Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စကော့တလန်နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 8, 2019
Reading Time: 1min read
0
စကော့တလန်နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

စကော့တလန်နိုင်ငံသည် ယူနိုက်တက် ကင်းဒမ်း ၏ တစိတ်တဒေသ ဖြစ်သော နိုင်ငံတစ်ခု ဖြစ်သည်။ ဂရိတ်ဗြိတိန်ကျွန်း၏ မြောက်ဘက် ၃ ပုံ ၁ ပုံကိုနေရာယူထားပြီ: တောင်ဘက်တွင် အင်္ဂလန်နိုင်ငံ၊ အရှေ့ဘက်တွင် မြောက်ပင်လယ်၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊အနောက်တောင်ဘက်တွင် မြောက်ရေလက်ကြားနှင့် အိုင်းရစ်ပင်လယ်တို့ ရှိကြသည်။ ကုန်းမကြီ: အပြင် စကော့တလန်တွင် ကျွန်းငယ်ပေါင်း ၇၉၀ ရှိပြီ မြောက်ဘက်ကျွန်းစုများနှင့် ဟာဘရိုက်ကျွန်းများ တို့လည်း ပါဝင်သည်။ ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၀၀၉၀ ကျယ်ဝန်းသည်။

စကော့တလန်ပြည်၏ သမိုင်းကို လေ့လာပါမူ စစ်ပွဲများကို အများအပြား တွေရပေမည်။ အင်္ဂလန်ပြည်ကို တိုက်ခိုက် အောင်မြင်ခဲ့သော နော်မန်လူမျိုးများသည် စကော့တလန်ပြည် ကိုပါ တစ်ပါတည်း သိမ်းပိုက်လိုက်ကြသဖြင့် တိုင်းရင်းဖွားပစ် လူမျိုးများနှင့် အကြိမ်ကြိမ် စစ်တိုက်ခဲ့သော်လည်း မအောင် မြင်ချေ။ ၅ ရာစုနှစ်သို့ ရောက်သောအခါ အိုင်ယာလန်မှ စကော့ လူမျိုးများသည် ယခု စကော့တလန်ပြည်(ထိုစဉ်က ကယ်လီဒိုးနီးယားဟု ခေါ်သည်။) အနောက်ဖက် ဒေသသို့ လာရောက်နေထိုင်ကြ၍ ၉ ရာစုနှစ်တွင် တိုင်းရင်းဖွားပစ်လူမျိုး များနှင့် ပူးပေါင်းကာ စကော့ဘုရင် ကင်းနက်မက်အယ်လပိုင်း လက်အောက်၌ စကော့တလန် ပြည်ကြီးကို တည်ထောင်ကြသည်။

၁၃ ရာစုနှစ်သို့ ရောက်သောအခါ အင်္ဂလန်ပြည့်ရှင် ပထမအက်ဒွပ်သည် စကော့တလန်ပြည်ကိုသိမ်း၍ အင်္ဂလန်နှင့် ပူးပေါင်းရန် ကြံစည် အားထုတ်သည်တွင် ဆာဝီလျံဝေါလေ့ ခေါင်းဆောင်သော စကော့တို့က အပြင်းအထန် ခုခံကြသေး သော်လည်း ၁၂၉၈ ခုနှစ်တွင် ဝေါလေ့သည် ဖမ်းဆီးကွပ်မျက် ခြင်းခံရ၍ စကော့တို့က အရေးနှိမ့်သွားခဲ့၏။ သို့သော် စကော့ မျိုးချစ်ကြီး ရောဗတ်ဗရုစက အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်သဖြင့် အင်္ဂလန်ပြည့်ရှင် ဒုတိယအက်ဒွပ်လက်ထက် တွင် စကော့လူမျိုးများသည် လွတ်လပ်ရေး ပြန်၍ရကြသည်။

