• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက်

by Thutamm
August 10, 2019
Reading Time: 1min read
0
စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက်
Share on FacebookShare on Twitter

ရေးသားသူ – Mg Thant

ကျနော်လက်ရှိ နေထိုင်နေတဲ့ စင်ကာပူနိုင်ငံ ဆိုတာ ၁၉၆၅ခုနှစ်မှာ မလေးရှားနိုင်ငံကနေ ခွဲထွက်ခဲ့တဲ့ ကျွန်းနိုင်ငံပိစိလေးပေါ့။ ဒါပေမယ့် သူက First World Country လို့ခေါ်တဲ့ အလွန်အမင်း ချမ်းသာတဲ့ ကမ္ဘာ့ပထမတန်းစား နိုင်ငံထဲမှာပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိမှာပါ။ ဒါပေမယ့် လူတိုင်းလိုလို မသိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ဗဟုသုတ အလို့ငှာ အပျင်းပြေစေကြောင်း အလို့ငှာ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁. စင်ကာပူနိုင်ငံဟာ ကျွန်းမကြီး ၁ ခု၊ ကျွန်းငယ်လေးပေါင်း ၆၃ ခု ပါဝင်တဲ့ နိုင်ငံငယ်လေးပါ။ စင်ကာပူနိုင်ငံရဲ့ စုစုပေါင်း အကျယ်အဝန်းကတော့ စတုရန်းမိုင် ၂၇၈မိုင်ပဲ ရှိပါတယ်။

၂. မိုနာကို နိုင်ငံလေးပြီးရင် စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူနေထူထပ်ဆုံး နိုင်ငံပါတဲ့။ ၂၀၁၇ခုနှစ်စာရင်းအရ လူဦးရေ ၅.၆သန်း ရှိပြီး လူသိပ်သည်းမှုကတော့ ၁စတုရန်းမိုင်မှာ ၂၀၁၉၁ယောက် နေထိုင်ပါတယ်။ နိုင်ငံကကျဉ်း လူနေတာကများတော့ ဟုတ်တာပေါ့။ မြန်မာတွေကလည်း ဒီအထဲမှာ အားဖြည့်ထားတယ်။

၃. စင်ကာပူနိုင်ရဲ့ ရုံးသုံးစာနဲ့ စကားဟာ အင်္ဂလိပ်စာနဲ့ စကား ဖြစ်ပြီး အခြားအဓိကဘာသာစကားတွေကတော့ တရုတ် ၊ မလေး နဲ့ တမီဘာသာစကားတွေ ဖြစ်ပါတယ်။ “Majulah Singapura” ဆိုတဲ့ စင်ကာပူနိုင်ငံတော် သီချင်းကတော့ ‘မလေး’ လို စပ်ဆိုထားပါတယ်။ သီချင်းခေါင်းစဉ် နာမည်ကတော့ “Onward Singapore” ပါတဲ့။ ဒီသီချင်းကို သီဆိုတဲ့အခါ ‘မလေး’ လိုပဲ သီဆိုရမယ်လို့ ဥပဒေနဲ့ကို သတ်မှတ်ထားပါတယ်။

၄. “The Merlion” လို့ခေါ်တဲ့ ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်း အရုပ်ဟာ စင်ကာပူနိုင်ငံ သင်္ကေတအရုပ်ဖြစ်ပြီး၊ ခြင်္သေ့အရုပ်က စင်ကာပူကို စတင်တွေ့ရှိခဲ့တဲ့ မင်းသားလေးက ဒီကျွန်းမှာ ခြင်္သေ့နဲ့တူတဲ့ သတ္တဝါတွေ တွေ့ရှိခဲ့တာကို အစွဲပြုပုံဖော်ပြီးတော့၊ ငါး ကိုတာ့ စင်ကာပူနိုင်ငံ စဦးကာလဟာ တံငါရွာလေး ဖြစ်ခဲ့တာကို အစွဲပြုပြီး ပေါင်းစပ်ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ စင်ကာပူက အပန်းဖြေ စခန်း ‘ဆန်တိုစာ’ (Sentosa) ကို သွားရောက်လည်ပတ်ရင်တော့ ဒီပုံပြင်လေးကို ကြည့်ရမှာပါ။

