Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်ကာပူရဲ့ ပညာရေးအကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
စင်ကာပူရဲ့ ပညာရေးအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – ဆရာတင်ညွန့်

စင်ကာပူနိုင်ငံမှာ မူလတန်းအဆင့်ကို မတက်မီ Pre-school playgroup နဲ့ Kindergarten (KG) ဆိုပြီး နှစ်ဆင့်ခွဲထားတယ်။ Pre KG က အသက် ၃ နှစ်ကနေ ၄ နှစ်အထိ လက်ခံတယ်။ KG ကတော့ ၄ နှစ် ကနေ ၆ နှစ်လို့ သတ်မှတ်ထားတယ်။ မူလတန်းအဆင့် ကိုတော့ Primary 1 ကနေ Primary 6 အထိ ခွဲထားတယ်။ အသက် ၆ နှစ်ကနေ ၇ နှစ်အထိ က Primary 1 အဆင့်၊ Primary 2 က အသက် ၇ နှစ်ကနေ ၈ နှစ်၊ Primary 3 က အသက် ၈ နှစ်ကနေ ၉ နှစ်၊ Primary 4 က အသက် ၉ နှစ်ကနေ ၁၀ နှစ်၊ Primary 5 က အသက် ၁၀ နှစ်ကနေ ၁၁ နှစ်၊ Primary 6 ကတော့ အသက် ၁၁ နှစ်ကနေ ၁၂ နှစ်လို့ ခွဲခြားထားတာ တွေ့ရတယ်။

KG (Kindergarten) အဆင့်ဟာ ကလေးတွေ မူလတန်း တက်နိုင်အောင် ပြင်ဆင်ပေးတဲ့ အဆင့်လို့ သတ်မှတ်ထားတယ်။ စာရေး၊ စာဖတ်သင်တယ်။ သင်္ချာသင်တယ်။ ကလေးအချင်းချင်း ပေါင်းသင်း ဆက်ဆံနိုင်ရေးကို အလေးထားပြီး ဂိမ်းတွေ ကစားကြရတယ်၊ သီချင်းတွေ ဆိုကြတယ်၊ ပြင်ပထွက်ပြီး ကစားကြတယ်။ ကလေးတွေကို KG အဆင့်မှာကတည်းက ဘာသာစကားနှစ်မျိုးကို အထူးအလေးပေး သင်တယ်။

အင်္ဂလိပ်စာနဲ့ မိခင်ဘာသာစကားပဲ။ မိခင်ဘာသာစကား ဆိုတဲ့ နေရာမှာလည်း မန်ဒရင်း၊ မလေး၊ တမီလ်စာတွေကို သူ့ကျောင်းနဲ့သူ ဦးစားပေး သင်ကြတာတွေ့ရတယ်။ ခရစ်ယာန် အဖွဲ့အစည်းတွေက ဦးစီး ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာတော့ မလေးနဲ့ တမီလ်စာတွေ မသင်ပါဘူး။ ဒါကြောင့် ခရစ်ယာန်ကျောင်းတွေကို လာထားရင် အင်္ဂလိပ်နဲ့ စံအဖြစ် သတ်မှတ်ထားတဲ့ မန်ဒရင်း တရုတ်ဘာသာစကားတွေပဲ သင်ကြရတယ်။

စင်ကာပူမှာ KG တန်းတွေက ပုဂ္ဂလိကအနေနဲ့ပဲ ဖွင့်ကြတာ များတယ်။ အဖွဲ့အစည်းတွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ မြို့နယ် အသင်းအဖွဲ့တွေနဲ့ စီးပွားရေးသမားကြီးတွေ စုထောင်ထားကြတဲ့ ကျောင်းတွေများတယ်။ ပညာရေးဝန်ကြီးထံမှာ လာပြီး မှတ်ပုံတင်ထားတဲ့ KG ကျောင်းပေါင်း ၂၀၀ ကျော်ရှိတယ်။ KG တွေကို ကလေး စောင့်ရှောက်ရေး သို့မဟုတ် နိုင်ငံတကာ ကျောင်းတွေအနေနဲ့ ဖွင့်လှစ်ထားတာ များတယ်။

