• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိန်ထက်အဖိုးတန်တဲ့ မြကျောက် တို့အကြောင်း သိကောင်းစရာ

by Thutamm
June 10, 2020
Reading Time: 1min read
0
စိန်ထက်အဖိုးတန်တဲ့ မြကျောက် တို့အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

(Unicode)

မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်ပါသည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိပါသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်ပါသည်။ တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြား၊ နီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။

မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်တွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်ပါသည်။ ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံ ၊ ဘရာဇီးနိုင်ငံ ၊ ဇင်ဘာဘွေနိုင်ငံ ၊ ဇမ်ဘီယာနိုင်ငံ ၊ တန်ဇင်းနီးယားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ ရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တန်ဖိုးကြီးကျောက်မျက်ရတနာများ ထွက်ရှိရာတွင် နာမည်ကျော်ကြားသော်လည်း မျက်ရွှဲအုပ်စုဝင်ကျောက်များအနက် အပြာရောင် မြပြာ(ခေါ်) အကွာမရင်း သာ အများဆုံး ထွက်ရှိသည်ကို တွေ့ရပြီး အခြားသော အရောင်ရှိသည့် မျက်ရွှဲအုပ်စုဝင်ကျောက်များ လည်းအနည်းငယ်စီ ထွက်ရှိလေ့ရှိသည့်တိုင် အစိမ်းရောင် မြ မှာမူ ထွက်ရှိခြင်းမရှိကြောင်း သိရှိရပါသည်။

မြကျောက်ကို ကမ္ဘာပေါ်တွင် လူသားတို့သည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၅၀၀ ခန့်မှစတင်ပြီး အသုံးပြုခဲ့သည်ဟု ယူဆနိုင်၏။ ရှေးအကျဆုံးမြကျောက်တွင်းရှိသည့်ဒေသကို အီဂျစ်နိုင်ငံ ပင်လယ်နီပတ်ဝန်းကျင်ဒေသတွင် ဖြစ်လိမ့်မည်ဟု သမိုင်းဆရာတို့က သတ်မှတ်ထားသည်။ အီဂျစ်သမိုင်းတွင် ထင်ရှားလှသော ( ကလီယိုပတ်ထရာ) ဘုရင်မသည်  မြကျောက်ကိုအလွန်မြတ်နိုးသူဖြစ်၏။ ထိုခေတ်က မြကျောက်ထွက်သော အီဂျစ်မှ ကျောက်တွင်းများကို (ကလီယိုပတ်ထရာ)ကျောက်တွင်းဟု အမည်ပေးခဲ့၏။ မြကျောက်ကို ကမ္ဘာတွင် စိန်ထက်ပင်ပိုတန်ဖိုးထား၏။ ပတ္တမြားပြီးလျှင် ကမ္ဘာတွင် တန်ဖိုးအရှိဆုံးရတနာပင်ဖြစ်၏။ မြကျောက်ကို ရတနာကို ချစ်မြတ်နိုးသော ပညာရှင်များလောကတွင် အချစ် ၊ ငြိမ်းအေးခြင်း၊ ပျော်ရွှင်ခြင်းတို့ကိုပေးနိုင်သော ကျောက်အဖြစ် မှတ်ယူထား၏။

မြကိုကိုင်လိုက်လျှင် နီလာ ပတ္တမြား ကျောက်များကဲ့သို့ မချော။ မအေး။ ပွပြီး စီးသလိုရှိ၏။ အဆီကပ်နေသကဲ့သို့ရှိ၏။ မြ အတုအစစ်ခွဲသော ကိရိယာကို ( Chelsea color Filter)ဟု ခေါ်၏။ ထို ကရိယာဖြင့် မြတစ်ပွင့်ကို နေရောင်အောက်ကြည့်လိုက်လျှင် အစစ်ဖြစ်က အနီရောင်ပြောင်းသွားပြီး အတုဖြစ်က အစိမ်းရောင်အတိုင်းဆက်ရှိနေသည်။

ကမ္ဘာပေါ်တွင်ထင်ရှားသော မြကျောက်ကြီးမှာ ဒီဗွန်ရှား မြ၊ ကာရက်ချိန်၁၃၈၃.၉ရှိ၏။ သွေးထားပုံမှာ မူလပုံဆောင်ခဲအတိုင်းဖြစ်၏။ ဒုတိယ ထင်ရှားသောမြကြီးမှာ အိန္ဒိယနိုင်ငံ ဘုရင့်သရဖူကြီး၏ အလယ်တွင်တပ်ဆင်ထားသော လုံးချောသွေးထားသည့်မြကြီးဖြစ်၏။ တတိယထင်ရှားသောမြကြီးမှာ ဥရောပတိုက် စကီးရားနိုင်ငံမှ မြခရားအိုးကြီးဖြစ်၏။ အလေးချိန် ၂၆၈၁ ကာရက်ရှိ၏။ စတုတ္ထထင်ရှားသော မြကြီးမှာ ဂျေဟင်ဂါ မြဖြစ်၏။ မြဖလားကြီးဖြစ်၏။ ပဉ္စမထင်ရှားသော မြကြီးမှာ ရုရှားနန်းစဉ်ရတနာများတွင် တစ်ခုအပါအဝင်ဖြစ်သော ကာကိုယမ် မြကြီးဖြစ်၏။  အလေးချိန်၂၂၂၆ ကရက်ရှိ၏။

