(Unicode)
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဂျပန်နိုင်ငံမှာ အိမ်ရှေ့စံမင်းသား နာရူဟီတို နန်းတက်ပြီး ဧကရာဇ်ဘုရင် ဖြစ်လာပါတယ်။ ဒီမတိုင်ခင် တစ်ရက်ကပဲ သူ့ဖခင် ဘုရင်ကြီး အာကီဟီတိုက နန်းစွန့်ပေးခဲ့ပါတယ်။ ဒီ နန်းစွန့်တာနဲ့ နန်းတက်တာတွေကို ရှေးရိုးထုံးတမ်း ရှင်တို ဘာသာရေးအစဉ်အလာတွေအတိုင်းပဲ ကျင်းပကြပါတယ်။ အဲဒီ အခမ်းအနားတွေမှာ အရေးအကြီးဆုံးကတော့ တော်ဝင်နန်းစဉ်ရတနာသုံးပါးပါပဲ။ အဲဒီ နန်းစဉ်ရတနာတွေကတော့ မှန်တစ်ချပ်၊ ဓားတစ်လက်နဲ့ နန်းစဉ်ကျောက်မျက်တစ်လုံးပါ။
ဒီနန်းစဉ်ရတနာတွေ ဘယ်က ဆင်းသက်လာသလဲ၊ ဘယ်မှာ ထားသလဲဆိုတာတွေအားလုံးက လျှို့ဝှက်ဆန်းကြယ် အသိရခက်တဲ့ ပဟေဠိတစ်ခုလိုပါပဲ။ ဒါပေမယ့် အဲဒီ နန်းစဉ်ရတနာတွေဆိုတာကလည်း ဂျပန်ရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေပါတယ်။
ဒီတော်ဝင် နန်းစဉ်ရတနာတွေက ဘာကြောင့် အရေးကြီးတာလဲ။
ဂျပန်မှာ တရားဝင် ပြဋ္ဌာန်း သတ်မှတ်ထားတာ မဟုတ်ပေမယ့် ရှင်တိုဘာသာကို နိုင်ငံတော်ဘာသာမျိုး သဖွယ် ကျင့်သုံးကြပါတယ်။ အဲဒီရှင်တိုဘာသာရေး ဓလေ့ထုံးတမ်းတွေမှာ အတိတ်က ဝိဉာဉ်တွေနဲ့ လက်ရှိ ဘဝရဲ့ ဆက်နွယ်မှုတွေကို အလေးထား အသိအမှတ်ပြုပြီး ကျင်းပတဲ့ အစဉ်အလာတွေ ရှိပါတယ်။ ဒီ ရှင်တိုအခမ်းအနားမှာ တော်ဝင်နန်းစဉ် ရတနာတွေရဲ့ ကဏ္ဍက အရေးပါပါတယ်။ ဒီနန်းစဉ်ရတနာတွေကို နတ်ဘုရားတွေက သူတို့က ဆင်းသက်တယ်လို့ ယူဆယုံကြည်ကြတဲ့ ဧကရာဇ်မင်းတွေကို အစဉ်အလာအတိုင်း လက်ဆင့်ကမ်း လွှဲပေးခဲ့ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ တော်ဝင်သရဖူ မဆောင်းတဲ့ ဂျပန်ဘုရင်တွေအတွက် ဒီ နန်းစဉ်ရတနာတွေက သူတို့ရဲ့ သြဇာ အာဏာကို ပြသတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ ရတနာတွေဟာ သိပ်ကို လေးနက် မြင့်မြတ်လွန်းတော့ ဘယ်သူမှ တွေ့ခွင့်မြင်ခွင့်မရပဲ သိမ်းဆည်းထားပါတယ်။ ဘယ်တုန်းက ဒီ ရတနာတွေကို လုပ်ထားတာလဲ ဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးဘူးလို့ နာဂိုယာတက္ကသိုလ်က ပါမောက္ခ ဟိဒေးယ ကာဝါနီရှီက ဘီဘီစီကို ပြောပါတယ်။ ဧကရာဇ်ဘုရင် ကိုယ်တိုင်တောင် မြင်ဖူးတာ မဟုတ်ပါဘူးလို့ သူက ဆက်ပြောပါတယ်။
တကယ်ဆိုရင် နန်းတက်ပွဲမှာ နန်းစဉ်ရတနာ အစစ်တွေတောင် သုံးတာမဟုတ်ပါဘူးလို့ တချို့က ပြောပါတယ်။ အစစ်တွေကိုတော့ တကယ်ရှိခဲ့ရင်တောင် သူတို့ကို ထိမ်းသိမ်းထားတဲ့ ရှင်တိုဘုရားကျောင်းတွေမှာပဲ သိမ်းထားပြီး နန်းတက်ပွဲမှာ ပုံစံတူတွေကိုပဲ သုံးလိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီ ပုံစံတူတွေကိုတောင် တခြားလူတွေ မြင်တွေ့ခွင့်ရတာတော့ မဟုတ်ပါဘူး။
၁။ ယာတနော့ ကာဂါမိ – နန်းစဉ် မှန်ချပ်
