Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စက်ဘီးပဲစီးတဲ့ အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးချုပ်

by Thutamm
August 10, 2019
Reading Time: 1min read
0
စက်ဘီးပဲစီးတဲ့ အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးချုပ်
Share on FacebookShare on Twitter

၀န်ကြီးချုပ်ဆိုတာ အစိုးရအဖွဲ့မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တာနဲ့အညီ ဘော်ဒီဂတ်တွေ နဲ့ ကျည်ဆန်ကာ ကားတွေကို စီးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအထဲမှာ နယ်သာလန်ဝန်ကြီးချုပ် မပါပါဘူး။ ဟုတ်ပါတယ်။ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ဟာ သူရဲ့လမ်းကြောင်းအများစုကို စက်ဘီးပဲစီးသွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က သူဟာ နယ်သာလန် ဘုရင်နဲ့ သွားတွေ့စဉ်မှာ စက်ဘီးကို အိမ်တော်ရဲ့အပြင်ဘက်မှာရပ်နေတဲ့ပုံဟာ အင်တာနက်က တစ်ဆင့် ပြန်နှံ့ခဲ့တာကြောင့် နိုင်ငံတကာက ပြည်သူတွေအလွန်သဘောကျခဲ့ကြပါတယ်။

တကယ်တော့ Mark Rutte စက်ဘီးစီးခဲ့တာ သူဝန်ကြီးချုပ်စဖြစ်တဲ့ ၂၀၁၀ခုနှစ်လောက်ကတည်းကပါ။ အားလုံးသိကြတဲ့အတိုင်း နယ်သာလန်နိုင်ငံဆိုတာ ကမ္ဘာမှာ စီးပွားရေး ၊ ပညာရေး ၊ ရာဇဝတ်မှုကင်းစင်ရေးတွေမှာ ထိပ်တန်းကရပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပေမယ့် ဒီနိုင်ငံရဲ့ အရေးပါဆုံးလို့ဆိုရမယ့် ဝန်ကြီးချုပ်က အကောင်းဆုံးကားတွေ အမြဲစီးလို့ရနေပါလျက်နဲ့ ဘာကြောင့် စက်ဘီးစီးရပါသလဲ…။

၀န်ကြီးချုပ်ကတော့ စက်ဘီးစီးခြင်းဟာ ကျန်းမာရေးကိုကောင်းစေတယ် ၊ ပတ်ဝန်းကျင်ကိုထိမ်းသိမ်းပြီးသားဖြစ်တယ် ၊ နိုင်ငံ့ဝင်ငွေကို ချွေတာပြီးသားဖြစ်တယ် လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ရုံးတက်တဲ့အခါမှာ ဘာအစောင့်အရှောက်မှမပါပဲ သာမန်လူတစ်ယောက်လို စက်ဘီးစီးကာ တက်လေ့ရှိပါတယ်။

အမှတ်တမဲ့ဆိုရင် ဝန်ကြီးချုပ်မှန်းတောင် ဘယ်သူမှ မသိကြပါဘူး။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တုန်းကတောင် Rutte ဟာ မိုဒီကို စက်ဘီးတစ်စီး လက်ဆောင်ပေးပြီး စက်ဘီးစီးခြင်းရဲ့ကောင်းကျိုးတွေကို ပြောပြခဲ့ပါသေးတယ်။ အဲဒီတုန်းက မိုဒီက စက်ဘီးစီးပြီး Rutte က ဘေးကရပ်နေတဲ့ ပုံတွေတက်လာတဲ့အတွက် အားလုံးသဘောကျခဲ့ကြပါသေးတယ်။

သူ့နိုင်ငံကို အလည်လာတဲ့ အခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ သူဟာ သာမန်လူတစ်ယောက်လို စက်ဘီးလေးစီးပြီးလာတွေ့တဲ့အတွက် အားလုံးရဲ့လေးစားခြင်းကို ခံရပါတယ်။ အီရန်နိုင်ငံ နဲ့ ဆွေးနွေးစာချုပ်ချုပ်ဆိုပွဲ တစ်ခုမှာလည်း ဒီလိုပဲလာတဲ့အတွက် အီရန်ခေါင်းဆောင်က
“လေးစားဖို့ကောင်းလိုက်တဲ့ ဝန်ကြီးချုပ်ပါ။ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေက ဝန်ကြီးတွေတောင် ကားအကောင်းစားကြီးတွေကို မစီးရမဖြစ် စီးပြီး ပြည်သူ့ငွေတွေ ဖြုန်းနေတဲ့အချိန်မှာ ဥရောပရဲ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံက ဝန်ကြီးချုပ်က စက်ဘီးလေးစီးနေတာမြင်ရတော့ ကျွန်တော်ရှက်မိပါတယ်” လို့ ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။

အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ Mark Rutte ဟာ ဝန်ကြီးချုပ်မဖြစ်ခင်က ပညာရေး ၊ ယဉ်ကျေးမှု ၊ သိပ္ပံ နဲ့ အလုပ်သမားဝန်ကြီးဌာနတွေမှာ ထမ်းဆောင်ခဲ့ဖူးပါတယ်။ နိုင်ငံအတွက် အားကျိုးမာန်တက် ထမ်းဆောင်နေတဲ့ ဒတ်ချ်ပြည်သူတွေချစ်တဲ့ Mark Rutte ဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေရင်းနဲ့ပဲ The Hague’s Johan de Witt ကောလိပ်မှာ အချိန်ပိုင်းကျောင်းဆရာအလုပ်ကို လုပ်နေဆဲပါ။

Tags: amazingworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Next Post
ကမ္ဘာတလွှား အလှဆုံးတူးမြောင်း ၁၀ခု

ကမ္ဘာတလွှား အလှဆုံးတူးမြောင်း ၁၀ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!