Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်ကာပူ ရဲ့ ကမ္ဘာကျော် Marina Bay Sands ဆိုတာ

by Thutamm
October 16, 2020
Reading Time: 2min read
0
စင်ကာပူ ရဲ့ ကမ္ဘာကျော် Marina Bay Sands ဆိုတာ
Share on FacebookShare on Twitter

စင်ကာပူ ရဲ့ ဓာတ်ပုံတွေမှာ မကြာခဏပါလေ့ရှိတဲ့အရာကတော့ မြင့်မားတဲ့အမိုးထိပ်ဖျားမှာ သင်္ဘောပုံဏ္ဍာန်တည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ စင်ကာပူ နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကတော့ Marina Bay Sands က ဒီအဆောက်အဦးကြီးကို ရင်းနှီးပြီးဖြစ်မှာပါ။ မသိသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ဒီအဆောက်အဦးကြီးရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ကမ္ဘာ့ထိပ်တန်း အပန်းဖြေ Resort ဖြစ်တဲ့ ဒီအဆောက်အဦးကြီးကို စင်ကာပူ မရီနာပင်လယ်အော် ဘေးမှာတည်ဆောက်ထားလို့ မရီနာပင်လယ်အော်သဲသောင်ပြင် Marina Bay Sand လို့နာမည်ပေးထားခြင်း ဖြစ်ပါတယ်။ တာဝါအဆောက်အဦးအပြင် အနီးတဝိုက်က အခြားအဆောက်အဦးတွေကို စုပေါင်းပြီး Marina Bay Sand လို့ ခေါ်ခြင်းဖြစ်ပါတယ်။

၂၀၁၀ မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီအဆောက်အဦးကြီးဟာ အဆောက်အဦးတစ်ခုချင်း ကုန်ကျစရိတ်မှာ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်အနေနဲ့ စင်ကာပူဒေါ်လာ ၈ဘီလျံ ကုန်ကျခဲ့ပါတယ်။

Marina Bay Sands အဆောက်အအုံကို ပိုင်ဆိုင်တဲ့ မိခင်ကုမ္ပဏီကတော့ The Venetian Las Vegas , The Venetian Macao စတဲ့ Resort တွေကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်က Las Vegas Sands အဖွဲ့အစည်း ဖြစ်ပါတယ်။

အဆောက်အဦးကြီးရဲ့ ဒီဇိုင်းကို ရေးဆွဲသူကတော့ အစ္စရေး-ကနေဒါ နွယ်ဖွား ဗိသုကာပညာရှင် Moshe Safdie ဖြစ်ပြီး အဓိကတည်ဆောက်သူကတော့ တောင်ကိုရီးယားက Ssangyong Engineering and Construction ကုမ္ပဏီဖြစ်ပါတယ်။

တာဝါသုံးခုကို ထိပ်ဖျားမှာ သင်္ဘောပုံစံနဲ့ ဆက်ပြီးဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ အထပ် ၅၅ထပ်မြင့် ဒီအဆောက်အဦးကြီးမှာ ဟိုတယ်ခန်းပေါင်း ၂၅၆၁ခန်း ၊ စတုရန်းပေ ၁.၃သန်းခန့်ကျယ်တဲ့ convention-exhibition centre (လူပေါင်း ၄၅၀၀၀ ဆန့်) ၊ စတုရန်းပေ ၈သိန်းခန့်ကျယ်တဲ့နေရာမှာရှိတဲ့ ဈေးဆိုင်ခန်းများ ၊ ပြတိုက်တစ်ခု ၊ ကဇာတ်ရုံကြီးနှစ်ခု ၊ ကမ္ဘာကျော်စားဖိုမှူးများရှိရာ စားသောက်ဆိုင်များ ၊ အနုပညာ နဲ့ သိပ္ပံပြခန်း ၊ ရေပေါ် Crystal Pavilions နှစ်ခု အပြင် စားပွဲခုံပေါင်း ၅၀၀ နဲ့  Slot စက်ပေါင်း ၁၆၀၀ ရှိရာ ကမ္ဘာ့အကြီးဆုံး atrium ကာစီနို တွေပါဝင်ပါတယ်။