သက်တမ်း နှစ်ပေါင်း ၁၀၀၀ ကျော်ပြီလို့ဆိုတဲ့ ဒီမှန်ချပ်ကိုတော့ မီယဲပြည်နယ်က အီဆဲဘုရားကျောင်းတော်ကြီးမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။ ဂျပန် စာရိတ္တဗေဒတက္ကသိုလ်က ရှင်ဆုကေး တာကေနာကာ ကတော့ တော်ဝင်နန်းစဉ်ရတနာတွေထဲမှာ ဒီမှန်က အရေးအပါဆုံးလို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ်က နန်းတက်ပွဲမှာ ဒီမှန် တစ်ခုပဲ မပါပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ ရိုးရာဒဏ္ဍာရီတွေထဲမှာတော့ မှန်တွေမှာ နတ်တန်ခိုးရှိကြပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ တော်ဝင်နန်းတွင်း အခမ်းအနားတွေမှာ ယာတနော့ ကာဂါမိ လို့ ခေါ်တဲ့ ရှစ်ထောင့်ပါမှန်ချပ်ဟာ ဧကရာဇ် ဘုရင်ရဲ့ အသိဉာဏ်ပညာကို ကိုယ်စားပြုတယ်ဆိုပြီး သုံးစွဲကြပါတယ်။
ဂျပန်ရဲ့ သမိုင်းနဲ့ ဒဏ္ဍာရီတွေကို ရေးထိုးမှတ်တမ်းတင်ထားတဲ့ ကိုဂျိကိရှေးဟောင်းမှတ်တမ်းကြီး အဆိုအရဆိုရင် ယာတနော့ ကာဂါမီကို အီရှီကိုရီဒိုမေနတ်သားက ဖန်တီးပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ နေနတ်သမီး အာမာတေရဆုက သူ့အစ်ကိုတော် ပင်လယ်နဲ့ မုန်တိုင်းနတ်သား ဆူဆာနိုးနဲ့ စစ်ပွဲဆင်ပြီးတဲ့အချိန်မှာ ကမ္ဘာလောကကြီးရဲ့ အလင်းရောင်ကိုပါ ယူဆောင်ပြီး ဂူတစ်ခုထဲကို ဝင်ရောက် ရှောင်တိမ်းခဲ့ပါတယ်။
ဆူဆာနိုးက ပါတီပွဲကြီးတစ်ခု ကျင်းပပြီး ညီမတော်ကို အပြင်ထွက်လာဖို့ ဆွဲဆောင်ပါတယ်။ အာမာတေရဆုဟာ မှန်ထဲမှာ ပြန်မြင်ရတဲ့ သူ့အလင်းရောင်ကြောင့် မျက်စိတွေကျိန်းပြီး မမြင်နိုင်ဖြစ်ရပါတယ်။ မောင်နှစ်မနှစ်ယောက် စစ်ပြေငြိမ်းကြပြီး ကမ္ဘာလောကကြီးဆီကိုလည်း အလင်းရောင်ကို ပြန်ဆောင်ယူလာပေးနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ မှန်တော်ရော တခြားရတနာတွေပါ အာမာတေရဆုရဲ့ မြေးတော် နီနိဂိရဲ့ လက်ထဲ ရောက်လာပါတယ်။ ပါမောက္ခ တာကေနာကာကတော့ ဒဏ္ဍာရီတွေကို ကိုးကားပြီး ဘွားအေကြီး အာမာတေရဆုနတ်သမီးကြီးက မြေးတော် နီနိဂိကို အဲဒီမှန်ကို အဘွားရဲ့ ဝိဉာဉ်အမှတ်နဲ့ ပြုစုစောင့်ရှောက်ပါ။ သန့်စင်သော ကိုယ်ခန္ဓာ စိတ်ဓာတ်နဲ့ စောင့်ရှာက်ပါလို့ မှာခဲ့တယ်လို့ ဆိုပါတယ်။ နီနိဂိဟာ ဘီစီ ၆၆၀ မှာ ဂျပန်ရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်လာသူလို့ ရာဇဝင်တွေက ဆိုတဲ့ ဂျင်မုဘုရင်ကြီးရဲ့ အဘေးတော်သူလို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။
၂။ ကူဆာနာဂိနော့ ဆုရုဂိ – တော်ဝင်ဓား
ကူဆာနာဂိနော့ ဆုရုဂိလို့ခေါ်တဲ့ မြက်ဖြတ်ဓားကို ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာက သိပ်မရှင်းပါဘူး။ ဒါပေမယ့် နာဂိုယာမြို့က အတ်ဆုတဘုရားကျောင်းမှာ ဖြစ်မယ်လို့ အများက ယုံကြည်ထားပါတယ်။ ဒဏ္ဍာရီအဆိုအရဆိုရင် ဒီဓားဟာ လူချမ်းသာ မိသားစုရဲ့ သမီးတော်တွေကို ဝါးမျိုစားသောက်နေတဲ့ ခေါင်းရှစ်လုံးပါတဲ့ မြွေကြီးရဲ့ အမြီးမှာပေါက်တဲ့ ဓားလို့ ဆိုကြပါတယ်။
