Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စက်ဘီးတွေရဲ့ သမိုင်းကြောင်း

by Thutamm
August 15, 2019
Reading Time: 1min read
0
စက်ဘီးတွေရဲ့ သမိုင်းကြောင်း
Share on FacebookShare on Twitter

စက်ဘီး၏ အခြေခံ ပုံသဏ္ဌန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပထမဆုံး ချိန်းကြိုးကို အသုံးပြု၍ မောင်းနှင်သော မော်ဒယ်လ်ကို စတင်ထုတ်လုပ်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ စ၍ အနည်းငယ်မျှသာ ပြောင်းလဲသေးသည်။ အသေးစိတ် တည်ဆောက်ပုံ အတော်များများမှာမူ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ခေတ်သစ် ရုပ်ဝတ္ထုပစ္စည်းများနှင့် ကွန်ပြူတာအသုံးပြု ဒီဇိုင်းပညာတို့ တိုးတက်လာချိန်တွင် ဖြစ်သည်။ ထိုအရာတို့သည် စက်ဘီးစီးခြင်း အမျိုးအစား တစ်ခုစီအတွက် သီးသန့် တည်ဆောက်သော ဒီဇိုင်းပုံစံများကို အလွန်လျှင်မြန်သော အရှိန်ဖြင့် တိုးတက် ဖြစ်ထွန်းလာစေခဲ့သည်။

စက်ဘီးဟူသည် ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏။ ၁၇၇၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် ပြင်သစ်နိုင်ငံ ပါရစ်ဂျာနယ် တွင် ခြေယက်စက်ဘီးတစ်မျိုးကို ပြင်သစ်လူမျိုး ၂ ဦးက တီထွင် ပြုလုပ်လိုက်ကြပြီဟု ရေးသားဖော်ပြခဲ့၏။ ထိုစက်ဘီး မှာ သစ်သားဘောင်တစ်ခုကို ရှေ့နောက်ထားရှိသော ဘီး ၂ ဘီးတွင် အသေတပ်ဆင်ထားသော ကိရိယာဖြစ်လေသည်။

စီးသူသည် သစ်သားဘောင်ကို ခွ၍ထိုင်ပြီးလျှင် မြေကြီးကို ခြေနှင့်ကန်ကာ ယက်ကာ၊ ဘီးလိမ့်သွားအောင် ပြုလုပ်ပေးရ လေသည်။ ထိုစက်ဘီးသည် ညီညာ ပျံ့ပျူးသော မြေပြင်တွင် အသင့်အတင့်မျှ အရှိန်ဖြင့် သွားနိုင်သော်လည်း ကုန်းတက်များ တွင်မူ အလျင်းပင် အသုံးမဝင်တော့ချေ။ ဆင်ခြေလျှောများကို စီးဆင်းရာတွင်ကား အလွန်ပင် လျင်မြန်လေသည်။

၁၈၁၇ ခုနှစ်တွင် ဂျာမန်လူမျိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၌ ပေါ်ခဲ့သော ခြေယက်စက်ဘီးထက် အနည်းငယ်သာသည့် ခြေ ယက်စက်ဘီးကို ကြံစည်ပြုလုပ်လိုက်လေသည်။ ထိုစက်ဘီး၏ ထူးခြားချက်တစ်ရပ်မှာ ရှေ့ဘီးကို ထိုင်တန်းသစ်သား ဘောင် တွင် ငုတ်ဖြင့်လျှိုသွင်းကာ လှည့်နိုင်အောင် တပ်ဆင်ထားခြင်း ပင် ဖြစ်၏။ ထိုအစီအမံကြောင့် ရှေ့ဘီးကို လက်ကိုင်ဖြင့် ထိန်းကာ လိုရာဖက်သို့ ဦးလှည့်ပေးနိုင်လေသည်။

စကော့လူမျိုးတစ်ဦးသည်လည်း ၁၈၄၃ ခုနှစ်တွင် ခြေနင်း တပ် ၃ ဘီးစက်ဘီးကို၎င်း၊ ၁၈၄ဝ ပြည့်နှစ်တွင် ခြေနင်းတပ် ၂ ဘီးစက်ဘီးကို၎င်း၊ စီမံပြုလုပ်ခဲ့၏။ ထိုစက်ဘီးတို့၏ ထူးခြားချက်ကား နောက်ဘီးဝင်ရိုးကို ခြေနင်းမှ မောင်းတံနှင့် ဆက်ကာ လှည့်ပေးနိုင်ခြင်းပင် ဖြစ်၏။ ခြေနင်းတပ် ၂ ဘီး စက်ဘီး၏ ရှေ့ဘီးမှာ လက်မ ၃ဝ ခန့်မြင့်၍ အားပေးဘီး ဖြစ်သော နောက်ဘီးမှာ လက်မ ၄ဝ ခန့် မြင်ပြီးလျှင် ၂ ဘီး စလုံး မှာ သံတိုင်ယာကွပ်ထားသော သစ်သားဘီးများ ဖြစ်ကြ လေသည်။ ထိုစက်ဘီးသည် ယခုခေတ်သုံး စက်ဘီးများ၏ ရှေ့ပြေး နမူနာပင် ဖြစ်လေတော့သည်၊

