(Unicode)
အမေရိကန်ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စကားလက်ဂျိုဟန်ဆင်ဆိုရင်တော့ ကမ္ဘာရုပ်ရှင်ကြည့်ပရိတ်သက်အားလုံးက သိကြပါတယ်။ အထူးသဖြင့်ကမ္ဘာအနှံ့ ပုရိသတွေရဲ့သည်းသည်းလှုပ်အားပေးခြင်းကိုခံရတဲ့ စကားလက်ဂျိုဟန်ဆန်ဟာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးတွေ အနက်က တစ်ဦးဖြစ်ပြီး သူမရဲ့နာမည်အပြည့်အစုံကတော့ စကားလက် အင်ဂရစ်ဂျိုဟန်ဆန်(Scarlett Ingrid Johansson) ပဲဖြစ်ပါတယ်။
သူမကိုတော့ (၁၉၈၄)ခုနှစ်၊ နိုဝင်ဘာ (၂၂)ရက်နေ့မှာ နယူးယောက်မြိုမှာရှိတဲ့ Manhattamn အရပ်မှာမွေးဖွားခဲ့ပါ တယ်။ သူမရဲ့ဖခင်ကတော့ ဒိန်းမတ်နိုင်ငံ၊ကိုဗေဟေဂင်ကနေပြောင်းရွေလာတဲ့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Karsten Olaf Johansson ဖြစ်ပြီး မိခင်ဖြစ်သူ Melanie Sloan ကတောဂျူးအမျိုးသမီး ရုပ်ရှင်ထုတ်လုပ်သူ တစ်ယောက်ဖြစ်ပါတယ်။ စကားလက်ဂျိုဟန်ဆန်နဲ့သူရဲ့မောင်ဟန်တာဂျိုဟန်ဆန်တို့ဟာ အမွှာ ကလေးငယ်တွေဖြစ်ပြီး စကားလက်က (၃)မိနစ်ကြီးပါတယ်။ ဒါအပြင် ရုပ်ရှင် သရုပ်ဆောင်အဖြစ်လုပ်ကိုင်နေသူ ဗန်နီဆာ ဂျိုဟန်ဆန်ဆိုတဲ့ညီမတစ် ယောက်နဲ့ အဒီရန်ဆိုတဲ့အစ်ကိုတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
စကားလက်ဂျိုဟန်ဆန်ဟာ ငယ်စဉ်တည်းကအနုပညာပိုးပါလာသူဖြစ်ပြီး သူမအသက်(၇)နှစ်အရွယ်တည်းက ကုန်ပစ္စည်း ကြေငြာတစ်ခုမှာ အသံအမူအရာနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အသက်(၈)နှစ်အရွယ်မှာတော့ သူမရဲ့ပထမဆုံးသော ပရိသတ်ကို ဖျော်ဖြေတဲ့ပွဲအဖြစ် Off-broadway ပြဇာတ်အဖွဲ့မှာကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ စကားလက်ဂျိုဟန်ဆန် Professional Children School မှာပညာသင်ကြားခဲ့ပြီး အသက်(၉)နှစ်အရွယ်၊ (၁၉၉၄) ခုနှစ်မှာတော့ North လို့အမည်ရတဲ့ဟာသဇာတ်မြူးကားလေးမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
စကားလက် အသက်(၁၃)နှစ်အရွယ်ရောက်ချိန်မှာတော့ သူမိဘတွေဟာ ကွာရှင်းခဲ့ပြီး စကားလက်ကတော့ မိခင်ဖက်ကအဘွားဖြစ်သူ Dorothy Sloan နဲ့သွားရောက်နေထိုင်ခဲ့ပါတယ်။ ယင်းနောက်စကားလက်ဟာ အဆိုနဲ့ အကပညာတွေကို သင်ယူပြီး ပြဇာတ်မင်းသမီးတစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အဘွားဖြစ်သူရဲ့အကြံပေးမှုနဲ့ အတူ ရုပ်ရှင်ဘက်ကိုပဲ သီးစားပေးခဲ့ပြီး (၁၉၉၇)ခုနှစ်ထုတ် Fall ဇာတ်ကားနဲ့ (၁၉၉၇)ခုနှစ်ထုတ် Home Alone (3) တို့မှာဇာတ်ပို့သရုပ်ဆောင်နေရာက နေပါဝင်ခဲ့ပြီး သရုပ်ဆောင်ပညာရပ်များစွာကို သိုမှီးနိုင်ခဲ့ပါတယ်။
