Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက ကြီးလာတဲ့အခါ ကြုံတွေ့လာရမယ့် နောင်တတွေ

by Thutamm
June 15, 2020
Reading Time: 1min read
0
ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက ကြီးလာတဲ့အခါ ကြုံတွေ့လာရမယ့် နောင်တတွေ
Share on FacebookShare on Twitter

(Unicode)

၁။ ခရီးမသွားခြင်း

ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ်အချိန်မှာပဲ သွားလို့ကောင်းပါတယ်။ ပျော်ရွင်မှု့အပြည့်အဝခံစားနိုင်တဲ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကျန်းမာရေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ရင်တောင်မှ ငယ်စဉ်ကလောက် လွတ်လွတ်လပ်လပ် မပျော်နိုင်တော့လို့ ဖြစ်ပါတယ်။

၂။ သင့်တော်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း

ငယ်ရွယ်စဉ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုမှ မလုပ်ခဲ့ဖူးဆိုရင် အသက်ကြီးလာတဲ့အခါ သင်ဒုက္ခရောက်ပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာရေးကောင်းချင်ရင် အခုငယ်တုန်းမှာ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်သင့်ပါတယ်။

၃။ ထွက်သင့်တဲ့အလုပ်က မထွက်ခြင်း

တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ ကိုယ့်အတွက် တက်လမ်းမရှိသောအလုပ်ကို ထွက်သင့်မှန်းသိပါလျှက် မထွက်ပဲ စွဲစွဲမြဲမြဲ လုပ်နေတတ်ကြပါတယ်။ ငယ်ငယ်ကတည်းက အသက်ကြီးလာတဲ့အထိ အလုပ်တစ်ခုတည်းမှာလုပ်ပြီး ဘာမှသိသိသာသာ မတိုးတက်လာတဲ့ လူတစ်ချို့ကို သင်မြင်ဖူးပါလိမ့်မယ်။ ဒါဟာ ထွက်သင့်တဲ့အချိန်မှာထွက်ပြီး ကိုယ့်တိုးတက်မှု့ကိုပေးမယ့်အလုပ်ကို မရှာခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီအလုပ်က သင့်အတွက်ဘာမှမပေးနိုင်တော့ဘူးဟု သိလိုက်တဲ့အချိန်မှာ ထွက်လိုက်ပြီး နောက်တစ်ခုကို ရှာပါ။

၄။ ချစ်လျှက်နှင့် ဖွင့်မပြောခဲ့ခြင်း

ချစ်ပြီးတော့ ဖွင့်မပြောရဲလို့ ဝေးသွားရတဲ့ ဇာတ်လမ်းတွေကို သီချင်းတွေ ရုပ်ရှင်တွေထဲမှာ သင်ခဏခဏ မြင်ဖူးပါလိမ့်မယ်။ အဲ့ဒီတော့ ကိုယ်ကလည်း ချစ်နေတယ်၊ ပြောဖို့အခွင့်အရေးလည်း ရှိနေတယ်ဆိုရင် အချိန်ဆွဲမနေပဲ ပြောလိုက်တာ အကောင်းဆုံးပါပဲ။

၅။ အချိန်ဆွဲခြင်း

ကျွန်တော်တို့တွေ တော်တော်များများရဲ့ မကောင်းတဲ့အချက်ဟာ အချိန်ဆွဲခြင်းပါပဲ။ အချိန်ဆွဲခြင်းဟာလည်း ပျင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။ အချိန်ဆွဲခြင်းကြောင့် ပြီးသင့်တဲ့အချိန်မှာ ပြီးသင့်တဲ့အလုပ်တွေဟာ မပြီးပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် အချိန်ဆွဲခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြပါ။

