ရေးသားသူ – Aung Kaung Htet(GAD)
ဘာလင်ဟာဂျာမနီနိုင်ငံရဲ့မြို့တော်အဖြစ်သာမက အကြီးဆုံး မြို့ကြီးအဖြစ်လည်း တည်ရှိ နေပါတယ်။ဂျာမနီရဲ့အရှေမြောက်ဘက်စွန်းပိုင်းက Sparee နဲ့ Havel မြစ်ကမ်းပါးပေါ်မှာ တည်ရှိနေတာဖြစ်ပြီး (၂၀၁၉)ခုနှစ် စာရင်းတွေအရ ဘာလင်မြို့တော်ရဲ့လူဦးရေဟာ (၃.၇)သန်းကျော်ရှိနေတယ်လို့သိရပါတယ်။ ယင်းပမာဏဟာဥရောပတိုက်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ပြီးရင် ဒုတိယမြောက်လူဦးရေအများဆုံးမြို့တော်အဖြစ် ရပ်တည်နေတာပါ။ မြို့တော်ဒေသတခုလုံးရဲ့ နေထိုင်သူတွေကိုပါ ထည့်တွက်မယ်ဆိုပါက လူဦးရေ ၆.၁သန်းကျော် အထိ ရှိနေပါတယ်။
အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် (၃၄၄)အထိရှိကာ မြေမျက်နှာ သွင်ပြင်အားဖြင့် သစ်တောတွေဖုံးလွှမ်းနေတဲ့စိမ့်မြေဆန်တဲ့မြေနိမ့်ပိုင်းဒေသဖြစ်ပါတယ်။ ဘာလင်မြို့ရဲ့အကျယ်အဝန်းဟာ ပြင်သစ်ရဲ့နာမည်ကျော် ပဲရစ်မြို့နဲ့နှိုင်းယှဉ်ရင် ၉ဆနီးပါး ပိုကြီးပါတယ်။ ဘာလင်မြို့တော်ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၁၂)မှာ တည်ရှိနေတာဖြစ်ပြီး မြို့တော်ရဲ့အမြင့်ဆုံးအပိုင်းကတော့ ပင်လယ်ရေမျက်နှာပြင်ကနေ (၄၀၀) ပေခန့်မြင့်မားတဲ့ Arkenberge တောင်ကုန်းဖြစ်ပြီး အနိမ့်ဆုံးအပိုင်းကတော့ပင်လယ်ရေမျက် နှာပြင်ထက်အမြင့်ပေ (၉၂)သာမြင့်မားတဲ့ Spektesee ဒေသဖြစ်ပါတယ်။
ဘာလင်မြို့တော်ဧရိယာစုစုပေါင်းရဲ့ (၃)ပုံ (၁)ပုံခန့်ဟာဆိုရင်သစ်တောတွေ၊ပန်းခြံတွေ၊ ဥယျာဉ်၊မြစ်ချောင်းတွေ၊ရေကန်တွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘာလင်မြို့ တော်ရဲ့သမိုင်းစတင်ချိန်ကတော့ (၁၃)ရာစုကနေဖြစ်ပြီး (၁၄၁၇)ခုနှစ်မှာဆိုရင်ဘာလင် ဟာ Margraviate of Brandenburg ဒေသ(Holy Roman Empire အင်ပါယာ) ရဲ့မြို့တော်၊ နောက်ပိုင်းမှာဆိုရင် Brandenburg- Prussia နဲ့ Prussia ဘုရင့်နိုင်ငံတွေရဲ့မြို့တော်ကြီးအဖြစ် ရပ်တည်ခဲ့ပါ တယ်။ ယင်းအနက်က Prussia မင်းဆက်တွေဟာဆိုရင် (၁၈)ရာစုနဲ့(၁၉)ရာစုကာလ တွေအတွင်းမှာ လျှင်မြန်စွာအင်အားကြီးထွားလာခဲ့ပြီး (၁၈၇၁)ခုနှစ်ရောက်ချိန်မှာဆိုရင် နောင်တစ်ချိန်မှာလျှမ်းလျှမ်းတောက်ကျော်ကြားလာမဲ့ ဂျာမန်အင်ပါယာကြီးရဲ့ အခြေခံ အုတ်မြစ်ကို ဘာလင်မှာ အခြေတည်ပြီး တည်ဆောက်နိုင်ခဲ့ကြပါတယ်။
