(Unicode)
ဂျင်းဘောင်းဘီ တစ်ထည်ဖြစ်လာဖို့ ရေလီတာပေါင်း ၈ထောင်ခန့် သုံးရပါသတဲ့။ ဒါပေမယ့် အဲလိုရလာတဲ့ ဂျင်းအဝတ်အထည်တွေ ဟောင်းသွားတဲ့အခါ စွန့်ပစ်လျှက်ရှိပြီး အိန္ဒိယမှာ နှစ်စဉ် ဂျင်းအဝတ်အထည်ပေါင်း ၁သန်းခန့်ကို စွန့်ပစ်လျှက်ရှိပါတယ်။ အဲဒီထဲကမှ စုစုပေါင်းရဲ့ ၂၇% ကိုသာ ပြန်လည်အသုံးပြုပြီး ကျန်တဲ့အထည်တွေကတော့ ပုံမှန်အမှိုက်တွေလိုပဲ အမှိုက်ပုံရောက်သွားကြပါတယ်။
ဒါကြောင့် ဒီလိုအလဟသက်သက် ဖြစ်သွားမယ့်အစား ပြန်လည်အသုံးပြုလို့ရမယ့် အိုင်ဒီယာကို သူငယ်ချင်းသုံးယောက်က စဉ်းစားမိခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဟာ Jodhpur မြို့မှာ Solecraft ဆိုတဲ့အဖွဲ့လေး တစ်ဖွဲ့ကို ထူထောင်ခဲ့ကြပါတယ်။ အဲဒီ သုံးယောက်ကတော့ Mrinalini Rajpurohit, Atul Mehta နဲ့ Nikhil Gehlot တို့ဖြစ်ပါတယ်။
သူတို့ဟာ ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁နှစ်လောက်က ထူထောင်ခဲ့တာဖြစ်ပြီး သူတို့ဟာ စွန့်ပစ်ဂျင်းထည်တွေနဲ့ ကျောပိုးအိတ် ၊ ဖိနပ် နဲ့ ခဲတံအိတ်တွေကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ရလာတဲ့ ပစ္စည်းတွေကို Jodhpur ဒေသတဝိုက်က ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေထံ ပြန်လည်လှူဒါန်းခဲ့ကြပါတယ်။
ဒီအဖွဲ့ကိုတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Atul Mehta က အရင်က အထည်လုပ်ငန်းလုပ်ခဲ့သူဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ အဝတ်အထည်တွေဟာ အမှိုက်တွေထဲမှာ တတိယမြောက်စွန့်ပစ်မှု အများဆုံးဖြစ်နေပါတယ်။ ဒီအဝတ်တွေရလာဖို့ လျှပ်စစ် နဲ့ ရေတွေ အများကြီးသုံးခဲ့ရပါတယ်။ စွန့်ပစ်အဝတ်တွေကို တတ်နိုင်သလောက် ပြန်သုံးလို့ရအောင်ဖန်တီးမယ်ဆိုရင် လျှပ်စစ် နဲ့ ရေကို ချွေတာပြီးဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ကိုလည်းအထောက်အကူပေးနိုင်တယ်”လို့ သူကဆိုပါတယ်။
ဒီပြသနာကို သူတွေးမိပြီးတဲ့နောက် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Mrinalini Rajpurohit နဲ့ Nikhil Gehlot တို့ကို တိုင်ပင်ခဲ့ပါတယ်။ သုံးယောက်သား အဖြေရှာကြတဲ့အခါ နောက်ဆုံးမှာတော့ အခုလို အိတ်တွေပြန်ချုပ်ကာ လှူဒါန်းမယ့် အကြံကို ရခဲ့ကြတာဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းဖြစ်ပေမယ့် အသုံးပြုမယ့် ကုန်ကျစရိတ်ကတော့ လိုပါတယ်။ ဒီအတွက် သုံးယောက်သားပေါင်းကာ သူတို့ကိုယ်ပိုင်ငွေထဲကနေ ရူပီး ၁သိန်းကျော်မတည်ခဲ့တယ်။ အဲဒီနောက်တော့ မီဒီယာတွေက တဆင့် အဝတ်အထည်အဟောင်းတွေကို သူတို့ထံ လှူဒါန်းနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ လူတွေကလည်း လိုလိုလားလားပဲ လှူဒါန်းကြတဲ့အတွက် အဝတ်ထည်ဟောင်း အများအပြားရခဲ့ပါတယ်။
အဝတ်အထည်ဟောင်း ၁၅၀၀လောက်ရပြီးတဲ့နောက်မှာတော့ သူတို့ဟာ ဒေသခံစက်ချုပ်ဆရာတွေ နဲ့ အခြားဝန်ထမ်းတွေကို ၁လ ရူပီး ၂သောင်းနဲ့ ငှားရမ်းကာ အိတ်တွေ၊ဖိနပ်တွေ ပြန်လည်ချုပ်ခဲ့ပါတယ်။ လက်ရှိဆိုရင် ဂျင်းကျောပိုးအိတ်ပေါင်း ၁၂၀၀ ခန့်ကို ကလေးငယ်များအတွက် ဖန်တီးလှူဒါန်းပေးနိုင်ခဲ့ပြီး ဒီလုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
အိန္ဒိယက ကလေးငယ် သန်းပေါင်းများစွာဟာ လက်ဗလာ နဲ့ ကျောင်းတက်နေရတာဖြစ်ပြီး သူတို့ရဲ့အခုလို ကူညီမှုဟာ အသေးအဖွဲလို့ ဆိုပေမယ့် ပညာရေးကိုတဖက်တလမ်းက ကူညီပေးသလိုဖြစ်တယ်လို့ သူတို့ကယုံကြည်ကြပါတယ်။ ဆက်လက်ပြီး အနည်းဆုံး ကလေးငယ် ၁သန်းခန့်ကို ကူညီနိုင်တဲ့အထိ ကြိုးပမ်းသွားဖို့ ရည်မှန်းထားကြတယ်လို့ သိရပါတယ်။

(Zawgyi)
ဂ်င္းထည္ေဟာင္းေတြကေန ႏြမ္းပါးကေလးမ်ားအတြက္ ေက်ာပုိးအိတ္ဖန္တီးလွဴဒါန္းေပးေနတဲ့ သူငယ္ခ်င္း ၃ေယာက္
ဂ်င္းေဘာင္းဘီ တစ္ထည္ျဖစ္လာဖုိ႔ ေရလီတာေပါင္း ၈ေထာင္ခန္႔ သုံးရပါသတဲ့။ ဒါေပမယ့္ အဲလုိရလာတဲ့ ဂ်င္းအ၀တ္အထည္ေတြ ေဟာင္းသြားတဲ့အခါ စြန္႔ပစ္လွ်က္ရွိၿပီး အိႏၵိယမွာ ႏွစ္စဥ္ ဂ်င္းအ၀တ္အထည္ေပါင္း ၁သန္းခန္႔ကို စြန္႔ပစ္လွ်က္ရွိပါတယ္။ အဲဒီထဲကမွ စုစုေပါင္းရဲ႕ ၂၇% ကုိသာ ျပန္လည္အသုံးျပဳၿပီး က်န္တဲ့အထည္ေတြကေတာ့ ပုံမွန္အမႈိက္ေတြလုိပဲ အမႈိက္ပုံေရာက္သြားၾကပါတယ္။
ဒါေၾကာင့္ ဒီလုိအလဟသက္သက္ ျဖစ္သြားမယ့္အစား ျပန္လည္အသုံးျပဳလုိ႔ရမယ့္ အုိင္ဒီယာကို သူငယ္ခ်င္းသုံးေယာက္က စဥ္းစားမိခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔ဟာ Jodhpur ၿမုိ႕မွာ Solecraft ဆိုတဲ့အဖြဲ႔ေလး တစ္ဖြဲ႔ကို ထူေထာင္ခဲ့ၾကပါတယ္။ အဲဒီ သုံးေယာက္ကေတာ့ Mrinalini Rajpurohit, Atul Mehta နဲ႔ Nikhil Gehlot တုိ႔ျဖစ္ပါတယ္။
