• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ် ဘရော့စ်နန်

by Thutamm
August 16, 2019
Reading Time: 1min read
0
ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ် ဘရော့စ်နန်
Share on FacebookShare on Twitter

အိုင်ယာလန်လူမျိုး၊ အမေရိကန်နိုင်ငံသား ပီယာ့စ် ဘရော့စ်နန် (Pierce Brendan Brosnan) ဆိုရင်တော့ ကမ္ဘာရုပ်ရှင်ချစ်ပရိတ်သတ်အားလုံး သိရှိကြပြီး ဂျိမ်းစ်ဘွန်းဇာတ်ဆောင်မင်းသားအဖြစ် သူရဲ့အအောင်မြင်ဆုံးအခြေအနေကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။ လူမှုရေး အရှုပ်အရှင်းအလွန်များတဲ့ ဟောလီးဝုဒ်လိုနယ်မြေမှာ တသမတ်တည်းထားရှိတဲ့ မင်းသားကြီး ရဲ့မေတ္တာဇာတ်လမ်းတွေကလည်း သူကိုအခြားသောဟောလီးဝုဒ်မင်းသားတွေနဲ့ မတူစေပဲ ပရိသတ်ကသူကိုပိုပြီးအာရုံစိုက်လာစေပါတယ်။  ဂျိမ်းစ်ဘွန်းမင်းသားတွေ အနက် ရှောင်ကွန်နရီ ရဲ့နောက် အအောင်မြင်ဆုံး ဇာတ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပီယာ့စ် ဟာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်ပါတယ်။

ပီယာ့စ်ကို (၁၉၅၃)ခုနှစ် မေလ(၁၆)ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ၊ Drogheda မြို့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ Thomas Brosnan ကတော့ လက်သမားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ May(Smith)ကတော့ သူနာပြုတစ်ဦးဖြစ်ပါတယ်။ ပီယာ့စ်နို့စို့အရွယ်ရောက်ချိန်မှာတော့ ဖခင်ဖြစ်သူဟာ မိသားစုကိုစွန့်ခွာ ထွက်ပြေးသွားခဲ့တဲ့အတွက်သူသိတတ်တဲ့အရွယ်ရောက်ချိန်မှာမိမိရဲ့ဖခင်မည်သူလဲဆိုတာ ကိုမသိရပါကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

ပီယာ့စ်ငယ်စဉ်ကတော့ အိုင်ယာလန်နိုင်ငံ Meath ကောင်တီအတွင်း တည်ရှိတဲ့ Navanမြို့မှာ(၁၀)နှစ်ကြာအောင်နေထိုင်ခဲ့ပြီး မူလတန်းကျောင်းသားဘဝကို St. Anne မူလတန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ ယင်းနောက်မှာတော့ မိခင်ဟာ သူနာပြုဘဝနဲ့ လန်ဒန်ကိုပြောင်းရွေရဖို့ ဖြစ်လာခဲ့တာကြောင့် သူဟာ မိခင်ဖြစ်သူဘက်မှာ အဘိုးအဘွားတွေနဲ့ နေရဖို့ဖြစ်လာခဲ့ပါတယ်။ အဘိုးအဘွားတွေ ကွယ်လွန်ချိန်မှာတော့ အဒေါ်ဖြစ်သူအပျိုကြီးနဲ့ ဆက်လက်နေထိုင်ခဲ့ပါတယ်။

အဒေါ်ဖြစ် သူအိမ်ထောင်ပြုလိုက်ချိန်မှာတော့ ပီယာ့စ် အတွက်နေစရာမဲ့ခဲ့ရပြီး Eileen ဆိုတဲ့အမျိုးသမီးကြီးဦးစီးတဲ့ အဆောင်တစ်ခုကို ပို့ဆောင်ခြင်းခံရပါတော့တယ်။ သူ့ရဲ့ ငယ်ဘဝဟာ အလွန်ခက်ခဲခဲ့ပြီး မေတ္တာငတ်ရှာနေတဲ့ ကလေးတစ်ယောက် အဖြစ်ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမဲ့ ပီယာ့စ် ဟာ သူမေတ္တာပြန်လည်ပေးအပ်ရ တဲ့အချိန်မှာတော့ သူနဲ့သက်ဆိုင်သူအားလုံးဟာ သူရဲ့မေတ္တာအရိပ်အောက်မှာ လုံခြုံခဲ့ပါတယ်။