(၁၉၀၀)ပြည့်နှစ်နောက်ပိုင်းကာလတွေမှာဆိုရင် ဘာလင်ဟာ ကမ္ဘာမြို့တော်ကြီးတစ်ခု အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ သိပ္ပံနည်းပညာ၊ လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်မှုဆိုင်ရာနည်းစဉ်များ၊ဂီတ၊အနုပညာ၊ပြတိုက်၊ပညာရေးစနစ်၊အုပ်ချုပ်မှုဆိုင်ရာခန့်ခွဲမှု၊ သံခင်းတမန်ခင်းပညာရပ်တွေနဲ့စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရောင်းချမှုနယ်ပယ်တွေမှာ အခြားကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ မြို့ကြီးတွေထက် ပိုမိုသာလွန်အောင် အုပ်ချုပ်သူအာဏာပိုင်တွေက စီမံနိုင်ခဲ့ကြလို့ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက ကမ္ဘာ့အသန့်ရှင်းဆုံး နဲ့ အခမ်းနားဆုံးမြို့တော်ကြီး ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့တန်နဲ့ချီတဲ့ ဗုံးကြဲ ဘာလင်တစ်မြို့လုံးနီးပါး ရစရာမရှိအောင် ဖျက်စီးခံခဲ့ရပါတယ်။ အဆိုးဆုံးကတော့ မဟာမိတ်နဲ့ ဆိုဗီယက်တပ်နီတော်တွေရဲ့ ဘာလင်မြို့တော်ရဲ့လမ်းတစ်လမ်းချင်းစီကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေဖြစ်ပါတယ်။ ယင်းစစ်ဆင်ရေးတွေအတွင်းမှာတော့ ဘာလင်မြို့တော်ဟာ လုံးဝပျက်စီးသွားခဲ့ရတဲ့ အပြင် ဂျာမနီခေါင်းဆောင် ဟစ်တလာရဲ့စနက်ကြောင့် များစွာသော ဘာလင်မြို့သားဆယ်ကျော်သက်စစ်သည်တွေဟာ တပ်နီ တွေရဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ သမိုင်းအရိပ်ဆိုးတွေလည်း ရှိနေခဲ့ပါတယ်။
ယင်းနောက်မှာဆိုရင် ဘာလင်ဟာ မဟာမိတ်တပ်တွေ၊ ဆိုဗီယက်တပ်နီတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရကာ မြို့တော်ကို အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ဆိုပြီး (၂)ပိုင်းခွဲအုပ်ချုပ်ခံခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ (၁၉၆၁)ခုနှစ်မှာဆိုရင်ကမ္ဘာသမိုင်းတလျှောက် ဂျာမန်တွေရဲ့မျက်ရည်တွေနဲ့ကျော်ကြားခဲ့တဲ့ ဘာလင်တံတိုင်းဆိုပြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ အနောက် ဘာလင်ကို အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ်အာဏာပိုင်များ အုပ်ချုပ်ပြီး အရှေ့ဘာလင်ကိုတော့ ဆိုဗီယာက်ရုရှားက အုပ်ချုပ်ပါတယ်။