နာမည်ကျော်ဒါရိုက်တာ Robert Redford ရိုက်ကူးခဲ့တဲ့ (၁၉၉၈)ခုနှစ်ထုတ် The Horse Whisperer ကားမှာတော့ စကားလက်ဂျိုဟန်ဆန်ဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာရနေတဲ့ ဆယ်ကျော်သက်နေရာက နေပါဝင်သရုပ်ဆောင်ခဲ့ပြီး Chicago အခြေစိုက်ရုပ်ရှင်ဝေဖန်ရေးအဖွဲ့ရဲ့ အလားအလာအရှိဆုံးအမျိုးသမီးသရုပ်ဆောင်ဆု အတွက်ဇကာတင်စာရင်း မှာပါဝင်နိုင်ခဲ့ပါတယ်။ ယင်းနောက် (၁၉၉၉)ခုနှစ်ထုတ် My Brother the Pig (၂၀၀၀)ပြည့်နှစ်က Ghost world၊ (၂၀၀၁)ခုနှစ်က An American Rhapsody နဲ့ The Man Who Wasn’t There (၂၀၀၂)ခုနှစ်က Elight Legged Freaks ဇာတ်ကားတွေနဲ့ စကားလက်ဂျိုဟန်ဆန်ဟာ နာမည်ရ ဟောလီးဝုဒ်သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
(၂၀၀၃)ခုနှစ်ကရိုက်ကူးခဲ့တဲ့ Lost in Translation နဲ့ Girl with a Pearl Earring ဇာတ်ကားတွေရိုက်ကူးပြီးချိန်မှာတော့ BAFTA Award နဲ့ ရွှေကမ္ဘာလုံးဆုတို့အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကိုယင်းဇာတ်ကား(၂)ခုလုံးနဲ့ ဇကာတင်စာရင်းပါဝင်လာခဲ့ပါတယ်။ ယင်း နောက် Lost in Translationဇာတ်ကားနဲ့ BAFTA Award ရဲ့အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
(၂၀၀၅)ခုနှစ်မှာတော့ ရုပ်ရှင်ဝေဖန်ရေးသမားတွေကတောင်ချီးကျူးခြင်းခံခဲ့ရတဲ့ Match Point ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု အပြင် ရှီကာဂိုရုပ်ရှင်ဝေဖန်ရေးအဖွဲ့ရဲ့ Best Supporting Actress ဆုတွေ အတွက် ဇကာတင်စာရင်းမှာပါဝင်လာခဲ့ပြန်ပါတယ်။
ယင်းနောက် စကားလက်ဂျိုဟန်ဆန်ဟာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်ရင်း (၂၀၀၈)ခုနှစ်မေလမှာတော့ Anywhere I Lay My Head ဆိုတဲ့သီချင်းအယ်ဘမ်ကိုထုတ်လွှင့်ခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်မှာတော့ စကားလက်ဟာ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Iron Man-2 