မူလတန်းကို ရောက်လာတဲ့ ကလေးတွေဟာ အသက်အားဖြင့် ၆ နှစ်ကနေ ၇ နှစ်အထိ ဖြစ်သွားပြီ။ မူလတန်းကိုလည်း Primary 1 ကနေ Primary 4 အထိကို Foundation Stage အနေနဲ့ သတ်မှတ်ထားတယ်။ Primary 5 ကနေ Primary 6 ကိုတော့ Orientation Stage လို့ သတ်မှတ်ထားပါတယ်။

စင်ကာပူနိုင်ငံမှာ ဆရာနဲ့ ကလေးအချိုးဟာ ယခင်က ဆရာတစ်ဦး ကျောင်းသား ၂၁ ယောက် (21:1) ကနေ ကျောင်းသား ၁၆ ယောက်ကို ဆရာတစ်ယောက်နှုန်း (16:1) ပြောင်းပြီး သင်နေကြတော့မယ်။ အစိုးရဖွင့်ထားတဲ့ ကျောင်းတွေဟာ တစ်သုတ်တက် ကျောင်းတွေအဖြစ် ပြောင်းရတော့မယ်။ Primary 1 နဲ့ 2 အဆင့်တွေမှာ ကျောင်းသားတွေကို စာမေးပွဲ အလေးပေး စစ်တာတွေကို လျှော့ချတော့မယ်လို့လည်း သိရတယ်။

ကျောင်းတွေမှာ ကျောင်းသားတွေကို လျှော့ချပြီး ဆရာအချိုးနဲ့ မျှအောင်လုပ်ပေးနေတာ စာမေးပွဲစစ်ဖို့ ဆိုတာထက် ကျောင်းသားကျောင်းသူတွေကို အကဲဖြတ်မှု (Assessment) လုပ်နိုင်ဖို့ဆိုတာ ပိုပြီး ထင်ရှားလာတယ်။ ဒါမှလည်း ကျောင်းသားတစ်ယောက်ဟာ ဘာတွေ လိုအပ်တယ်၊ ဘာဝါသနာပါတယ်၊ သူ့ကို ဘာအလေးပေးပြီး သင်ကြားပေးသင့်တယ် ဆိုတာ ကောင်းကောင်း အကဲဖြတ်နိုင်အောင် လုပ်ဆောင်ချက်တွေပါ။ ၂၀၁၅ခုနှစ်အတွက် စင်ကာပူပညာရေး ဝန်ကြီးဌာနက မူလတန်းပညာရေး အတွက် ထောက်ပံ့ပေးပြီးငွေ စုစုပေါင်းဟာ ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ရှိတယ်လို့လည်း သိရပါတယ်။

စင်ကာပူနိုင်ငံမှာ သင်ကြားနေကြတဲ့ ပညာရေးစနစ်ကို ကမ္ဘာ့ထိပ်တန်း ပညာရေးစနစ်တစ်ခုလို့ ဗြိတိန်ပညာရေးဝန်ကြီး မိုက်ကယ်ဂေါ့ဗ်က ၂၀၁၀ လောက်တည်းက သတ်မှတ်ခဲ့ပါတယ်။ စင်ကာပူပညာရေးမှာ သင်ရိုးတွေအားလုံးကို သုံးသပ်ကြည့်ရင် နိုင်ငံတကာ အဆင့်တွေထဲက အကောင်းဆုံး အဆင့်တွေကိုယူပြီး မူလတန်း၊ အလယ်တန်းအဆင့်မှာ ကတည်းက သင်ကြားနေကြတာ တွေ့ရတယ်။ သူများနိုင်ငံတွေက အကောင်းဆုံးတွေနဲ့ ကိုယ့်တိုင်းပြည် ပညာရေးကို အကောင်းဆုံး လုပ်ပြပြီး နိုင်ငံတကာက အကောင်းဆုံးကျောင်း၊ အကောင်းဆုံးပညာရေးလို့ ချီးကျူးခံရတာကလည်း ထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။ စင်ကာပူမှာ ပညာသင်တယ်ဆိုရင် စိတ်သာချ Quality ပညာရေးကို ရစေရမယ် လို့တောင် ချီးကျူးကြပါတယ်။

