ အပူချိန်မလိုအပ်တဲ့ MacRebur ကုမ္ပဏီရဲ့စွန့်ပစ်ပလတ်စတစ်တွေကြောင့် microplastic လို လေထုညစ် ညမ်းစေတဲ့ဓာတ်တွေ ထုတ်လွှတ်မှုအနည်းဆုံးဖြစ်သွားပါတယ်။

MacRebur ရဲ့လမ်းတွေဟာ ရာနှုန်းပြည့်နီးပါး စွန့်ပစ်ပလတ်စတစ်တွေကို အသုံးပြုထားနိုင်ခြင်းမရှိဘူးဆိုပေမယ့် လူသားတွေသုံးစွဲနေတဲ့စွန့်ပစ်ပစ္စည်းပမာဏအတော်များများကို တော့လျော့ချနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ယင်းလမ်းပိုင်းအတွင်းပါဝင်နေတဲ့ပလတ်စတစ်စ တွေကိုပြန်လည်အသုံးပြုနိုင်တော့ဖို့တော့မလွယ်တော့ပါဘူး။ MacRebur ဘက် ကတော့သူတို့အသုံးပြုခဲ့တဲ့ ပလတ်စတစ်စတွေဟာ သီးသန့် အသစ်ဝယ်ယူခြင်းမျိုး မဟုတ်ပဲ စွန့်ပစ်ပစ္စည်းတွေကိုသာသုံးသွားမယ်လို့အတည်ပြုထားတာကြောင့်လည်း ကမ္ဘာပြသာနာတခုဖြစ်လာတဲ့ စွန့်ပစ်ပလတ်စတစ်တွေရဲ့ အန္တရာယ်ကိုရာခိုင်နှုန်းတော်တော်များများတော့လျော့ချနိုင်မှာသေချာနေပါတယ်။

CNN သတင်းဌာနနဲ့ အင်တာဗျူးတခုမှာတော့ MacRebur ရဲ့စီးအီးအိုဖြစ်တဲ့ McCartney ကသူတို့ရဲ့စွန့်ပစ်ပလတ်စတစ်ကိုအခြေခံတဲ့နည်းပညာသစ်လမ်းတွေဟာ သာမန်ကတ္တရာလမ်းတွေထက် (၆၀)ရာခိုင်နှုန်းလောက်ပိုမိုခံနိုင်ရည်ရှိတယ်လို့ အတည် ပြုသွားခဲ့ပါတယ်။ ဒါအပြင်စမ်းသပ်လေ့လာမှုတွေအရ သူတို့ရဲ့လမ်းတွေဟာ နိုင်လွန် ကတ္တရာလမ်းတွေထက်သုံးဆသက်တမ်းပိုရှည်နိုင်တယ်လို့လည်းပြောကြားသွားခဲ့ပါတယ်။

သူကပဲ ယခုလို စွန့်ပစ်ပလတ်စတစ်တွေကိုအခြေခံတည်ဆောက်တဲ့လမ်းတွေ ဖြစ်လာဖို့ ကွဲပြားတဲ့ ပိုလီမာအမျိုးအစား (၆၀၀) လောက်ကို လေ့လာခဲ့ရတာပါ။ နောက် ဆုံးမှာတော့ ပလတ်စတစ်တွေကသာ ကမ္ဘာ့ခံနိုင်ဝန်အကောင်းဆုံးလမ်းတွေအတွက် အဓိကကုန်ကြမ်းတွေအဖြစ်သိလာခဲ့ရတာလေ။ စွန့်ပစ်ပစ္စည်းတွေကြောင့် ကျွန်တော်တို့ ကုမ္ပဏီအလုပ်ဖြစ်နေတာဗျ။ စွန့်ပစ်ပစ္စည်းတွေမရှိတော့ရင် ဘယ်လိုလုပ်ရမှာပါလိမ့်။ အဲဒီနေ့မြန်မြန်ရောက်စေချင်တာ ကမ္ဘာကြီးအတွက်လေလို့ နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။

VIDEO

Tags: amazingtech

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Next Post
Ventilator တင်တယ်ဆိုတဲ့အကြောင်း သိထားဖို့

Ventilator တင်တယ်ဆိုတဲ့အကြောင်း သိထားဖို့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!