(Unicode)
ကမ္ဘာ့စစ်သမိုင်းရဲ့အကျော်ကြားဆုံးသော စစ်ဘုရင်စာရင်းမှာဆိုရင် ပြင်သစ်စစ်ဘုရင် နပိုလီယန်ဟာ ထိပ်ဆုံးနေရာကနေ ပါဝင်ပြီး ဥရောပတိုက်ရဲ့သမိုင်းကိုပြောင်းလဲ ပေးခဲ့တဲ့သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ (၁၇၆၉)ခုနှစ်၊သြဂုတ်လ(၁၅) ရက်နေ့မှာ Corscian ကျွန်းမှာမွေးဖွားခဲ့တဲ့ နပိုလီယန်ဟာ ငယ်စဉ်ကတော့ အခြား Corscian မျိုးချစ်တွေနဲ့ အတူ သူတို့ဒေသကိုသိမ်းပိုက်ထားတဲ့ ပြင်သစ်တပ်တွေကို တိုက်ထုတ်ဖို့ဆန္ဒိရှိခဲ့ပါတယ်။ဒါပေမယ့် Corscian တွေရဲ့တော်လှန်ရေးခေါင်းဆောင် Pasquale Paoli ကျဆုံးသွားချိန်မှာတော့ သူရဲ့အတွေးဟာပြောင်းလဲသွားပါတယ်။
နပိုလီယန် အသက်(၁၆)နှစ်အရွယ်မှာတော့ ပြင်သစ်တပ်မတော်ရဲ့ ဗိုလ်သင်တန်းကျောင်း ကိုတက်ရောက်ခဲ့ပြီး ပြင်သစ်မြေကနေ အင်္ဂလိပ်တွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ Toulon တိုက်ပွဲနဲ့ (၁၇၈၅)က ပါရီကဘုရင်စနစ်ကို ထောက်ခံသူ(၂၀၀၀၀)လောက်ကို လူထုကိုယ်စားပြုပြီး အောင်နိုင်ခဲ့တဲ့စစ်ပွဲတွေမှာ နာမည်ကျော်ခဲ့ပါတယ်။ ပြင်သစ်တော် လှန်ရေးကာလအတွင်းက ပြည်သူတွေရဲ့တောင်းဆိုချက်တွေကို အခြေခံဥပဒေအတွင်းမှာ ထည့်သွင်းရေးဆွဲပေးတာကြောင့် ပြည်သူတွေဘက်က နပိုလီယန် ကိုအာဏာရှင်လို့ မမြင်ပဲ သူရဲကောင်းတစ်ယောက်အဖြစ် အကြွင်းမဲ့ထောက်ခံခဲ့ကြပါတယ်။
အီတလီနဲ့ အီဂျစ်စစ်မြေပြင်မှာလည်း နပိုလီယန် ရဲ့တိုက်ပွဲတွေဟာလည်း ဆက်တိုက်အောင်မြင်ခဲ့ တာကြောင့် လူထုရဲ့ယုံကြည်ထောက်ခံမှုများလာသလို နိုင်ငံရေးပြိုင်ဘက်တွေကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် နပိုလီယန်ဟာ ပြင်သစ်ရဲ့ အဓိပတိဖြစ်လာခဲ့ပါတော့တယ်။ (၁၇၉၉)ခုနှစ်မှာတော့ နပိုလီယန်ဟာပြင်သစ်တွေရဲ့ အာဏာစက်ကို အလွန်ကြီးမားအောင် မြှင်တင်ခဲ့ပြီး သူကိုယ်သူလည်း လူထုခေါင်းဆောင်တစ်ယောက် အသွင်ဖမ်းကာ ပြင်သစ်ပြည်ရဲ့ ကဏ္ဍစုံမှာ ပြုပြင်ပြောင်းလဲရေးတွေပြုလုပ်နိုင်ခဲ့ပါတယ်။ သူရဲ့ပြုပြင်မှုတွေမှာထင်ရှားတာကတော့ နပိုလီယန်ဥပဒေ ( Napoleonic Code) ဖြစ်ပြီး ဥရောပနိုင်ငံတစ်ချို့မှာဆိုရင် ယင်းဥပဒေကို ယနေ့တိုင်မှီငြမ်းနေရသေးတာကိုတွေ့ရပါ တယ်။
