• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နပိုလီယန်အား အရေးနိမ့်စေခဲ့သော သံမဏိမြို့စားကြီး

by Thutamm
October 26, 2020
Reading Time: 1min read
0
နပိုလီယန်အား အရေးနိမ့်စေခဲ့သော သံမဏိမြို့စားကြီး
Share on FacebookShare on Twitter

ဝယ်လင်တန်မြို့စားကြီး Arthur Wellesley ဟာ အင်္ဂလန်ရဲ့ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာဘတ်ကို ဝါတာလူး စစ်ပွဲမှာ အနိုင်တိုက်ကာ အင်္ဂလန်ရဲ့ တော်ဝင်သူရဲကောင်းအနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့နောက်နာမည်တစ်မျိုးကတော့ သံမဏိမြို့စားကြီးဖြစ်ပါတယ်။ သူဟာAngola-Irish စစ်သည်အနွယ်ဝင်တစ်ဦးဖြစ်ပြီး ၁၉ရာစုက အင်္ဂလန်ရဲ့ စစ်ရေးနိုင်ငံရေး ကဏ္ဍတွေမှာ ဦးဆောင်ခေါင်းရွက်တာဝန်ခံခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ Arthur Wellesley ဟာ KG,GCB,PC,FRS စတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။

Arthur Wellesley ကိုတော့ ၁၇၆၉ ခုနှစ်မေလ(၁)ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့မှာ Mornington မြို့စား Garreta နဲ့ Anne Hill-Trevorတို့ကမွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်တဲ့အချိန်မှာတော့ အိုင်ယာလန်နိုင်ငံက နာမည်ကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Protestant Ascendancy မှာတက်ရောက်ပညာသင်ကြားခဲ့ပြီး သူအသက်(၁၈)နှစ်အရွယ် ၁၇၈၇ ခုနှစ်မှာတော့ ဗြိတိန်တပ်မတော်ရဲ့ အလံကိုင်ဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယင်းကာလက ဗြိတိန်ကျွန်းဆွယ်တစ်ခုလုံးဟာပေါင်းစည်းထားပြီး United Kingdomနိုင်ငံတွေအဖြစ် အင်္ဂလန်နိုင်ငံရဲ့ သြဇာအာဏာအောက်မှာရှိကြတာပါ။

အဲဒီနောက်မှာတော့ အိုင်ယာလန်နိုင်ငံက တော်ဝင်အဆင့်မြင့်အရာရှိနှစ်ဦးရဲ့ သက်တော်စောင့်အဖွဲ့ (aided-de-camp)မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Arthur Wellesley ဟာ Irish House of commons လို့ခေါ်တဲ့ ဗြိတိန်ပါလီမန်ရဲ့ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းကိုလည်းခံခဲ့ရသူပါ။ ၁၇၉၆ ခုနှစ်မှာတော့ သူဟာ ဗိုလ်မှူးကြီးအထိ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရဲပြီး နယ်သာလန်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်တွေနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက Mysore တွေနဲ့ ဖြစ်ပွားတဲ့ Fourth Anglo-Mysore တိုက်ပွဲတွေမှာ အင်္ဂလိပ်စစ်တပ်ကို အနိုင်ရအောင် အကောင်းဆုံးဦးဆောင်မှုပေးခဲ့ပါတယ်။

၁၇၉၉ မှာတော့ သူဟာ Seringapatam နဲ့ Mysore ဒေသတွေရဲ့ဘုရင်ခံဖြစ်လာခဲ့ပြီး ၁၈၀၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးအဖြစ်ရာထူးတိုးမြှင့်ပေးခြင်းကိုခံရပါတယ်။ ၁၈၀၃ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံက Maratha အင်ပါယာကိုအနိုင်ရခဲ့တဲ့ Assaye တိုက်ပွဲတွေမှာ စတင်ထင်ရှားလာပါတယ်။ ၁၈၀၆ခုနှစ် ဧပြီလမှာတော့ သူဟာ KittyPakenham လို့အမည်ရတဲ့ အိုင်ယာလန်သူတစ်ယောက်နဲ့ ဒပ်ဗလင်မြို့မှာ မင်္ဂလာ ဆောင်ခဲ့ပါတယ်။ များမကြာမီမှာတော့ Arthur Wellesley ဟာ ဥရောပမှာနယ်မြေသိမ်းတိုက်ပွဲတွေ တောက်လျှောက်ဆင်နွှဲနေတဲ့ ပြင်သစ်စစ်ဘုရင် နပိုလီယံကို ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။

သူဟာဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတိုးမြှင့်ခြင်းခံရပြီးနောက် Napoleonic Wars လို့ကမ္ဘာပေါ်မှာထင်ရှားတဲ့ တိုက်ပွဲတွေအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဥရောပအနောက်တောင်ပိုင်း ကျွန်းဆွယ်တိုက်ပွဲတွေမှာ သူရဲ့ပြောင်မြောတ်တဲ့ စစ်ဗျူဟာအခင်းအကျင်းတွေကြောင့် အင်္ဂလိပ်တွေအသာရခဲ့ပါတယ်။ ဒါအပြင် ၁၈၁၃ ခုနှစ်မှာ စပိန်နိုင်ငံတွင်းမှာရှိတဲ့ Vitoria စစ်ပွဲ အပြီးမှာတော့ ပြင်သစ်တပ်တွေကို ထပ်မံအနိုင်ရခဲ့တာကြောင့် သူဟာဗြိတိန်စစ်တပ်ရဲ့ အမြင့်ဆုံးရာထူူးဖြစ်တဲ့ Field Marshal အဖြစ် ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ ၁၈၁၄ခုနှစ် နပိုလီယံနယ်နှင်ဒဏ်ခံရပြီးတဲ့နောက်မှာ တော့ သူဟာငြိမ်းချမ်းရေးသံတမန်အဖြစ် ပြင်သစ်ကိုသွားရောက်ခဲ့ပြီး ဗြိတိန်တော်ဝင်မိသားစုရဲ့ အဓိက မှူးမက်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

၁၈၁၅ မှာတော့အင်္ဂလိပ်တွေဟာ ပြင်သစ်နဲ့ တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီး ရက်တစ်ရာစစ်ပွဲ(hundred Days)စစ်ပွဲတွေမှာတော့ သူဟာ ဂျာမန်စစ်ဗိုလ်ချုပ် Blucher ဦးဆောင်တဲ့ ပရပ်ရှားစစ်သည်တွေနဲ့ ပူးပေါင်းပြီး ပြင်သစ်တွေ ကိုတိုက်ခိုက်ခဲ့တာပါ။ ၁၈၁၅ ဇွန်လ(၁၈)ရက်နေ့၊ဘယ်ဂျီယမ်နိုင်ငံ ဝါတာလူးရွာအနီး မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာတော့ Arthur Wellesley ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ စစ်ပွဲဆီကိုတစ်ကျော့ပြန်ဝင်လာတဲ့ နပိုလီယံရဲ့ပြင်သစ်တပ်တွေကို ချေမှုန်းနိုင်ခဲ့ပါ တယ်။ ဝါတာလူးတိုက်ပွဲဟာ နပိုလီယံရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပြီး ယင်းတိုက်ပွဲမှာ အရေးနိမ့်ပြီးတဲ့နောက် သူဟာဘယ်တော့မှ နလန်ပြန်ထူနိုင်ခဲ့ခြင်းမရှိတော့ပါဘူး။

ဗိုလ်ချုပ်ကြီးဝယ်လင်တန်မြို့စား Arthur Wellesleyရဲ့ ဂုဏ်သတင်းကတော့ ဥရောပ တစ်လွှားပျံ့နှံ့သွားခဲ့ပါတယ်။ သူဟာ သူ့သက်တမ်းတစ်လျောက်စစ်ပွဲ (၆၀)လောက် ကွပ်ကဲတိုက်ခိုက်ခဲ့ပြီး အများစုကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ Arthur Wellesley ဟာ စစ်မြေပြင်နဲ့လိုက်ဖက်တဲ့ ခံစစ်ဗျူဟာကိုချမှတ်ရာမှာ အလွန်နာမည်ကြီးသူပါ။ သူဟာဒီ နည်းဗျူဟာကို အသုံးပြုပြီး သူ့စစ်တပ်ထက် အလွန်အင်အားကြီးမားတဲ့ ရန်သူများစွာကို အနိုင်ယူနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာစစ်ဘက်ဆိုင်ရာမှတ်တမ်းတွေမှာ အထူးချွန်ဆုံးသော ခံစစ်ဗျူဟာ ချမှတ်နိုင်သူအဖြစ် နာမည်ကျော်ပါတယ်။