မြကို စိန်၊နီလာ၊ပတ္တမြား စသည်တို့ကဲ့သို့ အဝိုင်း၊ ဘဲဥပုံ၊ မိုးစက်ပုံများသွေးလေ့မရှိပါ၊ အများအားဖြင့် အပေါ်စီးမှကြည့်လျှင် ထောင့်လေးခုကိုသိမ်းထားပေးသော စတုဂံပုံမျိုးသာ သွေးလေ့ရှိ၏။ ထိုပုံမျိုးကို မြကျောက်တွင် အသွေးများလွန်းသဖြင့် မြကွက် (Emerald Cut)ဟုပင် ကျောက်လောကတွင်ခေါ်ကြ၏။ မြ၏ မူလသဘာဝအရောင်တောက်ပပုံမှာ ဖန်၏တောက်ပပုံမျိုးဖြစ်၏။ စိန်၊နီလာ၊ ပတ္တမြားကဲ့သို့ ပွင့်အားမကောင်းလှပါ။

ကမ္ဘာတွင် မြကို ပထမဆုံးတွင်ကျယ်စွာရောင်းဝယ်မှုပြုလုပ်ခဲ့သည့် ဈေးကွက်မှာ အိန္ဒိယ နိုင်ငံဖြစ်၏။ ကိုလံဘီယာ မှ စပိန်တို့သည် မြကိုတူးဖော်ပြီး အိန္ဒိယတွင်လာရောင်း၏။ အစ္စရေးနိုင်ငံမှာ ယနေ့ ကမ္ဘာတွင် စိန်သွေးသည့်ပညာတွင် နာမည်ကြီးသကဲ့သို့ မြသွေးသည့်ပညာတွင်လည်း နာမည်ကြီး၏။ မြကြီး မြကောင်းများအဓိကဝယ်ယူပြီးသွေး၏။ မြသွေးရာတွင် လူမပါ စက်ဖြင့်အလိုအလျောက်အကောင်းဆုံးအကွက်ပုံများရအောင်သွေးသည့်စနစ်ကို ပထမဆုံးအသုံးပြုခဲ့သည်။ ယင်းစက်တစ်လုံးသည် တစ်နေ့လျှင် မြအရိုင်းအပွင့်၁၈၀၀ ကို ဖြတ်ခြင်း၊သွေးခြင်း၊ပုံလောင်းခြင်း၊အကွက်ဖော်ခြင်း၊အရောင်တင်ခြင်းများကို ပြီးအောင်ပြုလုပ်နိုင်သည်ဟုဆို၏။ အိန္ဒိယနိုင်ငံမှာ မြအသေးများကို သွေးခြင်းတွင် နာမည်ကြီး၏။ တစ်ကာရက်တွင် အပွင့်၂၃၀ပါသော သေးငယ်သည့်မြငယ်လေးများအထိကျွမ်းကျင်စွာသွေးနိုင်ကြ၏။

မြန်မာတို့နှင့် မြကျောက်

မြန်မာ လူမျိုးတို့သည် မြကျောက် (emerald) ကို အလွန် တန်ဖိုးထားသည်။ နေနှင့်လ၊ ရွှေနှင့်မြ ဟူ၍ ပင်လိုက်ဖက် ညီထွေမှုများကို တစ်စားခြင်းရှိသည်။ ရိုးရာရတနာ ဆင်မြန်းမှုတွင် အထွတ်အမြတ် ဖြစ်သည့် နဝရတ်ကိုးပါး လက်ဝတ် ရတနာတွင် မြကျောက်ကို သိဒ္ဓိဝင် ရတနာ တစ်ပါးအဖြစ် သုံးပြုလေ့ရှိသည်။ မြ ကျောက်တွင် ထူးခြားသော ထက်မြက်သော သိဒ္ဓိဝင် နေသည်ဟူ၍ ရှေးအခါကပင် ယူဆသည်။ မြန်မာမင်းတို့၏ အထွတ်အမြတ် ထားရာ ရတနာ တစ်ပါးဖြစ်သည်။ ရွှေလင်ဗန်းနှင့် အချင်းဆေး၊ မြပုခက်တွင် ထား၍ ကြီးပြင်းသည် ဟူ၍ပင် ဆိုရိုးရှိသည်။ နန်းညွန့်နန်းလျာ ရာဇသွေး၊ တော်ဝင် မင်းသွေးမှန်လျှင် မြ ကျောက် ရတနာစီခြယ်ထားသည့် ပုခက်တော်တွင် ပျော်မွေ့စွာ စံရန် ထားရှိသည်ဟု ဆိုသည်။ တစ်ပင်တိုင်မြနန်း ဟူ၍လည်း မြနှင့် စီခြယ်ထားည့် နန်းတော်ကို တည်ခြင်းပြုသည်။