မူလတန်းကျောင်း တစ်ကျောင်းကို ကိုယ့်သားသမီးတွေ ဝင်ခွင့်ရရေးဟာ စင်ကာပူမိဘတွေ အတွက်ရော ကလေးတွေအတွက်ပါ အကြီးအကျယ် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေပါတယ်။ မိဘတိုင်းက ကိုယ့်သားသမီး အတွက်ဆိုရင် သည်းသည်း လှုပ်နေတတ်တာကြောင့် ဘယ်ကျောင်းကို ထားမလဲ၊ ဘယ်ပညာကို သင်မလဲဆိုတာ အရမ်း စိတ်ဝင်စားကြတယ်။ မူလတန်းကိုထားရင် ပိုတော်အောင် KG တွေမှာ ကျောင်းကောင်းကောင်း အပ်ပြီး လေ့ကျင့်ပျိုးထောင်ပေးထား ကြရတာကလည်း အလုပ်တစ်ခုလို ဖြစ်နေပါတော့တယ်။ ဒါကြောင့် မူလတန်းမရောက်မီ KG ကတည်းက သူတို့သားသမီးတွေ အတွက် ဘာတွေပြင်ဆင်ပေးထားတယ် ဆိုတာ သိဖို့လိုပါတယ်။

စင်ကာပူနိုင်ငံမှာ အဓိက အသုံးပြုနေတဲ့ ဘာသာစကား လေးမျိုး ရှိပေမယ့် မူလတန်းရောက်ရင်တော့ အင်္ဂလိပ်လို အလေးပေးသင်တာကြောင့် အင်္ဂလိပ်စာကို ကြိုပြင်ကြိုသင်ကြတာ များတယ်။ အင်္ဂလိပ်လို ပြောနိုင်၊ ဖတ်နိုင်၊ ရေးနိုင်ရမယ်။ အသံထွက် ကောင်းရမယ်။ အင်္ဂလိပ် သဒ္ဒါ အခြေခံလောက် သိအောင် သင်ကြတယ်။ အခြေခံမှာ အင်္ဂလိပ်စာကို အလေးပေးတာကြောင့် အင်္ဂလိပ်လိုတတ်ရေး၊ ဖတ်ရေး၊ ပြောရေးဟာ မူကြိုမှာကတည်းက အခြေခိုင်အောင် လုပ်နေကြတာပါ။

KG အောက်ဆင့်လောက်ကတည်းက အင်္ဂလိပ်အက္ခရာ ၂၆ လုံးကို ကောင်းကောင်းရွတ်နိုင်ရမယ်၊ သာမန် Classroom Language လောက်ကို ပြောနိုင်အောင်၊ နားလည်နိုင်အောင် သင်ပေးကြတယ်။ မူကြိုမှာကတည်းက ဘာကြောင့် အင်္ဂလိပ်လို သင်နေကြရသလဲ ဆိုတော့ မူလတန်းမှာ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်တွေ အားလုံးဟာ အင်္ဂလိပ်လို ပြုစုထားတာတွေ ဖြစ်နေလို့ပါ။ မူကြိုမှာ အင်္ဂလိပ်စာအပြင် ဘာတွေကို အလေးပေးသင်သလဲ ဆိုတာလည်း သိထားသင့်ပါတယ်။

