Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိတ်ဝင်စားစရာ နက်ဗြူလာများ

by Thutamm
January 17, 2021
Reading Time: 4min read
0
စိတ်ဝင်စားစရာ နက်ဗြူလာများ
Share on FacebookShare on Twitter

ရေးသားသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ)

လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ ပိုပါတယ်…နက်ဗြူလာဆိုတာကတော့ စကြဝဠာအတွင်းက တိမ်တိုက် ကို ဆိုလိုခြင်းဖြစ်ပြီး သူ့မှာ ဖုန်မှုန့် တွေ၊ ဟိုက်ဒရိုဂျင်၊ဟီလီယံ စတဲ့ ဓါတ်ငွေ့တွေနဲ့ ပလာစမာ (plasma) တွေ ပါဝင်ပါတယ်။ Gravitational attraction လို့ခေါ်တဲ့ ဆွဲအားသက်ရောက်မှုကြောင့် ဒီနေရာမှာ လာပြီး စုဝေးကြတာဖြစ်ပါတယ်။

နက်ဗြူလာရဲ့အတွင်းပိုင်းမှာရှိတဲ့ ဖိအားဟာ အင်မတန်ကြီးမားတဲ့အခါမှာတော့ nuclear fusion ဖြစ်ပေါ်မှုတွေမှတဆင့် high-energy electromagnetic radiation လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်ပြင်းများကို ထုတ်လွှတ်ပါတော့တယ်။ ပလာစမာ (plasma) ဆိုတာကတော့ Ionized gas တစ်မျိုးဖြစ်ပြီး တိမ်တိုက်အတွင်းမှာရှိတဲ့ ဓါတ်ရောင်ခြည်များနဲ့ ရောနှောရာမှစလို့ ကြယ်များကို ဖြစ်ပေါ်လာစေပါတယ်။

နက်ဗြူလာဟာ ကြယ်များကို ဖြစ်စေသော ဒေသတင်မဟုတ်ပါဘူး။ ကြယ်များ သေဆုံးရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကြယ်များ ပေါက်ကွဲပျက်စီးကြတဲ့အခါမှာလည်း ဟိုက်ဒရိုဂျင် ၉၇% နဲ့ ဟီလီယံ ၃% ကို ပြန်လည်ထုတ်လွှတ်ပါတယ်။ အဲ့ဒါတွေကဘဲ planetary nebula လို့ခေါ်တဲ့ နက်ဗြူလာအမျိုးအစား (အဓိကအမျိုးအစား) လေးမျိုးထဲက တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ကျန်တဲ့ အဓိကသုံးမျိုးကတော့ H II regions ၊ supernova remnant နဲ့ dark nebula တို့ဘဲ ဖြစ်ပါတယ်။

ကျနော်တို့နဲ့ အနီးနားမှာရှိပြီး သာမန်မျက်စိ (သို့) တယ်လီစကုပ်နှင့် ကောင်းစွာမြင်တွေ့နိုင်တာကတော့ အိုရီယွန် နက်ဗြူလာ ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၁၃၄၄ နှစ် အကွာမှာတည်ရှိပြီး အချင်း အလင်းနှစ် ၂၄ နှစ် ရှည်လျှားပါတယ်။ မောင်ရင်ဆိုင်းထမ်းကြယ်ရဲ့ ဝါးဆစ်ကြယ်သုံးလုံး (အိုရီယွန် ခါးပတ်ကြယ်သုံးလုံး) ရဲ့ အောက်နားမှာ ကောင်းစွာမြင်နိုင်ပါတယ်။

စိတ်ဝင်စားစရာ နက်ဗြူလာအချို့ရဲ့ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

NGC 2438 (ကမ္ဘာမှ အလင်းနှစ် ၃၀၀၀ အကွာဝေးတွင်ရှိ)

Waterfall Nebula (ကမ္ဘာမှ အလင်းနှစ် အလင်းနှစ် ၁၃၅၀ အကွာဝေးတွင်ရှိ )

Barnard 68 (အလင်းနှစ် ၅၀၀)

Necklace Nebula (အလင်းနှစ် ၁၅၀၀၀)

Calabash Nebula (အလင်းနှစ် ၄၂၄၀)

V838 Monocerotis (အလင်းနှစ် ၁၉၉၀၀)

Egg Nebula (အလင်းနှစ် ၃၀၀၀)

Hand Of God (အလင်းနှစ် ၁၇၀၀၀)

Helix Nebula (အလင်းနှစ် ၆၅၀)

Red Square Nebula (အလင်းနှစ် ၅၀၀၀)

Cat’s Eye Nebula (အလင်းနှစ် ၃၂၆၂)

Butterfly Nebula (အလင်းနှစ် ၄၀၀၀)

Hourglass Nebula (အလင်းနှစ် ၈၁၅၄)

Crab Nebula (အလင်းနှစ် ၆၅၂၃)

Eagle Nebula (အလင်းနှစ် ၇၀၀၀)

Tags: photosscience

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့
Amazing

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့

ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ...

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ
Knowledge

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ

အာကာသဝတ်စုံတွေကိုတော့ ဆွဲအားမရှိတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေဟာ အန္တရာယ်ကင်းစွာ အသင်ရှင်နိုင်ဖို့ ဝတ်ဆင်ကြရပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ လေဟာနယ်မှာ အသက်ရှုစေဖို့ နဲ့ သင်တော်တဲ့အပူချိန်ကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အာကာသဝတ်စုံတွေကို နိုင်ငံတကာ အာကာသစခန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာမြင့်...

ကမ္ဘာကျော် လန်ဘော်ဂီနီ အကြောင်း သိကောင်းစရာ
Knowledge

ကမ္ဘာကျော် လန်ဘော်ဂီနီ အကြောင်း သိကောင်းစရာ

လန်ဘော်ဂီနီဟာ အီတလီရဲ့ နာမည်ကြီး အမှတ်တံဆိပ်တခုဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ခံ ပြိုင်ကားတွေထဲမှာတော့ အလွန်နာမည်ကြီးလှပါတယ်။ လန်ဘော်ဂီနီကုမ္ပဏီကို ၁၉၆၃ ခုနှစ်မှာ Ferruccio Lamborghini က တည်ထောင်ခဲ့ပါတယ်။ ဒီလိုတည်ထောင်ရခြင်းရဲ့ အကြောင်းကတော့ အဲဒီအချိန်က နာမည်အကြီးဆုံး ကားကုမ္ပဏီလို့...

Next Post
မြောက်အမေရိကရဲ့ အထင်ကရမြို့တော် မက္ကဆီကိုစီးတီး

မြောက်အမေရိကရဲ့ အထင်ကရမြို့တော် မက္ကဆီကိုစီးတီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!