ယနေ့လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ စစ်အကယ်ဒမီ လေ့ကျင့်ရေးကျောင်းတွေမှာတောင် သူရဲ့ စစ်ဘက်ဆိုင်ရာအစီစဉ်တွေ၊ နည်းစနစ်တွေ၊ ဗျူဟာမြောက်လှုပ်ရှားမှုတွေကို သင်ကြားပို့ချနေရဆဲ ဖြစ်ပါတယ်။ Arthur Wellesleyဟာ နိုင်ငံအတွက် ပြည်ပရန်စွယ် တွေကိုရှင်းလင်းပေးခဲ့ပြီးနောက် နိုင်ငံရေး လောကထဲကို ဝင်ရောက်လာပြန်ပါတယ်။ သူဟာ Toryပါတီကို ကိုယ်စားပြုပြီးရွေးကောတ်ပွဲမှာ အနိုင်ရကာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၈၂၈ ကနေ ၁၈၃၄ကာလတွေအထိ နှစ်ကြိမ်ဆက် ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ ဝန်ကြီးချုပ်ဒုတိယ သက်တမ်းကိုတော့ တစ်နှစ်ကျော်လောက်ပဲတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ဒါကလည်း ၁၈၂၉မှာ သူအတည်ပြုပေးခဲ့တဲ့ ဘာသာရေးနဲ့ပတ်သတ်တဲ့ ဥပဒေ (Catholic Relief Act )ဟာ ဝေဖန်သူတွေများလာခဲ့တာကြောင့် ၁၈၃၂ မှာပြန်လည်ပြင်ဆင်တဲ့ ဥပဒေကို ပြန်လည်ပြဌန်းပေးခဲ့ရပါတယ်။

နိုင်ငံရေးဖိအားအချို့ကြောင့် ဝန်ကြီးချုပ် ဒုတိယသက်တမ်း တစ်နှစ်ကျော်ကာလ ၁၈၃၄ အစောပိုင်းကာလမှာ သူဟာရာထူးကနေနှုတ်ထွက်ခဲ့တာပါ။ ယင်းနောက်သူဟာ ကွန်ဆာဗေးတစ်ပါတီကိုကူးပြောင်းခဲ့ပြီး ဗြိတိန်ပါလီမန်ရဲ့ House of Lords (အထက်လွှတ်တော်မှာ) ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈၄၆ ခုနှစ်မှာတော့ နိုင်ငံရေးလောက ကနေ အနားယူသွားခဲ့ပါတယ်။ သူဟာနိုင်ငံရေးလောက ကအနားယူခဲ့ပေမဲ့ ဗြိတိန်စစ်တပ်ရဲ့ အရေးပါတဲ့ ညွှန်ကြားသူတစ်ယောက်အဖြစ်တော့ ရပ်တည်နေဆဲပါ။

ဝယ်လင်တန်မြို့စားကြီးဟာ နိုင်ငံရေးမှာ လူထုနှင့် သဘောကွဲလွဲ မှုရှိခဲ့သော်လည်း  လူထုက သူ့ရဲ့စေတနာကိုလည်းကောင်း၊ စစ်မက်ရေးရာ၌ ထူးချွန်မှုကိုလည်းကောင်း ထောက်၍ ကြည်ညိုမြဲ ကြည်ညိုခဲ့ကြပါတယ်။ Arthur Wellesleyဟာ ၁၈၅၂ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ Dealမြို့မှာရှိတဲ့ Walmer ရဲတိုက်မှာကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၈၃)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ အစိုးရကသူကိုဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် နေရာများစွာကိုဖန်တီးပေးခဲ့ပြီး အင်္ဂလန်နိုင်ငံ၊လိဒ်မြို့မှာရှိမှာတော့သူရဲ့ကြေးရုပ်တုတည်ရှိပါတယ်။ သူရဲ့အုတ်ဂူကိုတော့ လန်ဒန်မြို့မှာရှိတဲ့ St Paul’s ခရစ်ယာန်ဘုရားရှိခိုးကျောင်း မှာ ထားရှိပါတယ်။

 

Tags: historykaung htetworld people
Next Post
မောရစ်သျှ နိုင်ငံအကြောင်း သိကောင်းစရာ

မောရစ်သျှ နိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!