(၁၈၀၄) ခုနှစ်မှာ ပြင်သစ်ဧကရာဇ်အဖြစ်ကြေငြာခဲ့တဲ့ နပိုလီယန်ဟာ အင်္ဂလိပ်နဲ့ သူ့မဟာမိတ်တပ်တွေကို ရေကြောင်းတိုက်ပွဲတွေမှာမယှဉ်နိုင်ခြင်းအပါအဝင် (၁၈၁၂) မှာ ရုရှားကိုချီတက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေအပြီးမှာတော့ အင်အားယုတ်လျော့လာပါတော့ တယ်။ (၁၈၁၅)ခုနှစ်က အင်္ဂလိပ်တွေနဲ့ဖြစ်ပွားခဲ့တဲ့ ဝါတာလူးစစ်ပွဲအပြီးမှာတော့ ရှုံးနိမ့်ခဲ့ပြီးနောက် နပိုလီယန် ဟာ Saint Helena ကျွန်းကိုပို့ဆောင်ခြင်းခံရပြီး (၁၈၂၁)မှာကင်ဆာ အစာအိမ် ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ စစ်ဘုရင် နပိုလီယန်ရဲ့ လူသိနည်းတဲ့ အချက်အလက်အချို့ပဲဖြစ်ပါတယ်။
(၁) စိတ်ကူးယဉ် အချစ်ဝတ္ထုတစ်အုပ်ကို ရေးသားခဲ့သူ
သွေးချောင်းစီးတိုက်ပွဲများစွာကို ဦးဆောင်ခဲ့တဲ့စစ်ဘုရင်တစ်ယောက်အနေနဲ့ စိတ်ကူူးယဉ်အချစ်ဝတ္ထုတစ်အုပ်ကို ရေးသားခဲ့တယ်ဆိုရင် လူရယ်စရာကိစ္စဖြစ်ပါလိမ့်မယ်။ အနောက်တိုင်း စာပေပညာရှင်တွေ ဆိုလေ့ရှိသလို နပိုလီယန်ဟာ ကဗျာသမား၊ စာသမား တစ်ယောက်ပီပီ စာမျက်နှာ (၁၇)မျက်နှာပါတဲ့ Clisson et Eugenie is a brief အမည် ရတဲ့လုံးချင်းဝတ္ထုတိုလေးကို (၁၇၉၅)မှာထုတ်ဝေခဲ့ပါတယ်။ စာပေချစ်သူတွေကတော့ နပိုလီယန်ရဲ့ဝတ္ထုတိုကို သဘောကျခြင်းတော့မရှိပဲ ကောင်းမွန်တဲ့စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အတွေ့အကြုံတွေလိုအပ်နေသေးကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ဆိုပါတယ်။
(၂) ပဲရစ်မြို့လမ်းမထက်ကအယောင်ဆောင်လူသား
တခါတရံမှာဆိုရင် နပိုလီယန်ဟာသူဆင်းရဲတစ်ယောက်ပမာဝတ်စားပြီး ပဲရစ်မြို့ရဲ့ လမ်းတွေပေါ်မှာ ခြေဦးတည့်ရာသွားလာလေ့ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ အောက် ခြေပြည်သူတွေရဲ့ သူအပေါ်ထင်မြင်ချက်ကို သိရှိလိုတာရယ်၊ နန်းတော်ကထုတ်ပြန်တဲ့ အမိန့်တွေဟာ အခြေခံလူတန်းစားနဲ့ ကိုက်ညီသလားဆိုတာရယ်ကို သိရှိလိုတာ ကြောင့် ဖြစ်ပါတယ်။ နပိုလီယန် နန်းတော်အတွင်းပြန်လာချိန်မှာလည်း သက်ဆိုင်ရာ နယ်ပယ်အမှုထမ်းတွေအတွက် မေးခွန်းတွေပါလာမြဲဖြစ်တယ်လို့ သိရပါတယ်။

(၃) ကီးကြောင်တစ်ယောက်
နပိုလီယန် ဟာစာပေဘက်မှာသာမက တေးဂီတဟစ်ကျူးခြင်းတွေကိုပါ ပြုလုပ်လေ့ရှိသူ လို့ သိရပါတယ်။ ဒါပေမဲ့ နပိုလီယန် ရဲ့အသံဟာ ဂီတနဲ့တွဲဖက်လို့မရတဲ့ အသံဖြစ်နေပြီး ဂီတသံစဉ်အတက်အကျကို ခွဲခြားနိုင်စွမ်းမရှိသူ တစ်ယောက်ဖြစ်ပါတယ်။
(၄) ကြောင်ကြောက်တတ်သူ