မင်းသားကြီးဟာ သူရဲ့ငယ်စဉ်ဘဝအကြောင်းကိုပြန်လည်ပြောပြရာမှာ တော့ “ကျွန်တော်ငယ်ဘဝက နာဗန်ဆိုတဲ့မြိုငယ်လေးမှာ ကြီးပြင်းခဲ့ရပြီး အရမ်းအထီးကျန်ဆန်ခဲ့ပါတယ်။ အဖေဆိုတဲ့သူကို ကျွန်တော်တစ်ကြိမ်တစ်ခါတောင် မြင်ဖူးခဲ့ခြင်းမရှိဘူးဗျ။ မိသားစုဆိုလို့ ကျွန်တော်သိတာ အမေရယ် အမေဘက်က အဘိုး နဲ့အဘွားတွေပဲလေ။ ကျွန်တော်မှာ ဘက်ပဲ့နေသလိုလေ သူများမိသားစုတွေနဲ့မှ မတူတာပဲလေ။ ကတ်သလစ်ဘာသာဝင်တစ်ယောက်အနေနဲ့ ငယ်စဉ်တည်းက ဘုရား ကျောင်းသွားတိုင်း အဘိုးအဘွားတွေနဲ့ပဲသွားဖြစ်လေ့ရှိပြီး အမေကတော့ အဖေရဲ့ စွန့်ပစ်ခြင်းခံရပြီးတည်းက လူမြင်ကွင်းထဲ သိပ်ထွက်လေ့မရှိတော့ပါဘူး။

အမေက အရမ်းသတ္တိရှိတဲ့မိန်းမတစ်ယောက်လေ ။ ဒါပေမဲ့ သူဒီမြို့လေးကိုစွန့်ခွာဖို့တော့ အမြဲ စဉ်းစားနေခဲ့တာတော့ အမှန်ပဲလေ။ ဒါမှကျွန်တော်နဲ့ သူမရဲ့ဘဝကို ပိုမိုမြှင့်တင်နိုင်မယ် လို့ ယုံကြည်နေခဲ့တာလေ။ မကြာပါဘူး သူလန်ဒန်ကို သူနာပြုအဖြစ်ပြောင်းရွေခွင့်ရ တယ်။ ကျွန်တော်ကိုချန်ပြီးတော့ သူထွက်သွားတယ်လေ ၊ တစ်နှစ် တစ်ကြိမ်(သို့) နှစ်ကြိမ်တော့ ပြန်လာတယ်။ နောက်တော့သူ အိမ်ထောင်ပြုသွားတယ်။ ဒါပေမဲ့ အမေပြောတဲ့ ပျော်ရွှင်စရာဘဝဆိုတာ ကျွန်တော် အတွက်တော့ မဟုတ်ခဲ့ပါဘူး” လို့ သူရဲ့ငယ်ဘဝ အကြောင်းကို ဖွင့်ဟဝန်ခံခဲ့ ဖူးပါတယ်။

(၁၉၆၂)ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့မှာတော့ သူထွက်သွားတယ် ဟာ လန်ဒန်မြို့ကိုရောက်ရှိလာခဲ့ပြီး သူရဲ့မိခင်ဖြစ်သူအတူပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ သူရဲ့ ပထွေးဖြစ်သူ William Carmichel ကသူအသက်(၁၁)နှစ်အရွယ်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်တဲ့ Goldfinger ကိုလိုက်လံပြသခဲ့ပါတယ်။ ယင်းနောက် Elliotမှာအလယ်တန်းနဲ့ အထက်တန်းပညာကိုဆက်လက်ဆည်းပူးခဲ့ပြီး အတန်းထဲမှာ သူကိုခေါ်တဲ့ နာမည်ပြောင်ကတော့ Irish ဖြစ်ပါတယ်။

သူ့ရဲ့ မူလရည်မှန်းချက်ကတော့ ပန်းချီဆရာတစ်ယောက်ဖြစ်လိုတဲ့အတွက် ကြောင့် Saint Martin အနုပညာကျောင်းကို တက်ရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်း မှာတော့ သူရဲ့ဥပအဓိရုပ်နဲ့ ထင်ရှားပေါ်လွင်တဲ့ အနုပညာရပ်တွေကြောင့် ကုန်ပစ္စည်း ကြေငြာတဲ့မော်ဒယ်အဖြစ် နာမည်ရလာပြီး သရုပ်ဆောင်လိုင်းကို ကူးပြောင်းဖို့ အကြံ ဖြစ်လာပါတော့တယ်။ ဒါကြောင့်လန်ဒန်မှာရှိတဲ့ အနုပညာသင်တန်းကျောင်းကို (၃)နှစ် ခန့်တက်ရောက်ပြီး သရုပ်ဆောင်ပညာကို ဆက်လက်လေ့လာခဲ့ပါတယ်။