ဒါ့အပြင် အမိုးထိပ်ဆုံးမှာတော့ လူပေါင်း ၄၀၀၀ နီးပါး အနားယူနိုင်တဲ့ အရှည် ၁၁၂၀ပေ ရှိ ပန်းခြံကြီးအပြင် အရှည် ၄၉၀ပေ ရှိတဲ့ ဧရာမ ရေကူးကန်ကြီးတစ်ခုလည်း ပါဝင်ပါတယ်။ အမိုးပေါ်မှာရှိတဲ့ ကမ္ဘာ့အရှည်ဆုံးဒီရေကူးကန်ဟာ မြေပြင်ကနေ မီတာ ၂၀၀ အမြင့်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအဆောက်အဦးကြီးဟာ စင်ကာပူရဲ့ ပထမဆုံး ကမ္ဘာ့အဆင့်မီ Resort ကြီးနှစ်ခု ထဲက တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Resorts World Sentosa ဖြစ်ပါတယ်။ ဒီ Resort ကြီးနှစ်ခုဟာ စင်ကာပူရဲ့ စီးပွားရေး နဲ့ ခရီးသွားလာရေးကဏ္ဍတွေကို အထူးမြှင့်တင်ပေးခဲ့ပါတယ်။

တည်ဆောက်စဉ်က အဆောက်အဦးကုန်ကျစရိတ်ကို စင်ကာပူဒေါ်လာ ၅ ဘီလျံလောက်သာ ကုန်မယ်လို့ ခန့်မှန်းထားပေမယ့် တည်ဆောက်ရေးလိုအပ်တဲ့ပစ္စည်းများ ဈေးကြီးမြင့်မှု နဲ့ လုပ်သားပြတ်လပ်မှုတို့ကြောင့် တည်ဆောက်ပြီးတဲ့အခါမှာတော့ ၈ဘီလျံ အထိ ကုန်ကျခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အဆောက်အဦးကို ဖွင့်ပြီး နှစ်လအတွင်းမှာပဲ ကာစီနိုမှာ လူပေါင်း ၂၅၀၀၀ ခန့် နေ့စဉ်ကစားလာတဲ့အပြင် စင်ကာပူနိုင်ငံသားအားလုံးရဲ့ ၃ပုံ ၁ပုံဟာ ဒီ Resort ကို လာရောက်ပြီဖြစ်ပါတယ်။ အလကားတော့ မဟုတ်ပဲ တစ်နေ့ကို ဒေါ်လာ ၁၀၀ နဲ့ တစ်နှစ်စာ ဒေါ်လာ ၂၀၀၀ နဲ့ ဖြစ်ပါတယ်။ တစ်နှစ်အကုန်မှာတော့ အမြတ်ငွေ ဒေါ်လာ ၁ဘီလျံ ဝန်းကျင် ပြန်ရခဲ့ပါတယ်။

စီးပွားရေး အနေနဲ့ကြည့်ရင်တော့ ဒီအဆောက်အဦးကြီးဟာ စင်ကာပူနိုင်ငံရဲ့ GDP ဝ.၈% အထိ တိုးလာခဲ့စေပါတယ်။ ဒါ့အပြင် လူပေါင်း ၁၀၀၀၀ ခန့်ကို လစာကောင်းကောင်း နဲ့ အလုပ်ရလာစေခဲ့သလို စင်ကာပူရဲ့အခြားစက်မှုလုပ်ငန်းငယ်ပေါင်း ၂၀၀၀၀ ခန့်အတွက် အလုပ်များ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

အဆောက်အဦးကို အစပထမတုန်းက ၂၀၀၉ခုနှစ်မှာ ဖွင့်မယ်လို့ ရည်ရွယ်ထားပေမယ့် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်နဲ့ ကြုံပြီးတဲ့နောက် အစီအစဉ်များကြန့်ကြာခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လမှ တရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Mall မှာတော့ ဆိုင်ခန်းပေါင်း ၃၀၀ ရှိပြီး အလယ်မှာတော့ Las Vegas ရဲ့ အခြားနာမည်ကျော် အဆောက်အဦးတွေလိုပဲ တူးမြောင်းငယ်လေးတစ်ခုကို ထည့်သွင်းထားပါတယ်။ ကဇာတ်ရုံနှစ်ရုံကတော့ စုစုပေါင်း ထိုင်ခုံ ၄၀၀၀ ခန့်ရှိပါတယ်။ အနုပညာပြတိုက် Art Science Museum ကိုတော့ ကြာပန်းပုံသဏ္ဍာန် ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။

