(Unicode)
ဒီဖားကတော့ အာဖရိက မိုးဖားတွေထဲက အမျိုးအစားတမျိုးဖြစ်ပါတယ်။ သူ့ကို အင်တာနက်ပေါ်မှာတော့ စိတ်ဆိုးနေတဲ့ထောပတ်သီးနဲ့ ပုံစံတူတဲ့ဖားလို့ ဆိုကြတယ်။ သူ့အမည်ကိုတော့ အနက်ရောင်မိုးဖား black rain frog လို့ပဲ ခေါ်ကြတယ်။ plain rain frog, brown short-headed frog နဲ့ Tsitsikama rainfrog စတာတွေကတည်း သူ့ရဲ့တခြားနာမည်တွေပါပဲ။ သိပ္ပံနာမည်ကတော့ Breviceps fuscus ဘရပ်ဘဲစပ် ဖော့စ်ကပ်စ် ဖြစ်ပါတယ်။
ဒီဖားမျိုးစိတ်တွေကိုတော့ ကမ္ဘာ့နေရာအများစုမှာ တွေ့ရလေ့မရှိပဲ တောင်အာဖရိက ဆွဲလန်ဒန်မြို့ အနီးကနေ Outeniqua တောင်ရှိရာကိုသွားတဲ့လမ်းကြောင်းဖြစ်တဲ့ Cape Fold Belt ရဲ့ ဆင်ခြေချော သစ်တောမှာသာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ အများအားဖြင့်တော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၃၀၀ ဝန်းကျင်မြင့်တဲ့နေရာတွေမှာဖြစ်ပါတယ်။ ပုံမှန်ဖားအများစုလို ရေရှိရာ (သို့) ရေကန်အနီးမှာ နေလေ့မရှိပဲ တောင်စောင်းတွေက ကျင်းတွေမှာသာ နေထိုင်လေ့ရှိတဲ့ ဖားမျိုးစိတ်တမျိုးပါ။
အနက်ရောင်မိုးဖားတွေဟာ လုံးဝန်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခြေချောင်းလက်ချောင်းတွေ အလွန်တိုကြတယ်။ ဒီဖားတွေဟာ ခန္ဓာကိုယ်အလျား ၂လက်မခန့်အထိသာ ကြီးထွားကြတယ်။ အရေပြားတခုလုံးမှာတော့ အစက်ငယ်ကလေးတွေ ရှိနေပါတယ်။ အများစုကတော့ အညိုရင့်ရောင် သို့ အနက်ရောင် ရှိကြပါတယ်။
သူတို့ရဲ့မိတ်လိုက်ချိန်ကတော့ အောက်တိုဘာလကနေ ဖေဖော်ဝါရီလအထိ ဖြစ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ဖားထီးတွေက ဖားမတွေကို မြေကျင်းထဲကနေ ဖိုသံပေးကာ ခေါ်လေ့ရှိတယ်။ ဒီအသံဟာ 1.8 kHz သာကျယ်ပြီး တစက္ကန့်ရဲ့ ၅ပုံ၁ပုံပဲ ကြာမြင့်ပါတယ်။ အမက အထီးကို ကျောပိုးပြီး မိတ်လိုက်ချိန်မှာ လျောကျမသွားစေရန် အမရဲ့ကျောကနေ စေးကပ်တဲ့ကော်လို အရည်တွေထွက်လာလေ့ရှိပါတယ်။
