• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျူးလိယက်ဆီဇာအား လုပ်ကြံခဲ့သူ ဗရူးတပ်

by Thutamm
August 19, 2019
Reading Time: 1min read
0
ဂျူးလိယက်ဆီဇာအား လုပ်ကြံခဲ့သူ ဗရူးတပ်
Share on FacebookShare on Twitter

ရောမနိုင်ငံပြု သုခမိန် နှင့် စစ်ဗိုလ်ချုပ်ကြီးဖြစ်သူ မားကပ်ဂျူးနီးယပ် ဗရူးတပ် သည် ရောမသမ္မတနိုင်ငံကို ထူထောင်ခဲ့သော လူးစီးယပ်ဂျူးနီးယပ်ဗရူးတပ်၏ အဆက်အနွယ်ပင်ဖြစ်၍ သမ္မတနိုင်ငံ တည်မြဲရေးကို များစွာလိုလားသူဖြစ်သည်။ သူ့အား ဘီစီ ၈၅ တွင် ရောမမြို့၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူသည် ဗရူးတပ် ငယ်စဉ်ကပင် အသတ်ခံခဲ့ရသဖြင့် ဦးလေးဖြစ်သူ ရောမနိုင်ငံပြု သုခမိန်ကေးကိုး(Caepio) နှင့် မိခင်ဖြစ်သူ ဆာဗီလီးယား(Servilia) တို့က ပညာသင်ကြား ပြုစုပျိုးထောင်ပေးခဲ့သည်။

ဘီစီ ၄၉ ခုတွင် တစ်ဦးတည်းအာဏာရရှိရေးကို ရှေးရှုလျက်ရှိသော ဂျူးလိယက်ဆီဇာ နှင့် စစ်ဗိုလ်ချုပ်ကြီး ပွန်ပီ(ဆီဇာနှင့်အတူ သုံးပွင့်ဆိုင် အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့ခဲ့သူ) တို့ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်၍ ပြည်တွင်းစစ်ဖြစ်ပွားသောအခါ သမ္မတနိုင်ငံတည်မြဲရေးကို လိုလားသူ မားကပ်ဗရူးတပ်သည် မိမိဖခင်အား သတ်ခဲ့သူ ပွန်ပီ ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့လေသည်။

ဘီစီ ၄၈ ခုနှစ်တွင် ဖားဆေးလပ် တိုက်ပွဲ၌ ပွန်ပီသည် ဆီဇာအား မလှန်နိုင်အောင်အရေးနိမ့်ခဲ့သော်လည်း ဗရူးတပ်အား ခင်မင်ရင်းစွဲဖြစ်သူ ဆီဇာက အပြစ်မယူပဲ ခွင့်လွှတ်ခဲ့လေသည်။ ခွင့်လွှတ်ရုံသာမက ဆီဆီလပိုင်း ဂေါလနယ် ဘုရင်ခံ(Governor of Gaul)အဖြစ်ပင် ခန့်ထားလေသေးသည်။ ထိုမျှမက ကြိုက်ရာရာထူးကို တိုးတက်ခန့်ထားပေးမည်ဟုလည်း ဆီဇာက ကတိပြုခဲ့လေသည်။

ဗရူးတပ်သည် ဆီဇာအား အတုံ့အပြန်ခင်မင်သော်လည်း ဆီဇာသည် သက်ဦးဆံပိုင်ဘုရင်သဖွယ် အုပ်စိုးသွားတော့မည်ဟု ယူဆသောကြောင့် ဆီဇာအား လုပ်ကြံရန်စိုင်းပြင်းနေကြသော ကက်ဆီးယပ်တို့ လူစုဘက်မှပါဝင်ကာ ဘီစီ ၄၄ခု မတ်လ ၁၅ ရက် ဆီးနိတ်လွှတ်တော် အစည်းအဝေးတစ်ခုတွင် ဆီဇာအား သူကိုယ်တိုင် ဦးဆောင်ကာ ကာ လုပ်ကြံသတ်ဖြတ်ခဲ့တော့သည်။


ဆီဇာသည် သူ့အား ဓားဖြင့်ထိုးရန်ဝိုင်းလာသော လူစုထဲတွင် သူ သူကောင်းပြုထားသည့် မိတ်ဆွေဖြစ်သူ ဗရူးတပ် ပါဝင်သည်ကို မြင်သောအခါ ‘သြော် ဗရူးတပ် သင်လည်း ကြံရာပါဖြစ်နေပါတကား’ ဟု ကြေကွဲစွာမြည်တမ်းလျှက် မခုခံတော့ပဲ အားလျှော့လိုက်သည်။ ဆီဇာသည် ဓား ချက်ပေါင်း ၂ဝ ကျော်မျှ အထိုးခံရပြီးနောက်၊ ရန်သူဟောင်း ပွန်ပီ၏ ကျောက်ရုပ်ခြေရင်းတွင် အသက်ပျောက်သွားရလေ သည်။

ပွန်ပီ၏ ကျောက်ရုပ်ခြေရင်း သွေးအိုင်ထဲတွင် လဲကျနေသော ဆီဇာ၏ အလောင်းအနီးတွင် ဗရူးတပ်က ” ဆီဇာသည် ငါ့ကိုချစ်ခင်သူဖြစ်သဖြင့် သူ့အတွက်ငါငိုကြွေး၏။ သူ့အောင်မြင်မှုများကို ငါအားရဝမ်းသာဖြစ်ခဲ့၏။ သူသည် ရဲရင့်သောကြောင့် ငါဂုဏ်ပြု၏။ သို့ရာတွင် အာဏာရှင်ဖြစ်လိုသော စိတ်ရှိသူဖြစ်သောကြောင့် သူ့ကို ငါသတ်ရသည်” ဟု ဆိုခဲ့လေသည်။

ဆီဇာကွယ်လွန်ပြီးနောက် ဗရူးတပ်သည် ကက်ဆီးယပ်နှင့်အတူ မက်ဆီဒိုးနီးယားသို့ ခေတ္တတိမ်းရှောင်ကာ စစ်သားစုဆောင်းနေခဲ့သည်။ ဘီစီ ၄၂ ခုနှစ်တွင် အော့တေးဗီးယပ်ဆီဇာ နှင့် အန်တိုနီတို့အား စုဆောင်းထားသော စစ်သည်တို့နှင့် တိုက်ခိုက်သော်လည်း စစ်ရှုံးသဖြင့် ဗရူးတပ်သည် သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေသည်။ အချင်းချင်းသစ္စာဖောက်သူ နောက်ကျောကို ဓားနဲ့ထိုးသူများအား ဗရူးတပ်လို လူမျိုးဟု ခိုင်းနှိုင်းလေ့ရှိကြသည်။

Brutus the Younger – En Wikipedia
မြန်မာ့စွယ်စုံကျမ်း အတွဲ ၈

Tags: world historyworld people
Next Post
တခေတ်တခါက ဗားနတ်ပိဋကတ်တိုက်

တခေတ်တခါက ဗားနတ်ပိဋကတ်တိုက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!