လူသိနည်းတဲ့အချက်ကတော့ ဒီအဆောက်အဦးကြီးရဲ့အောက်ဘက်မှာ နေရာတစ်ခုဟာ မြို့ငယ်လေးတစ်ခု ပမာတည်ရှိနေတာပါ။ အဲဒီနေရာကိုတော့ Marina bay sands ဝန်ထမ်းတွေပဲ ဝင်ရောက်ခွင့်ရှိပါတယ်။ ဒီနေရာမှာ ဝန်ထမ်းတွေ ယူနီဖောင်း ၁သိန်းကျော်ကို အလိုလျှောက်လှည့်စက်ပေါင်း ၁၈ခုမှာ ထားရှိပါတယ်။ အမြဲစားဖို့ အဆင်သင့်ဖြစ်နေတဲ့ ဟင်းလျာတွေရှိရာ စားသောက်ခန်းတွေကိုလည်း ၂၄နာရီ ဖွင့်ပေးထားပါတယ်။

ဒါ့အပြင်ဆေးခန်းတစ်ခု ၊ စတိုးဆိုင်တစ်ခု ၊ ATM စက်များ ၊ အလှည့်လဲတဲ့ ဝန်ထမ်းများအနားယူဖို့အတွက် အိပ်ယာများ ၊ ရေချိုးခန်းများ အပြင် အပင်ငယ် အမျိုးပေါင်း ၅၀ခန့်ကို စိုက်ပျိုးထာ ပန်းခြံတွေကိုလည်း ဝန်ထမ်းတွေအတွက် ဖန်တီးပေးထားပါသေးတယ်။

အဲဒီနေရာလေးရဲ့ ဗီဒီယိုကြည့်ရန်

MBS မှာ ရှိတဲ့စားသောက်ဆိုင်တွေဟာ ကမ္ဘာ့ဈေးအကြီးဆုံး စားသောက်ဆိုင်စာရင်းမှာလည်း ပါဝင်ပါတယ်။ ဝိုင် တစ်ခွက်ကို အနိမ့်ဆုံး ဒေါ်လာ ၅၀ ၊ တစ်ယောက်စာ ဟင်းလျာ အတွက် ဒေါ်လာ ၄၀၀ ၊ နှစ်ယောက်စာ အထူးဟင်းလျာအတွက် ဒေါ်လာ ၂၀၀၀ တန်တွေအပြင် အခြားဈေးနှုန်းမြင့်မားလွန်းတဲ့ အစားအစာတွေလည်း ရှိနေပါတယ်။ DANIEL BOULUD , DAVID MYERS, DAVID THOMPSON ,GORDON RAMSAY ,JUSTIN QUEK TETSUYA WAKUDA နဲ့ WOLFGANG PUCK တို့လို ကမ္ဘာကျော် စာဖိုမှူးတွေရဲ့လက်ရာကို ရရှိနိုင်ပါတယ်။

The Wonder Full Show ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ရေပန်းရုပ်ရှင်ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Marina Bay Sands ရဲ့ အကြောင်းကို နည်နည်းတော့သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ် 🙂

VIDEO

———- ——- ——–

(Zawgyi)

စင္ကာပူ ရဲ႕ ကမာၻေက်ာ္ Marina Bay Sands ဆိုတာ

စင္ကာပူ ရဲ႕ ဓာတ္ပုံေတြမွာ မၾကာခဏပါေလ့ရွိတဲ့အရာကေတာ့ ျမင့္မားတဲ့အမိုးထိပ္ဖ်ားမွာ သေဘၤာပုံ႑ာန္တည္ေဆာက္ထားတဲ့ အေဆာက္အဦးျဖစ္ပါတယ္။ စင္ကာပူ နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြကေတာ့ Marina Bay Sands က ဒီအေဆာက္အဦးႀကီးကို ရင္းႏွီးၿပီးျဖစ္မွာပါ။ မသိေသးတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအျဖစ္ ဒီအေဆာက္အဦးႀကီးရဲ႕ အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