ဖခင်ကြီးက ဆူဆာနိုးကို ဒီမြွေကြီးကို နှိမ်နင်းပေးဖို့ အကူအညီတောင်းပါတယ်။ အောင်မြင်ရင် မြွေကြီး မစားသေးဘဲ ကျန်နေသေးတဲ့ နောက်ဆုံး သမီးတော်နဲ့ ပေးစားပါမယ်လို့လည်း ကတိပြုပါတယ်။ ဆူဆာနိုးက မြွေကြီးကို လှည့်ဖျားပြီး အရက်တွေမူးအောင်တိုက်၊ ပြီးတဲ့အခါ မြွေကြီးရဲ့ အမြီးကို ဖြတ်လို့ ဓားကို ယူလိုက်ပါတယ်။
ဒါပေမယ့် ဓားက သူ့လက်ထဲမှာလည်း ကြာကြာမခံပါဘူး။ သူ့ နှမတော် အာမာတေရဆုနဲ့ စစ်ပြေငြိမ်းရာမှာ ဒီဓားကို ပေးလိုက်ရပါတယ်။ ဒီဓားက ဧကရာဇ်ဘုရင်ရဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဒီဓားအကြောင်းလည်း နောက်ထပ်ဘာမှ မသိရ၊ ဘယ်နေရာမှာ သိမ်းထားမှန်းလည်း မသိကြတော့ ဒီဓား တကယ်ရှိရဲ့လားလို့ တချို့ကလည်း မေးခွန်းထုတ်ကြပါတယ်။ တကယ်လည်း ဒီဓားကို လျှို့ဝှက်စွာ သိမ်းဆည်းထားတာပါ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အီဒိုကာလမှာ ဒီဓားကို တွေ့မြင်ဖူးတယ်ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။
၁၂ ရာစုတုန်းက စစ်ပွဲတစ်ခုအတွင်း ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပျောက်သွားတယ်ဆိုတဲ့ အဲဒီဓားကိုယ်တိုင်ကလည်း ပုံတူပွားထားတာသာ ဖြစ်နိုင်ပြီး အခု နန်းတော်မှာ သိမ်းထားတဲ့ နောက်ထပ် ပုံတူပွားထားတဲ့ ဓားတစ်စင်းကိုပဲ နန်းတက်ပွဲ အခမ်းအနားတွေမှာ သုံးနေတာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ တာကေနာကာက ပြောပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဧကရာဇ်ဘုရင် အာကီဟီတိုနန်းတက်တော့ သူ့ကို ကူဆာနာဂီနော့ ဆုရုဂီဓားလို့ ဆိုတဲ့ ဓားကို အဲဒီအခမ်းအနားမှာ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ပေးခဲ့တဲ့ ဓားပါတယ်ဆိုတဲ့ သေတ္တာကတော့ အခုအထိ မဖွင့်ရသေးပါဘူး။
၃။ ယာဆာကာနီနော့ မာဂါတာမာ- တော်ဝင်ကျောက်မြတ်
မာဂါတာမာဆိုတာကတော့ ဘီစီ ၁၀၀၀ လောက်က စပြီး ဂျပန်နိုင်ငံမှာ ပြုလုပ်သုံးစွဲလာတဲ့ ပုတီးစေ့ပုံ ကျောက်တစ်မျိုးဖြစ်ပါတယ်။ ကနဦးမှာ အဆင်အယင်အဖြစ်သုံးခဲ့ရာကနေ နောက်ပိုင်းမှာတော့ အရေးပါတဲ့ သင်္ကေတတစ်ခု ဖြစ်လာပါတယ်။ ဒဏ္ဍာရီတွေထဲက အတိုင်းဆိုရင် ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ ပျော်ရွှင်ခြင်းနတ်သမီး အာမေနော အူဇူမေ ဝတ်ဆင်ခဲ့တဲ့ လည်ဆွဲထဲက ကျောက်တစ်လုံး ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းနတ်သမီးဆိုတာကတော့ အာမာတေရဆုနတ်သမီးကို သူပုန်းနေတဲ့ ဂူထဲက ထွက်လာအောင် ဆွဲဆောင်ခေါ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။