(၁၉၈၇)ခုနှစ်မှာတော့ ဘာလင်မြို့တော်ရဲ့နှစ်(၇၅၀)ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အရှေ့ဘာလင်မှာရော အနောက်ဘာလင်မှာပါ (၁)မြို့တည်းကို(၂)ပိုင်းခွဲကျင်းပခဲ့ပါ တယ်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားခြင်းနဲ့အတူ စစ်အေးတိုက်ပွဲပြီးဆုံးသွားချိန်မှာ တော့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တွေရဲ့ပြန်လည်ကူညီမှုနဲ့အတူ ဘာလင်တံတိုင်းကိုဖြိုဖျက်ခဲ့ပြီး မြို့တော်ကြီးတစ်ခုအဖြစ်ခမ်းခမ်းနားနားရပ်တည်လာတာဟာဆိုရင် ယနေ့အချိန်ထိလို့ပဲဆိုရပါမယ်။
ယနေ့ကာလမှာဆိုရင်လည်း ဘာလင်ဟာ သိပ္ပံနဲ့နည်းပညာ ၊နိုင်ငံရေးနဲ့သမိုင်းယဉ်ကျေးမှုနယ်ပယ်မှာ ကမ္ဘာထိပ်တန်းမြို့တော်ကြီးအဖြစ်ဆက်လက် ရပ်တည်နေဆဲဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေ၊ သံစုံတီးဝိုင်းကြီးတွေ၊ ပြတိုက်တွေ၊ဖျော်ဖြေရေးအဆောက်အအုံတွေ၊ ခေတ်မီအားကစားကွင်းကြီးတွေပေါ်ထွန်းလာခြင်းနဲ့အတူ ဘာလင်ဟာ ကမ္ဘာသိမြို့တော်ကြီးအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဘာလင်မှ ာကျင်းပတဲ့ပွဲတော်အခမ်းအနားတွေ၊မြို့တော်ရဲ့ ခမ်းနားလှတဲ့ အနုပညာ ဗိသုကာလက်ရာေးတွ၊ ကမ္ဘာကျော်ပညာရှင်တွေရဲ့တေးဂီတဖျော်ဖြေပွဲတွေ၊ မြင့်မားတဲ့ လူနေမှုအဆင့်အတန်းတွေကြောင့်လည်း လူသိများထင်ရှားပါတယ်။
ဘာလင်မြို့တော်ရဲ့အမှတ်အသားအဖြစ်ကျော်ကြားတဲ့ Brandenburg Gate ဟာဆိုရင် (၁၈)ရာစုကာလရဲ့နာမည်ကျော် Neoclassical မုခ်ဦး စတိုင်တည်ဆောက် ထားတာဖြစ်ပြီး ဦးဆောင်တည်ဆောက်သူကတော့ Prussian ဘုရင် ဒုတိယမြောက် Frederick Willamဖြစ်ပါတယ်။ ဒီဇိုင်းကတော့ Carl Gotthard Langhans အမည်ရ နာမည်ကျော် ပရပ်ရှားဗိသုကာကျော်ရဲ့လက်ရာဒီဇိုင်းဖြစ်ပြီး (၁၇၈၈) ကနေ (၁၇၉၁)ကာလအထိ တည်ဆောက်ခဲ့ပါတယ်။ ဥရောပ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အမှတ်အသားလည်းဖြစ်တဲ့ ယင်းအဆောက်အအုံဟာဆိုရင် (၈၅)ပေအထိမြင့်မားပြီး (၂၁၃)ပေ အကျယ်ရှိပါတယ်။ အခြေတိုင်(၁၂)အထိပါဝင်နေပြီး ယင်းအနက်က ပင်မဆောင်မှာပါဝင်နေတဲ့ ထောက်တိုင်တစ်ခုချင်းဟာဆိုရင် (၄၉)ပေအထိအမြင့်ရှိပါတယ်။