ကမာၻ႔ထိပ္တန္း အပန္းေျဖ Resort ျဖစ္တဲ့ ဒီအေဆာက္အဦးႀကီးကို စင္ကာပူ မရီနာပင္လယ္ေအာ္ ေဘးမွာတည္ေဆာက္ထားလို႔ မရီနာပင္လယ္ေအာ္သဲေသာင္ျပင္ Marina Bay Sand လို႔နာမည္ေပးထားျခင္း ျဖစ္ပါတယ္။ တာဝါအေဆာက္အဦးအျပင္ အနီးတဝိုက္က အျခားအေဆာက္အဦးေတြကို စုေပါင္းၿပီး Marina Bay Sand လို႔ ေခၚျခင္းျဖစ္ပါတယ္။

၂၀၁၀ မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ဒီအေဆာက္အဦးႀကီးဟာ အေဆာက္အဦးတစ္ခုခ်င္း ကုန္က်စရိတ္မွာ ကမာၻ႔ေဈးအႀကီးဆုံးျဖစ္ၿပီး စုစုေပါင္းကုန္က်စရိတ္အေနနဲ႔ စင္ကာပူေဒၚလာ ၈ဘီလ်ံ ကုန္က်ခဲ့ပါတယ္။

Marina Bay Sands အေဆာက္အအုံကို ပိုင္ဆိုင္တဲ့ မိခင္ကုမၸဏီကေတာ့ The Venetian Las Vegas , The Venetian Macao စတဲ့ Resort ေတြကိုပိုင္ဆိုင္ထားတဲ့ အေမရိကန္က Las Vegas Sands အဖြဲ႕အစည္း ျဖစ္ပါတယ္။

အေဆာက္အဦးႀကီးရဲ႕ ဒီဇိုင္းကို ေရးဆြဲသူကေတာ့ အစၥေရး-ကေနဒါ ႏြယ္ဖြား ဗိသုကာပညာရွင္ Moshe Safdie ျဖစ္ၿပီး အဓိကတည္ေဆာက္သူကေတာ့ ေတာင္ကိုရီးယားက Ssangyong Engineering and Construction ကုမၸဏီျဖစ္ပါတယ္။

တာဝါသုံးခုကို ထိပ္ဖ်ားမွာ သေဘၤာပုံစံနဲ႔ ဆက္ၿပီးဒီဇိုင္းထုတ္ တည္ေဆာက္ထားတဲ့ အထပ္ ၅၅ထပ္ျမင့္ ဒီအေဆာက္အဦးႀကီးမွာ ဟိုတယ္ခန္းေပါင္း ၂၅၆၁ခန္း ၊ စတုရန္းေပ ၁.၃သန္းခန႔္က်ယ္တဲ့ convention-exhibition centre (လူေပါင္း ၄၅၀၀၀ ဆန႔္) ၊ စတုရန္းေပ ၈သိန္းခန႔္က်ယ္တဲ့ေနရာမွာရွိတဲ့ ေဈးဆိုင္ခန္းမ်ား ၊ ျပတိုက္တစ္ခု ၊ ကဇာတ္႐ုံႀကီးႏွစ္ခု ၊ ကမာၻေက်ာ္စားဖိုမႉးမ်ားရွိရာ စားေသာက္ဆိုင္မ်ား ၊ အႏုပညာ နဲ႔ သိပၸံျပခန္း ၊ ေရေပၚ Crystal Pavilions ႏွစ္ခု အျပင္ စားပြဲခုံေပါင္း ၅၀၀ နဲ႔ Slot စက္ေပါင္း ၁၆၀၀ ရွိရာ ကမာၻ႔အႀကီးဆုံး atrium ကာစီႏို ေတြပါဝင္ပါတယ္။

ဒါ့အျပင္ အမိုးထိပ္ဆုံးမွာေတာ့ လူေပါင္း ၄၀၀၀ နီးပါး အနားယူႏိုင္တဲ့ အရွည္ ၁၁၂၀ေပ ရွိ ပန္းၿခံႀကီးအျပင္ အရွည္ ၄၉၀ေပ ရွိတဲ့ ဧရာမ ေရကူးကန္ႀကီးတစ္ခုလည္း ပါဝင္ပါတယ္။ အမိုးေပၚမွာရွိတဲ့ ကမာၻ႔အရွည္ဆုံးဒီေရကူးကန္ဟာ ေျမျပင္ကေန မီတာ ၂၀၀ အျမင့္မွာ ရွိေနတာ ျဖစ္ပါတယ္။