သူက အဲဒီအချိန်က ပုတီးစေ့တွေကို လည်မှာ ဆွဲပြီး ကကွက်ဆန်းတွေ ကပြတဲ့အခါ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး ဂူထဲအောင်းနေတဲ့ နေနတ်သမီးက အာရုံစိုက်မိသွားအောင် ဖြစ်ပါတယ်။ ဘယ်လို အစပြုခဲ့တယ်ပဲဆိုဆို ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ ယာဆာကာနီနော့ မာဂါတာမာကျောက်ဟာ နန်းစဉ် ရတနာသုံးမျိုးထဲမှာ တစ်ခုတည်းသော မူရင်း ပစ္စည်းဖြစ်နိုင်ပါတယ်။ အဲဒီကျောက်ကို တိုကျိုက ဘုရင့်နန်းတော်မှာ သိမ်းထားပါတယ်။ နန်းတက်ပွဲ အခမ်းအနားမှာ ဆို ဧကရာဇ်ဘုရင်ကြီးရဲ့ စိတ်နှလုံးကောင်းမွန်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထုတ်သုံးတာ ဖြစ်ပါတယ်။
ဒီတော်ဝင်ရတနာတွေကို ဂျပန်လူထုက ဘယ်လောက် ယုံကြည်ကြသလဲ
ဂျပန်ဧကရာဇ်အဆက်ဆက်က သူတို့ဟာ နေနတ်သမီး အာမာတာရဆုက ဆင်းသက်တာလို့ ခံယူကြပေမယ့် သူတို့ကိုယ်သူတို့တော့ နတ်ဘုရားတွေလို့ မခံယူကြပါဘူး။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးအပြီး ဧကရာဇ်ဘုရင်ကြီး ဟီရိုဟီတိုက သူ့ရဲ့ နေမျိုးနွယ်နတ်ဘုရားအဆင့်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒီကနေ့အထိ အဲဒီ ရတနာတွေမှာ နတ်ဘုရားတွေရဲ့ စွမ်းအင်တွေ ရှိတယ်လို့ ယုံကြည်ကြသူတွေ ဂျပန်မှာ အများအပြား ရှိနေပါတယ်လို့ ပါမောက္ခကာဝါနီရှီကပြောပါတယ်။ ဒါပေမယ့် ဒီရတနာတွေဟာ တခြားနိုင်ငံက ဘုရင်တွေဆောင်းတဲ့ သရဖူလိုပဲ အဆောင်အယောင် သက်သက်ပါလို့ ယူဆသူတွေလည်း အများကြီး ရှိနေပါပြီလို့ သူက ဆိုပါတယ်။
ဒီ ရတနာတွေဟာ ဧကရာဇ်ဘုရင်နဲ့ ပတ်သက်ပြီး လျှို့ဝှက် အသိရခက်မှုကို ကူညီဖော်ပြပေးတာက တစ်ကြောင်း၊ ဒီ ဘုရင်မင်းဆက်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်ဆက်တစ်စပ်တည်း တည်ရှိခဲ့တယ်ဆိုတာကို ပြနေတဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်တာက တစ်ကြောင်း အရေးပါနေတာဖြစ်တယ်လို့ မစ္စတာကာဝါနီရှီက ဆိုပါတယ်။ ပညာရှင်တွေအကြား နောက်ထပ် အမြင်တစ်မျိုးကတော့ ဒီ ရတနာတွေဟာ ဂျပန်ရဲ့ ရှေးရင်း လူမျိုးတွေနဲ့ နောက်မှ ရောက်လာသူတွေအကြား ရောစပ်ပေါင်းကူးမှု တစ်ခုအဖြစ် မြင်ထားကြတာ ဖြစ်ပါတယ်။
ဧကရာဇ်ဘုရင်ကြီးဟာ ခွဲခြားမှုမရှိ လူမျိုးစု အုပ်စုအားလုံးကို ညီညွတ်အောင်စုစည်းရမယ်ဆိုတဲ့ အမြင်ကို ကိုယ်စားပြုတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀ ရာစုခေတ်မှာတော့ ရှေးဟောင်းရတနာသုံးပါး ဆိုတာက ခေတ်နဲ့ လိုက်လျောညီထွေစွာပဲ လူတွေအတွက် လက်တွေ့ဆန်ဆန် မရှိမဖြစ်တဲ့ ပစ္စည်းသုံးမျိုးကို ရည်ညွှန်းတာဆိုပြီး ပြောလာကြတယ်လို့လည်း ပါမောက္ခကာဝါရှီနီက ပြောပါတယ်။ အဲဒီ ပစ္စည်းတွေကတော့ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မူရင်းရေးသားသူ – အန်နာ ဂျုံးစ် ၊ ဖြည့်စွက်ရေးသားသူ – မာရီကိုအွီး
