(Unicode)
စင်ကာပူ ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ အထူးရင်းနှီးပြီးသား နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှရဲ့အဖွံ့ဖြိုးဆုံး ကမ္ဘာ့အဆင့်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ စင်ကာပူဟာ ငွေကြေးစနစ်အနေနဲ့ စင်ကာပူဒေါ်လာကို သုံးစွဲပြီး ၁ဒေါ်လာကနေ ၁သောင်းတန်အထိ ငွေစက္ကူတွေကို ထုတ်လုပ်သုံးစွဲခဲ့ပါတယ်။ ဒီငွေစက္ကူတွေအားလုံးပေါ်မှာ ရိုက်နှိပ်ထားတာကတော့ ကျွန်တော်တို့အများစု သိထားကြတဲ့ စင်ကာပူတည်ထောင်သူ ခေါင်းဆောင်ကြီး လီကွမ်ယူမဟုတ်ပါဘူး။ အခု အဲဒီ စင်ကာပူ ငွေစက္ကူတွေပေါ်က ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့မျှဝေသွားပါမယ်။
သူ့နာမည်ကတော့ ယူစွပ် ဘင်အစ္စဟက် (Yusof bin Ishak) ဖြစ်ပြီး Yusof Ishak လို့ပဲခေါ်ကြလေ့ရှိပါတယ်။ သူ့ကို (၁၉၁၀) ခုနှစ် ၊သြဂုတ်လ(၁၂)ရက်နေ့က ယခုမလေးရှားနိုင်ငံအတွင်းက Perak ပြည်နယ်၊ Taiping မြို့က Terong ကျေးရွာမှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မလေးရှားနိုင်ငံသား Encik Ishak Bin Ahmad ကတော့အစိုးရဝန်ထမ်းဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မိခင်ကတော့ သာမန်အမျိုးသမီး တစ်ဦးဖြစ်ပြီး Yusof Ishak ဟာမွေးချင်း(၉)ယောက်အနက်အကြီးဆုံးသားဖြစ်ပါတယ်။
Yusof Isha kဟာငယ်စဉ်တည်းက စာဖတ်ဝါသနာထုံလွန်းသူဖြစ်ပြီး အတန်းတိုင်းကို ဆုတံဆိပ်တွေနဲ့ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်က Kuala Kurau မှာရှိတဲ့ Malay ကျောင်းမှာပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာကိုတော့ သူအသက်(၁၁)နှစ်အရွယ်ရောက်ချိန်မှ Taipaing မှာရှိတဲ့ King Edward VII School မှာတက်ရောက်သင်ကြားခဲ့ပါတယ်။ (၁၉၂၃)ခုနှစ်မှာတော့ သူဖခင်ပြောင်းရွေ့တာဝန်ကျရာ စင်ကာပူနယ်မြေက Victoria Bridge School မှာပြောင်းရွှေ့သင်ယူခဲ့ရပါပြီး (၁၉၂၄) ခုနှစ်မှာတော့ Raffles Institution ကိုဝင်ခွင့်ရပါတယ်။
ဒီနေရာမှာတော့ Yusof Ishak ဟာရေကူး၊ အလေးမ၊ဘောက်ဆင်၊ ဝါးတားပိုလို၊ ဟော်ကီစတဲ့အားကစားနည်းမျိုးစုံမှာ ထူးချွန်ခဲ့ပြီး သူရဲ့စာပေဆိုင်ရာရမှတ်တွေကြောင့် National Cadet Corps လို့ိသိကြတဲ့ စင်ကာပူတပ်ဖွဲ့ရဲ့ ကဏ္ဍအသီးသီးကလူတော်တွေကိုသာစိစစ်ရွေးချယ်တဲ့ ဗိုလ်လောင်းအဖွဲ့ရဲ့ အမြဲတမ်း ဒုဗိုလ်ဖြစ်ခဲ့ပါတယ်။ (၁၉၂၇)ခုနှစ်မှာတော့ Yusof Ishak ဟာ Cambridge School Certificate ကိုဂုဏ်ထူးများစွာနဲ့အောင်မြင်ခဲ့ကာ Queen’s Scholarship ချီးမြှင့်ခံခဲ့ရပြီး Raffles Institutionမှာပဲ (၁၉၂၉)ခုနှစ်အထိ အဆင့်မြင့် ပညာရပ်တွေကို ဆက်လက်သင်ကြားခွင့်ရခဲ့ပါတယ်။