၆။ မိသားစု၊သူငယ်ချင်းများကို အချိန်မပေးခြင်း

လူတစ်ချို့ဟာ အလုပ်နဲ့အခြားကိစ္စတွေမှာ နစ်မြုပ်ရင်း မိသားစုနဲ့အပေါင်းအသင်းတွေကို အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ ဒါဟာ အလုပ်လုပ်နေတုန်းမှာ မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ အထီးကျန်ဆန်တတ်ပါတယ်။ ဒါကြောင့် မိသားစုနဲ့ကိုယ့်မိတ်ဆွေတွေကို အချိန်နည်းနည်းစီလောက်ပေးပြီး ရင်းရင်းနှီးနှီးနေတတ်ဖို့လိုပါတယ်။

၇။ သဝန်တိုလွန်းခြင်း

ကိုယ်ချစ်တဲ့သူတွေအပေါ် သဝန်တိုခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အလွန်အမင်း သဝန်တိုခြင်းကတော့ကြာလာတာနဲ့အမျှ ဆက်ဆံရေးမှာ အထစ်အငေါ့တွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် သင့်တော်သလောက်ပဲ သဝန်တိုပါ။

၈။ အတတ်ပညာအသစ် တစ်ခုခုကို မသင်ကြားခြင်း

ပညာကို သေတဲ့အထိ အဆက်မပြတ်သင်ကြားပါ ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။ တရိပ်ရိပ်တိုးတက်လာတဲ့ ခေတ်ကြီးကိုအမှီလိုက်ဖို့ အသစ်အသစ်တွေကို သင်ကြားရမှာပါ။ ဒါကို ငယ်ရွယ်စဉ်မှာ မသင်ခဲ့ရင်တော့ အသက်ကြီးလာတာနဲ့အမျှ ဒုက္ခလှလှ ရောက်ရပါလိမ့်မယ်။

၉။ မိဘစကားကိုနားမထောင်ခြင်း

အခုခေတ်မှာတော့ လူငယ်တော်တော်များများဟာ မိဘစကားကိုနားမထောင်ချင်ကြတော့ပါဘူး။ ဒီအဘိုးကြီး အဘွားကြီးတွေ ငါ့လောက်မသိပါဘူးဆိုတဲ့ တဇွတ်ထိုးအမြင်ကို မြင်နေတတ်ကြပါပြီ။ မိဘစကားတိုင်းမှန်တယ်လို့ မဆိုနိုင်ပေမယ့် ကိုယ့်ကိုကောင်းစေချင်တဲ့ စေတနာနဲ့ ပြောတယ်လို့သိထားသင့်ပါတယ်။ ဒါကြောင့် သေသေချာချာစဉ်းစားပြီး သင်လုံးဝမှန်တယ်ဆိုတဲ့ ကိစ္စတစ်ချို့ကလွဲရင် မိဘစကားကိုနားထောင်သင့်ပါတယ်။

၁၀။ အခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲလို့ စိုးရိမ်ခြင်း

ဒါဟာလူငယ်တော်တော်များများ ဖြစ်နေတာပါ။ ” ငါဒါလေးဝတ်ရင် ဘယ်လိုထင်မလဲ။ ဒီလိုလုပ်ရင်ရော ဘယ်လိုထင်ကြမလဲ ”။ တကယ်တော့ လူတိုင်းကိုယ့်ကိစ္စနဲ့ကိုယ်မို့လို့ ဘယ်သူမှသင့်ကို လိုက်ကြည့်မနေပါဘူး။ ဒါကိုကြောက်ပြီးတော့ ဘာမှမလုပ်ခဲ့ရင်တော့ သင်ဟာ တိုးတက်လာမှာကို မဟုတ်တော့ပါဘူး။ ဒါကြောင့် ရှက်စရာမဟုတ်တဲ့ကိစ္စတွေကို လုပ်ဖို့ မရှက်ကြောက်ဖို့လိုပါတယ်။