မှာ Black Widow လို့သိကြတဲ့ အေဂျင့် Natasha Romanoff နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ The Advengers (၂၀၁၂)၊ Captain America, The Winter Soilder (၂၀၁၄) ၊ Avengers; Age of Ultron (၂၀၁၅)၊ Captain America; Cival War (၂၀၁၆)၊ Avengers; Infinity War (၂၀၁၈) ၊ Avengers: Endgame (၂၀၁၉) စတဲ့ကမ္ဘာကကျော်ရုပ်ရှင်ဇာတ်ကားတွေ့မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မာဘယ်ရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်တဲ့ စူပါဟီးရိုးတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်နေဆဲကာလတွေမှာပဲ We Bought a Zoo, Under the skin, Lucy, Hail, Caesar, Ghost in the Shell, Rought Night စတဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
စကားလက်ဂျိုဟန်ဆန်ဟာကမ္ဘာပေါ်မှာ အနုပညာကြေးအမြင့်ဆုံးရနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Hollywood Walk of Fame မှာ(၂၀၁၂)ခုနှစ်မေလကတည်းက ကြယ်ပွင့်ရေးထိုးဂုဏ်ပြုခြင်းခံရတဲ့ ဒိန်းမတ် ကပြားဂျူးအနုပညာရှင်လည်း ဖြစ်ပါ တယ်။ မှတ်တမ်းတွေအရတော့ စကားလက်ဂျိုဟန်ဆန်ဟာ အမေရိကန်ဒေါ်လာသန်း(၁၄၀) ကြွယ်ဝသူဖြစ်ပြီး အလှူအတန်းလည်းရက်ရောတဲ့အနုပညာရှင်လည်းဖြစ်ပါတယ်။ စကားလက်ဟာ အမေရိကန် အမျိုးသားကြိုက်မဂ္ဂဇင်းဖြစ်တဲ့ Esquire ကရွေးချယ်တဲ့ ကမ္ဘာဆွဲဆောင်မှုအရှိဆုံး သက်ရှိအမျိုးသမီးအဖြစ် (၂၀၀၆ နဲ့ ၂၀၁၃)တွေမှာရွေးချယ်ခြင်းခံခဲ့ရပါ တယ်။
(၂၀၀၇)ခုနှစ်ကတော့ စကားလက်ဂျိုဟန်ဆန်ဟာ ကနေဒီယန်သရုပ်ဆောင် Ryan Reynold နဲ့တွဲခဲ့ပြီး (၂၀၀၈)မေမှာတော့ စေ့စပ်ခဲ့ကြပါတယ်။ ယင်းနှစ် စက်တင်ဘာလမှာပဲ သူတို့စုံတွဲဟာမင်္ဂလာပွဲဆင်နွှဲခဲ့ပြီး (၂၀၁၁) ၊ဂျူလိုင် မှာတော့ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာမှာတော့ စကားလက်ဟာကြေငြာအေဂျင်စီပိုင်ရှင် ပြင်သစ်လူမျိုး Romain Dauriac နဲ့တွဲခဲ့ပြီးယင်းနှစ်၊စက်တင်ဘာလမှာ စေ့စပ်ခဲ့ပြန်ပါတယ်။ (၂၀၁၄)မှာတော့ သူတို့စုံတွဲဟာလက်ထပ်ခဲ့ပြီး သမီးတစ်ယောက်ရခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ ကွဲရှင်းပြတ်ဆဲခဲ့ပြန်ပါတယ်။ ယင်းနောက် စကားလက်ဟာ အမေရိကန်ဇာတ်ညွှန်းရေးဆရာ Colin kelly Jost နဲ့တွဲခဲ့ပါတယ်။