သူဟာနိုင်ငံခေါင်းဆောင်မဖြစ်ခင်ကတည်းက နာမည်ကျော်ဂျာနယ်လစ်တစ်ဦးအဖြစ် လူသိများထင်ရှားခဲ့သူဖြစ်ပြီး မလေးရှားမှာ ယနေ့ထက်တိုက်ထုတ်ဝေနေတဲ့ Utusan Melayu သတင်းစာတိုက်ရဲ့ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ Yusof Ishak အသက်(၁၉)နှစ်အရွယ်၊(၁၉၂၉)ခုနှစ်မှာတော့ စင်ကာပူမှာရှိတဲ့ Raffles Institutionကနေဘွဲ့ရခဲ့ပြီး ဂျာနယ်လစ်တစ်ယောက် အဖြစ်စတင် အသက် မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။
(၁၉၃၂)ခုနှစ်မှာတော့ယင်းကာလကနာမည်ကျော် မလေးရှားသတင်းစာတိုက်ဖြစ်တဲ့ Warta Malaya မှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သူရဲ့လုပ်ရည် ကိုင်ရည်ကြောင့်အချိန်တိုအတွင်းမှာပဲ လက်ထောက်မန်နေဂျာ၊တာဝန်ခံ အယ်ဒီတာ စတဲ့ရာထူးတွေကို တိုးမြှင့်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ (၁၉၃၈) ခုနှစ်မှာတော့ Yusof Ishakဟာ ယင်းရာထူးကနေနှုက်ထွက်ပြီး စာပေနယ်ကလုပ်ဖော်ကိုင်ဖက်တွေ နဲ့အတူ Utusan Melayu သတင်းစာတိုက်ကိုတည်ထောင်ပြီး သူကိုယ်တိုင်ကတော့ ယင်းသတင်းစာတိုက်ရဲ့ မန်းနေဂျင်းဒါရိုက်တာရာထူးကိုထမ်းဆောင်ခဲ့ပါတယ်။
စင်ကာပူကျွန်းကိုဂျပန်တွေသိမ်းပိုတ်ခဲ့တဲ့ (၁၉၄၂) ကနေ (၁၉၄၅)ကာလတွေမှာတော့ Yusof Ishakဟာ Malaya ကိုတိမ်းရှောင်ခဲ့ပါတယ်။ ဂျပန်လက်ကနေ မဟာမိတ်တပ်တွေသိမ်းပိုက်ပြီးချိန်မှသာ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတင်းစာတိုက်ရဲ့ ခေါင်းဆောင်အဖြစ် (၁၉၅၉) ခုနှစ်တိုင်အောင်ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။
Yusof Ishak ဟာစင်ကာပူသမ္မတတာဝန်မထမ်းဆောင်ခင်ကတည်းက အစိုးရအဖွဲ့ ရာထူးတော်တော်များများမှာခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ (၁၉၄၈)ခုနှစ်ကနေ (၁၉၅၀)အထိ Film Appeal Committee ဝင်တစ်ယောက်အဖြစ် ရော Nature Reserves Committee and Malayanisation Commission အဖွဲ့ဝင် တစ်ဦးအဖြစ်ပါဆောင်ရွက်ခဲ့ပါတယ်။
(၁၉၅၉)ခုနှစ်၊ဇူလိုင်မှာတော့ စင်ကာပူနိုင်ငံ၊ Public Service Commission အဖြစ်ခန့်အပ်တာဝန်ပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ယင်းနှစ်အတွင်းမှာပဲကျင်းပခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ပထမဆုံးသောရွေးကောတ်ပွဲမှာတော့ Yusof Ishak ဦးဆောင်တဲ့ PAP လို့သိကြတဲ့ People’s Action Party ဟာအောင်ပွဲ ခံခဲ့ပြီး Oueen Elizabeth(2) ရဲ့စင်ကာပူနိုင်ငံဆိုင်ရာမင်းကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဒီဇင်ဘာ(၃)ရက်နေ့မှာတော့ Yusof Ishak ဟာစင်ကာပူနိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ယောက်အဖြစ် ပထမဆုံးသောကျမ်းကျိန်ခဲ့ပါတယ်။