– ကလေးဟာ ကျောင်းကို မကြောက်ရဘူး။ ကျောင်းလာရင် ပျော်သွားရမယ်။ အခြားသူတွေနဲ့ သင့်တင့်စွာ ပေါင်းသင်းဆက်ဆံ နေထိုင်တတ်သွားရမယ်။
– သူတို့ဆီမှာ ခံယူထားတာက ကလေးဆိုတာ စပ်စုတတ်ရမယ်၊ စူးစမ်းနိုင်ရမယ်။ ပြောရင်နားထောင်၊ မေးရင် ပြန်ပြော၊ သွက်လက်နေတာကို သဘောကျကြတယ်။ ဒါကြောင့် ကလေးကို လိုချင်တဲ့ အနေအထားတစ်ခု ရောက်အောင် ဆွဲခေါ်လေ့ရှိကြတယ်။

– အရေးအကြီးဆုံးကတော့ ပေါင်းသင်းဆက်ဆံရေးပဲ။ ကလေးအချင်းချင်း နားလည်မှုတွေရှိအောင်၊ စာနာတတ်အောင်၊ ကူညီတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးကြတယ်။ အလေ့အထကောင်း တွေကို ငယ်စဉ်ကတည်းက အခြေချပေးလိုက်ရမယ်လို့ ခံယူထားတာကြောင့် KG သင်တဲ့ဆရာတွေ ဆရာမတွေ အရမ်းပင်ပန်းတယ်။ အားလုံးက စောင့်ကြည့်နေတာကြောင့် ဘယ်သူ့ ဘယ်ကျောင်းထွက်ဆိုရင် စိတ်ချကြတာ များတယ်။

စင်ကာပူကျောင်းတွေမှာ အောက်ခြေကစပြီး ဘာဖြစ်လို့ အင်္ဂလိပ်စာကို ဦးစားပေး သင်နေရသလဲဆိုရင် နိုင်ငံတကာအဆင့်ကို အမီ လိုက်ချင်နေတာကြောင့်ပဲလို့ ပြောရမယ်။ အင်္ဂလိပ်စာဆိုတာ ကမ္ဘာသုံးစကားလို့ အများ လက်ခံထားတာ ဖြစ်နေတဲ့အတွက် ဘာသာရပ်အားလုံး၊ လေ့လာသင်ယူမှု အားလုံးကို အင်္ဂလိပ်လို တစ်မျိုးတည်း ဖြစ်စေရမယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ အညီအညွတ် ချမှတ်ခဲ့သလို လိုက်လံ အကောင်အထည်ဖော်တဲ့သူ တွေကလည်း အင်္ဂလိပ်စာနဲ့ပဲ အသားကျအောင် လုပ်ဆောင်နေကြတာကို ချီးကျူးရလိမ့်မယ်။

မူလတန်းပညာရေးကို မသင်မနေရ ပညာရေးအဖြစ် သူတို့ဆီမှာ ၂၀၀၃ ခုနှစ်လောက်ကတည်းက သတ်မှတ်ထားတယ်။ မူအားဖြင့်ကတော့ မူကြိုကျောင်းတွေက ထွက်လာမှ မူလတန်းကျောင်းတွေက လက်ခံလေ့ရှိပေမယ့် ကိုယ့်အိမ်မှာ အခြေအနေ တစ်ခုခုကြောင့် အိမ်တွင်းပညာ သင်ကြားမှုတွေကို လုပ်လာရတဲ့ ကလေးတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေမှာ ခိုဝင်ပြီးနေခဲ့ရတဲ့ ကလေးတွေအတွက် ခြွင်းချက် ရှိပါတယ်။ သူတို့ကိုတော့ မူကြိုကျောင်းတွေမှာ ပညာသင်ကြားခဲ့ရခြင်း မပြုခဲ့ပေမယ့် ပညာရေးဝန်ကြီးဌာနက ခြွင်းချက်အနေနဲ့ ခွင့်ပြုတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းရပါတယ်။