၁၁။ အလုပ်တစ်ခုကို စပြီး အဆုံးမသတ်ခြင်း

အလုပ်တစ်ခုကိုလုပ်တယ်။ လုပ်နေရင်း နောက်တစ်ခုကိုတွေ့တော့ ပိုကောင်းတယ်ဆိုပြီး ထပ်လုပ်တယ်။ နောက်တစ်ခု နောက်တစ်ခုတွေ့တော့လည်း စရင်းစရင်း အဆုံးမသတ်နိုင်တဲ့ လူတစ်ချို့ကို ပတ်ဝန်းကျင်မှာ သင်မြင်ဖူးပါလိမ့်မယ်။ ဒါကြောင့် အလုပ်အများကြီးလုပ်ပြီး တစ်ခုမှမပြီးတာထက် တစ်ခုလုပ်ပြီး တစ်ခုပြီးတာကိုပဲ လုပ်ဖို့ကြိုးစားပါ။

အထက်ပါအချက်တွေအပြင် အခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။  အဲ့ဒီအချက်တွေကိုလည်း စဉ်းစားပြီး ဆင်ခြင်ဖို့ လိုပါသေးတယ်။ ဒါကြောင့်အသက်ကြီးလာရင် ်နောင်တမရစေဖို့ငယ်ရွယ်စဉ်မှာ လုပ်သင့်တာတွေကို လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ 🙂

————- ——– ———–

(Zawgyi)

ငယ္႐ြယ္စဥ္မွာ မလုပ္ခဲ့ပါက ႀကီးလာတဲ့အခါ ႀကဳံေတြ႕လာရမယ့္ ေနာင္တေတြ

၁။ ခရီးမသြားျခင္း

ခရီးသြားျခင္းဟာ ငယ္႐ြယ္စဥ္အခ်ိန္မွာပဲ သြားလို႔ေကာင္းပါတယ္။ ေပ်ာ္႐ြင္မႈ႕အျပည့္အဝခံစားႏိုင္တဲ့အျပင္ လြတ္လပ္ေပါ့ပါးတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားလို႔ ျဖစ္ပါတယ္။ အသက္ႀကီးလာတဲ့အခါ က်န္းမာေရး စတဲ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခရီးသြားဖို႔ခက္ခဲတဲ့ အျပင္ သြားျဖစ္ခဲ့ရင္ေတာင္မွ ငယ္စဥ္ကေလာက္ လြတ္လြတ္လပ္လပ္ မေပ်ာ္ႏိုင္ေတာ့လို႔ ျဖစ္ပါတယ္။

၂။ သင့္ေတာ္တဲ့ ေလ့က်င့္ခန္းမလုပ္ျခင္း

ငယ္႐ြယ္စဥ္မွာ က်န္းမာေရးေလ့က်င့္ခန္း တစ္ခုမွ မလုပ္ခဲ့ဖူးဆိုရင္ အသက္ႀကီးလာတဲ့အခါ သင္ဒုကၡေရာက္ပါလိမ့္မယ္။ ဒါေၾကာင့္ က်န္းမာေရးေကာင္းခ်င္ရင္ အခုငယ္တုန္းမွာ ေလ့က်င့္ခန္းတစ္ခုခုကို လုပ္သင့္ပါတယ္။

၃။ ထြက္သင့္တဲ့အလုပ္က မထြက္ျခင္း

တစ္ခါတစ္ရံမွာ တစ္ခ်ိဳ႕လူေတြဟာ ကိုယ့္အတြက္ တက္လမ္းမရွိေသာအလုပ္ကို ထြက္သင့္မွန္းသိပါလွ်က္ မထြက္ပဲ စြဲစြဲၿမဲၿမဲ လုပ္ေနတတ္ၾကပါတယ္။ ငယ္ငယ္ကတည္းက အသက္ႀကီးလာတဲ့အထိ အလုပ္တစ္ခုတည္းမွာလုပ္ၿပီး ဘာမွသိသိသာသာ မတိုးတက္လာတဲ့ လူတစ္ခ်ိဳ႕ကို သင္ျမင္ဖူးပါလိမ့္မယ္။ ဒါဟာ ထြက္သင့္တဲ့အခ်ိန္မွာထြက္ၿပီး ကိုယ့္တိုးတက္မႈ႕ကိုေပးမယ့္အလုပ္ကို မရွာခဲ့လို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအလုပ္က သင့္အတြက္ဘာမွမေပးႏိုင္ေတာ့ဘူးဟု သိလိုက္တဲ့အခ်ိန္မွာ ထြက္လိုက္ၿပီး ေနာက္တစ္ခုကို ရွာပါ။