ဒီအေဆာက္အဦးႀကီးဟာ စင္ကာပူရဲ႕ ပထမဆုံး ကမာၻ႔အဆင့္မီ Resort ႀကီးႏွစ္ခု ထဲက တစ္ခုျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ Resorts World Sentosa ျဖစ္ပါတယ္။ ဒီ Resort ႀကီးႏွစ္ခုဟာ စင္ကာပူရဲ႕ စီးပြားေရး နဲ႔ ခရီးသြားလာေရးက႑ေတြကို အထူးျမႇင့္တင္ေပးခဲ့ပါတယ္။

တည္ေဆာက္စဥ္က အေဆာက္အဦးကုန္က်စရိတ္ကို စင္ကာပူေဒၚလာ ၅ ဘီလ်ံေလာက္သာ ကုန္မယ္လို႔ ခန႔္မွန္းထားေပမယ့္ တည္ေဆာက္ေရးလိုအပ္တဲ့ပစၥည္းမ်ား ေဈးႀကီးျမင့္မႈ နဲ႔ လုပ္သားျပတ္လပ္မႈတို႔ေၾကာင့္ တည္ေဆာက္ၿပီးတဲ့အခါမွာေတာ့ ၈ဘီလ်ံ အထိ ကုန္က်ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ အေဆာက္အဦးကို ဖြင့္ၿပီး ႏွစ္လအတြင္းမွာပဲ ကာစီႏိုမွာ လူေပါင္း ၂၅၀၀၀ ခန႔္ ေန႔စဥ္ကစားလာတဲ့အျပင္ စင္ကာပူႏိုင္ငံသားအားလုံးရဲ႕ ၃ပုံ ၁ပုံဟာ ဒီ Resort ကို လာေရာက္ၿပီျဖစ္ပါတယ္။ အလကားေတာ့ မဟုတ္ပဲ တစ္ေန႔ကို ေဒၚလာ ၁၀၀ နဲ႔ တစ္ႏွစ္စာ ေဒၚလာ ၂၀၀၀ နဲ႔ ျဖစ္ပါတယ္။ တစ္ႏွစ္အကုန္မွာေတာ့ အျမတ္ေငြ ေဒၚလာ ၁ဘီလ်ံ ဝန္းက်င္ ျပန္ရခဲ့ပါတယ္။

စီးပြားေရး အေနနဲ႔ၾကည့္ရင္ေတာ့ ဒီအေဆာက္အဦးႀကီးဟာ စင္ကာပူႏိုင္ငံရဲ႕ GDP ဝ.၈% အထိ တိုးလာခဲ့ေစပါတယ္။ ဒါ့အျပင္ လူေပါင္း ၁၀၀၀၀ ခန႔္ကို လစာေကာင္းေကာင္း နဲ႔ အလုပ္ရလာေစခဲ့သလို စင္ကာပူရဲ႕အျခားစက္မႈလုပ္ငန္းငယ္ေပါင္း ၂၀၀၀၀ ခန႔္အတြက္ အလုပ္မ်ား ျဖစ္ေပၚလာေစခဲ့ပါတယ္။

အေဆာက္အဦးကို အစပထမတုန္းက ၂၀၀၉ခုႏွစ္မွာ ဖြင့္မယ္လို႔ ရည္႐ြယ္ထားေပမယ့္ ကမာၻလုံးဆိုင္ရာ စီးပြားပ်က္ကပ္နဲ႔ ႀကဳံၿပီးတဲ့ေနာက္ အစီအစဥ္မ်ားၾကန႔္ၾကာခဲ့ၿပီး ၂၀၁၀ ခုႏွစ္ ဇြန္လမွ တရားဝင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။

