(Unicode)
နှစ်ထောင်ချီကြာ ပျောက်ဆုံးနေခဲ့တဲ့ ဒီဘုရားကျောင်းဟောင်းကို အီဂျစ်နိုင်ငံ နိုင်းမြစ်ကမ်း အနောက်ဘက် တာမာမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဖာရိုဘုရင် စတုတ္ထမြောက်တော်လမီ(Ptolemy IV Philopator) ဆောက်လုပ်ခဲ့တယ်ဆိုတဲ့ ဒီဘုရားကျောင်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းမှ မြေတူးလုပ်သားတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တာမာမြို့ မြေတွင်းမြောင်းတွေ တူးဖော်နေစဉ်အတွင်းမှာ ဘုရားကျောင်းရဲ့အပိုင်းအစတွေ ပေါ်လာခဲ့ပြီးနောက် မည်သည့်အရာမှန်း မသိတဲ့အတွက် လုပ်ငန်းခွင်ကို ရပ်တန့်ပြီး သုတေသနပညာရှင်တွေက စစ်ဆေးကြရာမှာ ဒီဘုရားကျောင်းဟောင်းဟာ ပေါ်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘုရားကျောင်းရဲ့ အရှေ့-အနောက်တံတိုင်း ၊ တောင်-မြောက် တံတိုင်းတွေနဲ့ ဘုရားကျောင်းရဲ့တောင်ဘက်ထောင့်တို့ကို တူးဖော်တွေ့ရှိပြီးဖြစ်ပါတယ်။ တောင်ဘက်ထောင့်ရဲ့ အဆောက်အအုံအပိုင်းအစမှာတော့ အီဂျစ်နတ်ဘုရား Hapi ရဲ့ ရုပ်ပုံကို ထွင်းထုထားပါတယ်။ နိုင်းမြစ်ကမ်း နတ်ဘုရား Hapi ဟာ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်တဲ့ ရေ နဲ့ ဖွံဖြိုးတိုးတက်စေခြင်းကို ယူဆောင်ပေးတဲ့နတ်ဘုရားလို့ အီဂျစ်တွေက ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။
နတ်ဘုရား Hapi အရုပ်ကို ငှက်တွေနဲ့ အခြားတိရစ္ဆာန်တွေက ဝန်းရံထားပြီး ဘေးဘက်နားမှာတော့ တော်လမီမင်းဆက်ရဲ့ စတုတ္ထမြောက်ဘုရင် Ptolemy IV ရဲ့နာမည်ကို ရေးထိုးတာကို ထောက်ချင့်ပြီး တော်လမီ ၄ ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းလို့ ပညာရှင်တွေက ယူဆခဲ့ကြတာဖြစ်ပါတယ်။
တော်လမီဘုရင်တွေဟာ အီဂျစ်ပြည်ကို ဘီစီ ၃၀၅ ကနေ ဘီစီ ၃၀ အထိ အုပ်စိုးခဲ့ကြတဲ့ မက်ဆီဒိုးနီးယန်းဂရိ တွေ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ဆက်ရှိတဲ့ တော်လမီမင်းဆက်မှာ တော်လမီ ၄ ဟာ ဘီစီ ၂၂၁ ကနေ ဘီစီ ၂၀၄ အထိ အီဂျစ်ပြည်ကို စိုးစံခဲ့တဲ့ ဘုရင်ဖြစ်ပါတယ်။ တော်လမီဘုရင်ဟာ အဲဒီခေတ်အခါက အကြီးဆုံးလှေကြီးလို့ ဆိုရမယ့် Tessarakonteres လှေကို တည်ဆောက်ခဲ့သူအဖြစ်လည်း ထင်ရှားပါတယ်။ Tessarakonteres ရဲ့ အဓိပ္ပါယ်က လူအယောက် ၄၀ လှော်ခတ်တယ် ဟု ရပြီး ဒီလှေကြီးရဲ့ အရှည်က ၄၂၀ပေ တောင် ရှိပါတယ်။