ထိုနောက်၌ကား ယခုခေတ် ကလေးစီး သုံးဘီးစက်ဘီးမှာ ကဲ့သို့ ခြေနင်းကို ရှေ့ဘီး၏ ဝင်ရိုးတွင် တပ်ဆင်ထားသည့် စက်ဘီးမြင့်ကြီးများ ခေတ်စားလာလေသည်။ ရှေ့ဘီးမှာ လွန် စွာပင် ကြီးမား၍ နောက်ဘီးမှာမူ အဆမတန် သေးငယ်လေ သည်။ ထိုသို့ ပြုလုပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ စီးနင်းရာ တွင် ပို၍ ခရီးတွင်စေရန် ဖြစ်၏။ ရှေ့ဘီးတို့သည် လက်မ ၆ဝ မှ ၆၄ လက်မထိ အမြင့်ရှိတတ်ကြသည်။ ထို စက်ဘီးမျိုးကို စီးတတ်ရန်မှာ အလေ့အကျင့် များစွာလိုသည့်အပြင် အထိန်း ရလည်း ခက်သောကြောင့် ဘေးအန္တရာယ် များလေသည်။

၁၈၆၈ ခုနှစ်တွင် အင်္ဂလန်ပြည်၌ သံတာယာများအစား ရာဘာ တာယာများကို စတင် သုံးစွဲလာကြ၏။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုးတစ်ဦးသည် အရွယ်တူညီ သော နှစ်ဘီးတပ်စက်ဘီးကို ရှေးဦးစွာ လုပ်ကိုင်ခဲ့လေသည်။ ဘောင်မှာလည်း ယခင် စက်ဘီးများ၏ ဘောင်ထက် နိမ့်၍ ကျယ်ပြန့်လေသည်။ ခြေနင်းကိုလည်း ရှေ့ဘီးတွင် မဟုတ်ဘဲ ဘီးနှစ်ခုစပ်ကြားတွင် ခွေးသွားစိတ်ဘီးတစ်ခု၌ တပ်ဆင်ထား၍ နောက်ဘီး ဝင်ရိုးသို့ သံကြိုးတစ်ခုဖြင့် ဆက်သွယ်ထားလေ သည်။ နင်းလိုက်သည့်အခါ စက်ဘီးသည် နောက်ဘီး၏အား ဖြင့် လိမ့်ရ၏။ ထိုစက်ဘီးမှာ ယခုခေတ်သုံး စက်ဘီးများ၏ သဘောအတိုင်းပင် ဖြစ်သည်။

ထိုနောက်တွင်ကား သံလုံးငယ် ဘယ်ရင်ကလေးများကို မပွန်းအောင် ထည့်ခြင်း၊ စပရင်ခံ သားရေထိုင်ခံများ တပ်ဆင်ခြင်း အစရှိသော ပြုပြင်ချက်များကို တစ်စတစ်စ ပြုလုပ်လာကြပြီးလျှင် နောက်ဆုံး ၁၈၈၈ ခုနှစ် တွင် ရော်ဗာတိုင်ယာများအစား လေလုံးတိုင်ယာများကို ပြောင်း လဲ တပ်ဆင်လိုက်သောအခါ ယခုခေတ်သုံးစက်ဘီး၏ အသွင် အပြင်သို့ ရောက်ရှိလာလေသည်။

စက်ဘီးလုပ်ငန်းသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင်မှ သိသိသာသာ တိုးတက်လာခဲ့လေသည်။ နောက်ဆုံးပေါ် ပြိုင်ဘီးများမှာ သာမန်စက်ဘီး၏ အလေးချိန် ထက်ဝက်သာ ရှိလေသည်။ ဘောင်များနှင့် ရွှံ့ကာများကို လွန်စွာပေါ့ပါးသော ကရိုမီယမ် (ခေါ်) သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ လက်ကိုင်မှာ နွားချို ကုပ်ကဲ့သို့ အောက်ဖက်သို့ ကောက်ထားလေသည်။ စီးနင်းရာတွင် သာမန်စက်ဘီးများထက် သုံးလေးဆပို၍ လျင်မြန်စေရန် အတူးဂီယာခေါ် ခွေးသွားစိတ်ဘီးတစ်ခုကို နောက် ဘီးဝင်ရိုးတွင် တပ်ဆင်ထားလေသည်။ မြန်မာနိုင်ငံတွင် စက်ဘီးကို အနှေးယာဉ်အဖြစ် သတ်မှတ်သည်။