ဥတွေကိုတော့ မြေကျင်းထဲမှာ ၄၀မီလီမီတာခန့်သာ နက်တဲ့ ကျင်းငယ်လေးတွေထပ်တူးပြီးထားပါတယ်။ အနက်ရောင်မိုးဖားတွေရဲ့ ဝပ်ကျင်းမှာ အဝါရောင် ဥငယ်ပေါင်း ၄၀ ဝန်းကျင်ခန့်ရှိတတ်ပြီး ဥရဲ့အရွယ်အစားက အချင်း ၇မီလီမီတာသာ ရှိပါတယ်။ larval stage မရှိပဲ ဥကနေ တိုက်ရိုက်အကောင်ပေါက်ကြတာဖြစ်ပါတယ်။ ဥတွေအကောင်ပေါက်လာတဲ့အထိ ဖားထီးတွေက စောင့်ရှောက်ပေးကြပါတယ်။
အနက်ရောင်မိုးဖားတွေဟာ သူတို့အနှောင်ယှက်ပေးခံရတယ်လို့ ခံစားရတဲ့အခါ ခြေလက်တွေကိုသိမ်းကာ ခန္ဓာကိုယ်ကိုဖောင်းကာ ပိုကြီးသွားအောင် လုပ်ပြီး ရန်လိုတဲ့ပုံစံကို ဖော်ပြလေ့ရှိကြပါတယ်။ သူတို့ရဲ့အစားအစာက တီကောင်တွေဖြစ်ပြီး ငှက် နဲ့ မြွေတွေက ဒီဖားတွေကို ပြန်စားလေ့ရှိကြပါတယ်။
ဒီဖားတွေရဲ့ သက်တမ်းကတော့ ၃နှစ်ဝန်းကျင်ခန့််အထိ ရှိနိုင်ပါတယ်။ သူတို့ရဲ့မူရင်းဒေသမှာ ပေါများစွာတွေ့နေရဆဲပေမယ့် တောမီးလောင်မှု နဲ့ သစ်ခုတ်မှုတွေကြောင့် တဖြည်းဖြည်း အကောင်အရေအတွက်ကတော့ လျော့ကျလာနေပြီဖြစ်ပါတယ်။ သူ့ရဲ့ပုံစံကြောင့် ဒီဖားကို မျက်နှာထားအဆိုးဆုံးဖားအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။
——– ——— ————-
(Zawgyi)
စိတ္ဆုိးေနတဲ့ ေထာပတ္သီး (သို႔) အာဖရိကမုိးဖား
ဒီဖားကေတာ့ အာဖရိက မုိးဖားေတြထဲက အမ်ဳိးအစားတမ်ဳိးျဖစ္ပါတယ္။ သူ႔ကို အင္တာနက္ေပၚမွာေတာ့ စိတ္ဆုိးေနတဲ့ေထာပတ္သီးနဲ႔ ပုံစံတူတဲ့ဖားလုိ႔ ဆုိၾကတယ္။ သူ႔အမည္ကုိေတာ့ အနက္ေရာင္မုိးဖား black rain frog လုိ႔ပဲ ေခၚၾကတယ္။ plain rain frog, brown short-headed frog နဲ႔ Tsitsikama rainfrog စတာေတြကတည္း သူ႔ရဲ႕တျခားနာမည္ေတြပါပဲ။ သိပၸံနာမည္ကေတာ့ Breviceps fuscus ဘရပ္ဘဲစပ္ ေဖာ့စ္ကပ္စ္ ျဖစ္ပါတယ္။
ဒီဖားမ်ုိးစိတ္ေတြကိုေတာ့ ကမာၻ႔ေနရာအမ်ားစုမွာ ေတြ႔ရေလ့မရွိပဲ ေတာင္အာဖရိက ဆြဲလန္ဒန္ၿမဳိ႕ အနီးကေန Outeniqua ေတာင္ရွိရာကိုသြားတဲ့လမ္းေၾကာင္းျဖစ္တဲ့ Cape Fold Belt ရဲ႕ ဆင္ေျခေခ်ာ သစ္ေတာမွာသာ အမ်ားဆုံး ေတြ႔ရေလ့ရွိပါတယ္။ အမ်ားအားျဖင့္ေတာ့ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၃၃၀၀ ၀န္းက်င္ျမင့္တဲ့ေနရာေတြမွာျဖစ္ပါတယ္။ ပုံမွန္ဖားအမ်ားစုလုိ ေရရွိရာ (သုိ႔) ေရကန္အနီးမွာ ေနေလ့မရွိပဲ ေတာင္ေစာင္းေတြက က်င္းေတြမွာသာ ေနထုိင္ေလ့ရွိတဲ့ ဖားမ်ဳိးစိတ္တမ်ဳိးပါ။