ယင်းနောက် (၁၉၆၅)ခုနှစ်သြဂုတ်လမှာတော့ စင်ကာပူနိုင်ငံဟာလွတ်လပ်တဲ့ အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပြီး Yusof Ishakဟာလည်း စင်ကာပူရဲ့ပထမဆုံးသော သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ (၁၉၆၅)ခုနှစ်ကနေ(၁၉၇၀) လောက်အထိ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးယင်းကာလက အခြားနာမည်ကျော် စင်ကာပူ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့လီကွမ်ယုကတော့ စင်ကာပူအစိုးရ အဖွဲ့ရဲ့ဝန်ကြီးချုပ် တာဝန်ကိုယူထားရပါတယ်။
Yusof Ishak ဟာ လီကွမ်ယုနဲ့ အတူစင်ကာပူနိုင်ငံတည်ထောင်ရေးလုပ်ငန်းကို လက်တွဲညီညီဆောင်ရွက်ခဲ့ပါတယ်။ ပထမ သမ္မတသက်တမ်းပြည့်ပြီးချိန် သမ္မတဒုတိယသက်တမ်း(၄)နှစ်အတွက်လည်း ထပ်မံရွေးချယ်ခြင်း ခံခဲ့ရပေမဲ့ သက်တမ်းပြည့်တော့ သမ္မတတာဝန်ကိုထမ်းဆောင်နိုင်ခဲ့ခြင်းတော့မရှိရှာပါဘူး။
Yusof Ishak ဟာ (၁၉၄၉)ခုနှစ်နိုဝင်ဘာ(၂၀)ရက်နေ့မှာတော့ Noor Aishah အမည်ရတဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့ပြီး အဲဒီအချိန်က သူ့အသက်ဟာ ၃၉နှစ်ဖြစ်ပြီး ဇနီးဖြစ်သူကတော့ အသက် ၁၆နှစ်သာ ရှိပါသေးတယ်။ သူတို့ဇနီမောင်နှံဟာ သားတစ်ယောက်၊သမီး(၂)ယောက်ထွန်းကားခဲ့ပါတယ် ။
Yusof Ishak ဟာ စာပေနဲ့နိုင်ငံတကာရေးရာမှာသာထူးချွန်သူမဟုတ်ပဲ အားကစားနဲ့ ပတ်သက်ရင်လည်း အတော်ပေါက်ရောက်ခဲ့တယ်လို့သိရပါတယ်။ (၁၉၃၂)ခုနှစ်ကကျင်းပခဲ့တဲ့ Aw Boon Par Cup ဘောက်ဆင်ပြိုင်ပွဲမှာ Yusof Ishakဟာဗိုလ်စွဲနိုင်ခဲ့သလို (၁၉၃၃)ခုနှစ်မှာကျင်းပခဲ့တဲ့ နိုင်ငံအဆင့်အငယ်တန်းအလေးမပြိုင်ပွဲမှာလည်း Yusof Ishakဟာ ဗိုလ်စွဲခဲ့သူပါ။
Yusof Ishakရဲ့အခြားဝါသနာတစ်ခုကတော့ ဓာတ်ပုံရိုက်တာ ဖြစ်ပြီးသူကွယ်လွန်ချိန်မှာတော့ သူရဲ့လက်ရာမွန်တော်တော်များများကိုကျန်ရစ်သူ မိသားစုက National Archives of Singaspore ဓာတ်ပုံပြတိုက်ကိုလှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ဒါအပြင် သစ်ခွပန်းဥယျာဉ်တွေကို ပျိုးထောင်စိုက်ပျိုးရတာကိုလည်း ဝါသနာထုံသူဖြစ်ပါတယ်။ Yusof Ishak ရဲ့မူလရည်မှန်းချက်ကရဲသားတစ်ယောက်ဖြစ်ဖို့ သာဖြစ်ပြီး မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမှာရှိတဲ့ရဲ့သင်တန်းအကယ်ဒမီကို ဆက်သွယ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှသာစိတ်ပြောင်းပြီး ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့သာ ကြိုး စားခဲ့ပါတယ်။