စကားလက်ဟာ ခရစ်စမတ်ပွဲတော်မှာသာမက Hanukkha (ဂျူးလူမျိုးတွေရဲ့ မီးထွန်းပွဲတော်) တွေကိုပါ ပါဝင်ဆင်နွှဲလေ့ရှိ သူဖြစ်ပါတယ်။ ဒါအပြင် စကားလက်ဂျိုဟန်ဆန်ဟာ အမေရိကန်နိုင်ငံနဲ့ ဒိန်း မတ်နိုင်ငံ(၂)နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ သူမဟာ(၂၀၀၆)ခုနှစ်တည်းက L’Oreal cosmetics နဲ့လက်တွဲခဲ့ပြီး ယင်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ(၂)သန်းလောက်ဝင်ငွေရနေသူဖြစ်ပါတယ်။
(၂၀၀၉)ခုနှစ်မှာလည်း Dolce&Gabbana perfumes ၊ စပိန်အဝတ်အစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mango ၊ Moet&Chandon Champagne စတဲ့စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ ကုန်ပစ္စည်းတွေကိုကြော်ငြာမော်ဒယ်အဖြစ် ဆောင်ရွက်ပေး ခဲ့ပြီး ဒေါ်လာသန်းနဲ့ချီတဲ့ အကျိုးအမြတ်တွေကိုနှစ်စဉ်ရရှိနေသူလည်း ဖြစ်ပါတယ်။
ဒါအပြင် စကားလက်ဟာ ကမ္ဘာကျော်ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Calvin Klein၊ L’Oreal၊ Louise Vuitton ထုတ်ကုန်တွေကိုလည်း ကြေငြာပေးခဲ့သူပါဖြစ်လို့ ကမ္ဘာဝင်ငွေအကောင်းဆုံး မင်းသမီးဖြစ်နေတာ အံ့သြစရာတော့မရှိပါဘူး။ စကားလက်ဂျိုဟန်ဆန်ရဲ့လူသိနည်းတဲ့အချက်ကတော့ သူမဟာ ငှက်နဲ့ ပိုးဟပ်တွေကို ကြောက်တတ်သူဆိုတာပဲဖြစ်ပြီး မကောင်းတဲ့စရိုက်ကတော့ ဒိန်ချဉ်၊ဒိန်ခဲတွေကို အလွန်အကျူးစားလေ့ရှိတာပါ။(ယင်းအစားအစာတွေ ဟာဝိတ်တက်ဖို့လွယ်တာကြောင့် သူမရဲ့ခန္ဓာကိုယ်နဲပတ်သက်ပြီး မီဒီယာ တွေရဲ့အပြစ်တင်ခြင်းကို သူမဟာမကြာခဏခံနေရပါတယ်)။
အနုပညာဆိုင်ရာထူးချွန်ဆုအနေနဲ့တော့ စကားလက်ဟာ British Academy Film Award ဆု(၁)ကြိမ်၊ Tony Award (၁)ကြိမ်ရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆု ဇကာတင်စာရင်းမှာ(၄)ကြိမ်အထိ ပါဝင်ခဲ့ပေမဲ့ ဆုရရှိခဲ့ခြင်းတော့မရှိပါဘူး။ လက်ရှိအချိန်မှာတော့ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ စကားလက်ဟာ Jojo Rabbit နဲ့အခြားဇာတ်ကားတစ်ကား ရိုက်ကူးဖို့ရှိနေပြီး နယူးယောက်စီးတီးက သူမရဲ့ ဒေါ်လာ ၄သန်းတန် စံအိမ်မှာ နေထိုင်လျှက်ရှိပါတယ်။
(Zawgyi)
စူပါဟီး႐ိုး Black Widow (သို႔) စကားလက္ဂ်ိဳဟန္ဆန္