BBC Burmese
(Zawgyi)
ဂ်ပန္ဧကရာဇ္ေတြရဲ႕ ေတာ္၀င္ နန္းစဥ္ ရတနာ ၃ မ်ဳိး
ၿပီးခဲ့တဲ့ ေမလ ၁ ရက္ေန႔က ဂ်ပန္ႏိုင္ငံမွာ အိမ္ေရွ႕စံမင္းသား နာ႐ူဟီတို နန္းတက္ၿပီး ဧကရာဇ္ဘုရင္ ျဖစ္လာပါတယ္။ ဒီမတိုင္ခင္ တစ္ရက္ကပဲ သူ႔ဖခင္ ဘုရင္ႀကီး အာကီဟီတိုက နန္းစြန႔္ေပးခဲ့ပါတယ္။ ဒီ နန္းစြန႔္တာနဲ႔ နန္းတက္တာေတြကို ေရွး႐ိုးထုံးတမ္း ရွင္တို ဘာသာေရးအစဥ္အလာေတြအတိုင္းပဲ က်င္းပၾကပါတယ္။ အဲဒီ အခမ္းအနားေတြမွာ အေရးအႀကီးဆုံးကေတာ့ ေတာ္ဝင္နန္းစဥ္ရတနာသုံးပါးပါပဲ။ အဲဒီ နန္းစဥ္ရတနာေတြကေတာ့ မွန္တစ္ခ်ပ္၊ ဓားတစ္လက္နဲ႔ နန္းစဥ္ေက်ာက္မ်က္တစ္လုံးပါ။
ဒီနန္းစဥ္ရတနာေတြ ဘယ္က ဆင္းသက္လာသလဲ၊ ဘယ္မွာ ထားသလဲဆိုတာေတြအားလုံးက လွ်ိဳ႕ဝွက္ဆန္းၾကယ္ အသိရခက္တဲ့ ပေဟဠိတစ္ခုလိုပါပဲ။ ဒါေပမယ့္ အဲဒီ နန္းစဥ္ရတနာေတြဆိုတာကလည္း ဂ်ပန္ရဲ႕ သမိုင္းေၾကာင္း၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြနဲ႔ နက္နက္ရႈိင္းရႈိင္း ဆက္ႏြယ္ပတ္သက္ေနပါတယ္။
ဒီေတာ္ဝင္ နန္းစဥ္ရတနာေတြက ဘာေၾကာင့္ အေရးႀကီးတာလဲ။
ဂ်ပန္မွာ တရားဝင္ ျပ႒ာန္း သတ္မွတ္ထားတာ မဟုတ္ေပမယ့္ ရွင္တိုဘာသာကို ႏိုင္ငံေတာ္ဘာသာမ်ိဳး သဖြယ္ က်င့္သုံးၾကပါတယ္။ အဲဒီရွင္တိုဘာသာေရး ဓေလ့ထုံးတမ္းေတြမွာ အတိတ္က ဝိဉာဥ္ေတြနဲ႔ လက္ရွိ ဘဝရဲ႕ ဆက္ႏြယ္မႈေတြကို အေလးထား အသိအမွတ္ျပဳၿပီး က်င္းပတဲ့ အစဥ္အလာေတြ ရွိပါတယ္။ ဒီ ရွင္တိုအခမ္းအနားမွာ ေတာ္ဝင္နန္းစဥ္ ရတနာေတြရဲ႕ က႑က အေရးပါပါတယ္။ ဒီနန္းစဥ္ရတနာေတြကို နတ္ဘုရားေတြက သူတို႔က ဆင္းသက္တယ္လို႔ ယူဆယုံၾကည္ၾကတဲ့ ဧကရာဇ္မင္းေတြကို အစဥ္အလာအတိုင္း လက္ဆင့္ကမ္း လႊဲေပးခဲ့ၾကတယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ေတာ္ဝင္သရဖူ မေဆာင္းတဲ့ ဂ်ပန္ဘုရင္ေတြအတြက္ ဒီ နန္းစဥ္ရတနာေတြက သူတို႔ရဲ႕ ၾသဇာ အာဏာကို ျပသတဲ့ သေကၤတေတြ ျဖစ္ပါတယ္။
ဒါေပမယ့္ ဒီ ရတနာေတြဟာ သိပ္ကို ေလးနက္ ျမင့္ျမတ္လြန္းေတာ့ ဘယ္သူမွ ေတြ႕ခြင့္ျမင္ခြင့္မရပဲ သိမ္းဆည္းထားပါတယ္။ ဘယ္တုန္းက ဒီ ရတနာေတြကို လုပ္ထားတာလဲ ဆိုတာလည္း မသိပါဘူး။ ကြၽန္ေတာ္တို႔ တစ္ခါမွ မျမင္ဖူးဘူးလို႔ နာဂိုယာတကၠသိုလ္က ပါေမာကၡ ဟိေဒးယ ကာဝါနီရွီက ဘီဘီစီကို ေျပာပါတယ္။ ဧကရာဇ္ဘုရင္ ကိုယ္တိုင္ေတာင္ ျမင္ဖူးတာ မဟုတ္ပါဘူးလို႔ သူက ဆက္ေျပာပါတယ္။
တကယ္ဆိုရင္ နန္းတက္ပြဲမွာ နန္းစဥ္ရတနာ အစစ္ေတြေတာင္ သုံးတာမဟုတ္ပါဘူးလို႔ တခ်ိဳ႕က ေျပာပါတယ္။ အစစ္ေတြကိုေတာ့ တကယ္ရွိခဲ့ရင္ေတာင္ သူတို႔ကို ထိမ္းသိမ္းထားတဲ့ ရွင္တိုဘုရားေက်ာင္းေတြမွာပဲ သိမ္းထားၿပီး နန္းတက္ပြဲမွာ ပုံစံတူေတြကိုပဲ သုံးလိမ့္မယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။ အဲဒီ ပုံစံတူေတြကိုေတာင္ တျခားလူေတြ ျမင္ေတြ႕ခြင့္ရတာေတာ့ မဟုတ္ပါဘူး။