Yusof Ishak ဟာစင်ကာပူနိုင်ငံရဲ့သမ္မတတာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ဒေသတွင်းက ကွန်မြူ နစ်တွေရဲ့ခြိမ်းခြောက်မှုအပါအဝင် Maria Hertogh အဓိကရုဏ်း၊(၁၉၆၄)ခုနှစ်မှာစင်ကာပူမှာဖြစ်ပွားခဲ့တဲ့လူမျိုးဘာသာဆိုင်ရာ အဓိကရုဏ်းဖြစ်ရပ်တွေအပေါ် အကောင်းဆုံးစီမံခန့်ခွဲနိုင်ခဲ့ပြီး လွတ်လပ်ရေးရကာစ စင်ကာပူနိုင်ငံ ကိုအကောင်းဆုံးဦးဆောင်ပေးခဲ့ပါတယ်။
လူမျိုးစုံ၊ဘာသာပေါင်းစုံစုရုံးနေထိုင်တဲ့ ကျွန်း နိုင်ငံလေးဖြစ်တဲ့ စင်ကာပူကို မတူညီမှုများစွာကြားထဲကနေ မကွဲပြားအောင်ထိန်း ကျောင်းပေးခဲ့တဲ့ Yusof Ishak ဟာအမှန်လည်းချီးကျူးခံထိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ခဲ့ပြီး များစွာသောပြည်ပရင်းနှီးမှုတွေကိုနိုင်ငံအတွက် ဖိတ်ခေါ်နိုင်ခဲ့သလို တစ်ဖက်ကလည်း စင်ကာပူနိုင်ငံသားတွေရဲ့စည်းကမ်းကျနအောင်နဲ့ မိမိကိုယ်ကိုယုံ ကြည်မှုရှိအောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ သူဟာ အစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး စင်ကာပူမှာ လူမျိုးဘာသာမရွေး အတူတကွ ယှဉ်တွဲပြီး ငြိမ်းချမ်းစွာနေထိုင်သွားနိုင်စေရမယ်လို့ ဟောပြောပွဲတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
(၁၉၇၀)ခုနှစ်၊နိုဝင်ဘာလ(၂၃)ရက်နေ့မှာတော့ Yusof Ishak ဟာသူရဲ့ရုံးခန်းအတွင်းမှာပဲ နှလုံးထိခိုက်မှုနဲ့ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက်(၆၀)အရွယ်ရှိနပါပြီ။ သူရဲ့ ဈာပနကိုတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ဓလေ့ထုံးထမ်းအစဉ်အလာအတိုင်းပြုလုပ်ခဲ့ ပြီး Kranji State Cemetery မှာဂူသွင်းသဂြိုလ်ခဲ့ပါတယ်။
(ISEAS)လို့သိကြတဲ့ Institute of Southeast Asian Studies ကို(၂၀၁၅)ခုနှစ်မှာတော့ ISEAS-Yusof Ishak Institute အဖြစ်တရားဝင်နာမည်ပြောင်းလဲခဲ့ပြီး စင်ကာပူအစိုးရက သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။ နာမည်ပေးရတဲ့အခြားသောရည်ရွယ်ချက်ကတော့ Yusof Ishak ရဲ့မူဝါဒဖြစ်တဲ့ တရားမျှတမှု၊သာတူညီမျှရှိမှု၊ လိုက်လျောညီထွေစွာ ဆက်ဆံနိုင်မှု၊ကြံ့ခိုင်မှုစတာတွေကိုပါကိန်းအောင်းစေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နေပါတယ်။
(ISEAS)ရဲ့စာကြည့်တိုက်မှာဆိုရင်လည်း Yusof Ishakရဲ့ပြတိုက်ကို သူအမျိုးသမီးဖြစ်တဲ့ Puan Noor Aishah ကိုယ်တိုင် ဖွင့်လှစ်ထားရှိပါတယ် ။ ဒါအပြင်စင်ကာပူမြို့ရဲ့မြောက် ဘက်ခြမ်းမှာတည်ရှိတဲ့ Woodlands မှာလည်း Yusof Ishak ကိုဂုဏ်ပြုသောအားဖြင့် Masjid Yusof Ishak အမည်ပေးထား တဲ့ဗလီတစ်ခုကို (၂၀၁၇)ခုနှစ်အတွင်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၉ ခုနှစ်မှာ ပြန်လည်ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေစက္ကူအားလုံးပေါ်မှာ စင်ကာပူရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ သူ့ရဲ့ ရုပ်ပုံကို ရိုက်နှိပ်ပြီး ဂုဏ်ပြုထားခဲ့ပါတော့တယ်။