ကျောက်မျက် ရတနာ သုံးစွဲမှု၊ ဝတ်ဆင်မှု အစဉ်အလာအရ မြကျောက်သည် အအေးဓာတ် ဆောင်သည်။ မြကို စိန်ခြယ်သည့် လက်ဝတ် ရတနာအား အပူအအေး ပူတွဲနေသော ရတနာ၊ ချမ်းသာခြင်းနှင့် တန်ခိုးအာဏာ ထက်မြက်စေသည်ဟု ယူဆ၍ အမျိုးသားများ ဝတ်ဆင်ကြသည်။ မြ ကို ဥဿဖရား ရံ၍လည်း ဝတ်ကြသည် ဥဿဖရားသည် အအေးဓာတ်၊ အမဓာတ် ဆောင်သည်။ အအေးဓာတ်နှစ်ခု ပေါင်းစည်းထားသည့် မြ ကို ဥဿဖရား ရံသည်အား အမျိုးသမီးများ ဝတ်ဆင်ကြသည်။ အေးချမ်းသည်။ ပျော်ရွှင်သည် ဟူသော ဓာတ်ကို ယူသည်။ ဤကား မြန်မာတို့၏ မြ ကျောက်ပေါ်တွင် ထားရှိသော တန်ဖိုး သတ်မှတ်ချက်တည်း။

ကျောက်မျက် ရတနာတို့တွင် နောက်ခံ သမိုင်းကြောင်း ရှိသော ကျောက်နှင့် မရှိသော ကျောက်ဟု ကွာခြားသည်။ သမိုင်း အစဉ်အလာ ရှိသော ကျောက်သည် အဖိုးတန်သည် precious stones ဟူ၍ သတ်မှတ်သည်။ အဖိုးတန်၊ အမျိုးမှန်ဟု ဆိုသည်။ သမိုင်းကြောင်း မရှိသည့် ကျောက်မျက် ရတနာကိုကား semi-precious stones ဟု သတ်မှတ်သည်။ တန်ဖိုးနည်းသော ကျောက်ဟူ၍ ဆိုသည်။

အနောက် နိုင်ငံသားတို့သည် နောက်ခံ သမိုင်းကြောင်းရှိသည့် ကျောက်မျက် ရတနာကို ပိုမို၍ တန်ဖိုးထားသည်။ မြ ကျောက်သည် အနာက်တိုင်းသားများ အသည်းစွဲ မြတ်နိုးသည့် ကျောက်မျက် ရတနာဖြစ်ည်။ အရှေ့တိုင်း၊ ထိုင်းနိုင်ငံရှိ မြဘုရားသည် ၎င်းတို့အတွက် အံ့ဖွယ် တစ်ပါးတည်း။ အင်မတန် သေးငယ်သည့် မြ ကို ပိုင်ဆိုင်လျှင်ပင် အင်မတန် ဂုဏ်ယူ ဝမ်းမြောက်သည် ဖြစ်ရာ မြဘုရားကဲ့သို့ ရတနာကိုကား အိပ်မက်ပင် မက်ဝံ့လောက်ခြင်း မရှိအောင် ဖြစ်သည်။ အနောက်တိုင်း အယူအဆအရ မြကျောက်သည် အလွန် ထူးခြားသည်။ ဤရတနာ ပိုင်သူသည် ဘဝတွင် အလွန် ဆုတောင်းပြည့်၍ အေးချမ်းခြင်း ရရှိသည်ဟုလည်း ဆိုသည်။

မြကောျက် ကိုးကွယ်မှု

မြကျောက်ကို ကိုးကွယ်သော လူသားများ ရှိခဲ့ဖူးသည်ဟု သိရသည်။ အလွန်နက်ရှိုင်းလှသည့် အာဖရိက တောနက် အတွင်း ယခုကာလ နိုင်ဂျီးရီးယား ဟုခေါ်သော နိုင်ငံ၏ လူသူ မရောက်နိုင်သော တောတောင်ကြား၌ ယာရိုဘီ (Yarobi) ဟု အမည်တွင်သော အလွန်ထူးခြားသည့် လူအုပ်စု တစ်ခုရှိသည်။ ထိုလူသားအုပ်စုသည် ထူးခြားသော တန်ခိုးများ ရှိသည်။ မှော်ပညာ အစွမ်းဖြင့် ဆေးကုသ နိုင်စွမ်း ရှိသည်။ ပြုစား နိုင်စွမ်းရှိသည်။ ဂန္ဓာရီ အတတ်များတွင် အလွန်ကျွမ်းကျင်သည်။ ရှေ့ဖြစ် နောက်ဖြစ်များလည်း ဟောပြောနိုင်သည်။ အခြား လူရိုင်းအုပ်စုများ မချဉ်းကပ်နိုင်အောင် အစွမ်းထက်မြက်လှသည့် အတွက် အခြားသူများက ဦးညွတ်ကြရသည်။ ၎င်းတို့ ရှိခိုးကြသော ဘုရားကျောင်းသည် မြကျောက်ဖြင့် အတိပြီးသည်။ မြကျောက်ကြီး တစ်တုံး ထားရှိပြီး ရှိခိုးပူဇော်ကြသည်။ တန်ခိုးရှင်တို့နှင့် ဆက်သွယ်သောနေရာအဖြစ် ယုံကြည်ကြသည် ဟု ဒဏ္ဍာရီများက ဆိုသည်။