အင်္ဂလန်ပြည့်ရှင် အယ်လစ်ဇဗက်ဘုရင်မ နတ်ရွာစံလျှင် စကော့ ဘုရင် ဆဋ္ဌမ ဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမဂျိမ်း အဖြစ် ထီးနန်း ဆက်ခံသောကြောင့် စကော့တလန် နှင့်အင်္ဂလန်တို့မှာ ဘုရင်တစ်ဦးတည်း၏ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ သို့သော် အုပ်ချုပ်ရေးမှာမူ တစ်သီးတစ်ခြားစီပင်ဖြစ်သည်။ အင်္ဂလန်၌ ဖြစ်ပွားသော ပြည်တွင်းစစ်တွင် ပထမ ချားဘုရင် ကွပ်မျက်ခြင်း ခံရပြီးနောက် စကော့တို့ ထကြွသည်တွင် အင်္ဂလိပ်တို့က စကော့တလန်ပြည်အား သိမ်းပိုက်လိုက်သည်။

သို့သော် ဒုတိယချားဘုရင် နန်းတက်သောအခါ စကော့တလန် ပြည်သည် လွတ်လပ်သော သီးခြားနိုင်ငံဖြစ်ပြန်လေသည်။ ၁၇ဝ၇ ခုနှစ်သို့ ကျရောက်သောအခါ၌မူ ပူးပေါင်းရေးအက် ဥပဒေအရ စကော့တလန်နှင့် အင်္ဂလန်မှာ တစ်ခုတည်းသော အစိုးရ လက်အောက်တွင် တစ်ခုတည်းသော တိုင်းပြည် အဖြစ်သို့ ရောက်ရှိလေသည်။ စကော့တလန်၏ တရားဥပဒေစနစ်မှာမူ အင်္ဂလန်၊ ဝေလနယ်နှင့်မြောက်အိုင်ယာလန်တို့မှ တသီးတခြား ရှိနေခဲ့သည်။

၁၉ ရာစု နှစ်တွင် စကော့တလန်ပြည်တွင် စက်ရုံကြီးများ၊ ရေအားလျှပ်စစ်ရုံကြီးများ၊ မီးရထားလမ်းများ စသည်တို့ကို အကြီးအကျယ် လုပ်ကိုင်လာခြင်းဖြင့် လူဦးရေထူထပ်၍ စက်မှု လက်မှုထွန်းကားသောပြည် ဖြစ်လာသည်။ စက်မှု လက်မှု ထွန်းကားခြင်းကြောင့် စကော့ လူမျိုးတို့မှာ လက်တွေ့ အလုပ်တွင် စိတ်ဝင်စားသူများ ဖြစ်လာကြသည်။

နိုင်ငံ၏ မြို့တော်နှင့် ဒုတိယ အကြီးဆုံးမြို့ ဖြစ်သော အီဒင်ဘပ်ခ်မြို့သည် ဥရောပ၏ အကြီ:ဆုံးသော ငွေကြေးဌာန တစ်ခု ဖြစ်သည်။ အီဒင်ဘပ်ခ် သည် ၁၈ ရာစု အတွင်းက စကော့ခ် တို့အား စီးပွားရေး၊ ပညာရေးနှင့် စက်မှုလုပ် ငန်း တိုးတက်မှု တို့ ဖြစ်ပေါ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ စကော့တလန်ရှိ အကြီးဆုံး မြို့ဖြစ်သော ဂလက်စဂိုမြို့သည် တစ်ချိန်က ကမ္ဘာပေါ်တွင် အထွန်းကားဆုံး စက်မှု မြို့တော် ဖြစ်ပြီး ယခုတိုင်အောင် မဟာဂလက်စဂို မြို့ပြ ဒေသတွင် တည်ရှိနေသေးသည်။ စကော့တလန်၏ ရေပိုင်နက်မှာ မြောက်အတ္တလန္တိတ်နှင့် မြောက်ပင်လယ်၏ အစိတ်အပိုင်းများ ပါဝင်ပြီ: ဥရောပ သမဂ္ဂရှိ ရေနံ အများဆုံး ထွက်ရှိရာ နေရာ ဖြစ်သည်။ ထိုအကြောင်းကြောင့် တတိယ အကြီးဆုံး မြို့ဖြစ်သော အဘာဒင်းန် မြို့အား ဥရောပ၏ ရေနံမြို့တော်အဖြစ် အမည်တွင်စေခဲ့လေသည်။

