• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စားတာ ထိတွေ့တာ နဲ့ ဒုက္ခရောက်စေမယ့်သစ်ပင်(သို့) ကမ္ဘာ့အန္တရာယ်အရှိဆုံး သေမင်းတမန်သစ်ပင်

by Thutamm
July 24, 2019
Reading Time: 1min read
0
စားတာ ထိတွေ့တာ နဲ့ ဒုက္ခရောက်စေမယ့်သစ်ပင်(သို့) ကမ္ဘာ့အန္တရာယ်အရှိဆုံး သေမင်းတမန်သစ်ပင်
Share on FacebookShare on Twitter

ကြည့်လိုက်ရင်တော့ ဒီအပင်နဲ့ အသီးဟာ သံပရာသီးလိုလို ပန်းသီးလိုလိုအရည်ရွှမ်းတဲ့ အသီးတစ်လုံးနဲ့ တူနေတာကို တွေ့ရတာကြောင့် စားလို့ရတဲ့အသီးလို့ ထင်မိကြမှာပါ။ တကယ်တော့ တစ်ကိုက်စားတာနဲ့ အန္တရာယ်ဖြစ်စေမယ့် အဆိပ်အပြည့်နဲ့ အသီးဖြစ်ပြီး ဒီအပင်ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံးသစ်ပင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

အရသာကတော့ အချိုဓာတ်ရှိပြီး အန္တရာယ်ပြင်းလွန်းတဲ့ ဒီအပင်ရဲ့အမည်ကတော့ Manchineel ဖြစ်ပါတယ်။ Poison Guava လို့လည်းခေါ်ပါတယ်။ အမေရိကန်ရဲ့ ဖလော်ရီဒါ ၊ ဘမားမတ် ၊ မက္ကဆီကို နဲ့ တောင်အမေရိကနိုင်ငံအချို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

တောင်အမေရိကမှာတော့ ဒီအပင်ကို “Tree of Death” သေမင်းတမန်သစ်ပင် လို့လူသိများပါတယ်။ ကမ္ဘာကျော် ရေကြောင်းခရီးသွားလာသူ ကိုလံဘတ် နဲ့ သူ့ရဲ့သင်္ဘောသားတွေလာရောက်ခဲ့တဲ့ အချိန်တည်းက ဒီအပင်ကို သိခဲ့ကြပါတယ်။ စားမိသူတချို့သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့မှတ်တမ်းထဲမှာ ဒီအပင်ကို သေစေတဲ့ပန်းသီးငယ်(little apple of death) လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

အဲဒီဒေသတွေရဲ့ ရှေးတိုင်းရင်းသား Carib အင်ဒီးယန်းတွေဟာ ဒီအပင်ကို မြှားမှာသုတ်လိမ်းတဲ့ အဆိပ်အဖြစ်အသုံးပြုခဲ့ပါတယ်။ နာမည်ကြီး စပိန်လူမျိုးနယ်မြေချဲ့ထွင်သူတစ်ဦးဖြစ်တဲ့ Juan Ponce de León ဟာ ဒီအဆိပ်သုတ်လိမ်းထားတဲ့ မြှားကြောင့် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

ဒီအပင်ဟာ အသီးတင် အဆိပ်ရှိတာ မဟုတ်ပါဘူး။ တစ်ပင်လုံး အကိုင်း အခက် အရွက်တွေက အစ အဆိပ်ပြင်းတာဖြစ်ပါတယ်။ ဒီအပင်ရဲ့ အကြောင်းကို မသိတဲ့ ခရီးသွားအချို့ဟာ မိုးရွာလို့ အပင်ရဲ့အောက်မှာ ခိုနားတဲ့အခါ အပင်ကကျလာတဲ့ ရေစက်တွေကြောင့် အသားအရည်တွေလောင်ကျွမ်းခဲ့သလို မျက်စိကိုထိတဲ့အခါ မျက်စိကန်းသွားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း ယခုအခါ ဒီအပင်တွေရှိတဲ့နေရာတွေမှာ အပင်တွေကို အနီရောင်ကြက်ခြေခတ် အမှတ်အသားတွေ လက်ဝါးအမှတ်အသားတွေနဲ့ ထင်ထင်ရှားရှားပြသထားလေ့ရှိပါတယ်။ အပင်ကိုလည်း အနီးကပ်ကြည့်ရှု့ခွင့်မပေးပဲ မီတာ အနည်းငယ်အကွာကသာ ကြည့်ရှု့ခွင့်ပေးထားပါတယ်။

ဒီအပင်ရဲ့ အရွက်ဟာ ဘဲဥပုံစံရှိပြီး ပျမ်းမျှအမြင့်ကတော့ ပေ ၅၀ခန့် ဖြစ်ပါတယ်။ ဒီအပင်ရဲ့ အသီးဟာ တစ်ကိုက်ကိုက်ရုံနဲ့တော့ မသေပဲ အန္တရာယ်ပဲဖြစ်စေမှာပါ။ ဒါကို စမ်းသပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ အင်္ဂလန်က ရေဒီယိုကြေငြာသူ Nicola H Strickland က စမ်းစားခဲ့တုန်းက ခံစားခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြပါတယ်။
” Caribbean ကျွန်းရဲ့ ကမ်းခြမှာ ဒီအသီးကို တွေ့ရပါတယ်။ လုံးဝန်းပြီး သရက်သီးလိုအသီးပါ။ တစ်ကိုက်စကိုက်လိုက်တော့ အရမ်းချိုတဲ့အရသာကို ခံစားရပါတယ်။ ဒါပေမယ့် ခဏလေးမှာပဲ ပါးစပ်ဟာ ပူစပ်ပူလောင်ဖြစ်လာတယ်။ မီးနဲ့ရှို့သလိုခံစား ရပါတယ်။ နာကျင်လွန်းလို့ မျက်ရည်ပါထွက်တယ်။ လည်ချောင်းထဲကလည်း တင်းကျပ်တဲ့အရာသာကို ခံစားရပါတယ်။ သေမတတ်ပါပဲ ။ ၈နာရီလောက် ဒီလက္ခဏာတွေကို ခံစားခဲ့ရပါတယ်”

ဂင်းနစ်မှတ်တမ်းမှာရော ကမ္ဘာ့စွယ်စုံကျမ်းမှာပါ အဆိပ်အပြင်းဆုံးအပင်အဖြစ် သတ်မှတ်ဖော်ပြထားတဲ့ ဒီအပင်မှာ ကောင်းကျိုးတချို့လည်းရှိပါသေးတယ်။ မြေဆီလွှာတိုက်စားမှုကို အထူးကာကွယ်ပေးပြီး ဂေဟစနစ်ကို အကျိုးပြုတာပဲဖြစ်ပါတယ်။ ရှားပါတဲ့ ဒီအပင်တွေဖျက်ဆီးခြင်းကို နိုင်ငံအများစုက ဥပဒေနဲ့ တားမြစ် ထားပါတယ်။

 

Tags: amazingplantsworld knowledge
Next Post
တိုက်တန်းနစ် သင်္ဘောပေါ်က လူသိနည်းတဲ့ သေအတူရှင်မကွာ ဇနီးမောင်နှံရဲ့ အံအားသင့်ဖွယ် စွန့်လွှတ်မှု

တိုက်တန်းနစ် သင်္ဘောပေါ်က လူသိနည်းတဲ့ သေအတူရှင်မကွာ ဇနီးမောင်နှံရဲ့ အံအားသင့်ဖွယ် စွန့်လွှတ်မှု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!