ဒီခိုမလေးရဲ့ အမည်က ပြင်သစ်စကား နဲ့ “ရှဲအမီ” ၊ အဓိပ္ပါယ်ကတော့ ချစ်လှစွာသောမိတ်ဆွေ တဲ့။ ဗြိတိန်ခိုလေ့ကျင့်သင်ကြားသူတွေထံကနေ အမေရိကန် စစ်တပ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် ပထမ ကမ္ဘာစစ်အတွင်းက ပြင်သစ်နယ်နိမိတ်ထဲမှာ ရောက်ရှိနေတဲ့ အမေရိကန်စစ်တပ်ဟာ စာပို့ခိုပေါင်းများစွာကို အသုံးပြုတဲ့အနက် ဒီခိုမလေးဟာလည်း တကောင် အပါအဝင်ဖြစ်ခဲ့ပါတယ်။ ခိုမလေး ရှဲအမီ ကို နာမည်ကျော်ခဲ့စေတဲ့ဖြစ်ရပ်ကတော့ ၁၉၁၈ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ခဲ့တာပါ။
၁၉၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ အာဂွန်န်တိုက်ပွဲအတွင်း အမေရိကန်ဗိုလ်မှူးတဦးဖြစ်သူ ချားလ်ဝှိုက်ဝှစ်တယ်ဆေ နဲ့ သူ့ရဲ့စစ်သည် ၅၅၀ ခန့်ဟာ ရန်သူ့နယ်မြေထဲမှာ ပိတ်မိသွားခဲ့ပြီး ရိက္ခာ နဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေပါ ဖြတ်တောက်ခံခဲ့ရတယ်။ လက်နက်ခဲယမ်းလည်း မလုံလောက်တော့ပါဘူး။ သူတို့ရဲ့ တည်နေရာကို မသိရှိကြတဲ့ မိမိတို့ဘက်က အခြားတပ်တွေဆီကနေ စစ်ကူရဖို့ မျှော်လင့်ရုံပဲ ရှိပါတော့တယ်။ပတ်ပတ်လည်မှာ ဂျာမန်တွေက ဝိုင်းပြီးပစ်ခတ်တာကြောင့် နောက်ဆုံးမှာတော့ ေ_ ဆုံး ဒဏ်ရာရသူတွေကိုဖယ်လိုက်ရင် စစ်သည်စုစုပေါင်း ၁၉၄ ဦးပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ စာပို့ခိုဟာလည်း ၃ကောင်ပဲ ကျန်တော့တယ်။ ဗိုလ်မှူး ဝှစ်တယ်ဆေ ဟာ စာပို့ခိုတကောင်နဲ့ “အထိအခိုက် အကျအရှုံး အရမ်းများနေပြီး ဆုတ်ခွာဖို့လည်းလမ်းမရှိတော့ဘူး” လို့ ရေထားတဲ့စာကို ပို့လိုက်တယ်။ ဒါပေမယ့် အဲဒီခိုဟာ ပျံတက်တက်ချင်းမှာပဲ ရန်သူတွေရဲ့ ပစ်ချခြင်းကို ခံခဲ့ရတယ်
ဒုတိယ ခိုတကောင် နဲ့ “အားလုံး ဒုက္ခရောက်နေပြီ ၊ စစ်ကူလွှတ်ပေးနိုင်မလား” ဆိုတဲ့ စာကို ထပ်ပို့တယ်။ ဒါပေမယ့် ဒီခိုလည်း ပစ်ချခံရတာပါပဲ။ အဲဒီထက်ဆိုးတာက သူတို့ဘက်က အဝေးပစ်အမြောက်တပ်တွေက သူတို့ရှိတဲ့နေရာကို အဆက်မပြတ်ပစ်နေတာပါ။ ဝှစ်တယ်ဆေ တို့ကို မြောက်ဘက်လျိုထဲမှာ ရှိနေမယ်အထင်နဲ့ တောင်ဘက်ကို ပစ်တဲ့အခါမှာ အမှတ်မထင် အချင်းချင်း ပြန်ပစ်မိသလို ဖြစ်နေတာပါ။ စာပို့ခို ၃ကောင် ရှိတဲ့အနက် ၂ကောင်ပစ်ချခံလိုက်ရတာကြောင့် ၁ကောင်ပဲ ကျန်တော့တယ်။ ဒီတကောင်ဟာ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။
