Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျူးကလေးငယ်ပေါင်း ၂၅၀၀ကျော်ကို ကယ်ဆယ်ခဲ့သော အမျိုးသမီး

by Thutamm
August 16, 2019
Reading Time: 1min read
0
ဂျူးကလေးငယ်ပေါင်း ၂၅၀၀ကျော်ကို ကယ်ဆယ်ခဲ့သော အမျိုးသမီး
Share on FacebookShare on Twitter

ရေးသားသူ – ချော်ဇန်ခေါင်လွမ်း

အိုင်ရင်းနာ ဆင်ဒီလာ (Irena Sendler) သည် ၁၂ မေ ၂၀၀၈ ခုနှစ် အသက် ၉၈ နှစ်တွင် ပိုလန် ဝါဆောမြို့ တွင် ကွယ်လွန်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ် တုန်းက အိုင်ရင်းနာ သည် ဝါဆော ဂျူးလူမျိုးများနေ သည့်ရပ်ကွက်မှာ မိလ္လာ ရေပိုက်ပြင် ဆရာအဖြစ် လုပ်ဖို့ ခွင့်ပြုချက် ရခဲ့ပါသည်။ သူမတွင် အခြားအကြံအစီ ရှိခဲ့ပါသည်။

သူမသည် ဂျာမန်တို့နှင့် ရင်းနှီးသူဖြစ်သည့်အတွက် နာဇီများသည် ဂျူးတွေကို ဘယ်လို ကြံစီနေကြသည်ကို သိနေခဲ့သည်။ အိုင်ရင်းနာသည် ဂျူး ကလေးသူငယ်များကို ပိုက်ပြင်ကရိယာ တန်ဆာ ပလာ သေတ္တာ (tool box) အထဲဝှက်ပြီးသူမကိုယ်တိုင် သယ်ခိုးထုတ်ခဲ့ သည်။ နည်းနည်း အသက်ကြီးသည့် ကလေးများကို တော့ သူမ၏ ထရပ်ကားနောက်ခန်းရှိ ဂုန်နီအိတ်ကြီးများတွင် ထည့်ကာ ခိုးထုတ်ခဲ့သည်။

ဂျူ းရပ်ကွက် အဝင်အထွက်ပြုလုပ်သည့်အခါ နာဇီစစ်သားများ အနီးကပ် လာမစစ်ဆေးနိုင်အောင် ခွေးတကောင်ကို လေ့ကျင့် ဟောင်စေပြီး သူမ၏ထရပ်ကားနောက်ခန်းတွင် ထားထားခဲ့သည်။ နာဇီစစ်သားများသည် ခွေးဟောင်အနှောက်အယှက်ကြောင့်သူမ ထရပ်ကားနား နီးနီးကပ်ကပ် မလာတတ်ကြပါဘူး။ ခွေးဟောင်သံ သည်လည်း ကလေးသူငယ်များ၏ ဆူညံသံကို ဖုံးအုပ် နိုင်စေခဲ့သည်။

သူမသည် ကလေးသူငယ် ပေါင်း ၂၅၀၀ ကို ခိုးထုတ် အသက်ကယ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် နာဇီစစ်သားများက သူမအား ဖမ်းမိသွားခဲ့သည်။ အဖမ်းခံရပြီးတဲ့နောက် လက်ခြေနှစ်ဖက်များကို ရိုက်ချိုးပြီး ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြသည်။

အိုင်ရင်းနာသည် သူမ ခိုးထုတ်ကယ်တင်ခဲ့သည့်ကလေးသူငယ်များ၏ နာမည်ကို မှတ်တမ်းများကို ဖန်ခရားထဲတည့်ကာ သူမ၏အိမ်နောက်ဖေးရှိ သစ်ပင် တစ်ပင်အောက်တွင် မြှပ်နှံထားခဲ့သည်။ စစ်ကြီးပြီးဆုံးသွားသောအခါ သက်ရှင်ကျန်ရစ်သေးသည့်မိဘများကို ဆက်သွယ်ပြီး မိသားစုများကို ပြန်ပါင်းစည်းစေနိုင်ခဲ့သည်။ မိဘအများအပြားက တော့ ဓာတ်ငွေ့ သင့် သေဆုံးသွားခဲ့ကြပါပြီ။ မိဘမဲ့ကလေးများကို တော့ မိဘမဲ့ရိပ်သာ များနှင့် မွေးစားမိဘများထံ ပို့ ခဲ့ပါသည်။

၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ နှ်စများအတွက် နိုဘယ်ဆုအတွက် လျာထား စာရင်းတင်သွင်းခံခဲ့ရပါသည်။ သို့သော် သူမ နိုဘယ်ဆု အတွက် ရွေးချယ်မခံခဲ့ရပါဘူး။ သမ္မတ အိုဘာမားသည် ပထမာကြိမ်သမ္မတ သက် တမ်း ၈လ ကျော်အကြာမှာ ပင် ၂၀၀၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ကိုရရှိခဲ့သည်။ ချက်ချင်း ပြု ပြင်ပြောင်းလဲရေးအတွက် လူမှုအဖွဲ့အစည်းများ ၏ အစည်းအရုံး The Association of Community Organizations for Reform Now (ACORN) တွင် စည်းရုံးရေးမှုးအဖြစ် သူ သမ္မတ မဖြစ်ခင် လုပ်ဆောင်ခဲ့သောည အလုပ်အတွက်ပါ။ သမ္မတ ကလင်တန် လက်ထက် ဒုသမ္မတ လုပ်ခဲ့သူ အယ် ဂေါ Al Gore သည် လည်း ကမ္ဘာကြီးပူနွေးလာမှုအရေးမှာ တွန်းအားပေးခဲ့သူအနေဖြင့် အိုဘာမားထက် ၂ နှစ်စောပြီး ၂၀၀၇ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါသည်။

ဆင်ဒီလာ ဟာ သူ့ဘဝကို ဒီလိုလုပ်ဆောင်ဖြစ်အောင် တိုက်တွန်းခဲ့သည့် စကားကတော့ သူမအဖေ သူမကိုပြောခဲ့တဲ့စကားပါတဲ့။ အဲဒီစကားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-“လူတွေဟာ သူတို့ဘဝမှာ ကောင်းအောင်နေမလား ဆိုးအောင်နေမလားဆိုတာကို သူတို့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပါတယ်။ လူမျိုး၊ ဘာသာ၊ နိုင်ငံ နဲ့ မဆိုင်ပါဘူး..”

ဒုတိယကမ္ဘာစစ် ပြီးဆုံးတာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်မှာ ဂျူး ၆ သန်းကျော်အပြစ်မဲ့အသက်ခံခဲ့ရပါသည်။ ဤအဖြစ်အပျက်သည် လူသားသမိုင်းတွင် မမေ့သင့်သော အဖြစ်အပျက်တစ်ခုပါ။

ငြိမ်းချမ်းသော ကမ္ဘာကြီးကိုတည်ဆောက်ကြပါစို့ ။ ။
ချော်ဇန်ခေါင်လွမ်း

Tags: world people
Next Post
စိန်အဆိပ် (သို့) အာဆင်းနစ်အကြောင်း သိကောင်းစရာ

စိန်အဆိပ် (သို့) အာဆင်းနစ်အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!