မြကျောက် နှင့် ယုံကြည်မှုများ

မြကျောက်၏ ထူးခြားသည့် သိဒ္ဓိသည်ကား ထိုက်သူတို့သာ ပိုင်ဆိုင်နိုင်မည်။ မြကျောက်ကို ဝတ်ဆင်သောသူတို့သည့် လူကောင်းများ၊ တန်ခိုး တစ်စုံတစ်ရာ ပိုင်ဆိုင်မည့်သူများ ဖြစ်ကြောင်း တွေ့ရသည်။ မြကျောက်အား ဝယ်ယူပိုင်ဆိုင်သည့်သူသည် ကမ္ဘာအဝန်းရှိ အဖိုး အထိုက် တန်ဆုံးနှင့် မင်္ဂလာ အရှိဆုံး ကျောက်ကို ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။ အခြား ရတနာတို့သည် မတည့်သူကို ခိုက်စေသည်။ မြကျောက်သည် မည်သူကိုမဆို အကျိုးပြုသည်။ ခိုက်သည်ဟူ၍ မရှိ။ ဝတ်ဆင်သူ၏ လိုနေသည့် ကံကို ဖြည့်စွက်ခြင်း၊ ဘဝ အနေအထား တိုးမြင့်စေခြင်း တို့ကို ဖန်တီး အကျိုးပြုသည်။

Myanmar Wikipedia
အင်တာနက် နှင့် ဦးလှဝင်း လေသူရဲတစ်ဦး ရေးသားသည့် ရတနာကုန်သည်သုံးကျောက်မျက်အဘိဓာန်
ဆရာစံ-ဇာဏီဘို၏ ကျောက်မျက်ရတနာကို ဘယ်လို ဆင်မြန်းမလဲ

——— ——– ————-

(Zawgyi)

စိန္ထက္အဖိုးတန္တဲ့ ျမေက်ာက္ တို႔အေၾကာင္း သိေကာင္းစရာ

ျမ သည္ မ်က္႐ႊဲ (ေခၚ) ဘယ္ရယ္ အုပ္စုဝင္ တြင္းထြက္ေက်ာက္ အမ်ိဳးအစားတစ္ခုျဖစ္ပါသည္။ ဓာတုေဗဒဖြဲ႕စည္းမႈအားျဖင့္ ဘယ္ရယ္လီယံ အလူမီနီယံ ဆီလီကိတ္ တြင္ ခ႐ိုမီယံျဒပ္စင္ အနည္းငယ္ ပါဝင္ေနျခင္းျဖစ္ၿပီး မာဆင့္အားျဖင့္ ၇.၅ ရွိပါသည္။ သိပ္သည္းဆ ၂.၇၁ ရွိၾကၿပီး ဖန္ေရာင္လက္ေတာက္ပမႈမ်ိဳးရွိၾကကာ ပုံေဆာင္စနစ္မွာ ဆဌဂုဏ္စနစ္ျဖစ္ပါသည္။ တြဲဖက္ပါဝင္ေသာ ဓာတုျဒပ္စင္အမ်ိဳးအစားကြဲျပားေပၚမူတည္၍ ပတၱျမား၊ နီလာ တို႔ကဲ့သို႔ပင္ အေရာင္မ်ားေျပာင္းလဲ ျခားနားသြားတတ္ၾကျခင္းျဖစ္သည္။

ျမ ၊ မ်က္႐ႊဲ အုပ္စုဝင္မ်ား၏ ထူးျခားေသာ ေက်ာက္သားအေနအထားမွာ မာဆင့္ျမင့္မားေသာ္လည္း အလြန္ႂကြတ္ဆတ္ေသာေၾကာင့္ အလြန္ပင္ က်ိဳးပဲ့လြယ္လြန္းျခင္းျဖစ္သည္။ ထို႔အျပင္ ေက်ာက္သားအတြင္တြင္ အျခားေသာ ေအာင္းဝင္မ်ား မ်ားျပားစြာ ပါဝင္ေလ့ရွိတတ္ေသာေၾကာင့္ ၾကည္လင္ေသာ ေက်ာက္မ်က္ရတနာတန္းဝင္သည့္ ေက်ာက္ေကာင္းမ်ား ရွားပါးတတ္ပါသည္။ ရတနာတန္းဝင္ ျမေက်ာက္ထြက္ရွိရာ ႏိုင္ငံမ်ားမွာ ကိုလံဘီယာႏိုင္ငံ ၊ ဘရာဇီးႏိုင္ငံ ၊ ဇင္ဘာေဘြႏိုင္ငံ ၊ ဇမ္ဘီယာႏိုင္ငံ ၊ တန္ဇင္းနီးယားႏိုင္ငံ ၊ ပါကစၥတန္ႏိုင္ငံ ၊ ႐ုရွားႏိုင္ငံ ႏွင့္ အိႏၵိယႏိုင္ငံ တို႔ျဖစ္ၾကသည္။ ျမန္မာ့ ေက်ာက္မ်က္ရတနာေဈးကြက္ အတြင္းတြင္ နာမည္ေက်ာ္လူႀကိဳက္မ်ားေသာ သီတာျမ (ေခၚ) အရည္အေသြးအေကာင္းဆုံးေသာျမ မ်ားမွာ ကိုလံဘီယာႏွင့္ ဘရာဇီးႏိုင္ငံမ်ားမွ အဓိက ထြက္ရွိျခင္းျဖစ္ပါသည္။