၁။ ယာတေနာ့ ကာဂါမိ – နန္းစဥ္ မွန္ခ်ပ္
သက္တမ္း ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ၿပီလို႔ဆိုတဲ့ ဒီမွန္ခ်ပ္ကိုေတာ့ မီယဲျပည္နယ္က အီဆဲဘုရားေက်ာင္းေတာ္ႀကီးမွာ ထိန္းသိမ္းထားတယ္လို႔ ယူဆရပါတယ္။ ဂ်ပန္ စာရိတၱေဗဒတကၠသိုလ္က ရွင္ဆုေကး တာေကနာကာ ကေတာ့ ေတာ္ဝင္နန္းစဥ္ရတနာေတြထဲမွာ ဒီမွန္က အေရးအပါဆုံးလို႔ ဆိုပါတယ္။ ၁၉၈၉ ခုႏွစ္က နန္းတက္ပြဲမွာ ဒီမွန္ တစ္ခုပဲ မပါပဲ က်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။
ဂ်ပန္ရဲ႕ ႐ိုးရာဒ႑ာရီေတြထဲမွာေတာ့ မွန္ေတြမွာ နတ္တန္ခိုးရွိၾကၿပီး အမွန္တရားကို ေဖာ္ထုတ္ေပးႏိုင္တဲ့ စြမ္းအင္ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။ ေတာ္ဝင္နန္းတြင္း အခမ္းအနားေတြမွာ ယာတေနာ့ ကာဂါမိ လို႔ ေခၚတဲ့ ရွစ္ေထာင့္ပါမွန္ခ်ပ္ဟာ ဧကရာဇ္ ဘုရင္ရဲ႕ အသိဉာဏ္ပညာကို ကိုယ္စားျပဳတယ္ဆိုၿပီး သုံးစြဲၾကပါတယ္။
ဂ်ပန္ရဲ႕ သမိုင္းနဲ႔ ဒ႑ာရီေတြကို ေရးထိုးမွတ္တမ္းတင္ထားတဲ့ ကိုဂ်ိကိေရွးေဟာင္းမွတ္တမ္းႀကီး အဆိုအရဆိုရင္ ယာတေနာ့ ကာဂါမီကို အီရွီကိုရီဒိုေမနတ္သားက ဖန္တီးျပဳလုပ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ေနနတ္သမီး အာမာေတရဆုက သူ႔အစ္ကိုေတာ္ ပင္လယ္နဲ႔ မုန္တိုင္းနတ္သား ဆူဆာႏိုးနဲ႔ စစ္ပြဲဆင္ၿပီးတဲ့အခ်ိန္မွာ ကမာၻေလာကႀကီးရဲ႕ အလင္းေရာင္ကိုပါ ယူေဆာင္ၿပီး ဂူတစ္ခုထဲကို ဝင္ေရာက္ ေရွာင္တိမ္းခဲ့ပါတယ္။
ဆူဆာႏိုးက ပါတီပြဲႀကီးတစ္ခု က်င္းပၿပီး ညီမေတာ္ကို အျပင္ထြက္လာဖို႔ ဆြဲေဆာင္ပါတယ္။ အာမာေတရဆုဟာ မွန္ထဲမွာ ျပန္ျမင္ရတဲ့ သူ႔အလင္းေရာင္ေၾကာင့္ မ်က္စိေတြက်ိန္းၿပီး မျမင္ႏိုင္ျဖစ္ရပါတယ္။ ေမာင္ႏွစ္မႏွစ္ေယာက္ စစ္ေျပၿငိမ္းၾကၿပီး ကမာၻေလာကႀကီးဆီကိုလည္း အလင္းေရာင္ကို ျပန္ေဆာင္ယူလာေပးႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ မွန္ေတာ္ေရာ တျခားရတနာေတြပါ အာမာေတရဆုရဲ႕ ေျမးေတာ္ နီနိဂိရဲ႕ လက္ထဲ ေရာက္လာပါတယ္။ ပါေမာကၡ တာေကနာကာကေတာ့ ဒ႑ာရီေတြကို ကိုးကားၿပီး ဘြားေအႀကီး အာမာေတရဆုနတ္သမီးႀကီးက ေျမးေတာ္ နီနိဂိကို အဲဒီမွန္ကို အဘြားရဲ႕ ဝိဉာဥ္အမွတ္နဲ႔ ျပဳစုေစာင့္ေရွာက္ပါ။ သန႔္စင္ေသာ ကိုယ္ခႏၶာ စိတ္ဓာတ္နဲ႔ ေစာင့္ရွာက္ပါလို႔ မွာခဲ့တယ္လို႔ ဆိုပါတယ္။ နီနိဂိဟာ ဘီစီ ၆၆၀ မွာ ဂ်ပန္ရဲ႕ ပထမဆုံး ဧကရာဇ္ျဖစ္လာသူလို႔ ရာဇဝင္ေတြက ဆိုတဲ့ ဂ်င္မုဘုရင္ႀကီးရဲ႕ အေဘးေတာ္သူလို႔ ဒ႑ာရီေတြက ဆိုပါတယ္။
၂။ ကူဆာနာဂိေနာ့ ဆု႐ုဂိ – ေတာ္ဝင္ဓား