အေမရိကန္႐ုပ္ရွင္မင္းသမီးနဲ႔ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ စကားလက္ဂ်ိဳဟန္ဆင္ဆိုရင္ေတာ့ ကမာၻ႐ုပ္ရွင္ၾကည့္ပရိတ္သက္အားလုံးက သိၾကပါတယ္။ အထူးသျဖင့္ကမာၻအႏွံ႔ ပုရိသေတြရဲ႕သည္းသည္းလႈပ္အားေပးျခင္းကိုခံရတဲ့ စကားလက္ဂ်ိဳဟန္ဆန္ဟာ ကမာၻ႔ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသမီးေတြ အနက္က တစ္ဦးျဖစ္ၿပီး သူမရဲ႕နာမည္အျပည့္အစုံကေတာ့ စကားလက္ အင္ဂရစ္ဂ်ိဳဟန္ဆန္(Scarlett Ingrid Johansson) ပဲျဖစ္ပါတယ္။
သူမကိုေတာ့ (၁၉၈၄)ခုႏွစ္၊ ႏိုဝင္ဘာ (၂၂)ရက္ေန႔မွာ နယူးေယာက္ၿမိဳမွာရွိတဲ့ Manhattamn အရပ္မွာေမြးဖြားခဲ့ပါ တယ္။ သူမရဲ႕ဖခင္ကေတာ့ ဒိန္းမတ္ႏိုင္ငံ၊ကိုေဗေဟဂင္ကေနေျပာင္းေ႐ြလာတဲ့ ဗိသုကာပညာရွင္တစ္ေယာက္ျဖစ္တဲ့ Karsten Olaf Johansson ျဖစ္ၿပီး မိခင္ျဖစ္သူ Melanie Sloan ကေတာဂ်ဴးအမ်ိဳးသမီး ႐ုပ္ရွင္ထုတ္လုပ္သူ တစ္ေယာက္ျဖစ္ပါတယ္။ စကားလက္ဂ်ိဳဟန္ဆန္နဲ႔သူရဲ႕ေမာင္ဟန္တာဂ်ိဳဟန္ဆန္တို႔ဟာ အမႊာ ကေလးငယ္ေတြျဖစ္ၿပီး စကားလက္က (၃)မိနစ္ႀကီးပါတယ္။ ဒါအျပင္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္အျဖစ္လုပ္ကိုင္ေနသူ ဗန္နီဆာ ဂ်ိဳဟန္ဆန္ဆိုတဲ့ညီမတစ္ ေယာက္နဲ႔ အဒီရန္ဆိုတဲ့အစ္ကိုတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။
စကားလက္ဂ်ိဳဟန္ဆန္ဟာ ငယ္စဥ္တည္းကအႏုပညာပိုးပါလာသူျဖစ္ၿပီး သူမအသက္(၇)ႏွစ္အ႐ြယ္တည္းက ကုန္ပစၥည္း ေၾကျငာတစ္ခုမွာ အသံအမူအရာနဲ႔ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အသက္(၈)ႏွစ္အ႐ြယ္မွာေတာ့ သူမရဲ႕ပထမဆုံးေသာ ပရိသတ္ကို ေဖ်ာ္ေျဖတဲ့ပြဲအျဖစ္ Off-broadway ျပဇာတ္အဖြဲ႕မွာကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ စကားလက္ဂ်ိဳဟန္ဆန္ Professional Children School မွာပညာသင္ၾကားခဲ့ၿပီး အသက္(၉)ႏွစ္အ႐ြယ္၊ (၁၉၉၄) ခုႏွစ္မွာေတာ့ North လို႔အမည္ရတဲ့ဟာသဇာတ္ျမဴးကားေလးမွာ ပထမဆုံး ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ပါတယ္။