Mall မွာေတာ့ ဆိုင္ခန္းေပါင္း ၃၀၀ ရွိၿပီး အလယ္မွာေတာ့ Las Vegas ရဲ႕ အျခားနာမည္ေက်ာ္ အေဆာက္အဦးေတြလိုပဲ တူးေျမာင္းငယ္ေလးတစ္ခုကို ထည့္သြင္းထားပါတယ္။ ကဇာတ္႐ုံႏွစ္႐ုံကေတာ့ စုစုေပါင္း ထိုင္ခုံ ၄၀၀၀ ခန႔္ရွိပါတယ္။ အႏုပညာျပတိုက္ Art Science Museum ကိုေတာ့ ၾကာပန္းပုံသ႑ာန္ ဒီဇိုင္းနဲ႔ တည္ေဆာက္ထားပါတယ္။

လူသိနည္းတဲ့အခ်က္ကေတာ့ ဒီအေဆာက္အဦးႀကီးရဲ႕ေအာက္ဘက္မွာ ေနရာတစ္ခုဟာ ၿမိဳ႕ငယ္ေလးတစ္ခု ပမာတည္ရွိေနတာပါ။ အဲဒီေနရာကိုေတာ့ Marina bay sands ဝန္ထမ္းေတြပဲ ဝင္ေရာက္ခြင့္ရွိပါတယ္။ ဒီေနရာမွာ ဝန္ထမ္းေတြ ယူနီေဖာင္း ၁သိန္းေက်ာ္ကို အလိုေလွ်ာက္လွည့္စက္ေပါင္း ၁၈ခုမွာ ထားရွိပါတယ္။ အၿမဲစားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ဟင္းလ်ာေတြရွိရာ စားေသာက္ခန္းေတြကိုလည္း ၂၄နာရီ ဖြင့္ေပးထားပါတယ္။

ဒါ့အျပင္ေဆးခန္းတစ္ခု ၊ စတိုးဆိုင္တစ္ခု ၊ ATM စက္မ်ား ၊ အလွည့္လဲတဲ့ ဝန္ထမ္းမ်ားအနားယူဖို႔အတြက္ အိပ္ယာမ်ား ၊ ေရခ်ိဳးခန္းမ်ား အျပင္ အပင္ငယ္ အမ်ိဳးေပါင္း ၅၀ခန႔္ကို စိုက္ပ်ိဳးထာ ပန္းၿခံေတြကိုလည္း ဝန္ထမ္းေတြအတြက္ ဖန္တီးေပးထားပါေသးတယ္။

MBS မွာ ရွိတဲ့စားေသာက္ဆိုင္ေတြဟာ ကမာၻ႔ေဈးအႀကီးဆုံး စားေသာက္ဆိုင္စာရင္းမွာလည္း ပါဝင္ပါတယ္။ ဝိုင္ တစ္ခြက္ကို အနိမ့္ဆုံး ေဒၚလာ ၅၀ ၊ တစ္ေယာက္စာ ဟင္းလ်ာ အတြက္ ေဒၚလာ ၄၀၀ ၊ ႏွစ္ေယာက္စာ အထူးဟင္းလ်ာအတြက္ ေဒၚလာ ၂၀၀၀ တန္ေတြအျပင္ အျခားေဈးႏႈန္းျမင့္မားလြန္းတဲ့ အစားအစာေတြလည္း ရွိေနပါတယ္။ DANIEL BOULUD , DAVID MYERS, DAVID THOMPSON ,GORDON RAMSAY ,JUSTIN QUEK TETSUYA WAKUDA နဲ႔ WOLFGANG PUCK တို႔လို ကမာၻေက်ာ္ စာဖိုမႉးေတြရဲ႕လက္ရာကို ရရွိႏိုင္ပါတယ္။

The Wonder Full Show ဟာ အေရွ႕ေတာင္အာရွရဲ႕ အႀကီးဆုံး ေရပန္း႐ုပ္ရွင္ျဖစ္ပါတယ္။ ဒီေလာက္ဆိုရင္ Marina Bay Sands ရဲ႕ အေၾကာင္းကို နည္နည္းေတာ့သိသြားေလာက္ၿပီလို႔ ေမွ်ာ္လင့္ပါတယ္ 🙂

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ရဲအရာရှိအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးကို ၁၂နှစ်ကြာ လှည့်စားခဲ့သူ

ရဲအရာရှိအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးကို ၁၂နှစ်ကြာ လှည့်စားခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!