အနက္ေရာင္မုိးဖားေတြဟာ လုံး၀န္းတဲ့ခႏၶာကုိယ္ကို ပုိင္ဆုိင္ထားၿပီး ေျခေခ်ာင္းလက္ေခ်ာင္းေတြ အလြန္တုိၾကတယ္။ ဒီဖားေတြဟာ ခႏၶာကုိယ္အလ်ား ၂လက္မခန္႔အထိသာ ႀကီးထြားၾကတယ္။ အေရျပားတခုလုံးမွာေတာ့ အစက္ငယ္ကေလးေတြ ရွိေနပါတယ္။ အမ်ားစုကေတာ့ အညဳိရင့္ေရာင္ သုိ႔ အနက္ေရာင္ ရွိၾကပါတယ္။
သူတုိ႔ရဲ႕မိတ္လုိက္ခ်ိန္ကေတာ့ ေအာက္တုိဘာလကေန ေဖေဖာ္၀ါရီလအထိ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မ်ဳိးမွာ ဖားထီးေတြက ဖားမေတြကို ေျမက်င္းထဲကေန ဖုိသံေပးကာ ေခၚေလ့ရွိတယ္။ ဒီအသံဟာ 1.8 kHz သာက်ယ္ၿပီး တစကၠန္႔ရဲ႕ ၅ပုံ၁ပုံပဲ ၾကာျမင့္ပါတယ္။ အမက အထီးကို ေက်ာပိုးၿပီး မိတ္လုိက္ခ်ိန္မွာ ေလ်ာက်မသြားေစရန္ အမရဲ႕ေက်ာကေန ေစးကပ္တဲ့ေကာ္လုိ အရည္ေတြထြက္လာေလ့ရွိပါတယ္။
ဥေတြကိုေတာ့ ေျမက်င္းထဲမွာ ၄၀မီလီမီတာခန္႔သာ နက္တဲ့ က်င္းငယ္ေလးေတြထပ္တူးၿပီးထားပါတယ္။ အနက္ေရာင္မုိးဖားေတြရဲ႕ ၀ပ္က်င္းမွာ အ၀ါေရာင္ ဥငယ္ေပါင္း ၄၀ ၀န္းက်င္ခန္႔ရွိတတ္ၿပီး ဥရဲ႕အရြယ္အစားက အခ်င္း ၇မီလီမီတာသာ ရွိပါတယ္။ larval stage မရွိပဲ ဥကေန တုိက္ရုိက္အေကာင္ေပါက္ၾကတာျဖစ္ပါတယ္။ ဥေတြအေကာင္ေပါက္လာတဲ့အထိ ဖားထီးေတြက ေစာင့္ေရွာက္ေပးၾကပါတယ္။
အနက္ေရာင္မုိးဖားေတြဟာ သူတုိ႔အေႏွာင္ယွက္ေပးခံရတယ္လုိ႔ ခံစားရတဲ့အခါ ေျခလက္ေတြကိုသိမ္းကာ ခႏၶာကုိယ္ကိုေဖာင္းကာ ပုိႀကီးသြားေအာင္ လုပ္ၿပီး ရန္လုိတဲ့ပုံစံကို ေဖာ္ျပေလ့ရွိၾကပါတယ္။ သူတုိ႔ရဲ႕အစားအစာက တီေကာင္ေတြျဖစ္ၿပီး ငွက္ နဲ႔ ေျမြေတြက ဒီဖားေတြကို ျပန္စားေလ့ရွိၾကပါတယ္။
ဒီဖားေတြရဲ႕ သက္တမ္းကေတာ့ ၃ႏွစ္၀န္းက်င္ခန္္႔အထိ ရွိႏုိင္ပါတယ္။ သူတုိ႔ရဲ႕မူရင္းေဒသမွာ ေပါမ်ားစြာေတြ႔ေနရဆဲေပမယ့္ ေတာမီးေလာင္မႈ နဲ႔ သစ္ခုတ္မႈေတြေၾကာင့္ တျဖည္းျဖည္း အေကာင္အေရအတြက္ကေတာ့ ေလ်ာ့က်လာေနၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ပုံစံေၾကာင့္ ဒီဖားကို မ်က္ႏွာထားအဆုိးဆုံးဖားအျဖစ္လည္း သတ္မွတ္ထားၾကပါတယ္။
Discussion about this post