၂၀၁၆ခုနှစ်စာရင်းအရ စကော့တလန်နိုင်ငံ၏ လူဦးရေ ၅.၄သန်းဖြစ်သည်။ စကော့တလန်ပြည်၌ သာယာကြည်နူးဖွယ် ကောင်းသော အင်းအိုင်အများအပြားကို တွေ့နိုင်၍ လော့လို မန်မှာ အကြီးဆုံးအိုင် ဖြစ်သည်။ ဤကဲ့သို့ အင်းအိုင်များ၊ လွင်ပြင်များ၊ တောင်ကုန်းများဖြင့် သာယာလှသော စကော့ တလန်ပြည်မှာ ပထဝီဝင် သဘောအားဖြင့် မြောက်ပိုင်း တောင်ကုန်းဒေသ၊ အလယ်ပိုင်းမြေနိမ့်ဒေသနှင့် တောင်ပိုင်းကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းခွဲခြားလျက် ရှိသည်။

မြောက်ဘက်တောင်ကုန်းဒေသည် ပျမ်းမျှအားဖြင့် ပင်လယ် ပြင်မှ ပေ ၁၅ဝဝ မြင့်၍ တောင်ထူထပ်ပြီးလျှင် သီးနှံ မစိုက် ပျိုးနိုင်ချေ။တောင်ကြားများ၌ နွားမွေးမြူရေးအတွက် စားကျက် များ၊ အမဲလိုက်စခန်းများနှင့် ရေအားလျှပ်စစ်အတွက် ရေစီး သန်သော မြစ်များရှိသည်။ ဤဒေသ၌ ဗြိတိသျှ ကျွန်းစု၏ အမြင့်ဆုံးတောင် ဖြစ်သော ဂရမ်ပီယန် တောင်တန်း ပါဝင်၍ အင်းအိုင်များဖြင့် သာယာသော ရှုမျှော်ခင်းများရှိသည်။ စာရေး ဆရာကြီး ဆာဝေါ်လတာစကော့သည် ယင်း ရှုမျှော်ခင်းများ အကြောင်းကို ကဗျာများ စပ်ဆိုရေးသားခဲ့လေသည်။

အလယ် ပိုင်း မြေနိမ့်ဒေသသည် အသင့်အတင့် စိုက်ပျိုးနိုင်သဖြင့် ဂျုံ၊ မြင်း၊ စားဂျုံ၊ မုယောစပါး နှင့် အခြားသီးနှံများ စိုက်ပျိုး၍ နွားနို့ လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ကျောက်မီးသွေး၊ သံနှင့် ရေနံလုပ်ငန်းများကို ဤဒေသ၌ တွေ့နိုင်၏။ တောင် ဘက်ကုန်းမြင့်ဒေသ၌ မြေဩဇာမကောင်းလှသော်လည်း သီးနှံ အမျိုးမျိုးကို စိုက်ပျိုးကြသည်။ နွား၊ မြင်း၊ သိုးများ မွေးမြူ ရောင်းချခြင်းမှာ အဓိကလုပ်ငန်းဖြစ်သည်။