ဥရောပနိင်ငံအားလုံးနီးပါးကိုတိုက်ခိုက်ချုပ်ကိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဟာ ကြောင်ကိုတော့ ကြောက်တယ်ဆိုရင် ဇဝေဇဝါတော့ဖြစ်စရာပါ။ အမှန်တော့ အိမ်မွေးကြောင်တွေကို အလွန်အမင်းကြောက်ရွံတဲ့ Ailurophobia လို့ခေါ်တဲ့ ရောဂါဟာ နပိုလီယန်သာမက နာမည်ကျော်စစ်သူရဲကြီးတွေဖြစ်တဲ့ Alexander the Great ၊ ဂျူးလီ ယက်ဆီဇာ၊ ဂျင်ဂျစ်ခန်၊ မူဆိုလီနီ တို့ပါခံစားခဲ့ရတယ်လို့သိရပါတယ်။ နပိုလီယန်ကြောင်ကြောက်ရတဲ့ အကြောင်းကတော့ နပိုလီယန် နို့စို့ကလေးအရွယ်လောက်က ကြောင်တစ်ကောင်ရဲ့ ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရလို့ဖြစ်ပါတယ်။
(၅) နပိုလီယန်ဟာအရပ်မပုပါဘူး
သမိုင်းဆရာတော်တော်များများကတော့ နပိုလီယန်ဟာ (၅) ပေ (၂)လက်မလောက်သာ ရှိတဲ့လူပုလေးတစ်ယောက်ဖြစ်ကြောင်း ပျက်ရယ်မှုတွေရှိပါတယ်။ အမှန်တော့ (၅) ပေ (၂) လက်မဆိုတာ ပြင်သစ်တွေသုံးတဲ့ ယူနစ်အတိုင်းအတာဖြစ်ပြီး မျက်မှောက်ခေတ် အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် နပိုလီယန်ရဲ့အရပ်ဟာ (၅)ပေ (၆)လက်မခွဲခန့်ရှိပါ တယ်။ ဒါအပြင် နပိုလီယန်ဟာအဆိပ်ပုလင်းတစ်ခုကို သူရဲ့လည်ပင်းမှာအမြဲဆွဲထားလေ့ ရှိပါတယ်။ အကြောင်းကတော့ ရန်သူထံမှာဖမ်းဆီးခံရတာထက် သေတာက ပိုကောင်း တယ်လို့ ခံယူထားလို့ဖြစ်ပါတယ်။

(၆) ခေါင်းဖြတ်သတ်ခံရမယ့် ဘေးကနေ သီသီကလေးလွတ်ခဲ့တဲ့ Josephine Bonsaparte
Josephine Bonsaparte ဆိုတာကတော့ နပိုလီယန်အချစ်ရဆုံး မိန်းမဖြစ်ပြီး သူမ ဟာအရင်အိမ်ထောင်နဲ့ ကလေး(၃)ယောက်အမေမုဆိုးမဖြစ်ပါတယ်။ သူမရဲ့ပထမခင် ပွန်းဖြစ်သူဟာ Alexandre de Beauharnais အမည်ရတဲ့တော်ဝင်မျိုးနွယ်ထဲကဖြစ်ပြီး ပြင်သစ်တော်လှန်ရေးကာလ (Regine of Terror) မှာပြည်သူတွေရဲ့ ခေါင်းဖြတ်အပြစ် ပေးတာကိုခံခဲ့ရသူပါ။
ယင်းကာလကစီရင်မှုအရ သူရဲ့မိန်းမဖြစ်သူ Josephine Bonsaparte ကိုပါ တစ်ပါတည်းခေါင်းဖြတ်သတ်ဖို့စီစဉ်ခဲ့ပေမဲ့ ဗိသုကာပညာရှင်တစ် ယောက်ဖြစ်တဲ့ Robespierre ရဲ့အကူညီကြောင့် ခေါင်းမဖြတ်မီ(၅)ရက်အလိုလောက် ကတည်းက ထောင်တွင်းကနေလွတ်မြောက်သွားခဲ့ရပါတယ်။
(၇) Rosetta Stone ကိုအရင်ဆုံးရှာဖွေဖော်ထုတ်ခဲ့သူ
Rosetta Stone ဆိုတာကတော့ နှမ်းဖတ်ကျောက်စာပြားတစ်ခုဖြစ်ပြီး ယင်းပေါ်မှာ ရှေး အီဂျစ်တွေသုံးခဲ့တဲ့အရုပ်စာတွေ၊လက်ရှိသုံးနေတဲ့ဘာသာစကားနဲံ့ ရှေးဂရိစာပေအသုံး အနှုန်းတွေကို ထွင်းထုထားပါတယ်။ Rosetta Stone မှာပါဝင်တဲ့ကျောက်စာတွေဟာ ရှေးအီဂျစ်တွေရဲ့ယဉ်ကျေးမှုသမိုင်းကိုဖော်ထုတ်ရာမှာ အလွန်ကိုအရေးပါနေပြီး လက်ရှိ အချိန်မှာတော့ လန်ဒန်မှာရှိတဲ့ Britian ပြတိုက်မှာပြသထားပါတယ်။ ယင်းတန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းကို ပထမဆုံးဖော်ထုတ်နိုင်ခဲ့သူကတော့ နပိုလီယန်ဖြစ်ပြီး (၁၇၉၉) ခုနှစ် ကအီဂျစ်စစ်ပြေပြင်မှာ စစ်သားတွေတစ်ဆင့် နပိုလီယန်လက်ထဲကိုရောက်ရှိလာတာဖြစ် ပါတယ်။