၅. စင်ကာပူနိုင်ငံမှာ အဆောက်အဦးတွေ အားလုံး မီတာ ၂၈၀ထက် ပိုမြင့်ပြီးတည်ဆောက်လို့ မရပါဘူးတဲ့။ အခုလက်ရှိ အဲလောက်မြင့်အောင် ဆောက်ထားတဲ့ အဆောက်အဦး ၄ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ Tanjong Pagar Centre, One Raffles Place Tower 1, Republic Plaza နဲ့ UOB Plaza တို့ပဲ ဖြစ်ပါတယ်။

၆. စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံးနေရာဟာ Bukit Timah လို့ ခေါ်တဲ့ တောင်ကုန်းလေးတစ်ခု ဖြစ်ပြီး အမြင့်ပေ ၁၆၄မီတာ(၅၃၆ပေ)သာ မြင့်ပါတယ်။ စင်ကာပူရဲ့ Bukit Panjang နယ်မြေထဲမှာတည်ရှိပါတယ်။

၇. Suntec City လို့ ခေါ်တဲ့ တာဝါ အဆောက်အဦး ငါးခုဟာ စင်ကာပူကို လာဘ်လာဘ ရွှင်စေကြောင်း ယတြာကောင်းချေလို့ ဖုန်းရွှေ ပညာနဲ့ လက်ဖဝါး ပုံစံ ဆောက်လို့ထားပါတယ်။ တာဝါ ငါးခုကို လက်ချောင်းငါချောင်း သဏ္ဍာန် အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားပြီး အလယ်မှတော့ လက်ဖဝါး သဏ္ဍာန် ရေပန်းကြီး တစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီ ရေပန်း တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၆သန်း ကုန်ကျခံကာ ၁၉၉၇ခုနှစ်မှာ တည်ဆောက်ထားပါတဲ့။

၈. စင်ကာပူနိုင်ငံတွင်းမှာ ပီကေ (Chewing Gum) ကို စားသုံးခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်းပြုလျှင် ကြိမ်ဒဏ်၊ ထောင်ဒဏ် စသည်ဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ခံရနိုင်ပါတယ်။ ပီကေ အား ဆရာဝန်ရဲ့ထောက်ခံချက်အရစားသုံးသူမှအပ တခြားသူများ ရောင်းချခြင်းစားသုံးခြင်းပြုလုပ်ပါက ဒဏ်ငွေ တစ်သိန်းမှ ထောင်၂ နှစ်အထိပါတဲ့။

၉. ကမ္ဘာပေါ်မှာ မီလျံနာ သူဌေးအများဆုံး နိုင်ငံကို ပြပါဆိုရင် စင်ကာပူနိုင်ငံကိုပဲ ပြရမှာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်က စားရင်းဇယားများအရ စင်ကာပူနိုင်ငံသား အယောက် ၃၅ယောက်မှာ ၁ယောက်ဟာ မီလျံနာ သူဌေးဖြစ်ပြီး စုစုပေါင်းမီလျံနာပေါင်း ၁၅၄၀၀၀ ယောက်ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ အခြားနိုင်ငံကြီးတွေနဲ့ယှဉ်ရင်နည်းပေမယ့် ရှိတဲ့လူဦးရေနဲ့ အချိုးချရင် စင်ကာပူက အများဆုံးဖြစ်ပါတယ်။

၁၀. စင်ကာပူမှာ အရောင်းကောင်းဆုံး စာအုပ်ကတော့ သရဲ ဇာတ်လမ်းစာအုပ် ဖြစ်ပြီးတော့ Russell Lee လို့ အမည်ဝှက်နဲ့ ရေးခဲ့တဲ့ စာရေးဆရာရဲ့ “True Singapore Ghost Stories” (စင်ကာပူ၏ သရဲ ဖြစ်ရပ်မှန် ဇတ်လမ်းများ) ဆိုတဲ့ စာအုပ်ကတော့ အတွဲ ၂၅တွဲထိ ထွက်ခဲ့ပြီး အုပ်ရေ ၁.၅သန်းနီးပါး ရောင်းချခဲ့ရပါတယ်။

Mg Thant

Tags: countriesknowledge
Next Post
ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ (၁၀) မျိုး နဲ့ မြွေကိုက်ခံရတဲ့ လုပ်သင့် မလုပ်သင့်သည်များ

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ (၁၀) မျိုး နဲ့ မြွေကိုက်ခံရတဲ့ လုပ်သင့် မလုပ်သင့်သည်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!