သမိုင်းဆရာတွေကတော့ တော်လမီ ၄ ဘုရင်ဟာ ဖာရိုဘုရင်တစ်ယောက်ထက် သောက်စားမူးယစ်ရင်း အနုပညာသမားယောင်ယောင်နေခဲ့တာကြောင့် တန်ခိုးကြီးထွားခဲ့တဲ့ တော်လမီမင်းဆက်ရဲ့ အရှိန်အဝါဟာ သူ့လက်ထက်မှာ စတင်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဦးဆောင်မှုလစ်ဟင်းမှုတွေကြောင့် အီဂျစ်မင်းဆက် ပိုင်ဆိုင်ခဲ့တဲ့ Coele-Syria (ယခု လက်ဘနွန် နဲ့ ဆီးရီးယား) နယ်မြေတွေဟာ Seleucid အင်ပါယာ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဒီနေရာရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်တန့်လိုက်ပြီး သုတေသနဆိုဒ်အဖြစ်သတ်မှတ်ကာ တူးဖော်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ မကြာခင်မှာတော့ အဆောက်အဦးတစ်ခုလုံးကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။
(Zawgyi)
စတုတၳ ေတာ္လမီဘုရင္၏ ႏွစ္ေပါင္း ၂၂၀၀ သက္တမ္းရွိ ဘုရားေက်ာင္းေဟာင္းကို ျပန္လည္ ရွာေဖြေတြ႕ရွိ
ႏွစ္ေထာင္ခ်ီၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ ဒီဘုရားေက်ာင္းေဟာင္းကို အီဂ်စ္ႏုိင္ငံ ႏုိင္းျမစ္ကမ္း အေနာက္ဘက္ တာမာၿမုိ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၃၀ ရက္ေန႔က ျပန္လည္ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ဖာရုိဘုရင္ စတုတၳေျမာက္ေတာ္လမီ(Ptolemy IV Philopator) ေဆာက္လုပ္ခဲ့တယ္ဆုိတဲ့ ဒီဘုရားေက်ာင္းကို ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုအတြင္းမွ ေျမတူးလုပ္သားေတြက စတင္ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
တာမာၿမဳိ႕ ေျမတြင္းေျမာင္းေတြ တူးေဖာ္ေနစဥ္အတြင္းမွာ ဘုရားေက်ာင္းရဲ႕အပုိင္းအစေတြ ေပၚလာခဲ့ၿပီးေနာက္ မည္သည့္အရာမွန္း မသိတဲ့အတြက္ လုပ္ငန္းခြင္ကုိ ရပ္တန္႔ၿပီး သုေတသနပညာရွင္ေတြက စစ္ေဆးၾကရာမွာ ဒီဘုရားေက်ာင္းေဟာင္းဟာ ေပၚလာခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဘုရားေက်ာင္းရဲ႕ အေရွ႕-အေနာက္တံတုိင္း ၊ ေတာင္-ေျမာက္ တံတုိင္းေတြနဲ႔ ဘုရားေက်ာင္းရဲ႕ေတာင္ဘက္ေထာင့္တုိ႔ကို တူးေဖာ္ေတြ႔ရွိၿပီးျဖစ္ပါတယ္။ ေတာင္ဘက္ေထာင့္ရဲ႕ အေဆာက္အအုံအပုိင္းအစမွာေတာ့ အီဂ်စ္နတ္ဘုရား Hapi ရဲ႕ ရုပ္ပုံကို ထြင္းထုထားပါတယ္။ ႏုိင္းျမစ္ကမ္း နတ္ဘုရား Hapi ဟာ စုိက္ပ်ဳိးေရးအတြက္ အဓိကလုိအပ္တဲ့ ေရ နဲ႔ ဖြံၿဖဳိးတုိးတက္ေစျခင္းကုိ ယူေဆာင္ေပးတဲ့နတ္ဘုရားလုိ႔ အီဂ်စ္ေတြက ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။
နတ္ဘုရား Hapi အရုပ္ကုိ ငွက္ေတြနဲ႔ အျခားတိရစာၦန္ေတြက ၀န္းရံထားၿပီး ေဘးဘက္နားမွာေတာ့ ေတာ္လမီမင္းဆက္ရဲ႕ စတုတၳေျမာက္ဘုရင္ Ptolemy IV ရဲ႕နာမည္ကို ေရးထုိးတာကို ေထာက္ခ်င့္ၿပီး ေတာ္လမီ ၄ ေဆာက္လုပ္ခဲ့တဲ့ ဘုရားေက်ာင္းလုိ႔ ပညာရွင္ေတြက ယူဆခဲ့ၾကတာျဖစ္ပါတယ္။
ေတာ္လမီဘုရင္ေတြဟာ အီဂ်စ္ျပည္ကို ဘီစီ ၃၀၅ ကေန ဘီစီ ၃၀ အထိ အုပ္စိုးခဲ့ၾကတဲ့ မက္ဆီဒုိးနီးယန္းဂရိ ေတြ ျဖစ္ပါတယ္။ စုစုေပါင္း ၁၅ ဆက္ရွိတဲ့ ေတာ္လမီမင္းဆက္မွာ ေတာ္လမီ ၄ ဟာ ဘီစီ ၂၂၁ ကေန ဘီစီ ၂၀၄ အထိ အီဂ်စ္ျပည္ကုိ စုိးစံခဲ့တဲ့ ဘုရင္ျဖစ္ပါတယ္။ ေတာ္လမီဘုရင္ဟာ အဲဒီေခတ္အခါက အႀကီးဆုံးေလွႀကီးလုိ႔ ဆုိရမယ့္ Tessarakonteres ေလွကို တည္ေဆာက္ခဲ့သူအျဖစ္လည္း ထင္ရွားပါတယ္။ Tessarakonteres ရဲ႕ အဓိပၸါယ္က လူအေယာက္ ၄၀ ေလွာ္ခတ္တယ္ ဟု ရၿပီး ဒီေလွႀကီးရဲ႕ အရွည္က ၄၂၀ေပ ေတာင္ ရွိပါတယ္။
သမုိင္းဆရာေတြကေတာ့ ေတာ္လမီ ၄ ဘုရင္ဟာ ဖာရုိဘုရင္တစ္ေယာက္ထက္ ေသာက္စားမူးယစ္ရင္း အႏုပညာသမားေယာင္ေယာင္ေနခဲ့တာေၾကာင့္ တန္ခုိးႀကီးထြားခဲ့တဲ့ ေတာ္လမီမင္းဆက္ရဲ႕ အရွိန္အ၀ါဟာ သူ႔လက္ထက္မွာ စတင္က်ဆင္းခဲ့တယ္လုိ႔ ဆုိပါတယ္။ ဦးေဆာင္မႈလစ္ဟင္းမႈေတြေၾကာင့္ အီဂ်စ္မင္းဆက္ ပုိင္ဆုိင္ခဲ့တဲ့ Coele-Syria (ယခု လက္ဘႏြန္ နဲ႔ ဆီးရီးယား) နယ္ေျမေတြဟာ Seleucid အင္ပါယာ လက္ေအာက္ကုိ က်ေရာက္ခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဒီေနရာရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို ရပ္တန္႔လုိက္ၿပီး သုေတသနဆုိဒ္အျဖစ္သတ္မွတ္ကာ တူးေဖာ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ မၾကာခင္မွာေတာ့ အေဆာက္အဦးတစ္ခုလုံးကို ေဖာ္ထုတ္ႏုိင္လိမ့္မယ္လုိ႔ သိရပါတယ္။
Discussion about this post