(၁)ကျွန်တော်တို့က အစာသာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်နဲ့ မတူသင့်ဘူး။
ဗိုက်ထဲကအမျှင်ကိုသာ ထွေးထုတ်တတ်တဲ့ ပင့်ကူလိုလည်း မဖြစ်သင့်ဘူး။ဝတ်မှုန်ကိုစုပ်ယူ ကျေညက်အောင်ဝါးမျိုပြီးမှ မွှေးကြိုင်ချိုမြိန်တဲ့ ပျားရည်အဖြစ် ပြန်ထုတ်ပေးတဲ့ပျားတွေလို ကျင့်ကြံသင့်တယ်။
(၂) ဘယ်လိုအတွေးအခေါ်ရှိရင် ဘယ်လိုအပြုအမှုရှိမယ်။
ဘယ်လိုအပြုအမှုရှိရင် ဘယ်လိုအလေ့အထရှိမယ်။
ဘယ်လိုအလေ့အထရှိရင် ဘယ်လိုအကျင့်စရိုက်ရှိမယ်။
ဘယ်လိုအကျင့်စရိုက်ရှိရင် ဘယ်လိုကံကြမ္မာရှိမယ်။
(၃) စာအုပ်ကောင်းဆိုတာ ဆရာ၊ သူငယ်ချင်းတွေနဲ့ တူတယ်။
ကိုယ့်ဘေးမှာအစဉ်ရှိပြီး ကိုယ့်ဘဝကို အသိပညာ၊ ဗဟုသုတတွေနဲ့ ပြည့်စုံစေတယ်။
မကောင်းတဲ့စာအုပ်က ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းလိုပဲ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကို ပျက်ပြားစေပြီး မှေးမှိန်တဲ့ဘဝလမ်းဆီ တွန်းပို့ပေးတယ်။
(၄) စင်ပေါ်(၃)မိနစ်အတွက် စင်အောက်မှာ(၁ဝ)နှစ် ကျင့်ရတယ်။
အဲဒီအောင်မြင်မှုက ကြိုးစားမှုရဲ့ရလဒ်ဖြစ်တယ်။
ဒီလိုကြိုးစားအောင်မြင်တဲ့လူကို ကိုယ့်ရဲ့ဝမ်းသာမှုတွေ ပေးသင့်တယ်။
(၅) “သတင်းကောင်းက အိမ်ထဲအောင်းနေချိန်၊ အတင်းက ကမ္ဘာပတ်ပြီးနေပြီ”
ထိခိုက်မှုတွေထဲမှာ အတင်းစကားနဲ့ ထိခိုက်တာလောက် နာကျင်တာမရှိဘူး။
ကိုယ့်ပါးစပ်မဟခင် စဉ်းစားချင့်ချိန်ပါ။
ပါးစပ်ကထွက်မယ့်စကားတွေ ဦးနှောက်ကိုအရင်ဖြတ်ပါစေ။
(၆) “တောင်တွေကို ရွေ့လျားဖို့လွယ်ပေမယ့် အကျင့်စရိုက်ကို ပြောင်းလဲဖို့ခက်ခဲတယ်”
မကောင်းတဲ့အကျင့်ကို မွေးမြူမိပြီးရင် ပြုပြင်ဖို့ ခက်သွားတတ်တယ်။
ခက်တယ်ဆိုတာကလည်း လူတွေက ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြလို့ပါပဲ။
(၇) “ကိုယ့်အတွက်” လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။
သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။
လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။
(၈) လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။
နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။
တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။
မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။
ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။
(၉) စကား၊ စာလုံးတွေက စာအုပ်အဖြစ် ပုံနှိပ်ပြီးရင် အသေဖြစ်သွားပြီ၊ ဒါပေမယ့် လူ့ဦးနှောက်က ရှင်နေသေးတယ်။
သေနေတဲ့ စကား၊ စာလုံး၊ နည်းလမ်းတွေကို ရှင်နေတဲ့ ကိုယ့်ဦးနှောက်ထဲ သွတ်သွင်းပါ။
(၁ဝ) အောင်မြင်လိုစိတ်၊ ကြီးပွားလိုတဲ့ဆန္ဒတွေက ကူးစက်နိုင်တယ်။
အဲဒါတွေကို ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်စိတ်ဓာတ်မှာ ကူးစက်ထားပါစေ။
အဲဒါတွေက ကိုယ်သွားရာလမ်းက ဆူးညှောင့်ခလုတ်၊ အဖျက်အဆီးတွေကို ချေဖျက်ပေးပြီး
အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးမယ့် အရာတွေဖြစ်တယ်။
Discussion about this post