“ကျွန်တော် အနေနဲ့အနုပညာရပ်တွေကို ပန်းချီကနေအစ သရုပ်ဆောင်အထိ အကုန်လုံး ဝါသနာ ပါနေတာကို ကိုယ်ဘာနေကိုယ်ပြန်ဆန်းစစ်မိပါတယ်။ သိပ်ကောင်းတယ်ဗျ သရုပ်ဆောင်နေတဲ့အချိန်တွေမှာဆို ကျွန်တော်ထမင်းမေ့ဟင်းမေ့လောက်တဲ့အထိ ဖြစ်ခဲ့တာလေ။ ရုပ်ရှင်ပိတ်ကားထက်မှာ ကိုယ်မျက်နှာကို ကိုယ်ပြန်မြင်နေရတဲ့ အချိန်ဟာ ဘဝမှာ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်”လို့ အင်တာဗျူးတစ်ခု မှာ  သရုပ်ဆောင်ဘဝကို စတင်ချိန်ကအကြောင်း ပြန်လည်ပြောဆို ထားတာ တွေ့ရပါတယ်။

အသက်(၁၆)နှစ်အရွယ်နဲ့ကျောင်းကနေထွက်လာခဲ့ပြီးတဲ့နောက်မှာ ကုန်ပစ္စည်းကြေငြာတဲ့ မော်ဒယ်အလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ ယင်းနောက်မှာ တော့လန်ဒန်မှာရှိတဲ့ အနုပညာတက္ကသိုလ်ကို (၃)နှစ်ကြာတက်ရောက်ပြီး အနုပညာ ဝမ်းစာသိုမှီးခဲ့ပါတယ်။

ဒီလိုနဲ့သရုပ်ဆောင်မော်ဒန်ဘဝနဲ့ ကျင်လည်နေရင်း (၁၉၈၂ ကနေ ၁၉၈၇)ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ Remington Steele ဆိုတဲ့ရုပ်သံစီးရီးတွဲနဲ့ ပရိတ်သတ်တွေအကြား စတင် ကျော်ကြားလာခဲ့ပါတယ်။ ဒီရုပ်သံစီးရီး ရိုက်ကူးပြီးချိန်မှာလည်း  စပိုင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Cold War၊ The Fourth Protocol နဲ့ (၁၉၉၃)ခုနှစ်ထုတ် နာမည်ကျော်ဟာသကားတစ်ခုဖြစ်တဲ့ Mrs.Doubtfire ဇာတ်ကားတွေနဲ့ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိတဲ့ မင်းသား တစ်ဦးဖြစ်လာခဲ့ပါတယ်။

(၁၉၉၄)ခုနှစ်မှာတော့ သူဟာ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ EON ကနေထုတ်လုပ်တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခြင်းကို ခံလာခဲ့ရပါတယ်။ ၁၉၉၅ ကနေ ၂၀၀၂)ခုနှစ်အထိရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဘွန်းရုပ်သံစီးရီးတွေ ဖြစ်တဲ့ GoldenEye, Tomorrow Never Die, The world Is Not Enough နဲ့ Die Another Day ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ GoldenEye 007, James Bond 007 , Nightfire, James Bond 007,Everything or Nothing စတဲ့ TV ဂိမ်းတွေမှာလည်း အသံနဲ့ပါဝင်ပေးခဲ့ပါတယ်။

ဒါအပြင် ဂျိမ်းစ်ဘွန်းဇာတ်ကားရိုက်ကူး စဉ်ကာလအတွင်းမှာပဲ (၁၉၉၇)ခုနှစ်ကထုတ်ဝေခဲ့တဲ့ Dante’s Peak,(၁၉၉၉)ခုနှစ် ထုတ် The Thomos Crown Affair ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဂျိမ်းစ်ဘွန်းဇာတ်ဆောင်ကနေအနားယူပြီးတဲ့ နောက်မှာလည်း (၂၀၀၈)ခုနှစ်ကရုံတင်ခဲ့တဲ့ ဟာသဇာတ်မြူးဇာတ်ကားတစ်ခုဖြစ်တဲ့ Mamma Mia နဲ့ပရိတ်သက်တွေရဲ့ မေတ္တာကိုဆက်လက်ခံယူနိုင်ခဲ့ပါတယ်။ ဂျိမ်းဘွန်းနဲ့ အောင်မြင်ခဲ့ပေမယ့် ဒီဇာတ်ရုပ်ကြောင့်ပဲ တခြားကားတွေရိုက်တဲ့အခါမှာ သူ့ကိုအခြားဇာတ်ကောင်အဖြစ် မမြင်ပဲဂျိမ်းစ်ဘွန်းအဖြစ်သာ မြင်ကြတာ အတော်ခက်ခဲတယ်လို့ သူကဆိုပါတယ်။