Reichstag အဆောက်အအုံဆိုတာကတော့ ဂျာမနီရဲ့ပါလီမန်လွှတ်တော်ဖြစ်ပြီး သမိုင်းဝင်အဆောက်အအုံတစ်ခု အဖြစ်လည်းရှိနေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ Brandenburg Gate အနီးမှာတည်ရှိနေပြီး ယင်းအဆောက်အအုံ(၂)ခုစလုံးဟာ ဘာလင်မြို့လယ်ရဲ့ သမိုင်းဆိုင်ရာ ဗဟိုချက်မ နယ်မြေမှာ တည်ရှိနေပါတယ်။ သမိုင်းမှာ Imperial Dietလို့သိ ကြတဲ့ Reichstag အင်ပါယာရဲ့နန်းတော်အဖြစ်စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး (၁၉၃၃) ခုနှစ်နဲ့ဒုတိယကမ္ဘာစစ်ကာလတွေမှာတော့ အကြီးအကျယ်ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ ယနေ့တွေ့ရတဲ့ အဆောက်အအုံရဲ့အစိတ်အပိုင်းများစွာဟာဆိုရင်လည်း(၁၉၇၀ )ပြည့်နှစ်ကာလက Bonn ကနေ ဘာလင်ကိုပြောင်းရွေအခြေစိုက်လာတဲ့ ဂျာမန်အစိုးရအဖွဲ့ရဲ့အစီအစဉ်အတိုင်း ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဘာလင်မြို့တော်အကြောင်းကိုဖော်ပြမယ်ဆိုရင်တော့ ဘာလင်တံတိုင်း (Berlin Wall) ကိုလည်း ချန်ထားလို့မရနိုင်ပါဘူး။ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့ (၁၉၆၁) ကနေ(၁၉၈၉) ကာလအထိရှိနေခဲ့တာဖြစ်ပြီး ဂျာမန်သားတွေကိုနယ်မြေအစိတ်အပိုင်းအရသာမက အတွေးအခေါ်ကိုပါ(၂)ပိုင်းခွဲခြားခဲ့တဲ့ ယင်းတံတိုင်းကြီးဟာ ဂျာမန်တွေရတဲ့ စစ်ရဲ့ဆိုးမွေတွေအနက်မှာတော့ နိုင်ငံရေးအရ အကြီးအကျယ်ပေးဆပ်လိုက်ရတဲ့ဖြစ်ရပ်တစ်ခု အဖြစ်လည်း ကျန်ရှိနေပါတယ်။ ဘာလင်တံတိုင်းကြီးကိုတော့ (၁၉၆၁)ခုနှစ်၊သြဂုတ်လ(၁၃)ရက်နေ့ ညတွင်းပြီးဖုတ်ပူမီးတိုက်တည်ဆောက်ခဲ့ပြီး (၁၉၈၉)ခုနှစ်၊နိုဝင်ဘာ(၉)ရက်နေ့ရောက်ချိန်မှာတော့ တည်ဆောက်ချိန်ကာလကလိုအလျှင်အမြန် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
ဘာလင်ရဲ့အထင်ကရနေရာတွေအနက်မှာဆိုရင် Holocaust Memorial ဟာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း Halocaust ဖြစ်စဉ်တွေကြောင့် သေကြေခဲ့ရတဲ့ ဂျူးတွေအတွက် အောင်းမေ့ဖွယ်နေရာတစ်ခုဖြစ်ပြီး (၁၉၀၀၀)စတုရန်းမီတာအထိကျယ်ပြန့်ကာ လေးထောင့်သဏ္ဍာန် အင်္ဂတေ တုံးပေါင်း(၂၇၁၁)ခု အထိပါဝင်နေပါတယ်။ Holocaust Memorial ကိုတော့ ဒုတိယကမ္ဘာစစ်အပြီး(၆)နှစ်တာကာလအတွင်းမှာပဲ ပြည်သူအများလာရောက်လည်ပတ်ရာနေရာအဖြစ်စတင်ထားရှိခဲ့ပြီး တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်တဲ့ခုနှစ်ကတော့ (၂၀၀၅)ခုနှစ်၊မေလကဖြစ်ပါတယ်။ Brandenburg Gate ရဲ့တောင်ဘက်မှာတည်ရှိနေပါတယ်။