စင်ကာပူနိုင်ငံသားတိုင်း အတွက် မူလတန်းပညာရေးကို အခမဲ့ ပညာရေးလို့ သတ်မှတ်ထားတယ်။ ဒါကတော့ ပညာရေးဝန်ကြီး လက်အောက်မှာ ရှိနေတဲ့ကျောင်းတွေမှာ တက်ရင်ပေါ့။ ပုဂ္ဂလိကကျောင်းတွေကို တက်ရင်တော့ တစ်လကို စင်ကာပူဒေါ်လာ ၂၅၁ ဒေါ်လာကနေ ၃၅၆ ဒေါ်လာလောက် ပေးရတယ်။ အစိုးရကျောင်းတွေမှာတော့ အခမဲ့ဆိုပေမယ့် ကျောင်းသားတစ်ယောက်ကို တစ်လ စင်ကာပူ ၁၃ ဒေါ်လာလောက် ပေးရတယ်။ ဒါကလည်း အထွေထွေစရိတ် အနေနဲ့ ကောက်ခံတာလို့ ဆိုပါတယ်။

မူလတန်းအောက်ဆင့် Foundation Stage မှာ Primary အတန်းကို 1 ကနေ 4 သတ်မှတ်ထားတာကြောင့် လေးနှစ် နေရတယ်။ အဲဒီအဆင့်မှာ အဓိက အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား တစ်မျိုးမျိုး (မန်ဒရင်း၊ မလေး၊ တမီလ်၊ အိန္ဒိယ)၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်တွေ သင်ရပါတယ်။ အခြား ဘာသာတွဲတွေ အနေနဲ့ကတော့ ပြည်သူ့နီတိနဲ့ ကိုယ်ကျင့်တရား၊ အနုပညာနဲ့ လက်မှုပညာ၊ ဂီတ၊ ကျန်းမာရေးပညာ၊ လူမှုရေးဘာသာရပ်နဲ့ ကာယပညာတွေ ပါတယ်။ ဘာသာတွဲအားလုံးကိုတော့ Primary 1-6 အထိသင်ကြတယ်။ သိပ္ပံကိုတော့ Primary 3 ကနေစပြီး အဆင့်မြှင့် သင်ကြားသွားတယ်။

Primary 4 ပြီးရင် မူလတန်းအောက်ဆင့် ပြီးပြီပေါ့။ အဲဒီအဆင့်မှာ အရေးကြီးတယ်။ ကလေးတွေကို သူတို့ရဲ့ သင်ယူမှု ခံနိုင်ရည်အစွမ်းကို လိုက်ပြီး Primary 5 ကိုတက်ရင် EM1-EM2-EM3 ဆိုပြီး အဆင့်သုံးဆင့် ထပ်ခွဲလိုက်တယ်။ အဲဒီ အဆင့်သုံးဆင့်ကို ယခင်က အင်္ဂလိပ်စာနဲ့ မိခင်ဘာသာစကား ကျွမ်းကျင်မှုအလိုက် ခွဲပေမယ့် ၂၀၀၈ ခုနှစ်လောက်ကစပြီး ဘာသာရပ်ဆိုင်ရာ ကိုင်းညွှတ်မှုအလိုက်၊ စိတ်ပါဝင်စားမှုအလိုက် ခွဲတယ်လို့ ဆိုပါတယ်။ ဒါကတော့ Primary 4 အဆင့်ပြီးရင် သက်ဆိုင်ရာ ရမှတ်တွေအလိုက် EM1 – EM2 – EM3 တွေကို ခွဲခြားနည်းပါ။