(၈) နပိုလီယန် ရဲ့လည်ပင်းမှာအဆိပ်ဘူးကိုဆောင်ထားလေ့ရှိတယ်
နပိုလီယန်ဟာ သူရဲ့လည်ပင်းမှာအဆိပ်ဘူးတစ်ခုကိုအမြဲလိုလိုဆောင်ထားလေ့ရှိပါတယ်။ အကြောင်းကတော့ ရန်သူလက်မှာအဖမ်းမခံလိုတာပဲ သေခြင်းတရားကိုရွေးချယ်ဖို့ ဆုံး ဖြတ်ထားခဲ့ဟန်ရှိပါတယ်။ (၁၈၁၄)ခုနှစ်က အယ်ဘာကျွန်းကိုပြည်နှင်ဒဏ်ပေးခံရ ချိန်တုန်းကလည်း နပိုလီယန်ဟာ ယင်းအဆိပ်ကိုသောက်သုံးခဲ့တယ်လို့ သိရပြီး အဆိပ် ရဲ့ ပြင်းအားဟာ လျော့နည်းနေခဲ့လို့သာ နပိုလီယန်ဟာ အသက်မသေပဲ အပြင်းအထန် နေမကောင်းတာမျိုးပဲဖြစ်ခဲ့ပါတယ်။
(၉) နပိုလီယန်ကိုရေလုံသင်္ဘောတွေနဲ့ ကယ်တင်ဖို့ကြိုးစားခဲ့
နပိုလီယန်ဟာ ဝါတာလူးစစ်ပွဲမှာအင်္ဂလိပ်တွေကို အရေးနိမ့်ပြီးနောက်မှာတော့ တောင်အတ္တလနိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ Saint Helena ကျွန်းလေးကိုပို့ဆောင်ခြင်းခံခဲ့ရပါ တယ်။ ယင်းကျွန်းဟာ အနီးကပ်ဆုံးကျွန်းနဲ့ တောင် မိုင်(၁၂၀၀)လောက်ဝေးကွာတဲ့ သမုဒ္ဒရာတွင်းမှာ ထီးထီးကြီးရှိနေတဲ့ကျွန်းလေးဖြစ်ပါတယ်။
ယင်းကာလက ရေငုပ်သင်္ဘောတွေ၊လေယာဉ်တွေ မပေါ်သေးတာကြောင့် သူကိုကယ်တင်ဖို့နည်းလမ်းဟာ ခက်ခဲလို့နေခဲ့တာ ဖြစ်ပါတယ်။ နပိုလီယန်ရဲ့နောက်လိုက်တွေ ကတော့ သူကိုပြန်လည်ကယ်တင်ဖို့ နည်းပေါင်းစုံနဲ့ကြံဆခဲ့ပြီး များစွာသောအစောင့်တွေကို လှည့်စားနိုင်တဲ့ ရေလုံသင်္ဘောတွေနဲ့ကယ်တင်ဖို့ကြံဆဖူးပါတယ်။ ဒါပေမဲ့နည်းပညာ လိုအပ်ချက်အရတော့ ယင်းအကြံဟာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
(၁၀) မေးခွန်းတွေနဲ့သေဆုံးသွားခဲ့သူ
နပိုလီယန်ဟာ အသက်(၅၁)နှစ်အရွယ်မှာ Saint Helena ကျွန်းမှာနာတာရှည် ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ခွဲစိတ်စစ်ဆေးမှုမှတ်တမ်းတွေအရတော့ အစာအိမ်ကင်ဆာနဲ့ သေဆုံးခဲ့တယ်လို့ အဖြေထွက်ခဲ့ပေမဲ့ အာဆင်းနစ်အဆိပ်နဲ့လုပ်ကြံခံရပြီး ဆုံးခဲ့ရတာဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။
အကြောင်းကတော့ နပိုလီယန် ကွယ်လွန်ချိန်မှာ သူရဲ့ဆံပင်မျှင်တွေမှာ အာဆင်းနစ်ပါဝင်မှု အဆမတန်များပြားနေလို့ ဖြစ် ပါတယ်။ ယင်းကိစ္စဟာ သမိုင်းပညာရှင်တွေအကြားမှာ နှစ်ပေါင်းများစွာ အငြင်းပွားစရာအဖြစ်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ (၂၀၀၇)နဲ့ (၂၀၀၈)ခုနှစ်ကလေ့လာမှုတွေအရ နပိုလီယန်ဟာ ငယ်စဉ်ကတည်း က သဘာဝအရ အာဆင်းနစ်ပါဝင်နှုန်းများပြားခဲ့ပြီး အစာအိမ်ရောဂါနဲ့သာ ကွယ်လွန်ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