Museum Island ဆိုတာကတော့ ဘာလင်အလယ်ပိုင်း Mitte ခရိုင်အတွင်း Spree မြစ်အတွင်းက ကျွန်းရဲ့မြောက်ဘက်အကျဆုံးနေရာမှာတည်ဆောက်ထားတဲ့ ပြတိုက် ကျွန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ Museum Complex တစ်ခုအဖြစ်လည်း ရှိနေပြီး တည်ရှိရာကျွန်းရဲ့နယ်မြေတစ်ဝက်လောက်အထိကို ကျယ်ဝန်းပါတယ်။ ဂျာမန်တွေရဲ့သမိုင်းဆိုင်ရာအမွေအနှစ်များစွာတည်ရှိနေတဲ့အချက်ကြောင့် ပြတိုက်ကျွန်း ဟာ(၁၉၉၉)ခုနှစ်ကာလကတည်းက ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးနယ်မြေအဖြစ်သတ်မှတ်ခြင်းကို ခံထားရတာလည်းဖြစ်ပါတယ်။
ပြတိုက်ကျွန်းပေါ်မှာတည်ရှိနေတဲ့ ဘာလင်ကာသီဒြယ် ဟာဆိုရင်လည်း မြို့တော်နေ ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထား ဝတ်ပြုရာနေရာဖြစ်ပြီး(၁၅) ရာစုကာလကတည်းကတည်ရှိနေခဲ့တာဖြစ်ပါတယ်။ ယနေ့မြင်တွေ့ရတဲ့ဘုရားကျောင်းကိုတော့ (၁၉၀၅)ခုနှစ်ကာလကတည်းက နာမည်ကျော် Kaiserzeit ဗိသုကာလက် ရာဟန်ပန်အတိုင်းတည်ဆောက်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဘာလင်ကာသီဒြယ် ဟာဆိုရင် အခြားသော ကာသီဒြယ် တွေလိုဘုန်းတော်ကြီးတွေ ကျောင်းထိုင်ရာနေရာ အဖြစ်တော့ရှိမနေခဲ့ပါဘူး။
ဘာလင်မြို့တော်ရဲ့နာမည်ကျော်နေရာတစ်ခုကတော့ Alexanderplatz ရင်ပြင်ဖြစ်ပြီး လာရောက်လည်ပတ်သူအများဆုံးသော ဘာလင်ရဲ့သမိုင်းဝင်နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ယင်းရင်ပြင်ဟာဆိုရင် အလယ်ခေတ်ကာလက Alex to Berliners အမည်ရ ကျွဲနွားတိရစ္ဆာန်ဈေးအဖြစ်လည်းကောင်း၊ (၁၉)ရာစုအလယ်ပိုင်းကာလတွေ မှာဆိုရင်လည်း စစ်ရေးပြကွင်းနဲ့လူထုလေ့ကျင့်ခန်းပြုလုပ်တဲ့ နေရာအဖြစ်လည်းကောင်းအသုံးပြုခဲ့ပါတယ်။ Alexanderplatz ဆိုတဲ့အမည်ကိုတော့ ဘာလင်ကို(၁၈၀၅) ခုနှစ်ကာလကလာရောက်လည်ပတ်ခဲ့တဲ့ ရုရှားဇာဘုရင် ပထမ အလက်ဇန္ဒားကို ဂုဏ်ပြုတဲ့ အနေနဲ့ အမည်ပေးခဲ့တာလို့လည်းသိရပါတယ်။