၄။ ခ်စ္လွ်က္ႏွင့္ ဖြင့္မေျပာခဲ့ျခင္း

ခ်စ္ၿပီးေတာ့ ဖြင့္မေျပာရဲလို႔ ေဝးသြားရတဲ့ ဇာတ္လမ္းေတြကို သီခ်င္းေတြ ႐ုပ္ရွင္ေတြထဲမွာ သင္ခဏခဏ ျမင္ဖူးပါလိမ့္မယ္။ အဲ့ဒီေတာ့ ကိုယ္ကလည္း ခ်စ္ေနတယ္၊ ေျပာဖို႔အခြင့္အေရးလည္း ရွိေနတယ္ဆိုရင္ အခ်ိန္ဆြဲမေနပဲ ေျပာလိုက္တာ အေကာင္းဆုံးပါပဲ။

၅။ အခ်ိန္ဆြဲျခင္း

ကြၽန္ေတာ္တို႔ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ မေကာင္းတဲ့အခ်က္ဟာ အခ်ိန္ဆြဲျခင္းပါပဲ။ အခ်ိန္ဆြဲျခင္းဟာလည္း ပ်င္းနည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ အခ်ိန္ဆြဲျခင္းေၾကာင့္ ၿပီးသင့္တဲ့အခ်ိန္မွာ ၿပီးသင့္တဲ့အလုပ္ေတြဟာ မၿပီးပဲ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ဆြဲျခင္းကို တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ၾကပါ။

၆။ မိသားစု၊သူငယ္ခ်င္းမ်ားကို အခ်ိန္မေပးျခင္း

လူတစ္ခ်ိဳ႕ဟာ အလုပ္နဲ႔အျခားကိစၥေတြမွာ နစ္ျမဳပ္ရင္း မိသားစုနဲ႔အေပါင္းအသင္းေတြကို အခ်ိန္ေပးဖို႔ေမ့ေနတတ္ၾကပါတယ္။ ဒါဟာ အလုပ္လုပ္ေနတုန္းမွာ မသိသာေပမယ့္ အသက္ႀကီးလာတဲ့အခါ အထီးက်န္ဆန္တတ္ပါတယ္။ ဒါေၾကာင့္ မိသားစုနဲ႔ကိုယ့္မိတ္ေဆြေတြကို အခ်ိန္နည္းနည္းစီေလာက္ေပးၿပီး ရင္းရင္းႏွီးႏွီးေနတတ္ဖို႔လိုပါတယ္။

၇။ သဝန္တိုလြန္းျခင္း

ကိုယ္ခ်စ္တဲ့သူေတြအေပၚ သဝန္တိုျခင္းဟာ ေကာင္းပါတယ္။ ဒါေပမယ့္ အလြန္အမင္း သဝန္တိုျခင္းကေတာ့ၾကာလာတာနဲ႔အမွ် ဆက္ဆံေရးမွာ အထစ္အေငါ့ေတြ ျဖစ္လာေစပါတယ္။ ဒါေၾကာင့္ သင့္ေတာ္သေလာက္ပဲ သဝန္တိုပါ။

၈။ အတတ္ပညာအသစ္ တစ္ခုခုကို မသင္ၾကားျခင္း

ပညာကို ေသတဲ့အထိ အဆက္မျပတ္သင္ၾကားပါ ဆိုတဲ့စကားကို သင္ၾကားဖူးမွာပါ။ တရိပ္ရိပ္တိုးတက္လာတဲ့ ေခတ္ႀကီးကိုအမွီလိုက္ဖို႔ အသစ္အသစ္ေတြကို သင္ၾကားရမွာပါ။ ဒါကို ငယ္႐ြယ္စဥ္မွာ မသင္ခဲ့ရင္ေတာ့ အသက္ႀကီးလာတာနဲ႔အမွ် ဒုကၡလွလွ ေရာက္ရပါလိမ့္မယ္။