(Zawgyi)
စစ္ဘုရင္ နပိုလီယန္ ရဲ့လူသိနည္းတဲ့ အခ်က္(၁၀)ခ်က္
ကမာၻ႔စစ္သမိုင္းရဲ့အေက်ာ္ၾကားဆံုးေသာ စစ္ဘုရင္စာရင္းမွာဆိုရင္ ျပင္သစ္စစ္ဘုရင္ နပိုလီယန္ဟာ ထိပ္ဆံုးေနရာကေန ပါဝင္ျပီး ဥေရာပတိုက္ရဲ့သမိုင္းကိုေျပာင္းလဲ ေပးခဲ့တဲ့သူတစ္ဦးလုိ႔ ဆုိႏုိင္ပါတယ္။ (၁၇၆၉)ခုနွစ္၊ၾသဂုတ္လ(၁၅) ရက္ေန႔မွာ Corscian ကၽြန္းမွာေမြးဖြားခဲ့တဲ့ နပိုလီယန္ဟာ ငယ္စဥ္ကေတာ့ အျခား Corscian မ်ိဳးခ်စ္ေတြနဲ႔ အတူ သူတို႔ေဒသကိုသိမ္းပိုက္ထားတဲ့ ျပင္သစ္တပ္ေတြကို တိုက္ထုတ္ဖို႔ဆႏၵိရွိခဲ့ပါတယ္။ဒါေပမယ့္ Corscian ေတြရဲ့ေတာ္လွန္ေရးေခါင္းေဆာင္ Pasquale Paoli က်ဆံုးသြားခ်ိန္မွာေတာ့ သူရဲ့အေတြးဟာေျပာင္းလဲသြားပါတယ္။
နပိုလီယန္ အသက္(၁၆)နွစ္အရြယ္မွာေတာ့ ျပင္သစ္တပ္မေတာ္ရဲ့ ဗိုလ္သင္တန္းေက်ာင္း ကိုတက္ေရာက္ခဲ့ျပီး ျပင္သစ္ေျမကေန အဂၤလိပ္ေတြကို တိုက္ထုတ္နိုင္ခဲ့တဲ့ Toulon တိုက္ပြဲနဲ႔ (၁၇၈၅)က ပါရီကဘုရင္စနစ္ကုိ ေထာက္ခံသူ(၂၀၀၀၀)ေလာက္ကို လူထုကိုယ္စားျပဳျပီး ေအာင္နိုင္ခဲ့တဲ့စစ္ပြဲေတြမွာ နာမည္ေက်ာ္ခဲ့ပါတယ္။ ျပင္သစ္ေတာ္ လွန္ေရးကာလအတြင္းက ျပည္သူေတြရဲ့ေတာင္းဆိုခ်က္ေတြကို အေျခခံဥပေဒအတြင္းမွာ ထည့္သြင္းေရးဆြဲေပးတာေၾကာင့္ ျပည္သူေတြဘက္က နပိုလီယန္ ကိုအာဏာရွင္လို႔ မျမင္ပဲ သူရဲေကာင္းတစ္ေယာက္အျဖစ္ အၾကြင္းမဲ့ေထာက္ခံခဲ့ၾကပါတယ္။
အီတလီနဲ႔ အီဂ်စ္စစ္ေျမျပင္မွာလည္း နပိုလီယန္ ရဲ့တိုက္ပြဲေတြဟာလည္း ဆက္တိုက္ေအာင္ျမင္ခဲ့ တာေၾကာင့္ လူထုရဲ့ယံုၾကည္ေထာက္ခံမႈမ်ားလာသလို နိုင္ငံေရးျပိဳင္ဘက္ေတြကို ရွင္းထုတ္နိုင္ခဲ့တာေၾကာင့္ နပိုလီယန္ဟာ ျပင္သစ္ရဲ့ အဓိပတိျဖစ္လာခဲ့ပါေတာ့တယ္။ (၁၇၉၉)ခုနွစ္မွာေတာ့ နပိုလီယန္ဟာျပင္သစ္ေတြရဲ့ အာဏာစက္ကို အလြန္ၾကီးမားေအာင္ ျမွင္တင္ခဲ့ျပီး သူကိုယ္သူလည္း လူထုေခါင္းေဆာင္တစ္ေယာက္ အသြင္ဖမ္းကာ ျပင္သစ္ျပည္ရဲ့ က႑စံုမွာ ျပဳျပင္ေျပာင္းလဲေရးေတြျပဳလုပ္နိုင္ခဲ့ပါတယ္။ သူရဲ့ျပဳျပင္မႈေတြမွာထင္ရွားတာကေတာ့ နပိုလီယန္ဥပေဒ ( Napoleonic Code) ျဖစ္ျပီး ဥေရာပနိုင္ငံတစ္ခ်ဳိ႕မွာဆိုရင္ ယင္းဥပေဒကို ယေန႔တိုင္မွီျငမ္းေနရေသးတာကိုေတြ႔ရပါ တယ္။