ဘာလင်ဆိုတဲ့အမည်ဟာ လက်ရှိဘာလင်မြို့တော်ဝန်းကျင်အရပ်မှာအခြေချနေထိုင်ခဲ့ကြတဲ့ အနောက်ဘက်ပိုင်း Slavic တွေရဲ့ဘာသာစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး ရှေးဟောင်း Polabian တွေရဲ့ ဘာသာစကား berl-birl(စိမ့်ဆန်သောဒေသ) နဲ့လဲဆက် နွယ်မှုရှိနေတယ်လို့ဆိုပါတယ်။ (၂၀၀၅)ခုနှစ်ကဆိုရင် ကမ္ဘာကျော်မြို့တော်ကြီးတွေနဲ့ ယှဉ်ပြီး ဘာလင်ဟာ ယူနက်စကိုကချီးမြှင့်တဲ့ City of Design ဆုကိုရရှိခဲ့ပါတယ်။ ဥရောပရဲ့ခမ်းနားတဲ့ ကဇာက်ရုံပေါင်း (၄၄)ခု၊ သံစုံတီးဝိုင်းပြဇာက်ရုံ (၇)ရုံ၊ ပြတိုက်ပေါင်း ၁၃၈ ခုနဲ့အနုပညာပြခန်းပေါင်း ၄၀၀ ကျော်လောက်အထိ ဘာလင်မြို့တော်မှာတည်ရှိနေတာ ဖြစ်ပါတယ်။
ဒါအပြင် ကမ္ဘာကျော် အနုပညာရှင်တော်တော်များများဟာဆိုရင် သူတို့ရဲ့ဖျော်ဖြေပွဲတော်တွေကို ဘာလင်မြို့မှာ မပျက်မကွက် ကျင်းပလေ့ရှိကြပါတယ်။ ဘာလင်ရဲ့ နိုက်ကလပ်ယဉ်ကျေးမှုဟာဆိုရင်လည်း ဥရောပထိပ်တန်းအဆင့်မှာရှိနေပြီး သောကြာနေ့လို ညနက်အချိန်တွေဟာ ဘာလင်ရဲ့မြို့ပြအလှကို ရောင်စုံကာလာမျိုးစုံရှိနေတဲ့ ကပွဲရုံတွေ၊ စားသောက်ဝိုင်းတွေ အဖျော်ယာမကာတွေနဲ့ ကမ္ဘာအရပ်ရပ်ကလာရောက်လည် ပတ်သူတွေကို အမြဲအမှတ်ရနေအောင်ဖမ်းစားလေ့ရှိပါတယ်။
ဘာလင်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Berlinale လို့သိကြတဲ့ Berlin International Film Festival (ဘာလင်ရုပ်ရှင်ပွဲတော်)ဟာဆိုရင်လည်း တက်ရောက်သူ (၅)သိန်းဝန်းကျင် အထိကိုရှိနေခဲ့ကာ ကမ္ဘာပေါ်မှာအကျော်ကြားဆုံးသောရုပ်ရှင်ပွဲတော်တွေအနက်က တစ်ခုအဖြစ်လည်းရပ်တည်နေပါတယ်။ ဒါအပြင်ကမ္ဘာပေါ်မှာအကြီးဆုံးသော New Year’s Eve ဟာဆိုရင်လည်း နှစ်စဉ်ဘာလင်မြို့တော်က လက်ခံကျင်းပရတာဖြစ်ပြီး လူတစ်သန်းအထိ လာရောက်လေ့ရှိပါတယ်။ အဓိကစုရပ်ထားရာနေရာကတော့ ဘာလင်ရဲ့အမှတ် အသားဖြစ်တဲ့ Brandenburg Gate မှာဖြစ်ပြီးမီးရှူးမီးပန်းတွေကို တစ်မြို့လုံးနီးပါးပစ်လွှတ်ကာ နှစ်သစ်ကြိုဆိုတဲ့ ဘာလင်ရဲ့မြင်ကွင်းတွေဟာ ကမ္ဘာ့မီဒီယာတွေထက်နှစ်စဉ် ရေပန်းစားလေ့ရှိပါတယ်။
ဘာလင်ဟာ တူးမြောင်းတွေ နဲ့ ပတ်သက်ရင် နာမည်ကြီးပြီး ထင်ရှားတဲ့ အီတလီ ဗင်းနစ်မြို့ နဲ့ နယ်သာလန် အမ်စတာဒမ်မြို့တွေထက် တူးမြောင်းအရေအတွက်ရော ၊ တံတားအရေအတွက်ပါ ပိုမိုများပြားပါတယ်။ ဘာလင်မှာ ရှိတဲ့ တူးမြောင်းစုစုပေါင်းရဲ့ အရှည်ကိုပေါင်းလိုက်ရင် မိုင် ၁၁၀ ခန့်ရှိမှာဖြစ်ပြီး ဒီတူးမြောင်းတွေကို ဖြတ်ထိုးထားတဲ့ တံတားအရေအတွက်ကတော့ ၁၀၀၀ ဝန်းကျင် ရှိနေပါတယ်။