သူတုိ႔ဟာ ဒီအဖြဲ႔ကို လြန္ခဲ့တဲ့ ၁ႏွစ္ေလာက္က ထူေထာင္ခဲ့တာျဖစ္ၿပီး သူတုိ႔ဟာ စြန္႔ပစ္ဂ်င္းထည္ေတြနဲ႔ ေက်ာပုိးအိတ္ ၊ ဖိနပ္ နဲ႔ ခဲတံအိတ္ေတြကို ျပန္လည္ဖန္တီးခဲ့ၾကပါတယ္။ ရလာတဲ့ ပစၥည္းေတြကို Jodhpur ေဒသတ၀ုိက္က ဆင္းရဲႏြမ္းပါးတဲ့ ကေလးငယ္ေတြထံ ျပန္လည္လွဴဒါန္းခဲ့ၾကပါတယ္။
ဒီအဖြဲ႔ကိုတည္ေထာင္သူတစ္ေယာက္ျဖစ္တဲ့ Atul Mehta က အရင္က အထည္လုပ္ငန္းလုပ္ခဲ့သူျဖစ္ပါတယ္။
“ကြ်န္ေတာ္တုိ႔ႏုိင္ငံမွာ အ၀တ္အထည္ေတြဟာ အမႈိက္ေတြထဲမွာ တတိယေျမာက္စြန္႔ပစ္မႈ အမ်ားဆုံးျဖစ္ေနပါတယ္။ ဒီအ၀တ္ေတြရလာဖုိ႔ လွ်ပ္စစ္ နဲ႔ ေရေတြ အမ်ားႀကီးသုံးခဲ့ရပါတယ္။ စြန္႔ပစ္အ၀တ္ေတြကို တတ္ႏုိင္သေလာက္ ျပန္သုံးလုိ႔ရေအာင္ဖန္တီးမယ္ဆုိရင္ လွ်ပ္စစ္ နဲ႔ ေရကို ေခြ်တာၿပီးျဖစ္တဲ့အျပင္ ပတ္၀န္းက်င္ကုိလည္းအေထာက္အကူေပးႏုိင္တယ္”လုိ႔ သူကဆုိပါတယ္။
ဒီျပသနာကို သူေတြးမိၿပီးတဲ့ေနာက္ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္တဲ့ Mrinalini Rajpurohit နဲ႔ Nikhil Gehlot တုိ႔ကို တုိင္ပင္ခဲ့ပါတယ္။ သုံးေယာက္သား အေျဖရွာၾကတဲ့အခါ ေနာက္ဆုံးမွာေတာ့ အခုလုိ အိတ္ေတြျပန္ခ်ဳပ္ကာ လွဴဒါန္းမယ့္ အႀကံကို ရခဲ့ၾကတာျဖစ္ပါတယ္။
ပရဟိတလုပ္ငန္းျဖစ္ေပမယ့္ အသုံးျပဳမယ့္ ကုန္က်စရိတ္ကေတာ့ လုိပါတယ္။ ဒီအတြက္ သုံးေယာက္သားေပါင္းကာ သူတုိ႔ကုိယ္ပုိင္ေငြထဲကေန ရူပီး ၁သိန္းေက်ာ္မတည္ခဲ့တယ္။ အဲဒီေနာက္ေတာ့ မီဒီယာေတြက တဆင့္ အ၀တ္အထည္အေဟာင္းေတြကို သူတုိ႔ထံ လွဴဒါန္းႏုိင္ေၾကာင္း ေၾကျငာခဲ့ပါတယ္။ လူေတြကလည္း လုိလုိလားလားပဲ လွဴဒါန္းၾကတဲ့အတြက္ အ၀တ္ထည္ေဟာင္း အမ်ားအျပားရခဲ့ပါတယ္။
အ၀တ္အထည္ေဟာင္း ၁၅၀၀ေလာက္ရၿပီးတဲ့ေနာက္မွာေတာ့ သူတုိ႔ဟာ ေဒသခံစက္ခ်ဳပ္ဆရာေတြ နဲ႔ အျခား၀န္ထမ္းေတြကို ၁လ ရူပီး ၂ေသာင္းနဲ႔ ငွားရမ္းကာ အိတ္ေတြ၊ဖိနပ္ေတြ ျပန္လည္ခ်ဳပ္ခဲ့ပါတယ္။ လက္ရွိဆုိရင္ ဂ်င္းေက်ာပုိးအိတ္ေပါင္း ၁၂၀၀ ခန္႔ကို ကေလးငယ္မ်ားအတြက္ ဖန္တီးလွဴဒါန္းေပးႏုိင္ခဲ့ၿပီး ဒီလုပ္ငန္းကို ဆက္လက္လည္ပတ္ႏုိင္ဖုိ႔ ႀကုိးစားေနၾကပါတယ္။
အိႏၵိယက ကေလးငယ္ သန္းေပါင္းမ်ားစြာဟာ လက္ဗလာ နဲ႔ ေက်ာင္းတက္ေနရတာျဖစ္ၿပီး သူတုိ႔ရဲ႕အခုလုိ ကူညီမႈဟာ အေသးအဖြဲလုိ႔ ဆုိေပမယ့္ ပညာေရးကိုတဖက္တလမ္းက ကူညီေပးသလုိျဖစ္တယ္လုိ႔ သူတုိ႔ကယုံၾကည္ၾကပါတယ္။ ဆက္လက္ၿပီး အနည္းဆုံး ကေလးငယ္ ၁သန္းခန္႔ကို ကူညီႏုိင္တဲ့အထိ ႀကဳိးပမ္းသြားဖုိ႔ ရည္မွန္းထားၾကတယ္လုိ႔ သိရပါတယ္။
Discussion about this post