(၁၈၀၄) ခုႏွစ္မွာ ျပင္သစ္ဧကရာဇ္အျဖစ္ေၾကျငာခဲ့တဲ့ နပိုလီယန္ဟာ အဂၤလိပ္နဲ႔ သူ႔မဟာမိတ္တပ္ေတြကို ေရေၾကာင္းတိုက္ပြဲေတြမွာမယွဥ္နိုင္ျခင္းအပါအဝင္ (၁၈၁၂) မွာ ရုရွားကိုခ်ီတက္တိုက္ခိုက္တဲ့ျဖစ္စဥ္ေတြအျပီးမွာေတာ့ အင္အားယုတ္ေလ်ာ့လာပါေတာ့ တယ္။ (၁၈၁၅)ခုနွစ္က အဂၤလိပ္ေတြနဲ႔ျဖစ္ပြားခဲ့တဲ့ ဝါတာလူးစစ္ပြဲအျပီးမွာေတာ့ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နပိုလီယန္ ဟာ Saint Helena ကၽြန္းကိုပို႔ေဆာင္ျခင္းခံရျပီး (၁၈၂၁)မွာကင္ဆာ အစာအိမ္ ကင္ဆာနဲ႔ကြယ္လြန္ခဲ့ပါတယ္။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ စစ္ဘုရင္ နပိုလီယန္ရဲ့ လူသိနည္းတဲ့ အခ်က္အလက္အခ်ိဳ႕ပဲျဖစ္ပါတယ္။
(၁) စိတ္ကူးယဥ္ အခ်စ္ဝတၳဳတစ္အုပ္ကို ေရးသားခဲ့သူ
ေသြးေခ်ာင္းစီးတိုက္ပြဲမ်ားစြာကို ဦးေဆာင္ခဲ့တဲ့စစ္ဘုရင္တစ္ေယာက္အေနနဲ႔ စိတ္ကူူးယဥ္အခ်စ္ဝတၳဳတစ္အုပ္ကို ေရးသားခဲ့တယ္ဆိုရင္ လူရယ္စရာကိစၥျဖစ္ပါလိမ့္မယ္။ အေနာက္တိုင္း စာေပပညာရွင္ေတြ ဆိုေလ့ရွိသလို နပိုလီယန္ဟာ ကဗ်ာသမား၊ စာသမား တစ္ေယာက္ပီပီ စာမ်က္နွာ (၁၇)မ်က္နွာပါတဲ့ Clisson et Eugenie is a brief အမည္ ရတဲ့လံုးခ်င္းဝတၳဳတိုေလးကို (၁၇၉၅)မွာထုတ္ေဝခဲ့ပါတယ္။ စာေပခ်စ္သူေတြကေတာ့ နပိုလီယန္ရဲ့ဝတၳဳတိုကို သေဘာက်ျခင္းေတာ့မရွိပဲ ေကာင္းမြန္တဲ့စာေရးဆရာတစ္ေယာက္ျဖစ္ဖုိ႔ အေတြ႔အႀကဳံေတြလိုအပ္ေနေသးေၾကာင္း မွတ္ခ်က္ျပဳခဲ့တယ္လို႔ဆိုပါတယ္။
(၂) ပဲရစ္ျမိဳ႕လမ္းမထက္ကအေယာင္ေဆာင္လူသား
တခါတရံမွာဆိုရင္ နပိုလီယန္ဟာသူဆင္းရဲတစ္ေယာက္ပမာဝတ္စားျပီး ပဲရစ္ျမိဳ႕ရဲ့ လမ္းေတြေပၚမွာ ေျခဦးတည့္ရာသြားလာေလ့ရွိပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ေအာက္ ေျချပည္သူေတြရဲ့ သူအေပၚထင္ျမင္ခ်က္ကို သိရွိလိုတာရယ္၊ နန္းေတာ္ကထုတ္ျပန္တဲ့ အမိန္႔ေတြဟာ အေျခခံလူတန္းစားနဲ႔ ကုိက္ညီသလားဆိုတာရယ္ကို သိရွိလိုတာ ေၾကာင့္ ျဖစ္ပါတယ္။ နပိုလီယန္ နန္းေတာ္အတြင္းျပန္လာခ်ိန္မွာလည္း သက္ဆိုင္ရာ နယ္ပယ္အမႈထမ္းေတြအတြက္ ေမးခြန္းေတြပါလာျမဲျဖစ္တယ္လို႔ သိရပါတယ္။
(၃) ကီးေၾကာင္တစ္ေယာက္
နပိုလီယန္ ဟာစာေပဘက္မွာသာမက ေတးဂီတဟစ္က်ဴးျခင္းေတြကိုပါ ျပဳလုပ္ေလ့ရိွသူ လို႔ သိရပါတယ္။ ဒါေပမဲ့ နပိုလီယန္ ရဲ့အသံဟာ ဂီတနဲ႔တြဲဖက္လို႔မရတဲ့ အသံျဖစ္ေနျပီး ဂီတသံစဥ္အတက္အက်ကို ခြဲျခားနိုင္စြမ္းမရွိသူ တစ္ေယာက္ျဖစ္ပါတယ္။
(၄) ေၾကာင္ေၾကာက္တတ္သူ