၉။ မိဘစကားကိုနားမေထာင္ျခင္း

အခုေခတ္မွာေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ မိဘစကားကိုနားမေထာင္ခ်င္ၾကေတာ့ပါဘူး။ ဒီအဘိုးႀကီး အဘြားႀကီးေတြ ငါ့ေလာက္မသိပါဘူးဆိုတဲ့ တဇြတ္ထိုးအျမင္ကို ျမင္ေနတတ္ၾကပါၿပီ။ မိဘစကားတိုင္းမွန္တယ္လို႔ မဆိုႏိုင္ေပမယ့္ ကိုယ့္ကိုေကာင္းေစခ်င္တဲ့ ေစတနာနဲ႔ ေျပာတယ္လို႔သိထားသင့္ပါတယ္။ ဒါေၾကာင့္ ေသေသခ်ာခ်ာစဥ္းစားၿပီး သင္လုံးဝမွန္တယ္ဆိုတဲ့ ကိစၥတစ္ခ်ိဳ႕ကလြဲရင္ မိဘစကားကိုနားေထာင္သင့္ပါတယ္။

၁၀။ အျခားသူေတြ ကိုယ့္ကိုဘယ္လိုထင္မလဲလို႔ စိုးရိမ္ျခင္း

ဒါဟာလူငယ္ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတာပါ။ ” ငါဒါေလးဝတ္ရင္ ဘယ္လိုထင္မလဲ။ ဒီလိုလုပ္ရင္ေရာ ဘယ္လိုထင္ၾကမလဲ ”။ တကယ္ေတာ့ လူတိုင္းကိုယ့္ကိစၥနဲ႔ကိုယ္မို႔လို႔ ဘယ္သူမွသင့္ကို လိုက္ၾကည့္မေနပါဘူး။ ဒါကိုေၾကာက္ၿပီးေတာ့ ဘာမွမလုပ္ခဲ့ရင္ေတာ့ သင္ဟာ တိုးတက္လာမွာကို မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ ရွက္စရာမဟုတ္တဲ့ကိစၥေတြကို လုပ္ဖို႔ မရွက္ေၾကာက္ဖို႔လိုပါတယ္။

၁၁။ အလုပ္တစ္ခုကို စၿပီး အဆုံးမသတ္ျခင္း

အလုပ္တစ္ခုကိုလုပ္တယ္။ လုပ္ေနရင္း ေနာက္တစ္ခုကိုေတြ႕ေတာ့ ပိုေကာင္းတယ္ဆိုၿပီး ထပ္လုပ္တယ္။ ေနာက္တစ္ခု ေနာက္တစ္ခုေတြ႕ေတာ့လည္း စရင္းစရင္း အဆုံးမသတ္ႏိုင္တဲ့ လူတစ္ခ်ိဳ႕ကို ပတ္ဝန္းက်င္မွာ သင္ျမင္ဖူးပါလိမ့္မယ္။ ဒါေၾကာင့္ အလုပ္အမ်ားႀကီးလုပ္ၿပီး တစ္ခုမွမၿပီးတာထက္ တစ္ခုလုပ္ၿပီး တစ္ခုၿပီးတာကိုပဲ လုပ္ဖို႔ႀကိဳးစားပါ။

အထက္ပါအခ်က္ေတြအျပင္ အျခားအခ်က္ေတြလည္း ရွိႏိုင္ပါေသးတယ္။  အဲ့ဒီအခ်က္ေတြကိုလည္း စဥ္းစားၿပီး ဆင္ျခင္ဖို႔ လိုပါေသးတယ္။ ဒါေၾကာင့္အသက္ႀကီးလာရင္ ္ေနာင္တမရေစဖို႔ငယ္႐ြယ္စဥ္မွာ လုပ္သင့္တာေတြကို လုပ္ဖို႔ တိုက္တြန္းလိုက္ပါရေစ 🙂

သုတဇုန္

Tags: successfulthinking

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

Next Post
ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခု ဆိုသည်မှာ

ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခု ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!