အရင်ရက်တွေက ကြသပတေးဂြိုဟ် နဲ့ အင်္ဂါဂြိုဟ်အကြောင်းကိုရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေချင်တာကတော့ စနေဂြိုဟ် (သို့) ဆက်တန်ဂြိုဟ်ရဲ့အကြောင်းဖြစ်ပါတယ်။
ဆက်တန်(စနေ) ဂြိုဟ် ဟာ နေမှခြောက်ခုမြောက်ဂြိုဟ်ဖြစ်ပြီး ဂျူပီတာ(ကြသပတေးဂြိုဟ်) ပြီးလျှင် အကြီးဆုံးဖြစ်ပါတယ်။
ဆက်တန်(Saturn) ဆိုတဲ့အမည်ကတော့ ရောမရဲ့ စိုက်ပျိုးရေးကိုထိမ်းချုပ်တဲ့နတ်ဘုရား Saturn ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
ဂရိမှာတော့ သူ့ကို ဂရိနတ်ဘုရား Chronus လို့ခေါ်ပြီး သူဟာ ရောမနတ်ဘုရား ဂျူပီတာရဲ့ ဖခင်ဖြစ်ပါတယ်။
ဆက်တန်ဂြိုဟ်ရဲ့မျက်နှာပြင်ဟာ ကမ္ဘာ့မျက်နှာပြင်ထက် အဆပေါင်း ၈၀ခန့် ပိုကြီးပါတယ်။ သိပ်သည်းဆမှာမှု ကမ္ဘာရဲ့ ၈ပုံ ၁ပုံသာရှိတာကြောင့် စေတန်ဂြိုဟ်ကို ရေထဲျလျှင်ပေါ်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။
စေတန်ဂြိုဟ်မှာ သက်ရှိများမနေနိုင်ပါဘူး။ အကြောင်းကတော့ ဂြိုဟ်ရဲ့ပျမ်းမျှအပူချိန်ဟာ -၁၅၆ဒီဂရီ ဆဲစီးယပ်စ်အထိရှိနေတဲ့အပြင် စေတန်ဂြိုဟ်ရဲ့လေထုဟာလည်း သက်ရှိတို့အသက်ရှင်နိုင်အောင် လုံလောက်တဲ့အောက်ဆီဂျင် မရှိလို့ဖြစ်ပါတယ်။
ဘီစီ ၅ရာစုဝန်းကျင်က အိန္ဒိယနက္ခတ်ပညာရှင် Surya Siddhanta က စေတန်ဂြိုဟ်ရဲ့အချင်းဟာ ၇၃၅၈၀မိုင်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
လက်ရှိအချိန်သိပ္ပံပညာနဲ့တိုင်းတာမှုအရ စေတန်ဂြိုဟ်ရဲ့အချင်းဟာ ၇၄၅၈၀မိုင် ရှိတာကြောင့် Surya Siddhanta ရဲ့တွက်ချက်မှုဟာ ၁% ပဲ လွဲခဲ့ပါတယ်။
စေတန်ဂြိုဟ်သည် နေမှ မိုင်ပေါင်း ၈၈၆သန်း ကွာဝေးပြီး ကမ္ဘာမှ မိုင်ပေါင်း သန်း ၇၅၀ ကွာဝေးပါတယ်။
နေကို တစ်ပတ်အပြည့်ပတ်ရန် အချိန် ၂၉နှစ်ခွဲ ခန့်ကြာပါတယ်။ ဒါကြောင့် စေတန်ဂြိုဟ်ရဲ့ တစ်နှစ်ဟာ ကမ္ဘာဂြိုဟ်ရဲ့ ၂၉နှစ်ခွဲနဲ့ ညီပါတယ်။
မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်ပြီး တစ်ပတ်ပြည့်ရန် ၁၀.၂၅နာရီသာ ကြာပါတယ်။ ဒါကြောင့် ကမ္ဘာဂြိုဟ်ရဲ့တစ်ရက်ဟာ ၂၄နာရီဖြစ်ပြီး စေတန်ဂြိုဟ်အတွက် တစ်ရက်ဟာ ၁၀နာရီနဲ့ ၃၉မိနစ်သာ ရှိပါလိမ့်မယ်။
စေတန်ဂြိုဟ်ကို ဂြိုဟ်ကွင်း သုံးကွင်းနှင့်အတူ ၁၆၁၀ပြည့်နှစ်ကပင် ဂယ်လီလီယိုက မြင့်ခဲ့ခြင်းဖြစ်ပါတယ်။ စနေဂြိုဟ်လိုပဲ ဂြိုဟ်ကွင်းတွေရှိတဲ့အခြားဂြိုဟ်တွေကတော့ ဂျူပီတာ ၊ ယူရေးနပ်စ် နဲ့ နက်ပကျွန်းဂြိုဟ်တို့ဖြစ်ပါတယ်။
ဂြိုဟ်ကွင်းတွေဖြစ်လာတဲ့အကြောင်းကတော့ ဂြိုဟ်ပဲ့လေးတွေနဲ့ အကာသထဲက ဖုန်မှုန့်လေးတွေပေါင်းစုထားတာကို သက်ဆိုင်ရာဂြိုဟ်ရဲ့ဆွဲငင်အားကြောင့် စုမိသွားပြီး ဂြိုဟ်ကိုလှည့်ပတ်နေခြင်းဖြစ်ပါတယ်။