ျမန္မာႏိုင္ငံသည္ တန္ဖိုးႀကီးေက်ာက္မ်က္ရတနာမ်ား ထြက္ရွိရာတြင္ နာမည္ေက်ာ္ၾကားေသာ္လည္း မ်က္႐ႊဲအုပ္စုဝင္ေက်ာက္မ်ားအနက္ အျပာေရာင္ ျမျပာ(ေခၚ) အကြာမရင္း သာ အမ်ားဆုံး ထြက္ရွိသည္ကို ေတြ႕ရၿပီး အျခားေသာ အေရာင္ရွိသည့္ မ်က္႐ႊဲအုပ္စုဝင္ေက်ာက္မ်ား လည္းအနည္းငယ္စီ ထြက္ရွိေလ့ရွိသည့္တိုင္ အစိမ္းေရာင္ ျမ မွာမူ ထြက္ရွိျခင္းမရွိေၾကာင္း သိရွိရပါသည္။

ျမေက်ာက္ကို ကမာၻေပၚတြင္ လူသားတို႔သည္ ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၃၅၀၀ ခန႔္မွစတင္ၿပီး အသုံးျပဳခဲ့သည္ဟု ယူဆႏိုင္၏။ ေရွးအက်ဆုံးျမေက်ာက္တြင္းရွိသည့္ေဒသကို အီဂ်စ္ႏိုင္ငံ ပင္လယ္နီပတ္ဝန္းက်င္ေဒသတြင္ ျဖစ္လိမ့္မည္ဟု သမိုင္းဆရာတို႔က သတ္မွတ္ထားသည္။ အီဂ်စ္သမိုင္းတြင္ ထင္ရွားလွေသာ ( ကလီယိုပတ္ထရာ) ဘုရင္မသည္  ျမေက်ာက္ကိုအလြန္ျမတ္ႏိုးသူျဖစ္၏။ ထိုေခတ္က ျမေက်ာက္ထြက္ေသာ အီဂ်စ္မွ ေက်ာက္တြင္းမ်ားကို (ကလီယိုပတ္ထရာ)ေက်ာက္တြင္းဟု အမည္ေပးခဲ့၏။ ျမေက်ာက္ကို ကမာၻတြင္ စိန္ထက္ပင္ပိုတန္ဖိုးထား၏။ ပတၱျမားၿပီးလွ်င္ ကမာၻတြင္ တန္ဖိုးအရွိဆုံးရတနာပင္ျဖစ္၏။ ျမေက်ာက္ကို ရတနာကို ခ်စ္ျမတ္ႏိုးေသာ ပညာရွင္မ်ားေလာကတြင္ အခ်စ္ ၊ ၿငိမ္းေအးျခင္း၊ ေပ်ာ္႐ႊင္ျခင္းတို႔ကိုေပးႏိုင္ေသာ ေက်ာက္အျဖစ္ မွတ္ယူထား၏။

ျမကိုကိုင္လိုက္လွ်င္ နီလာ ပတၱျမား ေက်ာက္မ်ားကဲ့သို႔ မေခ်ာ။ မေအး။ ပြၿပီး စီးသလိုရွိ၏။ အဆီကပ္ေနသကဲ့သို႔ရွိ၏။ ျမ အတုအစစ္ခြဲေသာ ကိရိယာကို ( Chelsea color Filter)ဟု ေခၚ၏။ ထို ကရိယာျဖင့္ ျမတစ္ပြင့္ကို ေနေရာင္ေအာက္ၾကည့္လိုက္လွ်င္ အစစ္ျဖစ္က အနီေရာင္ေျပာင္းသြားၿပီး အတုျဖစ္က အစိမ္းေရာင္အတိုင္းဆက္ရွိေနသည္။