များစွာသော အများပြည်သူသုံး Wireless LAN နေရာများစွာ ဟာဆိုရင် (၂၀၁၆)ခုနှစ်ကတည်းက ဘာလင်ရဲ့နေရာအနှံ့မှာတည်ရှိနေခဲ့ပါတယ်။ ဥရောပမှာဆိုရင်တော့ ဘာလင်ဟာလာရောက်လည်ပတ်သူ အများဆုံးသောမြို့တော်ကြီးတွေအနက် တစ်ခုအဖြစ်ရှိနေပြီး အများဆုံးလာရောက်လည်ပတ်သူတွေကတော့ ဂျာမန်ပြည်တွင်း၊ အင်္ဂလန်၊ နယ်သာလန်၊ အီတလီ၊ စပိန် နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ နေရာတွေကဖြစ်ပါတယ်။ ဘာလင်မြို့တော်မှာဟိုတယ်ပေါင်း ၈၀၀ နီးပါး ဟိုတယ်ခန်းပေါင်း ၁၅၀,၀၀၀ ဝန်းကျင်ရှိနေသလို ၂၀၁၈ ခုနှစ်ကဆိုရင် လာရောက်လည်ပတ်သူပေါင်း ၁၃.၅သန်း အထိ ရှိခဲ့ပါတယ်။
———- ——- ———-
(Zawgyi)
ဂ်ာမနီ ရဲ႕ အခမ္းနားဆုံး ၿမိဳ႕ေတာ္ဘာလင္
ေရးသားသူ – Aung Kaung Htet(GAD)
ဘာလင္ဟာဂ်ာမနီႏိုင္ငံရဲ႕ၿမိဳ႕ေတာ္အျဖစ္သာမက အႀကီးဆုံး ၿမိဳ႕ႀကီးအျဖစ္လည္း တည္ရွိ ေနပါတယ္။ဂ်ာမနီရဲ႕အေရွေျမာက္ဘက္စြန္းပိုင္းက Sparee နဲ႔ Havel ျမစ္ကမ္းပါးေပၚမွာ တည္ရွိေနတာျဖစ္ၿပီး (၂၀၁၉)ခုႏွစ္ စာရင္းေတြအရ ဘာလင္ၿမိဳ႕ေတာ္ရဲ႕လူဦးေရဟာ (၃.၇)သန္းေက်ာ္ရွိေနတယ္လို႔သိရပါတယ္။ ယင္းပမာဏဟာဥေရာပတိုက္မွာ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္ၿပီးရင္ ဒုတိယေျမာက္လူဦးေရအမ်ားဆုံးၿမိဳ႕ေတာ္အျဖစ္ ရပ္တည္ေနတာပါ။ ၿမိဳ႕ေတာ္ေဒသတခုလုံးရဲ႕ ေနထိုင္သူေတြကိုပါ ထည့္တြက္မယ္ဆိုပါက လူဦးေရ ၆.၁သန္းေက်ာ္ အထိ ရွိေနပါတယ္။
အက်ယ္အဝန္းအားျဖင့္ စတုရန္းမိုင္ (၃၄၄)အထိရွိကာ ေျမမ်က္ႏွာ သြင္ျပင္အားျဖင့္ သစ္ေတာေတြဖုံးလႊမ္းေနတဲ့စိမ့္ေျမဆန္တဲ့ေျမနိမ့္ပိုင္းေဒသျဖစ္ပါတယ္။ ဘာလင္ၿမဳိ႕ရဲ႕အက်ယ္အ၀န္းဟာ ျပင္သစ္ရဲ႕နာမည္ေက်ာ္ ပဲရစ္ၿမဳိ႕နဲ႔ႏႈိင္းယွဥ္ရင္ ၉ဆနီးပါး ပုိႀကီးပါတယ္။ ဘာလင္ၿမိဳ႕ေတာ္ဟာဆိုရင္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ (၁၁၂)မွာ တည္ရွိေနတာျဖစ္ၿပီး ၿမိဳ႕ေတာ္ရဲ႕အျမင့္ဆုံးအပိုင္းကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ကေန (၄၀၀) ေပခန႔္ျမင့္မားတဲ့ Arkenberge ေတာင္ကုန္းျဖစ္ၿပီး အနိမ့္ဆုံးအပိုင္းကေတာ့ပင္လယ္ေရမ်က္ ႏွာျပင္ထက္အျမင့္ေပ (၉၂)သာျမင့္မားတဲ့ Spektesee ေဒသျဖစ္ပါတယ္။