စကော့တလန်ပြည်သည် ကမ္ဘာ့ မြောက်ပိုင်း၌ ကျရောက် လျက် ရှိသော်လည်း ပင်လယ်ရေက ဝန်းရံလျက်ရှိသည့်ပြင် ပင်လယ်ရေပူချောင်းမှ တိုက်ခိုက်သောလေကြောင့် ရာသီဥတုမှာ မပြင်းထန်လှချေ။ အနောက်ဘက် တောင်တန်းများ၌ တနှစ် လျှင် ပျမ်းမျှမိုးရေချိန် လက်မ ၁ဝဝ မှ ၁၅ဝ အထိ ရရှိ၍ အရှေ့ဘက်တွင်မူ မိုးရေချိန် ၂၅ လက်မမှ လက်မ ၆ဝ အထိ သာ ရရှိသဖြင့် ပို၍ ခြောက်သွေ့လေသည်။

ဂလပ်စဂိုးမြို့မှာ စကော့တလန်ပြည်တွင် အကြီးဆုံးမြို့ဖြစ်၍ စက်မှုလက်မှု လုပ်ငန်းများ ရှိသည်။ ယင်းမြို့ အနီးတွင် ကျောက်မီးသွေး တွင်းများနှင့် သင်္ဘောကျင်းများ ရှိသဖြင့် စကော့တလန်ပြည်၏ လူဦးရေထက်ဝက်ကျော်သည် ထိုမြို့အနီး တစ်ဝိုက်တွင် နေထိုင်ကြသည်။ ဂလပ်စဂိုးမြို့၏ အနောက်တောင်ဖက်တွင် တည်ရှိသော ပေ့ဇလီမြို့သည် အပ်ချည်ကြိုး လုပ်ငန်းကြောင့် ထင်ရှားသည်။ အဗာဒင်းမြို့၌ အဝတ်အထည် ရက်လုပ်ခြင်းနှင့်ငါးဖမ်းခြင်းလုပ်ငန်းများရှိ၍ နှမ်းဖတ် ကျောက် များကိုလည်း တူးဖော် ရောင်းချခြင်း ပြုသည်။

ဒန်ဒီမြို့တွင် သင်္ဘော တည်ဆောက်ခြင်းနှင့် စက်မှုလုပ်ငန်းများ ရှိသည့်ပြင် လင်နင်ထည် အများဆုံးထွက်သည်။ ဝီစကီအရက်နှင့် ဓာတု ဗေဒဆိုင်ရာ ပစ္စည်းများကိုမူ စကော့တလန်ပြည် အရပ်ရပ်၌ လုပ်ကိုင်ကြသည်။ စကော့တလန်ပြည်၏မြို့တော်မှာ အက်ဒင် ဗာရာမြို့ဖြစ်၍ ပညာဗဟုသုတဆိုင်ရာ သုတေသီလုပ်ငန်းများ ဖြင့် ထင်ရှားလေသည်။

စကော့တလန်နိုင်ငံ၏ စိတ်ဝင်စားစရာ အချက်တချို့

စကော့တလန်၏ နိုင်ငံ၏ ကိုယ်စားပြု National Animal မှာ ဦးချိုတစ်ချောင်းတည်းရှိတဲ့မြင်းဖြစ်သော Unicorn ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဆံပင်နီသောလူဦးရေကို အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ လူဦးရေစုစုပေါင်းတွင် ၁၃% မှာ ဆံပင်အနီ(redhead) ဖြစ်သည်။

အမြင့်ဆုံးသစ်ပင်စည်းရိုးမှာ စကော့တလန် Meikleour ကျေးရွာအနီး A93 Perth-Blairgowrie လမ်းပေါ်တွင်တည်ရှိသည်။ ထိုသစ်ပင်စည်းရိုးသည်အလျား ၁၇၀၀ပေ ရှိပြီး အမြင့်မှာ ပေ၁၀၀ ရှိသည်။

Loch Ness Monster (သို့) Nessie ခေါ်သတ္တဝါကြီးများသည် စကော့တလန်ရှိ Loch Ness ကန်ထဲတွင်နေထိုင်ခဲ့သည်ဟု ယုံကြည်ကြသည်။ မည်သူမျှမမြင်ဖူးသော်လည်း ထိုကန်သို့ မကြာခဏလာရောက်လည်ပတ်သူများစွာရှိသည်။