(၂၀၁၀)ခုနှစ်ကရုံတင်ခဲ့တဲ့ Roman Polanski ရိုက်ကူးခဲ့တဲ့ The Ghost Writer နဲ့ (၂၀၁၄)ခုနှစ်က ပြသခဲ့တဲ့ စပိုင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ The November Man ဇာတ်ကား တွေမှာလည်း သူရဲ့ပြောင်မြောတ်တဲ့သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို ထပ်မံဖမ်းစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ် ဖေဖော်ဝါရီ(၁၁)ရက်နေ့ ကတော့ သူ ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ(၁၈)သန်းတန် Malibu စံအိမ် ဟာ မီးလောင်ခဲ့ပြီး ဒေါ်လာ(၁)တန်းဖိုးလောက် ပျက်စီးခဲ့ပါတယ်။ မီးသတ်သမားတွေ ကမိနစ်(၃၀)အတွင်း မီးကိုအောင်မြင်အောင်ငြိမ်းသတ်နိုင်ပေမဲ့ ပီယာ့စ်ရဲ့ (၂၀၀၂)ခုနှစ်ထုတ် Aston Martin V12 Vanquish ကားအပါအဝင် အသုံးအဆောင် ပစ္စည်း ဒေါ်လာ(၁)သန်းဖိုးလောက်တော့ ဆုံးရှုံးခဲ့ပါတယ်။

(၂၀၀၃) ခုနှစ်မှာတော့ အင်္ဂလန်ဘုရင်မကြီးက ချီးမြှင်တဲ့ OBE(Order of the British Empire) ဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။ (၂၀၀၄)ခုနှစ်မှာတော့ အမေရိကန်နိုင်ငံသားလက်မှတ်ရရှိခဲ့တာကြောင့် ပီယာ့စ်ဟာ အိုင်ယာလန် နဲ့ အမေရိကန်နိုင်ငံသား လက်မှတ်(၂)ခုကိုကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ သူဟာရွှေကမ္ဘာလုံးဆု(၂)ဆုကိုပိုင်ဆိုင်ထားပြီး အခြားရုပ် ရှင်အနုပညာဆိုင်ရာ ဂုဏ်ပြုဆုများစွာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

မင်းသားကြီးဟာယူနီဆက်ရဲ့ အိုင်ယာလန်နိုင်ငံဆိုင်ရာ သံတမန်တစ်ဦးအဖြစ် (၂၀၀၁)ခုနှစ်စတင်တာဝန်ထမ်းဆောင်ပြီး HIV ရောဂါသည်ကလေးငယ်များအတွက် ကမ္ဘာအရပ်ရပ်က လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ အားတက်သရောဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင် အမေရိကန်မှာလည်း နူးကလီးယားလက်နက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အစဉ်မပြတ်ပါဝင်ခဲ့ပါတယ်။ အခြားသောလူမှုအကျိုးပြုလုပ် ငန်းတွေ၊ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေအဖွဲ့အစည်း ဖွဲ့စည်းတဲ့လုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာလည်း အမြဲတက်ကြွစွာပါဝင်ခဲ့တာကြောင့် ပရဟိတမင်းသားတစ်ယောက် အဖြစ်လည်း လူသိများပါတယ်။