ရွှေးချယ်စရာလမ်းမရှိတော့တဲ့နောက်မှာတော့ ခိုမလေး ရှဲအမီကို နောက်ဆုံး စာပို့ခို အနေနဲ့ စာကို ခိုလေးရဲ့ ဘယ်ဘက်ခြေထောက်မှာ ဆွဲကာ ပို့လွှတ်လိုက်ပြန်ပါတယ်။ စာထဲမှာတော့ “ကျွန်တော်တို့အဖွဲ့တွေ စစ်ဆင်ရေးလမ်းကြောင်း ၂၇၆.၄ တည်နေရာမှာ ရှိနေပါတယ်။ ခင်ဗျားတို့ပစ်တဲ့ ကျည်ဆံတွေ ကျွန်တော်တို့ဆီကို ကျရောက်နေပါတယ်။ ပစ်တာတွေကို ရပ်ပြီး ကျွန်တော်တို့ကို လာရောက်ကယ်တင်ပါ” လို့ ရေးထားခဲ့တယ်။
ခိုမလေး ရှဲအမီ စာကို ယူဆောင်ပြီး ပျံတက်တက်ချင်းမှာပဲ ဂျာမန်စစ်သားတွေမြင်ပြီး ဝိုင်းပစ်ပြန်တာပဲ။ ကျည်ဆံထိပြီး ပြုတ်ကျသွားခဲ့ပေမယ့် စက္ကန့်အနည်းငယ်အတွင်းမှာ နောက်တကြိမ်ပျံတက်သွားနိုင်ခဲ့တယ်။ ဒဏ်ရာတွေ ရနေလျက်နဲ့ပဲ ၂၅ မိုင်အကွာအဝေးကိုပြီးဆုံးအောင် ပျံသန်းရင်း ငှာနချုပ်ကို အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်မှုကြောင့် စစ်သည် ၁၉၄ ဦးကို စစ်ကူတွေပို့ကာ ကယ်တင်နိုင်ခဲ့ပြီး အ _က်ဘေးမှ လွတ်မြောက်ခဲ့ရတယ်။
ခိုမလေးဟာ ခြေလျှင် တပ်မ ၇၇ ရဲ့ သူရဲကောင်းဖြစ်လာခဲ့တယ်။ ခိုမလေးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ရင်အုံမှာ ဒဏ်ရာရနေသလို မျက်လုံးတဖက်လည်း ကန်းနေတဲ့အပြင် ခြေထောက်တဖာက်ကလည်း တွဲလျောင်းကျနေပြီဖြစ်တယ်။ ဆေးတပ်သားတွေ အစွမ်းကုန်ဝိုင်းဝန်းကုသခဲ့ကြပြီး ခိုမလေးရဲ့ အ _က်ကို ကယ်တင်လိုက်နိုင်ကြတယ်။ ဒါပေမယ့် ခြေထောက်ကတော့ ပြန်မကောင်းတော့တဲ့အတွက် သစ်သားခြေထောက်အတုလေးကို အစားထိုးပေးခဲ့ကြတယ်။ အဲဒီနောက်တော့ ခိုမလေးကို သူရဲကောင်းတဦးအဖြစ် အမေရိကန်ကို ပြန်ပို့ခဲ့တယ်။
ဒီစွမ်းဆောင်မှုအပြင် အခြားအရေးပါတဲ့ ပေးပို့မှုပေါင်း ၁၂ကြိမ်လောက်ကို ခိုမလေးက စွမ်းဆောင်ပေးခဲ့တာကြောင့် ပြင်သစ်အစိုးရရဲ့ ခရော့ရေဒဂန်း ဆု ချီးမြှင့်ခံခဲ့ရတယ်။ အခြားဆုတံဆိပ်တွေလည်း ရရှိခဲ့သလို သူရဲကောင်းစာပို့ခို စာရင်းမှာလည်း ထည့်သွင်းခံခဲ့ရတယ်။ ခိုမလေးဟာ စစ်ပွဲအတွင်း ရရှိခဲ့တဲ့ ဒဏ်တွေကြောင့်ပဲ နောက်တနှစ်အကြာ ၁၉၁၉ ခုနှစ်မှာတော့ နယူးဂျာစီမှာရှိတဲ့ မားမော့ခံတပ်မှာ ေ_ ဆုံးသွားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ စစ်အတွင်း အရဲရင့်ဆုံးတိရစ္ဆာန်သူရဲကောင်းဆုကို အခြား တိရစ္ဆာန်လေး ၇ ကောင်နဲ့အတူ ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၂၀ ၊ ၃၀ တဝိုက်က အမေရိကန်ကျောင်းသားငယ်လေးတိုင်းဟာ ရှဲအမီကို ပထမကမ္ဘာစစ်အတွင်းက သူရဲကောင်းတဦးအဖြစ် သိကြပါတယ်။ ခိုမလေးရဲ့ခန္ဓာကိုယ်ကိုတော့ ပုံသွင်းပြီး အမေရိကန်သမိုင်း အမျိုးသားပြတိုက်မှာ အခြား သူရဲကောင်းတဦးဖြစ်တဲ့ ခွေးကလေး တပ်ကြပ်ကြီး စတပ်ဘီ နဲ့အတူ ယှဉ်တွဲပြသထားလျက် ရှိပါတော့တယ်။
Discussion about this post