ကမ္ဘာ့အတိုဆုံး စီးပွားရေးလေကြောင်းလိုင်းမှာ စကော့တလန်ရှိ Westray မှ Papa Westray သို့ပျံသန်းသောလမ်းကြောင်းဖြစ်ပြီး ၁မိုင်ခွဲသာကွာဝေးသည်။

နိုင်ငံချင်းကန်သည့် ပထမဆုံးဘောလုံးပွဲကို စကော့တလန်ရှိ Partick နယ်မြေတွင်ကျင်းပခဲ့သည်။ အင်္ဂလန်အသင်း နှင့် စကော့တလန်အသင်းတို့သည် ၁၈၇၂ခုနှစ် နိုဝင်ဘာ ၃၀ရက် ညနေ ၂နာရီအချိန်တွင် ကန်ခဲ့ကြခြင်းဖြစ်သည်။ ဂိုးမရှိသရေပွဲဖြစ်ခဲ့ပြီး လူပေါင်း ၄၀၀၀ကျော် လာရောက်ကြည့်ရှု့သည်။

English, Scots နှင့် Scottish Gaelic ဘာသာစကားသုံးခုကို တရားဝင်အသုံးပြုသည့်နိုင်ငံဖြစ်သည်။ သို့သော်လည်း Scottish Gaelic ဘာသာစကားကို လူဦးရေ၏ ၁%က သာအသုံးပြုသည်။

အီဒင်ဘတ်မြို့သည် ကမ္ဘာပေါ်တွင် ပထမဆုံး ကိုယ်ပိုင်မီးသတ်တပ်ဖွဲ့ထားရှိသည့်မြို့ဖြစ်ပြီး ၁၈၂၄ခုနှစ်တည်းက ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

အီဂျစ်ပိရမစ်များထက် ပို၍စောသည့် အဆောက်အအုံများသည် စကော့တလန်နိုင်ငံ Skara Brae တွင်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ကျော် (ဘီစီ၃၁၀၀ခန့်) က လူသားများနေထိုင်ခဲ့သည့်နေရာဖြစ်သည်။

စကော့တလန်၏ အမြင့်ဆုံးတောင်မှာ Ben Nevis တောင်ဖြစ်၍ အမြင့်ပေ ၄၄၀၆ပေ မြင့်သည်။

ယနေ့တိုင် ကမ္ဘာတွင် အလွန်အသုံးဝင်လျှက်ရှိသော မိုးကာစ ကို စကော့ဓာတုဗေဒပညာရှင် Charles Macintosh က ၁၈၂၄ခုနှစ်တွင် တီထွင်ခဲ့ခြင်းဖြစ်သည်။

စကော့တလန်၏ လူသိအများဆုံးထုတ်ကုန်မှာ ဝီစကီဖြစ်သည်။ သို့သော် တရုတ်တို့က စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ထိုအတတ်သည် ၁၆ရာစုမှ စကော့တလန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စကော့တလန်နိုင်ငံ၏ အထိမ်းအမှတ်ပန်းမှာ ဆူးလေးပန်း(thistle) ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ရဲတိုက်အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရဲတိုက်ပေါင်း ၃၀၀၀ကျော်ရှိသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
Wikipedia
သုတဇုန်

Tags: countries
Next Post
ရုရှားတို့ထံမှ ဒေါ်လာ ၇သန်းနဲ့ ဝယ်ယူခဲ့တဲ့ အမေရိကန်ရဲ့ အကြီးဆုံးပြည်နယ် (သို့) အလက်စကား

ရုရှားတို့ထံမှ ဒေါ်လာ ၇သန်းနဲ့ ဝယ်ယူခဲ့တဲ့ အမေရိကန်ရဲ့ အကြီးဆုံးပြည်နယ် (သို့) အလက်စကား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!