(Zawgyi)
စင္ကာပူ ေဒၚလာ ေငြစကၠဴေတြေပၚက မ်က္ႏွာပိုင္ရွင္အေၾကာင္း
စင္ကာပူ ဆိုတာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံနဲ႔ အထူးရင္းႏွီးၿပီးသား ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အေရွ႕ေတာင္အာရွရဲ႕အဖြံ႕ၿဖိဳးဆုံး ကမာၻ႔အဆင့္ႏိုင္ငံ တစ္ႏိုင္ငံလည္းျဖစ္ပါတယ္။ စင္ကာပူဟာ ေငြေၾကးစနစ္အေနနဲ႔ စင္ကာပူေဒၚလာကို သုံးစြဲၿပီး ၁ေဒၚလာကေန ၁ေသာင္းတန္အထိ ေငြစကၠဴေတြကို ထုတ္လုပ္သုံးစြဲခဲ့ပါတယ္။ ဒီေငြစကၠဴေတြအားလုံးေပၚမွာ ႐ိုက္ႏွိပ္ထားတာကေတာ့ ကြၽန္ေတာ္တို႔အမ်ားစု သိထားၾကတဲ့ စင္ကာပူတည္ေထာင္သူ ေခါင္းေဆာင္ႀကီး လီကြမ္ယူမဟုတ္ပါဘူး။ အခု အဲဒီ စင္ကာပူ ေငြစကၠဴေတြေပၚက ပုဂၢိဳလ္ႀကီးရဲ႕အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔မွ်ေဝသြားပါမယ္။
သူ႔နာမည္ကေတာ့ ယူစြပ္ ဘင္အစၥဟက္ (Yusof bin Ishak) ျဖစ္ၿပီး Yusof Ishak လို႔ပဲေခၚၾကေလ့ရွိပါတယ္။ သူ႔ကို (၁၉၁၀) ခုႏွစ္ ၊ၾသဂုတ္လ(၁၂)ရက္ေန႔က ယခုမေလးရွားႏိုင္ငံအတြင္းက Perak ျပည္နယ္၊ Taiping ၿမိဳ႕က Terong ေက်း႐ြာမွာေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူ မေလးရွားႏိုင္ငံသား Encik Ishak Bin Ahmad ကေတာ့အစိုးရဝန္ထမ္းျဖစ္ၿပီး ငါးေမြးျမဴေရးလုပ္ငန္းအရာရွိအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ မိခင္ကေတာ့ သာမန္အမ်ိဳးသမီး တစ္ဦးျဖစ္ၿပီး Yusof Ishak ဟာေမြးခ်င္း(၉)ေယာက္အနက္အႀကီးဆုံးသားျဖစ္ပါတယ္။
Yusof Isha kဟာငယ္စဥ္တည္းက စာဖတ္ဝါသနာထုံလြန္းသူျဖစ္ၿပီး အတန္းတိုင္းကို ဆုတံဆိပ္ေတြနဲ႔ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ငယ္စဥ္က Kuala Kurau မွာရွိတဲ့ Malay ေက်ာင္းမွာပညာသင္ၾကားခဲ့ၿပီး အဂၤလိပ္စာကိုေတာ့ သူအသက္(၁၁)ႏွစ္အ႐ြယ္ေရာက္ခ်ိန္မွ Taipaing မွာရွိတဲ့ King Edward VII School မွာတက္ေရာက္သင္ၾကားခဲ့ပါတယ္။ (၁၉၂၃)ခုႏွစ္မွာေတာ့ သူဖခင္ေျပာင္းေ႐ြ႕တာဝန္က်ရာ စင္ကာပူနယ္ေျမက Victoria Bridge School မွာေျပာင္းေ႐ႊ႕သင္ယူခဲ့ရပါၿပီး (၁၉၂၄) ခုႏွစ္မွာေတာ့ Raffles Institution ကိုဝင္ခြင့္ရပါတယ္။
ဒီေနရာမွာေတာ့ Yusof Ishak ဟာေရကူး၊ အေလးမ၊ေဘာက္ဆင္၊ ဝါးတားပိုလို၊ ေဟာ္ကီစတဲ့အားကစားနည္းမ်ိဳးစုံမွာ ထူးခြၽန္ခဲ့ၿပီး သူရဲ႕စာေပဆိုင္ရာရမွတ္ေတြေၾကာင့္ National Cadet Corps လို႔ိသိၾကတဲ့ စင္ကာပူတပ္ဖြဲ႕ရဲ႕ က႑အသီးသီးကလူေတာ္ေတြကိုသာစိစစ္ေ႐ြးခ်ယ္တဲ့ ဗိုလ္ေလာင္းအဖြဲ႕ရဲ႕ အၿမဲတမ္း ဒုဗိုလ္ျဖစ္ခဲ့ပါတယ္။ (၁၉၂၇)ခုႏွစ္မွာေတာ့ Yusof Ishak ဟာ Cambridge School Certificate ကိုဂုဏ္ထူးမ်ားစြာနဲ႔ေအာင္ျမင္ခဲ့ကာ Queen’s Scholarship ခ်ီးျမႇင့္ခံခဲ့ရၿပီး Raffles Institutionမွာပဲ (၁၉၂၉)ခုႏွစ္အထိ အဆင့္ျမင့္ ပညာရပ္ေတြကို ဆက္လက္သင္ၾကားခြင့္ရခဲ့ပါတယ္။