ကူဆာနာဂိေနာ့ ဆု႐ုဂိလို႔ေခၚတဲ့ ျမက္ျဖတ္ဓားကို ဘယ္ေနရာမွာ သိမ္းထားသလဲဆိုတာက သိပ္မရွင္းပါဘူး။ ဒါေပမယ့္ နာဂိုယာၿမိဳ႕က အတ္ဆုတဘုရားေက်ာင္းမွာ ျဖစ္မယ္လို႔ အမ်ားက ယုံၾကည္ထားပါတယ္။ ဒ႑ာရီအဆိုအရဆိုရင္ ဒီဓားဟာ လူခ်မ္းသာ မိသားစုရဲ႕ သမီးေတာ္ေတြကို ဝါးမ်ိဳစားေသာက္ေနတဲ့ ေခါင္းရွစ္လုံးပါတဲ့ ေႁမြႀကီးရဲ႕ အၿမီးမွာေပါက္တဲ့ ဓားလို႔ ဆိုၾကပါတယ္။
ဖခင္ႀကီးက ဆူဆာႏိုးကို ဒီေႁမြႀကီးကို ႏွိမ္နင္းေပးဖို႔ အကူအညီေတာင္းပါတယ္။ ေအာင္ျမင္ရင္ ေႁမြႀကီး မစားေသးဘဲ က်န္ေနေသးတဲ့ ေနာက္ဆုံး သမီးေတာ္နဲ႔ ေပးစားပါမယ္လို႔လည္း ကတိျပဳပါတယ္။ ဆူဆာႏိုးက ေႁမြႀကီးကို လွည့္ဖ်ားၿပီး အရက္ေတြမူးေအာင္တိုက္၊ ၿပီးတဲ့အခါ ေႁမြႀကီးရဲ႕ အၿမီးကို ျဖတ္လို႔ ဓားကို ယူလိုက္ပါတယ္။
ဒါေပမယ့္ ဓားက သူ႔လက္ထဲမွာလည္း ၾကာၾကာမခံပါဘူး။ သူ႔ ႏွမေတာ္ အာမာေတရဆုနဲ႔ စစ္ေျပၿငိမ္းရာမွာ ဒီဓားကို ေပးလိုက္ရပါတယ္။ ဒီဓားက ဧကရာဇ္ဘုရင္ရဲ႕ ရဲစြမ္းသတၱိကို ကိုယ္စားျပဳပါတယ္။ ဒါေပမယ့္ ဒီဓားအေၾကာင္းလည္း ေနာက္ထပ္ဘာမွ မသိရ၊ ဘယ္ေနရာမွာ သိမ္းထားမွန္းလည္း မသိၾကေတာ့ ဒီဓား တကယ္ရွိရဲ႕လားလို႔ တခ်ိဳ႕ကလည္း ေမးခြန္းထုတ္ၾကပါတယ္။ တကယ္လည္း ဒီဓားကို လွ်ိဳ႕ဝွက္စြာ သိမ္းဆည္းထားတာပါ။ ၁၇ ရာစုနဲ႔ ၁၉ ရာစုၾကား အီဒိုကာလမွာ ဒီဓားကို ေတြ႕ျမင္ဖူးတယ္ဆိုတဲ့ ဘုန္းေတာ္ႀကီး တစ္ပါးဟာလည္း ေပ်ာက္ဆုံးသြားခဲ့ပါတယ္။
၁၂ ရာစုတုန္းက စစ္ပြဲတစ္ခုအတြင္း ပင္လယ္ထဲမွာ ေပ်ာက္ဆုံးသြားခဲ့တယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေပ်ာက္သြားတယ္ဆိုတဲ့ အဲဒီဓားကိုယ္တိုင္ကလည္း ပုံတူပြားထားတာသာ ျဖစ္ႏိုင္ၿပီး အခု နန္းေတာ္မွာ သိမ္းထားတဲ့ ေနာက္ထပ္ ပုံတူပြားထားတဲ့ ဓားတစ္စင္းကိုပဲ နန္းတက္ပြဲ အခမ္းအနားေတြမွာ သုံးေနတာ ျဖစ္ႏိုင္တယ္လို႔ ပါေမာကၡ တာေကနာကာက ေျပာပါတယ္။ ၁၉၈၉ ခုႏွစ္မွာ ဧကရာဇ္ဘုရင္ အာကီဟီတိုနန္းတက္ေတာ့ သူ႔ကို ကူဆာနာဂီေနာ့ ဆု႐ုဂီဓားလို႔ ဆိုတဲ့ ဓားကို အဲဒီအခမ္းအနားမွာ ေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ကို ေပးခဲ့တဲ့ ဓားပါတယ္ဆိုတဲ့ ေသတၱာကေတာ့ အခုအထိ မဖြင့္ရေသးပါဘူး။
၃။ ယာဆာကာနီေနာ့ မာဂါတာမာ- ေတာ္ဝင္ေက်ာက္ျမတ္
မာဂါတာမာဆိုတာကေတာ့ ဘီစီ ၁၀၀၀ ေလာက္က စၿပီး ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္သုံးစြဲလာတဲ့ ပုတီးေစ့ပုံ ေက်ာက္တစ္မ်ိဳးျဖစ္ပါတယ္။ ကနဦးမွာ အဆင္အယင္အျဖစ္သုံးခဲ့ရာကေန ေနာက္ပိုင္းမွာေတာ့ အေရးပါတဲ့ သေကၤတတစ္ခု ျဖစ္လာပါတယ္။ ဒ႑ာရီေတြထဲက အတိုင္းဆိုရင္ ယာဆာကာနီေနာ့ မာဂါတာမာေက်ာက္ဟာ ေပ်ာ္႐ႊင္ျခင္းနတ္သမီး အာေမေနာ အူဇူေမ ဝတ္ဆင္ခဲ့တဲ့ လည္ဆြဲထဲက ေက်ာက္တစ္လုံး ျဖစ္ပါတယ္။ ေပ်ာ္႐ႊင္ျခင္းနတ္သမီးဆိုတာကေတာ့ အာမာေတရဆုနတ္သမီးကို သူပုန္းေနတဲ့ ဂူထဲက ထြက္လာေအာင္ ဆြဲေဆာင္ေခၚထုတ္ခဲ့သူ ျဖစ္ပါတယ္။