ကမာၻေပၚတြင္ထင္ရွားေသာ ျမေက်ာက္ႀကီးမွာ ဒီဗြန္ရွား ျမ၊ ကာရက္ခ်ိန္၁၃၈၃.၉ရွိ၏။ ေသြးထားပုံမွာ မူလပုံေဆာင္ခဲအတိုင္းျဖစ္၏။ ဒုတိယ ထင္ရွားေသာျမႀကီးမွာ အိႏၵိယႏိုင္ငံ ဘုရင့္သရဖူႀကီး၏ အလယ္တြင္တပ္ဆင္ထားေသာ လုံးေခ်ာေသြးထားသည့္ျမႀကီးျဖစ္၏။ တတိယထင္ရွားေသာျမႀကီးမွာ ဥေရာပတိုက္ စကီးရားႏိုင္ငံမွ ျမခရားအိုးႀကီးျဖစ္၏။ အေလးခ်ိန္ ၂၆၈၁ ကာရက္ရွိ၏။ စတုတၳထင္ရွားေသာ ျမႀကီးမွာ ေဂ်ဟင္ဂါ ျမျဖစ္၏။ ျမဖလားႀကီးျဖစ္၏။ ပၪၥမထင္ရွားေသာ ျမႀကီးမွာ ႐ုရွားနန္းစဥ္ရတနာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ကာကိုယမ္ ျမႀကီးျဖစ္၏။  အေလးခ်ိန္၂၂၂၆ ကရက္ရွိ၏။

ျမကို စိန္၊နီလာ၊ပတၱျမား စသည္တို႔ကဲ့သို႔ အဝိုင္း၊ ဘဲဥပုံ၊ မိုးစက္ပုံမ်ားေသြးေလ့မရွိပါ၊ အမ်ားအားျဖင့္ အေပၚစီးမွၾကည့္လွ်င္ ေထာင့္ေလးခုကိုသိမ္းထားေပးေသာ စတုဂံပုံမ်ိဳးသာ ေသြးေလ့ရွိ၏။ ထိုပုံမ်ိဳးကို ျမေက်ာက္တြင္ အေသြးမ်ားလြန္းသျဖင့္ ျမကြက္ (Emerald Cut)ဟုပင္ ေက်ာက္ေလာကတြင္ေခၚၾက၏။ ျမ၏ မူလသဘာဝအေရာင္ေတာက္ပပုံမွာ ဖန္၏ေတာက္ပပုံမ်ိဳးျဖစ္၏။ စိန္၊နီလာ၊ ပတၱျမားကဲ့သို႔ ပြင့္အားမေကာင္းလွပါ။

ကမာၻတြင္ ျမကို ပထမဆုံးတြင္က်ယ္စြာေရာင္းဝယ္မႈျပဳလုပ္ခဲ့သည့္ ေဈးကြက္မွာ အိႏၵိယ ႏိုင္ငံျဖစ္၏။ ကိုလံဘီယာ မွ စပိန္တို႔သည္ ျမကိုတူးေဖာ္ၿပီး အိႏၵိယတြင္လာေရာင္း၏။ အစၥေရးႏိုင္ငံမွာ ယေန႔ ကမာၻတြင္ စိန္ေသြးသည့္ပညာတြင္ နာမည္ႀကီးသကဲ့သို႔ ျမေသြးသည့္ပညာတြင္လည္း နာမည္ႀကီး၏။ ျမႀကီး ျမေကာင္းမ်ားအဓိကဝယ္ယူၿပီးေသြး၏။ ျမေသြးရာတြင္ လူမပါ စက္ျဖင့္အလိုအေလ်ာက္အေကာင္းဆုံးအကြက္ပုံမ်ားရေအာင္ေသြးသည့္စနစ္ကို ပထမဆုံးအသုံးျပဳခဲ့သည္။ ယင္းစက္တစ္လုံးသည္ တစ္ေန႔လွ်င္ ျမအ႐ိုင္းအပြင့္၁၈၀၀ ကို ျဖတ္ျခင္း၊ေသြးျခင္း၊ပုံေလာင္းျခင္း၊အကြက္ေဖာ္ျခင္း၊အေရာင္တင္ျခင္းမ်ားကို ၿပီးေအာင္ျပဳလုပ္ႏိုင္သည္ဟုဆို၏။ အိႏၵိယႏိုင္ငံမွာ ျမအေသးမ်ားကို ေသြးျခင္းတြင္ နာမည္ႀကီး၏။ တစ္ကာရက္တြင္ အပြင့္၂၃၀ပါေသာ ေသးငယ္သည့္ျမငယ္ေလးမ်ားအထိကြၽမ္းက်င္စြာေသြးႏိုင္ၾက၏။

