ရေးသားသူ – TMK(သမန်းကျား)
စစ်ပွဲသမိုင်းသည် ရှည်လျားလွန်းလှပြီး လူ့ယဉ်ကျေးမှု နှင့် တပြိုင်နက်တည်းလိုလို စတင်ခဲ့ဖွယ်ရှိသည်။ ထို့အတူ စစ်တပ်များ အသုံးပြုခဲ့သော စစ်လက်နက်များသည်လည်း လှံ၊ လေးမြှား တို့မှ အစပြု၍ ယနေ့ တိုက်လေယာဉ်များ၊ လေဆာလက်နက်များ၊ မောင်းသူမဲ့လေယာဉ်များ၊ ဗုံးလက်နက်များကို သယ်ဆောင်သော ယာဉ်များဖြင့် တစ်နေ့တ ခြား ခေတ်မီလာကြောင်း သိရသည်။ ကမ္ဘာ့စစ်လက်နက်အဆင့်ကို ပြောင်းလဲစေခဲ့သော နည်းပညာ (၇)မျိုးကိုမှု ကမ္ဘာ့နိုင်ငံအသီးသီးက အထူးမှတ်တမ်း တင် ထားရှိကြောင်း Live Science သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၇။ လူမဲ့ ဒရုန်း လေယာဉ်
တိုက်ခိုက်ရေး ဒရုန်းများ၊ လူမဲ့လေယာဉ်များ ကို မိုင်ပေါင်း ထောင်နှင့်ချီသော အကွာအဝေး မှ ထိန်းချုပ်ကာ ရှေ့တန်းစစ်မျက်နှာများတွင် ကူညီတိုက်ခိုက်ပေးနိုင်သည်။ လေယာဉ်မှူးအသက်ဆုံးရှုံးမှု များစွာကို ရှောင်ကြဉ်နိုင်ခဲ့သည်။ အမေရိကန်စစ်တပ်တွင် ဒရုန်း လူမဲ့လေယာဉ်ကို တွင်ကျယ်စွာ အသုံးပြုနေသည်။
၆။ လေယာဉ်အလိုအလျောက် ပံျသန်းစနစ်
အလိုအလျောက်ပံျသန်းစနစ်ဖြင့် လေယာဉ်ကို အီလက်ထရွန်းနစ်စနစ် ဖြင့် ပို၍ တိကျစွာ ထိန်းချုပ်နိုင်သည်။ လေယာဉ်မှူးက အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်သည်။
၅။ ရေငုပ်သင်္ဘော
ရေအောက်မှပစ်ခတ်ပြီး ရန်သူသင်္ဘောများကို ဖျက်ဆီးနိုင်စွမ်းရှိသော ရေငုပ်သင်္ဘော များကို စစ်၏ သဘာဝကို ပြောင်းလဲစေခဲ့သည်။ ၁၈၆၁ မှ ၁၈၆၅ အထိ ကြာမြှင့်ခဲ့သော အမေရိကန် ပြည်တွင်းစစ် တွင် ရေငုပ်သင်္ဘောမှ ပစ်ခတ်ကာ စစ်သင်္ဘောတစ်စီးကို ပထမဦးဆုံးအကြိမ် ဖျက်ဆီးခဲ့သည်။ ယနေ့ စစ်တပ်များက ရေငုပ်သင်္ဘောများတွင် ဒုံးကျဉ်များကို တပ်ဆင်ကာ ကင်းထောက်ခြင်း၊ မြေပြင်တိုက်ပွဲများတွင် ကူပစ်ပေးခြင်း၊ ပိတ် ဆို့ခြင်း တို့ကို လုပ်ကိုင်ကြသည်။
၄။ တိုမာဟော့ဒုံးကျဉ်
တာဝေးပစ်ဒုံးကျဉ် အမျိုးအစားဖြစ်ပြီး ခပ်နိမ့်နိမ့် ပျံသန်းနိုင်ကာ မြေပြင်ပစ်မှတ်များကို ဖျက် ဆီးနိုင်သည်။ ကိုယ်ပိုင် ဂျက်အင်ဂျင် ပါဝင်ပြီး ၁၉၉၁ သဲကန္တာရ စစ်ဆင်ရေးတွင် အမေရိကန် က စတင် အသုံးပြုခဲ့ သည်။ တစ်နာရီလျင် (၅၅၀)မိုင်နှုန်း ပျံသန်းနိုင်ပြီး GPS စနစ်ဖြင့် ပစ်မှတ်ကို တိကျစွာ ရှာဖွေ ဖျက်ဆီးနိုင်သည်။
၃။ သူလျှိုလေယာဉ် (Stealth)
သူလျှိုလေယာဉ်များသည် ကိုယ်ထည်တစ်ခုလုံးကို ဖျောက်နိုင်စွမ်းရှိပြီး ရေဒါကို လည်း လှည့်စားနိုင်သည်။ ရန်သူမျက်စိလည်နေချိန်တွင် အောင်မြင်စွာ တိုက်ခိုက်လေ့ရှိသည်။ သူလျှိုလေယာဉ်ကို ဂျာမနီနိုင်ငံက စတင်ထုတ်လုပ်ခဲ့သော်လည်း အမေရိကန်လုပ် F-35 Lighting II, F-22 Raptor နှင့် B-2 Spirit တို့ က နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာသည်။
၂။ အာကာသ လက်နက်
ကမ္ဘာပေါ်ရှိ ပစ်မှတ်များကို မိုးကောင်းကင်မှ တိုက်ခိုက်နိုင်ပြီး ဒုံးကျဉ်များကို လမ်းခု လတ်မှ ဖျက်ဆီးပစ်နိုင်သည်။ အာကာသယာဉ်များ၊ ဂြိုလ်တုများကို ပစ်ချနိုင်သည်။ စစ်အေးကာလတွင် အမေရိကန် နှင့် ဆိုဗီယက်ယူနီယံတို့က နိုင်ငံရေးတင်းမာမှုနှင့်အညီ အာကာသလက်နက်များကို အပြိုင်အဆိုင် တပ်ဆင်ခဲ့ကြ သည်။ အမေရိက၊ ရုရှား နှင့် တရုတ်နိုင်ငံတို့က ဂြိုလ်တုဖျက် လက်နက်များ ထုတ်လုပ်လာကြသည်။
၁။ နျူကလီးယားလက်နက်
ဒုတိယကမ္ဘာစစ်အတွင်းက မန်ဟာတန်စစ်ဆင်ရေး အတွက် ရူပဗေဒ ပညာရှင် များက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အက်တမ်ဗုံးဟု ခေါ်ဆိုခဲ့သည်။ ပထမဆုံးသော နျူကလီးယားဗုံးကို ၁၉၄၅၊ ဇူလိုင် ၁၆ တွင် နယူးမက်ဆီကို လေတပ်မှ စမ်းသပ်ဖောက်ခွဲခဲ့ရာ ဗုံးပေါက်ကွဲအား (၁၅၀၀၀) TNT ထက် ပိုခဲ့ပြီး ၁၉၄၅ တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့တို့တွင် နျူကလီးယားဗုံး (၁)လုံးစီ ကြဲချကာ ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည်။
TMK(သမန်းကျား)
Discussion about this post