သူရဲ့နောက်ထပ်ထူးခြားတဲ့ ဝိသေသကတော့ အခြားနာမည်ကျော် ဟောလီးဝုဒ်မင်းသားတွေနဲ့ မတူတဲ့ မေတ္တာဇာတ်လမ်းတွေကိုပိုင်ဆိုင်ထားတာ ဖြစ်ပါ တယ်။ သူဟာ အိမ်ထောင်နှစ်ကြိမ်ကျခဲ့ဖူးပြီး ပထမအိမ်ထောင်ကတော့ ဂျိမ်းဘွန်းဇာတ်ကားထဲက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သြစတေးလျရုပ်ရှင်မင်းသမီး Cassabdra Harris ဖြစ်ပြီးသားသမီး(၃)ဦးထွန်းကားခဲ့ပါတယ်။ သူတို့ရဲ့ အိမ်ထောင် သက်(၁၁)နှစ်အကြာမှတော့ Cassabdra Harris ဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ကွယ်လွန်ခဲ့တာကြောင့် ပီယာ့စ်ဟာ မိတဆိုးသားသမီး (၃)ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရင်း (၁၀)နှစ်ကြာအောင် နောက်အိမ်ထောင်မပြုပဲ နေထိုင်ခဲ့ ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ သူ့အတွက်တော့ နတ်ဆိုးတစ်ကောင်လို ဖြစ်နေခဲ့ပြီး (၂၀၁၃)ခုနှစ်ဇွန်(၂၈)ရက်နေ့မှာလည်း သူရဲ့သမီးဖြစ်သူ Charlotteဟာလည်း သူအမေလိုပဲ သားအိမ်ခေါင်းကင်ဆာရောဂါ နဲ့ကွယ်လွန်ခဲ့ရရှာပါတယ်။ (၂၀၀၁)ခုနှစ်မှာတော့ ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ Keely Shaye Smith နဲ့ထပ်မံအိမ်ထောင်ပြုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်လစ်တစ်ဦးလည်းဖြစ်တဲ့ Keely နဲ့ တွဲခုတ်နေတာ (၁၉၉၄)ခုနှစ်ကတည်းကဖြစ်တာကြောင့် သူတို့ရဲ့မင်္ဂလာပွဲဟာ (၇)နှစ် ကြာမှာ ကျင်းပခဲ့တာဖြစ်ပြီး သား(၂)ယောက်ထွန်းကားခဲ့ပါတယ်။

နောက်ပိုင်းသတင်း တွေအရတော့ သားဖွားပြီးတဲ့နောက် ခန္ဓာကိုယ်အလေးချိန်ပုံပျက်ပန်းပျက်ဖြစ်လာတဲ့ Keely Shaye Smithဟာသူမရဲ့ ခန္ဓာကိုယ်ကအဆီခဲတွေကို ခွဲစိတ်ကုသဖို့ ပီယာ့စ်ထံတောင်းဆိုခဲ့ပေမဲ့ မင်းသားကြီးကခွင့်မပြုခဲ့ပါဘူး။  “မင်းရဲ့ဖြစ်တည်မှုတိုင်းကို ငါအလေးထားပါတယ် မိန်းမရေ ခန္ဓာကိုယ်အပြောင်းအလဲကိုလိုက်ပြီး ငါမင်းအပေါ်ထားတဲ့ ခံစားချက်ကမပြောင်းလဲပါ ဘူး မင်းဘယ်လိုခန္ဓာကိုယ်ဖြစ်ဖြစ် ချစ်နေမှာပါ”လို့ မီဒီယာတွေကနေတစ်ဆင့် သူအမျိုး သမီးကို တရားဝင်ပြောဆိုခဲ့ပါတယ်။ ပီယာ့စ်ရဲ့စကားဟာ ဟောလီးဝုဒ် အသိုင်းအဝိုင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် သန်းပေါင်းများစွာသောသူ့ပရိတ်သတ်တွေရဲ့ ဂုဏ်ပြုလေးစားခြင်းကိုခံခဲ့ရပါတယ်။

ဘဝကိုအခက်ခဲဆုံးအပိုင်းကနေ စတင်ခဲ့ရတဲ့ ပီယာ့စ် ရဲ့ဘဝ ဟာအချိုးအကွေ့အလွန်များပြားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်တဲ့ဘဝတစ်ခု ကိုတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  ပီယာ့စ် ဟာလက်ရှိမှာ အသက်(၆၆)နှစ်အရွယ် ရှိနေပြီဆိုပေမဲ့ ရုပ်ရှင်အနုပညာနယ်ပယ်မှာကျင်လည် ကျက်စားရင်း ပရဟိတအလုပ် များစွာကို ဦၤးဆောင်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။

သုတဇုန်

Tags: world actors
Next Post
လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က စင်္ကာပူတရားရုံးရဲ့အမှုစစ်ဆေးပုံ

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က စင်္ကာပူတရားရုံးရဲ့အမှုစစ်ဆေးပုံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!