စကားလက္ အသက္(၁၃)ႏွစ္အ႐ြယ္ေရာက္ခ်ိန္မွာေတာ့ သူမိဘေတြဟာ ကြာရွင္းခဲ့ၿပီး စကားလက္ကေတာ့ မိခင္ဖက္ကအဘြားျဖစ္သူ Dorothy Sloan နဲ႔သြားေရာက္ေနထိုင္ခဲ့ပါတယ္။ ယင္းေနာက္စကားလက္ဟာ အဆိုနဲ႔ အကပညာေတြကို သင္ယူၿပီး ျပဇာတ္မင္းသမီးတစ္ေယာက္ျဖစ္လာဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ အဘြားျဖစ္သူရဲ႕အႀကံေပးမႈနဲ႔ အတူ ႐ုပ္ရွင္ဘက္ကိုပဲ သီးစားေပးခဲ့ၿပီး (၁၉၉၇)ခုႏွစ္ထုတ္ Fall ဇာတ္ကားနဲ႔ (၁၉၉၇)ခုႏွစ္ထုတ္ Home Alone (3) တို႔မွာဇာတ္ပို႔သ႐ုပ္ေဆာင္ေနရာက ေနပါဝင္ခဲ့ၿပီး သ႐ုပ္ေဆာင္ပညာရပ္မ်ားစြာကို သိုမွီးႏိုင္ခဲ့ပါတယ္။
နာမည္ေက်ာ္ဒါ႐ိုက္တာ Robert Redford ႐ိုက္ကူးခဲ့တဲ့ (၁၉၉၈)ခုႏွစ္ထုတ္ The Horse Whisperer ကားမွာေတာ့ စကားလက္ဂ်ိဳဟန္ဆန္ဟာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ စိတ္ဒဏ္ရာရေနတဲ့ ဆယ္ေက်ာ္သက္ေနရာက ေနပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး Chicago အေျခစိုက္႐ုပ္ရွင္ေဝဖန္ေရးအဖြဲ႕ရဲ႕ အလားအလာအရွိဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆု အတြက္ဇကာတင္စာရင္း မွာပါဝင္ႏိုင္ခဲ့ပါတယ္။ ယင္းေနာက္ (၁၉၉၉)ခုႏွစ္ထုတ္ My Brother the Pig (၂၀၀၀)ျပည့္ႏွစ္က Ghost world၊ (၂၀၀၁)ခုႏွစ္က An American Rhapsody နဲ႔ The Man Who Wasn’t There (၂၀၀၂)ခုႏွစ္က Elight Legged Freaks ဇာတ္ကားေတြနဲ႔ စကားလက္ဂ်ိဳဟန္ဆန္ဟာ နာမည္ရ ေဟာလီးဝုဒ္သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္လာႏိုင္ခဲ့ပါတယ္။
(၂၀၀၃)ခုႏွစ္က႐ိုက္ကူးခဲ့တဲ့ Lost in Translation နဲ႔ Girl with a Pearl Earring ဇာတ္ကားေတြ႐ိုက္ကူးၿပီးခ်ိန္မွာေတာ့ BAFTA Award နဲ႔ ေ႐ႊကမာၻလုံးဆုတို႔အတြက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု ကိုယင္းဇာတ္ကား(၂)ခုလုံးနဲ႔ ဇကာတင္စာရင္းပါဝင္လာခဲ့ပါတယ္။ ယင္း ေနာက္ Lost in Translationဇာတ္ကားနဲ႔ BAFTA Award ရဲ႕အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။
(၂၀၀၅)ခုႏွစ္မွာေတာ့ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြကေတာင္ခ်ီးက်ဴးျခင္းခံခဲ့ရတဲ့ Match Point ဆိုတဲ့ဇာတ္ကားမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေ႐ႊကမာၻလုံးဆု အျပင္ ရွီကာဂို႐ုပ္ရွင္ေဝဖန္ေရးအဖြဲ႕ရဲ႕ Best Supporting Actress ဆုေတြ အတြက္ ဇကာတင္စာရင္းမွာပါဝင္လာခဲ့ျပန္ပါတယ္။