သူက အဲဒီအခ်ိန္က ပုတီးေစ့ေတြကို လည္မွာ ဆြဲၿပီး ကကြက္ဆန္းေတြ ကျပတဲ့အခါ လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၿပီး ဂူထဲေအာင္းေနတဲ့ ေနနတ္သမီးက အာ႐ုံစိုက္မိသြားေအာင္ ျဖစ္ပါတယ္။ ဘယ္လို အစျပဳခဲ့တယ္ပဲဆိုဆို ေက်ာက္စိမ္းနဲ႔ လုပ္ထားတဲ့ ယာဆာကာနီေနာ့ မာဂါတာမာေက်ာက္ဟာ နန္းစဥ္ ရတနာသုံးမ်ိဳးထဲမွာ တစ္ခုတည္းေသာ မူရင္း ပစၥည္းျဖစ္ႏိုင္ပါတယ္။ အဲဒီေက်ာက္ကို တိုက်ိဳက ဘုရင့္နန္းေတာ္မွာ သိမ္းထားပါတယ္။ နန္းတက္ပြဲ အခမ္းအနားမွာ ဆို ဧကရာဇ္ဘုရင္ႀကီးရဲ႕ စိတ္ႏွလုံးေကာင္းမြန္မႈကို ကိုယ္စားျပဳတဲ့ သေကၤတအျဖစ္ ထုတ္သုံးတာ ျဖစ္ပါတယ္။
ဒီေတာ္ဝင္ရတနာေတြကို ဂ်ပန္လူထုက ဘယ္ေလာက္ ယုံၾကည္ၾကသလဲ
ဂ်ပန္ဧကရာဇ္အဆက္ဆက္က သူတို႔ဟာ ေနနတ္သမီး အာမာတာရဆုက ဆင္းသက္တာလို႔ ခံယူၾကေပမယ့္ သူတို႔ကိုယ္သူတို႔ေတာ့ နတ္ဘုရားေတြလို႔ မခံယူၾကပါဘူး။ ဒုတိယကမာၻစစ္မွာ ဂ်ပန္စစ္ရႈံးအၿပီး ဧကရာဇ္ဘုရင္ႀကီး ဟီ႐ိုဟီတိုက သူ႔ရဲ႕ ေနမ်ိဳးႏြယ္နတ္ဘုရားအဆင့္ကို စြန႔္လႊတ္ခဲ့ပါတယ္။ ဒီကေန႔အထိ အဲဒီ ရတနာေတြမွာ နတ္ဘုရားေတြရဲ႕ စြမ္းအင္ေတြ ရွိတယ္လို႔ ယုံၾကည္ၾကသူေတြ ဂ်ပန္မွာ အမ်ားအျပား ရွိေနပါတယ္လို႔ ပါေမာကၡကာဝါနီရွီကေျပာပါတယ္။ ဒါေပမယ့္ ဒီရတနာေတြဟာ တျခားႏိုင္ငံက ဘုရင္ေတြေဆာင္းတဲ့ သရဖူလိုပဲ အေဆာင္အေယာင္ သက္သက္ပါလို႔ ယူဆသူေတြလည္း အမ်ားႀကီး ရွိေနပါၿပီလို႔ သူက ဆိုပါတယ္။
ဒီ ရတနာေတြဟာ ဧကရာဇ္ဘုရင္နဲ႔ ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ အသိရခက္မႈကို ကူညီေဖာ္ျပေပးတာက တစ္ေၾကာင္း၊ ဒီ ဘုရင္မင္းဆက္ဟာ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တစ္ဆက္တစ္စပ္တည္း တည္ရွိခဲ့တယ္ဆိုတာကို ျပေနတဲ့ အမွတ္လကၡဏာတစ္ခု ျဖစ္တာက တစ္ေၾကာင္း အေရးပါေနတာျဖစ္တယ္လို႔ မစၥတာကာဝါနီရွီက ဆိုပါတယ္။ ပညာရွင္ေတြအၾကား ေနာက္ထပ္ အျမင္တစ္မ်ိဳးကေတာ့ ဒီ ရတနာေတြဟာ ဂ်ပန္ရဲ႕ ေရွးရင္း လူမ်ိဳးေတြနဲ႔ ေနာက္မွ ေရာက္လာသူေတြအၾကား ေရာစပ္ေပါင္းကူးမႈ တစ္ခုအျဖစ္ ျမင္ထားၾကတာ ျဖစ္ပါတယ္။
ဧကရာဇ္ဘုရင္ႀကီးဟာ ခြဲျခားမႈမရွိ လူမ်ိဳးစု အုပ္စုအားလုံးကို ညီၫြတ္ေအာင္စုစည္းရမယ္ဆိုတဲ့ အျမင္ကို ကိုယ္စားျပဳတယ္လို႔ ယူဆၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀ ရာစုေခတ္မွာေတာ့ ေရွးေဟာင္းရတနာသုံးပါး ဆိုတာက ေခတ္နဲ႔ လိုက္ေလ်ာညီေထြစြာပဲ လူေတြအတြက္ လက္ေတြ႕ဆန္ဆန္ မရွိမျဖစ္တဲ့ ပစၥည္းသုံးမ်ိဳးကို ရည္ၫႊန္းတာဆိုၿပီး ေျပာလာၾကတယ္လို႔လည္း ပါေမာကၡကာဝါရွီနီက ေျပာပါတယ္။ အဲဒီ ပစၥည္းေတြကေတာ့ ႐ုပ္ျမင္သံၾကား၊ ေရခဲေသတၱာနဲ႔ အဝတ္ေလွ်ာ္စက္တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။
မူရင္းေရးသားသူ – အန္နာ ဂ်ဳံးစ္ ၊ ျဖည့္စြက္ေရးသားသူ – မာရီကိုအြီး
BBC Burmese
Discussion about this post