သူဟာႏိုင္ငံေခါင္းေဆာင္မျဖစ္ခင္ကတည္းက နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးအျဖစ္ လူသိမ်ားထင္ရွားခဲ့သူျဖစ္ၿပီး မေလးရွားမွာ ယေန႔ထက္တိုက္ထုတ္ေဝေနတဲ့ Utusan Melayu သတင္းစာတိုက္ရဲ႕ပူးတြဲတည္ေထာင္သူတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ Yusof Ishak အသက္(၁၉)ႏွစ္အ႐ြယ္၊(၁၉၂၉)ခုႏွစ္မွာေတာ့ စင္ကာပူမွာရွိတဲ့ Raffles Institutionကေနဘြဲ႕ရခဲ့ၿပီး ဂ်ာနယ္လစ္တစ္ေယာက္ အျဖစ္စတင္ အသက္ ေမြးဝမ္းေၾကာင္းျပဳခဲ့ပါတယ္။
(၁၉၃၂)ခုႏွစ္မွာေတာ့ယင္းကာလကနာမည္ေက်ာ္ မေလးရွားသတင္းစာတိုက္ျဖစ္တဲ့ Warta Malaya မွာဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး သူရဲ႕လုပ္ရည္ ကိုင္ရည္ေၾကာင့္အခ်ိန္တိုအတြင္းမွာပဲ လက္ေထာက္မန္ေနဂ်ာ၊တာဝန္ခံ အယ္ဒီတာ စတဲ့ရာထူးေတြကို တိုးျမႇင့္ေပးအပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ (၁၉၃၈) ခုႏွစ္မွာေတာ့ Yusof Ishakဟာ ယင္းရာထူးကေနႏႈက္ထြက္ၿပီး စာေပနယ္ကလုပ္ေဖာ္ကိုင္ဖက္ေတြ နဲ႔အတူ Utusan Melayu သတင္းစာတိုက္ကိုတည္ေထာင္ၿပီး သူကိုယ္တိုင္ကေတာ့ ယင္းသတင္းစာတိုက္ရဲ႕ မန္းေနဂ်င္းဒါ႐ိုက္တာရာထူးကိုထမ္းေဆာင္ခဲ့ပါတယ္။
စင္ကာပူကြၽန္းကိုဂ်ပန္ေတြသိမ္းပိုတ္ခဲ့တဲ့ (၁၉၄၂) ကေန (၁၉၄၅)ကာလေတြမွာေတာ့ Yusof Ishakဟာ Malaya ကိုတိမ္းေရွာင္ခဲ့ပါတယ္။ ဂ်ပန္လက္ကေန မဟာမိတ္တပ္ေတြသိမ္းပိုက္ၿပီးခ်ိန္မွသာ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သတင္းစာတိုက္ရဲ႕ ေခါင္းေဆာင္အျဖစ္ (၁၉၅၉) ခုႏွစ္တိုင္ေအာင္ျပန္လည္ေဆာင္႐ြက္ခဲ့ပါတယ္။
Yusof Ishak ဟာစင္ကာပူသမၼတတာဝန္မထမ္းေဆာင္ခင္ကတည္းက အစိုးရအဖြဲ႕ ရာထူးေတာ္ေတာ္မ်ားမ်ားမွာခန႔္အပ္တာဝန္ေပးျခင္းခံခဲ့ရသူျဖစ္ပါတယ္။ သူဟာ (၁၉၄၈)ခုႏွစ္ကေန (၁၉၅၀)အထိ Film Appeal Committee ဝင္တစ္ေယာက္အျဖစ္ ေရာ Nature Reserves Committee and Malayanisation Commission အဖြဲ႕ဝင္ တစ္ဦးအျဖစ္ပါေဆာင္႐ြက္ခဲ့ပါတယ္။
(၁၉၅၉)ခုႏွစ္၊ဇူလိုင္မွာေတာ့ စင္ကာပူႏိုင္ငံ၊ Public Service Commission အျဖစ္ခန႔္အပ္တာဝန္ေပးျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။ ယင္းႏွစ္အတြင္းမွာပဲက်င္းပခဲ့တဲ့ စင္ကာပူႏိုင္ငံရဲ႕ပထမဆုံးေသာေ႐ြးေကာတ္ပြဲမွာေတာ့ Yusof Ishak ဦးေဆာင္တဲ့ PAP လို႔သိၾကတဲ့ People’s Action Party ဟာေအာင္ပြဲ ခံခဲ့ၿပီး Oueen Elizabeth(2) ရဲ႕စင္ကာပူႏိုင္ငံဆိုင္ရာမင္းႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္း ခံခဲ့ရပါတယ္။ ဒီဇင္ဘာ(၃)ရက္ေန႔မွာေတာ့ Yusof Ishak ဟာစင္ကာပူႏိုင္ငံရဲ႕ အႀကီးအကဲ ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ပထမဆုံးေသာက်မ္းက်ိန္ခဲ့ပါတယ္။