ယင္းေနာက္ စကားလက္ဂ်ိဳဟန္ဆန္ဟာ အႏုပညာလုပ္ငန္းေတြကို ဆက္တိုက္ လုပ္ကိုင္ရင္း (၂၀၀၈)ခုႏွစ္ေမလမွာေတာ့ Anywhere I Lay My Head ဆိုတဲ့သီခ်င္းအယ္ဘမ္ကိုထုတ္လႊင့္ခဲ့ပါတယ္။ (၂၀၁၀)ခုႏွစ္မွာေတာ့ စကားလက္ဟာ ကမာၻေက်ာ္႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ Iron Man-2 မွာ Black Widow လို႔သိၾကတဲ့ ေအဂ်င့္ Natasha Romanoff ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
ဆက္တိုက္ဆိုသလိုပဲ The Advengers (၂၀၁၂)၊ Captain America, The Winter Soilder (၂၀၁၄) ၊ Avengers; Age of Ultron (၂၀၁၅)၊ Captain America; Cival War (၂၀၁၆)၊ Avengers; Infinity War (၂၀၁၈) ၊ Avengers: Endgame (၂၀၁၉) စတဲ့ကမာၻကေက်ာ္႐ုပ္ရွင္ဇာတ္ကားေတြ႕မွာပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ မာဘယ္႐ုပ္ရွင္ထုတ္လုပ္ေရးကထုတ္လုပ္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ရဲ႕ ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ေနဆဲကာလေတြမွာပဲ We Bought a Zoo, Under the skin, Lucy, Hail, Caesar, Ghost in the Shell, Rought Night စတဲ့ဇာတ္ကားေတြကို ႐ိုက္ကူးခဲ့ပါတယ္။
စကားလက္ဂ်ိဳဟန္ဆန္ဟာကမာၻေပၚမွာ အႏုပညာေၾကးအျမင့္ဆုံးရေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး Hollywood Walk of Fame မွာ(၂၀၁၂)ခုႏွစ္ေမလကတည္းက ၾကယ္ပြင့္ေရးထိုးဂုဏ္ျပဳျခင္းခံရတဲ့ ဒိန္းမတ္ ကျပားဂ်ဴးအႏုပညာရွင္လည္း ျဖစ္ပါ တယ္။ မွတ္တမ္းေတြအရေတာ့ စကားလက္ဂ်ိဳဟန္ဆန္ဟာ အေမရိကန္ေဒၚလာသန္း(၁၄၀) ႂကြယ္ဝသူျဖစ္ၿပီး အလႉအတန္းလည္းရက္ေရာတဲ့အႏုပညာရွင္လည္းျဖစ္ပါတယ္။ စကားလက္ဟာ အေမရိကန္ အမ်ိဳးသားႀကိဳက္မဂၢဇင္းျဖစ္တဲ့ Esquire ကေ႐ြးခ်ယ္တဲ့ ကမာၻဆြဲေဆာင္မႈအရွိဆုံး သက္ရွိအမ်ိဳးသမီးအျဖစ္ (၂၀၀၆ နဲ႔ ၂၀၁၃)ေတြမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါ တယ္။
(၂၀၀၇)ခုႏွစ္ကေတာ့ စကားလက္ဂ်ိဳဟန္ဆန္ဟာ ကေနဒီယန္သ႐ုပ္ေဆာင္ Ryan Reynold နဲ႔တြဲခဲ့ၿပီး (၂၀၀၈)ေမမွာေတာ့ ေစ့စပ္ခဲ့ၾကပါတယ္။ ယင္းႏွစ္ စက္တင္ဘာလမွာပဲ သူတို႔စုံတြဲဟာမဂၤလာပြဲဆင္ႏႊဲခဲ့ၿပီး (၂၀၁၁) ၊ဂ်ဴလိုင္ မွာေတာ့ တရားဝင္ကြာရွင္းျပတ္ဆဲခဲ့ၾကပါတယ္။ (၂၀၁၂)ခုႏွစ္၊ ႏိုဝင္ဘာမွာေတာ့ စကားလက္ဟာေၾကျငာေအဂ်င္စီပိုင္ရွင္ ျပင္သစ္လူမ်ိဳး Romain Dauriac နဲ႔တြဲခဲ့ၿပီးယင္းႏွစ္၊စက္တင္ဘာလမွာ ေစ့စပ္ခဲ့ျပန္ပါတယ္။ (၂၀၁၄)မွာေတာ့ သူတို႔စုံတြဲဟာလက္ထပ္ခဲ့ၿပီး သမီးတစ္ေယာက္ရခဲ့ပါတယ္။ (၂၀၁၇) ခုႏွစ္မွာေတာ့ ကြဲရွင္းျပတ္ဆဲခဲ့ျပန္ပါတယ္။ ယင္းေနာက္ စကားလက္ဟာ အေမရိကန္ဇာတ္ၫႊန္းေရးဆရာ Colin kelly Jost နဲ႔တြဲခဲ့ပါတယ္။