စေတန်ဂြိုဟ်တွင် ဂြိုဟ်ရံလပေါင်း ၆၂ခုရှိပြီး အထင်ရှားဆုံးဂြိုဟ်ရံလများမှာ Titan, Enceladus, Iapetus နှင့် Rhea တို့ဖြစ်ပါတယ်။ စေတန်ဂြိုဟ်ဟာ နေစကြဝဠာမှာ ပဉ္စမမြောက် အတောက်ပဆုံးဂြိုဟ်ဖြစ်ပြီး အားကောင်းတဲ့မျက်စိ (သို့) မှန်ပြောင်းအငယ်စားတွေနဲ့ ကြည့်လို့မြင်နိုင်ပါတယ်။
စေတန်ဂြိုဟ်ဟာ အရာဝထ္ထုအစိုင်အခဲများထက် ဓာတ်ငွေ့များဖြင့်သာ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အများဆုံးပါဝင်ပါတယ်။ ကျောက်ခဲများ ၊ အမှုန်များ ပါဝင်တဲ့ ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးတွေလည်း ဒီဂြိုဟ်မှာရှိပါတယ်။
စေတန်ဂြိုဟ်ကိုလေ့လာဖို့ လွှတ်ခဲ့တဲ့ အာကာသယာဉ်တွေကတော့ Pioneer 11, Voyager 1 and 2 နဲ့ the Cassini-Huygens တို့ ဖြစ်ပါတယ်။ ပထမဆုံး အာကသယာဉ် Pioneer 11 ကို ၁၉၇၃ခုနှစ်မှာ စေလွှတ်ခဲ့ပြီး ၁၉၇၉မှာ စေတန်ဂြိုဟ်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
Voyagers 1 နဲ့ 2 ကိုတော့ ၁၉၈၀ နဲ့ ၈၁ခုနှစ်မှာ စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စတင်လွှတ်တင်ကာ ၂၀၁၄မှာ စေတန်ဂြိုဟ်ကိုရောက်ရှိခဲ့တဲ့ Cassini-Huygens ကတော့ စနေဂြိုဟ်ရဲ့ဂြိုဟ်ပတ်လမ်းကြောင်းမှာ လှည့်ပတ်ကာ လေ့လာနေရင်း September 15, 2017 မှာ အဆုံးသတ်သွားခဲ့ပါပြီ။
ဒီယာဉ်ဟာ မိုင်ပေါင်း သန်း ၂၀၀၀ ခန့်ခရီးသွားခဲ့ပြီးဖြစ်ပြီး အမြန်နှုန်းကတော့ တစ်နာရီကို ၇၀၇၀၀မိုင် ဖြစ်ပါတယ်။
စေတန်ဂြိုဟ် နဲ့ ကမ္ဘာဂြိုဟ်အနီးကပ်ဆုံးအချိန်မှာ တစ်နာရီမိုင် ၇၀နှုန်း ကားနဲ့မောင်းသွားမယ်ဆိုရင် နှစ်ပေါင်း ၁၂၉၂နှစ်ကြာမှ စေတန်ဂြိုဟ်ကိုရောက်ပါလိမ့်မယ်။
သိပ္ပံပညာရှင် နဲ့ နက္ခတပညာရှင်တွေကတော့ နေစကြဝဠာမှာ စေတန်ဂြိုဟ်ကို အလှဆုံးလို့သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ဆန်းပြားသော ဂြိုဟ်ကွင်းတွေကြောင့်ဖြစ်ပြီး နေစကြဝဠာရဲ့ ရတနာ(jewel of the solar system) လို့ အမည်မှည့်ခေါ်လေ့ရှိပါတယ်။
ဂျူပီတာဂြိုဟ်လိုပဲ စေတန်ဂြိုဟ်မှာလည်း စိန်မိုးတွေရွာလေ့ရှိပါတယ်။ အကြောင်းကတော့ စေတန်ဂြိုဟ်ပေါ်မှာ ဖြစ်ပွားတဲ့ မိုးကြိုး မုန်တိုင်းများက methane ကို ကာဘွန် အဖြစ် ပြောင်းလဲပေးပြီး အောက်ကို စိန်တုံးအဖြစ် ကျဆင်းစေလို့ဖြစ်ပါတယ်။
အနာဂါတ်မှာ စေတန်ဂြိုဟ်နဲ့ အတူ သူ့ရဲ့ဂြိုဟ်ရံလတွေဖြစ်တဲ့ Titan နဲ့ Enceladus တို့ကိုပါလေ့လာမယ့် (TSSM) ဆိုတဲ့ ပရောဂျက်တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂.၅ဘီလျံဝန်းကျင် လို့ခန့်မှန်းထားပြီး အစီအစဉ်ကို ၂၀၂၀ခုနှစ် မှာ စတင်မယ်လို့ သိရပါတယ်။
Discussion about this post