ကျောင်းသားတစ်ယောက်ဟာ မူလတန်းမှာ ၆ နှစ်တက်ပြီးရင် စာမေးပွဲဖြေရတယ်။ အဲဒီစာမေးပွဲ ကိုတော့ PSLE (Primary School Leaving Examination) လို့ခေါ်တယ်။ မူလတန်းကျောင်းထွက် စာမေးပွဲ ခေါ်မှာပေါ့။ အဲဒီစာမေးပွဲရမှတ်နဲ့ အလယ်တန်းကို ရွေးချယ်ပါတယ်။ သူတို့ဘယ်လောက် မူလတန်းအဆင့်မှာ ကြိုးစားလုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ရလဒ်တွေနဲ့ သူတို့ရွေးချယ်မှုတွေ အပေါ် ဦးစားပေးပြီး အလယ်တန်းပညာကို ဆက်လက်သင်ယူစေရမှာ ဖြစ်တယ်။

အလယ်တန်းကျောင်းတွေ ကတော့ ကိုယ်တက်ချင်တဲ့ ကျောင်းမှာ တိုက်ရိုက်ဝင်ခွင့် ဖြေဆိုပြီးတော့ ဝင်ရတယ်။ သူတို့လက်ခံနိုင်တဲ့ အရေအတွက်၊ PSLE ဖြေခဲ့စဉ်က ရမှတ်တွေအပေါ် မူတည်ပြီး ရွေးချယ်ခေါ်ယူလေ့ ရှိတယ်။ PSLE ရမှတ်တစ်ခုတည်း နဲ့တော့ ရွေးတာမဟုတ်ဘူး။

စင်ကာပူနိုင်ငံဟာ ပညာရေးကို အလေးပေးပြီး ပညာရေးသာလျှင် နိုင်ငံနဲ့လူမျိုး တိုးတက်ရေးဆိုတာကို ခေါင်းဆောင်ပိုင်းကရော ပြည်သူလူထု ကပါ အလေးထားကြတာ များတယ်။ ဒါကြောင့် ကိုယ့်သားသမီးတွေ နောင်ရေးအတွက် ပညာရေးမှာ သည်းသည်း လှုပ်နေကြတာလည်း တွေ့ရတယ်။ အဆင့်တိုင်းမှာ ထွက်ပေါက်ရှိနေတဲ့ ပညာရေးရလဒ်ကို သုံးသပ်နေ တဲ့အပြင် ကလေးတွေကို စာမေးပွဲနဲ့ ပိုင်းဖြတ်တာထက် လက်တွေ့ သူဘာကို ဝါသနာပါတယ်၊ သူဘာဖြစ်သင့်တယ် ဆိုတာတွေကို ဆရာတွေက ပိုင်းဖြတ် ဖော်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဆရာတွေကိုလည်း သူတို့နိုင်ငံမှာ လက်ဦးဆရာ စစ်စစ် အမြင့်မားဆုံးသော ပုဂ္ဂိုလ်များအဖြစ် မြှင့်တင် အလေးထားလာကြောင်း တွေ့ရတယ်။

ပေါ်လစီကောင်းနဲ့ အနာဂတ်ကို မျှော်တွေးနိုင်တဲ့ ပညာရှင်တွေ စိုးမိုးထားတဲ့ နိုင်ငံဟာ သယံဇာတမရှိပေမယ့် ရှိတဲ့ လူသားရင်းမြစ်ကို ထုတ်သုံးပြီး အာရှမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကျားတစ်ကောင်ဖြစ်အောင် ကြံဆောင်နေတာ အခြေခံမှာ ကတည်းက အခြေခိုင်ခဲ့လို့ ဆိုတာ သိစေချင်ပါတယ်။

(စင်ကာပူပညာရေး ဝန်ကြီးဌာန Website ပါ အချက်အလက် များကို မှီငြမ်းပါသည်)
‪
တင်ညွန့်

Tags: countriesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
Oryx (သို့) ကန္တာရတောဆိတ်များ

Oryx (သို့) ကန္တာရတောဆိတ်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!