ျမန္မာတို႔ႏွင့္ ျမေက်ာက္

ျမန္မာ လူမ်ိဳးတို႔သည္ ျမေက်ာက္ (emerald) ကို အလြန္ တန္ဖိုးထားသည္။ ေနႏွင့္လ၊ ေ႐ႊႏွင့္ျမ ဟူ၍ ပင္လိုက္ဖက္ ညီေထြမႈမ်ားကို တစ္စားျခင္းရွိသည္။ ႐ိုးရာရတနာ ဆင္ျမန္းမႈတြင္ အထြတ္အျမတ္ ျဖစ္သည့္ နဝရတ္ကိုးပါး လက္ဝတ္ ရတနာတြင္ ျမေက်ာက္ကို သိဒၶိဝင္ ရတနာ တစ္ပါးအျဖစ္ သုံးျပဳေလ့ရွိသည္။ ျမ ေက်ာက္တြင္ ထူးျခားေသာ ထက္ျမက္ေသာ သိဒၶိဝင္ ေနသည္ဟူ၍ ေရွးအခါကပင္ ယူဆသည္။ ျမန္မာမင္းတို႔၏ အထြတ္အျမတ္ ထားရာ ရတနာ တစ္ပါးျဖစ္သည္။ ေ႐ႊလင္ဗန္းႏွင့္ အခ်င္းေဆး၊ ျမပုခက္တြင္ ထား၍ ႀကီးျပင္းသည္ ဟူ၍ပင္ ဆို႐ိုးရွိသည္။ နန္းၫြန႔္နန္းလ်ာ ရာဇေသြး၊ ေတာ္ဝင္ မင္းေသြးမွန္လွ်င္ ျမ ေက်ာက္ ရတနာစီျခယ္ထားသည့္ ပုခက္ေတာ္တြင္ ေပ်ာ္ေမြ႕စြာ စံရန္ ထားရွိသည္ဟု ဆိုသည္။ တစ္ပင္တိုင္ျမနန္း ဟူ၍လည္း ျမႏွင့္ စီျခယ္ထားည့္ နန္းေတာ္ကို တည္ျခင္းျပဳသည္။

ေက်ာက္မ်က္ ရတနာ သုံးစြဲမႈ၊ ဝတ္ဆင္မႈ အစဥ္အလာအရ ျမေက်ာက္သည္ အေအးဓာတ္ ေဆာင္သည္။ ျမကို စိန္ျခယ္သည့္ လက္ဝတ္ ရတနာအား အပူအေအး ပူတြဲေနေသာ ရတနာ၊ ခ်မ္းသာျခင္းႏွင့္ တန္ခိုးအာဏာ ထက္ျမက္ေစသည္ဟု ယူဆ၍ အမ်ိဳးသားမ်ား ဝတ္ဆင္ၾကသည္။ ျမ ကို ဥႆဖရား ရံ၍လည္း ဝတ္ၾကသည္ ဥႆဖရားသည္ အေအးဓာတ္၊ အမဓာတ္ ေဆာင္သည္။ အေအးဓာတ္ႏွစ္ခု ေပါင္းစည္းထားသည့္ ျမ ကို ဥႆဖရား ရံသည္အား အမ်ိဳးသမီးမ်ား ဝတ္ဆင္ၾကသည္။ ေအးခ်မ္းသည္။ ေပ်ာ္႐ႊင္သည္ ဟူေသာ ဓာတ္ကို ယူသည္။ ဤကား ျမန္မာတို႔၏ ျမ ေက်ာက္ေပၚတြင္ ထားရွိေသာ တန္ဖိုး သတ္မွတ္ခ်က္တည္း။

ေက်ာက္မ်က္ ရတနာတို႔တြင္ ေနာက္ခံ သမိုင္းေၾကာင္း ရွိေသာ ေက်ာက္ႏွင့္ မရွိေသာ ေက်ာက္ဟု ကြာျခားသည္။ သမိုင္း အစဥ္အလာ ရွိေသာ ေက်ာက္သည္ အဖိုးတန္သည္ precious stones ဟူ၍ သတ္မွတ္သည္။ အဖိုးတန္၊ အမ်ိဳးမွန္ဟု ဆိုသည္။ သမိုင္းေၾကာင္း မရွိသည့္ ေက်ာက္မ်က္ ရတနာကိုကား semi-precious stones ဟု သတ္မွတ္သည္။ တန္ဖိုးနည္းေသာ ေက်ာက္ဟူ၍ ဆိုသည္။

အေနာက္ ႏိုင္ငံသားတို႔သည္ ေနာက္ခံ သမိုင္းေၾကာင္းရွိသည့္ ေက်ာက္မ်က္ ရတနာကို ပိုမို၍ တန္ဖိုးထားသည္။ ျမ ေက်ာက္သည္ အနာက္တိုင္းသားမ်ား အသည္းစြဲ ျမတ္ႏိုးသည့္ ေက်ာက္မ်က္ ရတနာျဖစ္ည္။ အေရွ႕တိုင္း၊ ထိုင္းႏိုင္ငံရွိ ျမဘုရားသည္ ၎တို႔အတြက္ အံ့ဖြယ္ တစ္ပါးတည္း။ အင္မတန္ ေသးငယ္သည့္ ျမ ကို ပိုင္ဆိုင္လွ်င္ပင္ အင္မတန္ ဂုဏ္ယူ ဝမ္းေျမာက္သည္ ျဖစ္ရာ ျမဘုရားကဲ့သို႔ ရတနာကိုကား အိပ္မက္ပင္ မက္ဝံ့ေလာက္ျခင္း မရွိေအာင္ ျဖစ္သည္။ အေနာက္တိုင္း အယူအဆအရ ျမေက်ာက္သည္ အလြန္ ထူးျခားသည္။ ဤရတနာ ပိုင္သူသည္ ဘဝတြင္ အလြန္ ဆုေတာင္းျပည့္၍ ေအးခ်မ္းျခင္း ရရွိသည္ဟုလည္း ဆိုသည္။