စက်ဘီးကို ၁၉ရာစုတွင် စတင်အသုံးပြုခဲ့ပြီး အခုအခါ တကမ္ဘာလုံးတွင် အစင်းပေါင်း သန်းထောင်နှင့်ချီ၍ ရှိနေပြီဖြစ်သည်။ ဒေသ အများစုတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြသည်။ စက်ဘီးများကို အပန်းဖြေခြင်းတွင် အသုံးပြုရာတွင်လည်း ခေတ်စားပြီး ကလေးများ၏ ကစားစရာ အဖြစ်လည်းကောင်း၊ လူကြီးများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အထောက်အကူပစ္စည်း အဖြစ်လည်းကောင်း၊ စစ်တပ် နှင့် ရဲဌာနတို့တွင် လည်းကောင်း၊ စာနှင့် ပါဆယ်ပစ္စည်းပို့ရာတွင် လည်းကောင်း၊ အားကစား ယှဉ်ပြိုင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသေးသည်။

စက်ဘီးနဲ့ ပတ်သတ်လို့ စိတ်ဝင်စားစရာ အချို့

စက်ဘီးပေါ်ပေါက်လာခဲ့သည်မှာ နှစ် ၂၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ပထမဆုံး စက်ဘီးကို ပြင်သစ်မှ စတင်ခဲ့သော်လည်း ယခုခေတ်စက်ဘီးများ၏ ဒီဇိုင်းကို အင်္ဂလန်က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာအရပ်ရပ်မှ နှစ်စဉ် စက်ဘီးပေါင်း သန်း ၁၀၀ ခန့်ကို ထုတ်လုပ်လျှက်ရှိသည်။

Boneshaker ဟုခေါ်သော စက်ဘီးများကို စီးပွားဖြစ်အနေဖြင့် ၁၈၆၈ခုနှစ်တွင် ပြင်သစ်ပါရီမြို့တွင်ရောင်းချခဲ့ပြီး အလေးချိန် ၁၇၆ပေါင်ရှိသည့်စက်ဘီးများဖြစ်သည်။

ပထမဆုံးစက်ဘီးပေါ်ပေါက်ပြီး နှစ် ၁၀၀ ခန့်မှ တရုတ်ပြည်သို့ စက်ဘီးရောက်ရှိသည်။ ယခုအခါတွင် တရုတ်နိုင်ငံ၌ စက်ဘီးပေါင်း သန်း ၅၀၀ ခန့် ရှိနေပြီဖြစ်သည်။

သွားလာရေးအတွက် အင်္ဂလန်က စက်ဘီးကို ၅% ခန့်အသုံးပြုသည်။ အမေရိကန်တို့တွင်မူ ၁% ပင်မရှိသော်လည်း နယ်သာလန် ၃၀% က မူ စက်ဘီးကို အသုံးပြုသည်။

နယ်သာလန်သည် စက်ဘီးအစီးဆုံးနိုင်ငံဟု ဆိုနိုင်သည်။ လူ ၈ ယောက်တွင် ၇ယောက်မှာ ကိုယ်ပိုင်စက်ဘီးရှိကြသည်။

စံချိန်တင်ထားသည့် စက်ဘီးတစ်စီး၏ အမြန်ဆုံးနှုန်းမှာ ၁နာရီ ၈၃ မိုင်ဖြစ်သည်။

ယနေ့နာမည်အကြီးဆုံး စက်ဘီးတံဆိပ်ဖြစ်သည့် BMX ဘီးများကို ၁၉၇၀ ခုနှစ်တွင်မှ ပြိုင်ပွဲများအတွက် ဈေးပေါပေါ နှင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နာမည်အကြီးဆုံး စက်ဘီးပြိုင်ပွဲမှာ ပြင်သစ် နှင့် အနီးအနားနိုင်ငံများတွင် ကျင်းပလေ့ရှိသည့် Tour de France ပြိုင်ပွဲဖြစ်သည်။ ၂၁ရက်မှ ၂၃ရက်ကြာ ပြိုင်ဆိုင်ရသည့် ထိုပွဲကို ကမ္ဘာအရပ်ရပ်မှ စက်ဘီးချန်ပီယံများ လာရောက်ယှဉ်ပြိုင်ကြပြီး ပထမဆုမှာ ယူရို ၅သိန်း ဖြစ်သည်။

စက်ဘီးကို Bicycle ဟုခေါ်သည့် အသုံးအနှုန်းသည် ပြင်သစ်စကားလုံး bicyclette မှ ရယူထားခြင်းဖြစ်သည်။ အစဦးပိုင်းစက်ဘီးများကို Bicycle ဟု မခေါ်ပဲ velocipede ဟုခေါ်ခဲ့ကြသည်။

Myanmar Wikipedia
Amazing facts of Bicycle

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
မာယာတို့ရဲ့ နာမည်ကျော် Kukulkan ပိရမစ်ကြီး

မာယာတို့ရဲ့ နာမည်ကျော် Kukulkan ပိရမစ်ကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!