ယင္းေနာက္ (၁၉၆၅)ခုႏွစ္ၾသဂုတ္လမွာေတာ့ စင္ကာပူႏိုင္ငံဟာလြတ္လပ္တဲ့ အခ်ဳပ္အျခာအာဏာ ပိုင္ႏိုင္ငံအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီး Yusof Ishakဟာလည္း စင္ကာပူရဲ႕ပထမဆုံးေသာ သမၼတအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သူဟာ (၁၉၆၅)ခုႏွစ္ကေန(၁၉၇၀) ေလာက္အထိ စင္ကာပူႏိုင္ငံရဲ႕ ပထမဆုံးသမၼတအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီးယင္းကာလက အျခားနာမည္ေက်ာ္ စင္ကာပူ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့လီကြမ္ယုကေတာ့ စင္ကာပူအစိုးရ အဖြဲ႕ရဲ႕ဝန္ႀကီးခ်ဳပ္ တာဝန္ကိုယူထားရပါတယ္။
Yusof Ishak ဟာ လီကြမ္ယုနဲ႔ အတူစင္ကာပူႏိုင္ငံတည္ေထာင္ေရးလုပ္ငန္းကို လက္တြဲညီညီေဆာင္႐ြက္ခဲ့ပါတယ္။ ပထမ သမၼတသက္တမ္းျပည့္ၿပီးခ်ိန္ သမၼတဒုတိယသက္တမ္း(၄)ႏွစ္အတြက္လည္း ထပ္မံေ႐ြးခ်ယ္ျခင္း ခံခဲ့ရေပမဲ့ သက္တမ္းျပည့္ေတာ့ သမၼတတာဝန္ကိုထမ္းေဆာင္ႏိုင္ခဲ့ျခင္းေတာ့မရွိရွာပါဘူး။
Yusof Ishak ဟာ (၁၉၄၉)ခုႏွစ္ႏိုဝင္ဘာ(၂၀)ရက္ေန႔မွာေတာ့ Noor Aishah အမည္ရတဲ့ အမ်ိဳးသမီးနဲ႔လက္ထပ္ခဲ့ၿပီး အဲဒီအခ်ိန္က သူ႔အသက္ဟာ ၃၉ႏွစ္ျဖစ္ၿပီး ဇနီးျဖစ္သူကေတာ့ အသက္ ၁၆ႏွစ္သာ ရွိပါေသးတယ္။ သူတို႔ဇနီေမာင္ႏွံဟာ သားတစ္ေယာက္၊သမီး(၂)ေယာက္ထြန္းကားခဲ့ပါတယ္ ။
Yusof Ishak ဟာ စာေပနဲ႔ႏိုင္ငံတကာေရးရာမွာသာထူးခြၽန္သူမဟုတ္ပဲ အားကစားနဲ႔ ပတ္သက္ရင္လည္း အေတာ္ေပါက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။ (၁၉၃၂)ခုႏွစ္ကက်င္းပခဲ့တဲ့ Aw Boon Par Cup ေဘာက္ဆင္ၿပိဳင္ပြဲမွာ Yusof Ishakဟာဗိုလ္စြဲႏိုင္ခဲ့သလို (၁၉၃၃)ခုႏွစ္မွာက်င္းပခဲ့တဲ့ ႏိုင္ငံအဆင့္အငယ္တန္းအေလးမၿပိဳင္ပြဲမွာလည္း Yusof Ishakဟာ ဗိုလ္စြဲခဲ့သူပါ။
Yusof Ishakရဲ႕အျခားဝါသနာတစ္ခုကေတာ့ ဓာတ္ပုံ႐ိုက္တာ ျဖစ္ၿပီးသူကြယ္လြန္ခ်ိန္မွာေတာ့ သူရဲ႕လက္ရာမြန္ေတာ္ေတာ္မ်ားမ်ားကိုက်န္ရစ္သူ မိသားစုက National Archives of Singaspore ဓာတ္ပုံျပတိုက္ကိုလႉဒါန္းခဲ့တာကို ေတြ႕ရပါတယ္။ဒါအျပင္ သစ္ခြပန္းဥယ်ာဥ္ေတြကို ပ်ိဳးေထာင္စိုက္ပ်ိဳးရတာကိုလည္း ဝါသနာထုံသူျဖစ္ပါတယ္။ Yusof Ishak ရဲ႕မူလရည္မွန္းခ်က္ကရဲသားတစ္ေယာက္ျဖစ္ဖို႔ သာျဖစ္ၿပီး မေလးရွားႏိုင္ငံ၊ကြာလာလမ္ပူမွာရွိတဲ့ရဲ႕သင္တန္းအကယ္ဒမီကို ဆက္သြယ္ခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွသာစိတ္ေျပာင္းၿပီး ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္ဖို႔သာ ႀကိဳး စားခဲ့ပါတယ္။