ဥေရာပနိင္ငံအားလံုးနီးပါးကိုတိုက္ခိုက္ခ်ဳပ္ကိုင္ခဲ့တဲ့ စစ္ဘုရင္ၾကီးဟာ ေၾကာင္ကိုေတာ့ ေၾကာက္တယ္ဆိုရင္ ဇေဝဇဝါေတာ့ျဖစ္စရာပါ။ အမွန္ေတာ့ အိမ္ေမြးေၾကာင္ေတြကို အလြန္အမင္းေၾကာက္ရြံတဲ့ Ailurophobia လို႔ေခၚတဲ့ ေရာဂါဟာ နပိုလီယန္သာမက နာမည္ေက်ာ္စစ္သူရဲၾကီးေတြျဖစ္တဲ့ Alexander the Great ၊ ဂ်ဴးလီ ယက္ဆီဇာ၊ ဂ်င္ဂ်စ္ခန္၊ မူဆိုလီနီ တို႔ပါခံစားခဲ့ရတယ္လို႔သိရပါတယ္။ နပုိလီယန္ေၾကာင္ေၾကာက္ရတဲ့ အေၾကာင္းကေတာ့ နပိုလီယန္ နို႔စို႔ကေလးအရြယ္ေလာက္က ေၾကာင္တစ္ေကာင္ရဲ့ ျပင္းထန္စြာ တိုက္ခိုက္ခံခဲ့ရလုိ႔ျဖစ္ပါတယ္။
(၅) နပိုလီယန္ဟာအရပ္မပုပါဘူး
သမိုင္းဆရာေတာ္ေတာ္မ်ားမ်ားကေတာ့ နပိုလီယန္ဟာ (၅) ေပ (၂)လက္မေလာက္သာ ရွိတဲ့လူပုေလးတစ္ေယာက္ျဖစ္ေၾကာင္း ပ်က္ရယ္မႈေတြရွိပါတယ္။ အမွန္ေတာ့ (၅) ေပ (၂) လက္မဆိုတာ ျပင္သစ္ေတြသံုးတဲ့ ယူနစ္အတိုင္းအတာျဖစ္ျပီး မ်က္ေမွာက္ေခတ္ အတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ နပိုလီယန္ရဲ့အရပ္ဟာ (၅)ေပ (၆)လက္မခြဲခန္႔ရွိပါ တယ္။ ဒါအျပင္ နပိုလီယန္ဟာအဆိပ္ပုလင္းတစ္ခုကို သူရဲ့လည္ပင္းမွာအျမဲဆြဲထားေလ့ ရွိပါတယ္။ အေၾကာင္းကေတာ့ ရန္သူထံမွာဖမ္းဆီးခံရတာထက္ ေသတာက ပိုေကာင္း တယ္လို႔ ခံယူထားလို႔ျဖစ္ပါတယ္။
(၆) ေခါင္းျဖတ္သတ္ခံရမယ့္ ေဘးကေန သီသီကေလးလြတ္ခဲ့တဲ့ Josephine Bonsaparte
Josephine Bonsaparte ဆိုတာကေတာ့ နပိုလီယန္အခ်စ္ရဆံုး မိန္းမျဖစ္ျပီး သူမ ဟာအရင္အိ္မ္ေထာင္နဲ႔ ကေလး(၃)ေယာက္အေမမုဆိုးမျဖစ္ပါတယ္။ သူမရဲ့ပထမခင္ ပြန္းျဖစ္သူဟာ Alexandre de Beauharnais အမည္ရတဲ့ေတာ္ဝင္မ်ိဳးႏြယ္ထဲကျဖစ္ျပီး ျပင္သစ္ေတာ္လွန္ေရးကာလ (Regine of Terror) မွာျပည္သူေတြရဲ့ ေခါင္းျဖတ္အျပစ္ ေပးတာကိုခံခဲ့ရသူပါ။ ယင္းကာလကစီရင္မႈအရ သူရဲ့မိန္းမျဖစ္သူ Josephine Bonsaparte ကိုပါ တစ္ပါတည္းေခါင္းျဖတ္သတ္ဖို႔စီစဥ္ခဲ့ေပမဲ့ ဗိသုကာပညာရွင္တစ္ ေယာက္ျဖစ္တဲ့ Robespierre ရဲ့အကူညီေၾကာင့္ ေခါင္းမျဖတ္မီ(၅)ရက္အလိုေလာက္ ကတည္းက ေထာင္တြင္းကေနလြတ္ေျမာက္သြားခဲ့ရပါတယ္။
(၇) Rosetta Stone ကိုအရင္ဆံုးရွာေဖြေဖာ္ထုတ္ခဲ့သူ
Rosetta Stone ဆိုတာကေတာ့ နွမ္းဖတ္ေက်ာက္စာျပားတစ္ခုျဖစ္ျပီး ယင္းေပၚမွာ ေရွး အီဂ်စ္ေတြသံုးခဲ့တဲ့အရုပ္စာေတြ၊လက္ရွိသံုးေနတဲ့ဘာသာစကားနဲံ႔ ေရွးဂရိစာေပအသံုး အႏႈန္းေတြကို ထြင္းထုထားပါတယ္။ Rosetta Stone မွာပါဝင္တဲ့ေက်ာက္စာေတြဟာ ေရွးအီဂ်စ္ေတြရဲ့ယဥ္ေက်းမႈသမိုင္းကိုေဖာ္ထုတ္ရာမွာ အလြန္ကိုအေရးပါေနျပီး လက္ရွိ အခ်ိန္မွာေတာ့ လန္ဒန္မွာရွိတဲ့ Britian ျပတိုက္မွာျပသထားပါတယ္။ ယင္းတန္ဖိုးၾကီး သမိုင္းဝင္ပစၥည္းကို ပထမဆံုးေဖာ္ထုတ္နိုင္ခ့ဲသူကေတာ့ နပိုလီယန္ျဖစ္ျပီး (၁၇၉၉) ခုနွစ္ ကအီဂ်စ္စစ္ေျပျပင္မွာ စစ္သားေတြတစ္ဆင့္ နပိုလီယန္လက္ထဲကိုေရာက္ရွိလာတာျဖစ္ ပါတယ္။