စကားလက္ဟာ ခရစ္စမတ္ပြဲေတာ္မွာသာမက Hanukkha (ဂ်ဴးလူမ်ိဳးေတြရဲ႕ မီးထြန္းပြဲေတာ္) ေတြကိုပါ ပါဝင္ဆင္ႏႊဲေလ့ရွိ သူျဖစ္ပါတယ္။ ဒါအျပင္ စကားလက္ဂ်ိဳဟန္ဆန္ဟာ အေမရိကန္ႏိုင္ငံနဲ႔ ဒိန္း မတ္ႏိုင္ငံ(၂)ႏိုင္ငံရဲ႕ ႏိုင္ငံသားျဖစ္ခြင့္ရရွိထားသူလည္းျဖစ္ပါတယ္။ သူမဟာ(၂၀၀၆)ခုႏွစ္တည္းက L’Oreal cosmetics နဲ႔လက္တြဲခဲ့ၿပီး ယင္းကေန ႏွစ္စဥ္ အေမရိကန္ေဒၚလာ(၂)သန္းေလာက္ဝင္ေငြရေနသူျဖစ္ပါတယ္။
(၂၀၀၉)ခုႏွစ္မွာလည္း Dolce&Gabbana perfumes ၊ စပိန္အဝတ္အစား ကုမၸဏီတစ္ခုျဖစ္တဲ့ Mango ၊ Moet&Chandon Champagne စတဲ့စီးပြားေရး ကုမၸဏီႀကီးေတြရဲ႕ ကုန္ပစၥည္းေတြကိုေၾကာ္ျငာေမာ္ဒယ္အျဖစ္ ေဆာင္႐ြက္ေပး ခဲ့ၿပီး ေဒၚလာသန္းနဲ႔ခ်ီတဲ့ အက်ိဳးအျမတ္ေတြကိုႏွစ္စဥ္ရရွိေနသူလည္း ျဖစ္ပါတယ္။
ဒါအျပင္ စကားလက္ဟာ ကမာၻေက်ာ္ကုန္ပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြျဖစ္တဲ့ Calvin Klein၊ L’Oreal၊ Louise Vuitton ထုတ္ကုန္ေတြကိုလည္း ေၾကျငာေပးခဲ့သူပါျဖစ္လို႔ ကမာၻဝင္ေငြအေကာင္းဆုံး မင္းသမီးျဖစ္ေနတာ အံ့ၾသစရာေတာ့မရွိပါဘူး။ စကားလက္ဂ်ိဳဟန္ဆန္ရဲ႕လူသိနည္းတဲ့အခ်က္ကေတာ့ သူမဟာ ငွက္နဲ႔ ပိုးဟပ္ေတြကို ေၾကာက္တတ္သူဆိုတာပဲျဖစ္ၿပီး မေကာင္းတဲ့စ႐ိုက္ကေတာ့ ဒိန္ခ်ဥ္၊ဒိန္ခဲေတြကို အလြန္အက်ဴးစားေလ့ရွိတာပါ။(ယင္းအစားအစာေတြ ဟာဝိတ္တက္ဖို႔လြယ္တာေၾကာင့္ သူမရဲ႕ခႏၶာကိုယ္နဲပတ္သက္ၿပီး မီဒီယာ ေတြရဲ႕အျပစ္တင္ျခင္းကို သူမဟာမၾကာခဏခံေနရပါတယ္)။
အႏုပညာဆိုင္ရာထူးခြၽန္ဆုအေနနဲ႔ေတာ့ စကားလက္ဟာ British Academy Film Award ဆု(၁)ႀကိမ္၊ Tony Award (၁)ႀကိမ္ရရွိခဲ့ၿပီး ေ႐ႊကမာၻလုံးဆု ဇကာတင္စာရင္းမွာ(၄)ႀကိမ္အထိ ပါဝင္ခဲ့ေပမဲ့ ဆုရရွိခဲ့ျခင္းေတာ့မရွိပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ အသက္ ၃၄ႏွစ္ရွိၿပီျဖစ္တဲ့ စကားလက္ဟာ Jojo Rabbit နဲ႔အျခားဇာတ္ကားတစ္ကား ႐ိုက္ကူးဖို႔ရွိေနၿပီး နယူးေယာက္စီးတီးက သူမရဲ႕ ေဒၚလာ ၄သန္းတန္ စံအိမ္မွာ ေနထိုင္လွ်က္ရွိပါတယ္။
Discussion about this post