Yusof Ishak ဟာစင္ကာပူႏိုင္ငံရဲ႕သမၼတတာဝန္ထမ္းေဆာင္ခ်ိန္ကာလအတြင္း ေဒသတြင္းက ကြန္ျမဴ နစ္ေတြရဲ႕ၿခိမ္းေျခာက္မႈအပါအဝင္ Maria Hertogh အဓိက႐ုဏ္း၊(၁၉၆၄)ခုႏွစ္မွာစင္ကာပူမွာျဖစ္ပြားခဲ့တဲ့လူမ်ိဳးဘာသာဆိုင္ရာ အဓိက႐ုဏ္းျဖစ္ရပ္ေတြအေပၚ အေကာင္းဆုံးစီမံခန႔္ခြဲႏိုင္ခဲ့ၿပီး လြတ္လပ္ေရးရကာစ စင္ကာပူႏိုင္ငံ ကိုအေကာင္းဆုံးဦးေဆာင္ေပးခဲ့ပါတယ္။
လူမ်ိဳးစုံ၊ဘာသာေပါင္းစုံစု႐ုံးေနထိုင္တဲ့ ကြၽန္း ႏိုင္ငံေလးျဖစ္တဲ့ စင္ကာပူကို မတူညီမႈမ်ားစြာၾကားထဲကေန မကြဲျပားေအာင္ထိန္း ေက်ာင္းေပးခဲ့တဲ့ Yusof Ishak ဟာအမွန္လည္းခ်ီးက်ဴးခံထိုက္တဲ့ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ခဲ့ၿပီး မ်ားစြာေသာျပည္ပရင္းႏွီးမႈေတြကိုႏိုင္ငံအတြက္ ဖိတ္ေခၚႏိုင္ခဲ့သလို တစ္ဖက္ကလည္း စင္ကာပူႏိုင္ငံသားေတြရဲ႕စည္းကမ္းက်နေအာင္နဲ႔ မိမိကိုယ္ကိုယုံ ၾကည္မႈရွိေအာင္ တည္ေဆာက္ေပးႏိုင္ခဲ့ပါတယ္။ သူဟာ အစၥလမ္ဘာသာဝင္တစ္ေယာက္ျဖစ္ၿပီး စင္ကာပူမွာ လူမ်ိဳးဘာသာမေ႐ြး အတူတကြ ယွဥ္တြဲၿပီး ၿငိမ္းခ်မ္းစြာေနထိုင္သြားႏိုင္ေစရမယ္လို႔ ေဟာေျပာပြဲတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။
(၁၉၇၀)ခုႏွစ္၊ႏိုဝင္ဘာလ(၂၃)ရက္ေန႔မွာေတာ့ Yusof Ishak ဟာသူရဲ႕႐ုံးခန္းအတြင္းမွာပဲ ႏွလုံးထိခိုက္မႈနဲ႔ ကြယ္လြန္သြားခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္(၆၀)အ႐ြယ္ရွိနပါၿပီ။ သူရဲ႕ ဈာပနကိုေတာ့ အစၥလာမ္ဘာသာဝင္တို႔ရဲ႕ဓေလ့ထုံးထမ္းအစဥ္အလာအတိုင္းျပဳလုပ္ခဲ့ ၿပီး Kranji State Cemetery မွာဂူသြင္းသၿဂိဳလ္ခဲ့ပါတယ္။
(ISEAS)လို႔သိၾကတဲ့ Institute of Southeast Asian Studies ကို(၂၀၁၅)ခုႏွစ္မွာေတာ့ ISEAS-Yusof Ishak Institute အျဖစ္တရားဝင္နာမည္ေျပာင္းလဲခဲ့ၿပီး စင္ကာပူအစိုးရက သူ႔ကို ဂုဏ္ျပဳခဲ့ပါတယ္။ နာမည္ေပးရတဲ့အျခားေသာရည္႐ြယ္ခ်က္ကေတာ့ Yusof Ishak ရဲ႕မူဝါဒျဖစ္တဲ့ တရားမွ်တမႈ၊သာတူညီမွ်ရွိမႈ၊ လိုက္ေလ်ာညီေထြစြာ ဆက္ဆံႏိုင္မႈ၊ႀကံ့ခိုင္မႈစတာေတြကိုပါကိန္းေအာင္းေစလိုတဲ့ ရည္႐ြယ္ခ်က္လည္း ပါဝင္ေနပါတယ္။
(ISEAS)ရဲ႕စာၾကည့္တိုက္မွာဆိုရင္လည္း Yusof Ishakရဲ႕ျပတိုက္ကို သူအမ်ိဳးသမီးျဖစ္တဲ့ Puan Noor Aishah ကိုယ္တိုင္ ဖြင့္လွစ္ထားရွိပါတယ္ ။ ဒါအျပင္စင္ကာပူၿမိဳ႕ရဲ႕ေျမာက္ ဘက္ျခမ္းမွာတည္ရွိတဲ့ Woodlands မွာလည္း Yusof Ishak ကိုဂုဏ္ျပဳေသာအားျဖင့္ Masjid Yusof Ishak အမည္ေပးထား တဲ့ဗလီတစ္ခုကို (၂၀၁၇)ခုႏွစ္အတြင္းက ဖြင့္လွစ္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ၁၉၉၉ ခုႏွစ္မွာ ျပန္လည္႐ိုက္ႏွိပ္ထုတ္ေဝတဲ့ ေငြစကၠဴအားလုံးေပၚမွာ စင္ကာပူရဲ႕ပထမဆုံးသမၼတျဖစ္ခဲ့တဲ့ သူ႔ရဲ႕ ႐ုပ္ပုံကို ႐ိုက္ႏွိပ္ၿပီး ဂုဏ္ျပဳထားခဲ့ပါေတာ့တယ္။
Discussion about this post