(၈) နပိုလီယန္ ရဲ့လည္ပင္းမွာအဆိပ္ဘူးကိုေဆာင္ထားေလ့ရွိတယ္
နပိုလီယန္ဟာ သူရဲ့လည္ပင္းမွာအဆိပ္ဘူးတစ္ခုကိုအျမဲလိုလိုေဆာင္ထားေလ့ရိွပါတယ္။ အေၾကာင္းကေတာ့ ရန္သူလက္မွာအဖမ္းမခံလိုတာပဲ ေသျခင္းတရားကိုေရြးခ်ယ္ဖို႕ ဆံုး ျဖတ္ထားခဲ့ဟန္ရွိပါတယ္။ (၁၈၁၄)ခုနွစ္က အယ္ဘာကၽြန္းကိုျပည္နွင္ဒဏ္ေပးခံရ ခ်ိန္တုန္းကလည္း နပိုလီယန္ဟာ ယင္းအဆိပ္ကိုေသာက္သံုးခဲ့တယ္လို႔ သိရျပီး အဆိပ္ ရဲ့ ျပင္းအားဟာ ေလ်ာ့နည္းေနခဲ့လို႔သာ နပိုလီယန္ဟာ အသက္မေသပဲ အျပင္းအထန္ ေနမေကာင္းတာမ်ိဳးပဲျဖစ္ခဲ့ပါတယ္။
(၉) နပိုလီယန္ကိုေရလံုသေဘၤာေတြနဲ႔ ကယ္တင္ဖို႕ၾကိဳးစားခဲ့
နပိုလီယန္ဟာ ဝါတာလူးစစ္ပြဲမွာအဂၤလိပ္ေတြကို အေရးနိမ့္ျပီးေနာက္မွာေတာ့ ေတာင္အတၱလႏၱိတ္သမုဒၵရာအတြင္းမွာရွိတဲ့ Saint Helena ကၽြန္းေလးကိုပို႔ေဆာင္ျခင္းခံခဲ့ရပါ တယ္။ ယင္းကၽြန္းဟာ အနီးကပ္ဆံုးကၽြန္းနဲ႔ ေတာင္ မိုင္(၁၂၀၀)ေလာက္ေဝးကြာတဲ့ သမုဒၵရာတြင္းမွာ ထီးထီးၾကီးရွိေနတဲ့ကၽြန္းေလးျဖစ္ပါတယ္။
ယင္းကာလက ေရငုပ္သေဘၤာေတြ၊ေလယာဥ္ေတြ မေပၚေသးတာေၾကာင့္ သူကိုကယ္တင္ဖို႕နည္းလမ္းဟာ ခက္ခဲလို႔ေနခဲ့တာ ျဖစ္ပါတယ္။ နပိုလီယန္ရဲ့ေနာက္လိုက္ေတြ ကေတာ့ သူကိုျပန္လည္ကယ္တင္ဖို႔ နည္းေပါင္းစံုနဲ႔ၾကံဆခဲ့ျပီး မ်ားစြာေသာအေစာင့္ေတြကို လွည့္စားနိုင္တဲ့ ေရလံုသေဘၤာေတြနဲ႔ကယ္တင္ဖို႕ၾကံဆဖူးပါတယ္။ ဒါေပမဲ့နည္းပညာ လိုအပ္ခ်က္အရေတာ့ ယင္းအၾကံဟာအေကာင္အထည္မေဖာ္နိုင္ခဲ့ပါဘူး။
(၁၀) ေမးခြန္းေတြနဲ႔ေသဆံုးသြားခဲ့သူ
နပိုလီယန္ဟာ အသက္(၅၁)နွစ္အရြယ္မွာ Saint Helena ကၽြန္းမွာနာတာရွည္ ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ ဆရာဝန္ေတြရဲ့ခြဲစိတ္စစ္ေဆးမႈမွတ္တမ္းေတြအရေတာ့ အစာအိမ္ကင္ဆာနဲ႔ ေသဆံုးခဲ့တယ္လို႔ အေျဖထြက္ခဲ့ေပမဲ့ အာဆင္းနစ္အဆိပ္နဲ႔လုပ္ၾကံခံရျပီး ဆံုးခဲ့ရတာျဖစ္တယ္လို႔ေျပာဆိုမႈေတြလည္းရွိခဲ့ပါတယ္။
အေၾကာင္းကေတာ့ နပိုလီယန္ ကြယ္လြန္ခ်ိန္မွာ သူရဲ့ဆံပင္မ်ွင္ေတြမွာ အာဆင္းနစ္ပါဝင္မႈ အဆမတန္မ်ားျပားေနလို႔ ျဖစ္ ပါတယ္။ ယင္းကိစၥဟာ သမိုင္းပညာရွင္ေတြအၾကားမွာ နွစ္ေပါင္းမ်ားစြာ အျငင္းပြားစရာအျဖစ္ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ (၂၀၀၇)နဲ႔ (၂၀၀၈)ခုနွစ္ကေလ့လာမႈေတြအရ နပိုလီယန္ဟာ ငယ္စဥ္ကတည္း က သဘာဝအရ အာဆင္းနစ္ပါဝင္ႏႈန္းမ်ားျပားခဲ့ျပီး အစာအိမ္ေရာဂါနဲ႔သာ ကြယ္လြန္ျခင္းျဖစ္ေၾကာင္း အတည္ျပဳနိုင္ခ့ဲပါတယ္။
Discussion about this post