ျမေကာ်က္ ကိုးကြယ္မႈ

ျမေက်ာက္ကို ကိုးကြယ္ေသာ လူသားမ်ား ရွိခဲ့ဖူးသည္ဟု သိရသည္။ အလြန္နက္ရႈိင္းလွသည့္ အာဖရိက ေတာနက္ အတြင္း ယခုကာလ ႏိုင္ဂ်ီးရီးယား ဟုေခၚေသာ ႏိုင္ငံ၏ လူသူ မေရာက္ႏိုင္ေသာ ေတာေတာင္ၾကား၌ ယာ႐ိုဘီ (Yarobi) ဟု အမည္တြင္ေသာ အလြန္ထူးျခားသည့္ လူအုပ္စု တစ္ခုရွိသည္။ ထိုလူသားအုပ္စုသည္ ထူးျခားေသာ တန္ခိုးမ်ား ရွိသည္။ ေမွာ္ပညာ အစြမ္းျဖင့္ ေဆးကုသ ႏိုင္စြမ္း ရွိသည္။ ျပဳစား ႏိုင္စြမ္းရွိသည္။ ဂႏၶာရီ အတတ္မ်ားတြင္ အလြန္ကြၽမ္းက်င္သည္။ ေရွ႕ျဖစ္ ေနာက္ျဖစ္မ်ားလည္း ေဟာေျပာႏိုင္သည္။ အျခား လူ႐ိုင္းအုပ္စုမ်ား မခ်ဥ္းကပ္ႏိုင္ေအာင္ အစြမ္းထက္ျမက္လွသည့္ အတြက္ အျခားသူမ်ားက ဦးၫြတ္ၾကရသည္။ ၎တို႔ ရွိခိုးၾကေသာ ဘုရားေက်ာင္းသည္ ျမေက်ာက္ျဖင့္ အတိၿပီးသည္။ ျမေက်ာက္ႀကီး တစ္တုံး ထားရွိၿပီး ရွိခိုးပူေဇာ္ၾကသည္။ တန္ခိုးရွင္တို႔ႏွင့္ ဆက္သြယ္ေသာေနရာအျဖစ္ ယုံၾကည္ၾကသည္ ဟု ဒ႑ာရီမ်ားက ဆိုသည္။

ျမေက်ာက္ ႏွင့္ ယုံၾကည္မႈမ်ား

ျမေက်ာက္၏ ထူးျခားသည့္ သိဒၶိသည္ကား ထိုက္သူတို႔သာ ပိုင္ဆိုင္ႏိုင္မည္။ ျမေက်ာက္ကို ဝတ္ဆင္ေသာသူတို႔သည့္ လူေကာင္းမ်ား၊ တန္ခိုး တစ္စုံတစ္ရာ ပိုင္ဆိုင္မည့္သူမ်ား ျဖစ္ေၾကာင္း ေတြ႕ရသည္။ ျမေက်ာက္အား ဝယ္ယူပိုင္ဆိုင္သည့္သူသည္ ကမာၻအဝန္းရွိ အဖိုး အထိုက္ တန္ဆုံးႏွင့္ မဂၤလာ အရွိဆုံး ေက်ာက္ကို ပိုင္ဆိုင္သည္ဟု ဆိုႏိုင္သည္။ အျခား ရတနာတို႔သည္ မတည့္သူကို ခိုက္ေစသည္။ ျမေက်ာက္သည္ မည္သူကိုမဆို အက်ိဳးျပဳသည္။ ခိုက္သည္ဟူ၍ မရွိ။ ဝတ္ဆင္သူ၏ လိုေနသည့္ ကံကို ျဖည့္စြက္ျခင္း၊ ဘဝ အေနအထား တိုးျမင့္ေစျခင္း တို႔ကို ဖန္တီး အက်ိဳးျပဳသည္။

Myanmar Wikipedia
အင္တာနက္ ႏွင့္ ဦးလွဝင္း ေလသူရဲတစ္ဦး ေရးသားသည့္ ရတနာကုန္သည္သုံးေက်ာက္မ်က္အဘိဓာန္
ဆရာစံ-ဇာဏီဘို၏ ေက်ာက္မ်က္ရတနာကို ဘယ္လို ဆင္ျမန္းမလဲ

Tags: knowledge
Next Post
နိမ့်ကျနေသော အရည်အသွေးကို ဂျပန်တို့မြှင့်တင်ခဲ့ပုံ

နိမ့်ကျနေသော အရည်အသွေးကို ဂျပန်တို့မြှင့်တင်ခဲ့ပုံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!