ဘာလင္ၿမိဳ႕ေတာ္ဧရိယာစုစုေပါင္းရဲ႕ (၃)ပုံ (၁)ပုံခန႔္ဟာဆိုရင္သစ္ေတာေတြ၊ပန္းၿခံေတြ၊ ဥယ်ာဥ္၊ျမစ္ေခ်ာင္းေတြ၊ေရကန္ေတြနဲ႔တည္ေဆာက္ထားတာျဖစ္ပါတယ္။ ဘာလင္ၿမိဳ႕ ေတာ္ရဲ႕သမိုင္းစတင္ခ်ိန္ကေတာ့ (၁၃)ရာစုကေနျဖစ္ၿပီး (၁၄၁၇)ခုႏွစ္မွာဆိုရင္ဘာလင္ ဟာ Margraviate of Brandenburg ေဒသ(Holy Roman Empire အင္ပါယာ) ရဲ႕ၿမိဳ႕ေတာ္၊ ေနာက္ပိုင္းမွာဆိုရင္ Brandenburg- Prussia နဲ႔ Prussia ဘုရင့္ႏိုင္ငံေတြရဲ႕ၿမိဳ႕ေတာ္ႀကီးအျဖစ္ ရပ္တည္ခဲ့ပါ တယ္။ ယင္းအနက္က Prussia မင္းဆက္ေတြဟာဆိုရင္ (၁၈)ရာစုနဲ႔(၁၉)ရာစုကာလ ေတြအတြင္းမွာ လွ်င္ျမန္စြာအင္အားႀကီးထြားလာခဲ့ၿပီး (၁၈၇၁)ခုႏွစ္ေရာက္ခ်ိန္မွာဆိုရင္ ေနာင္တစ္ခ်ိန္မွာလွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားလာမဲ့ ဂ်ာမန္အင္ပါယာႀကီးရဲ႕ အေျခခံ အုတ္ျမစ္ကို ဘာလင္မွာ အေျခတည္ၿပီး တည္ေဆာက္ႏိုင္ခဲ့ၾကပါတယ္။
(၁၉၀၀)ျပည့္ႏွစ္ေနာက္ပိုင္းကာလေတြမွာဆိုရင္ ဘာလင္ဟာ ကမာၻၿမိဳ႕ေတာ္ႀကီးတစ္ခု အျဖစ္ရပ္တည္လာႏိုင္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သိပၸံနည္းပညာ၊ လူစြမ္းအားအရင္းအျမစ္ဖြံၿဖိဳးတိုးတက္မႈဆိုင္ရာနည္းစဥ္မ်ား၊ဂီတ၊အႏုပညာ၊ျပတိုက္၊ပညာေရးစနစ္၊အုပ္ခ်ဳပ္မႈဆိုင္ရာခန႔္ခြဲမႈ၊ သံခင္းတမန္ခင္းပညာရပ္ေတြနဲ႔စစ္ဘက္ဆိုင္ရာ လက္နက္ထုတ္လုပ္ေရာင္းခ်မႈနယ္ပယ္ေတြမွာ အျခားကမာၻ႔ထိပ္တန္းႏိုင္ငံေတြရဲ႕ ၿမိဳ႕ႀကီးေတြထက္ ပိုမိုသာလြန္ေအာင္ အုပ္ခ်ဳပ္သူအာဏာပိုင္ေတြက စီမံႏိုင္ခဲ့ၾကလို႔ျဖစ္ပါတယ္။ ဒုတိယ ကမာၻစစ္မတိုင္မီက ကမာၻ႔အသန႔္ရွင္းဆုံး နဲ႔ အခမ္းနားဆုံးၿမိဳ႕ေတာ္ႀကီး ျဖစ္ခဲ့ပါတယ္။
ဒုတိယကမာၻစစ္ကာလအတြင္းမွာေတာ့ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြရဲ႕တန္နဲ႔ခ်ီတဲ့ ဗုံးႀကဲ ဘာလင္တစ္ၿမိဳ႕လုံးနီးပါး ရစရာမရွိေအာင္ ဖ်က္စီးခံခဲ့ရပါတယ္။ အဆိုးဆုံးကေတာ့ မဟာမိတ္နဲ႔ ဆိုဗီယက္တပ္နီေတာ္ေတြရဲ႕ ဘာလင္ၿမိဳ႕ေတာ္ရဲ႕လမ္းတစ္လမ္းခ်င္းစီကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ စစ္ဆင္ေရးေတြျဖစ္ပါတယ္။ ယင္းစစ္ဆင္ေရးေတြအတြင္းမွာေတာ့ ဘာလင္ၿမိဳ႕ေတာ္ဟာ လုံးဝပ်က္စီးသြားခဲ့ရတဲ့ အျပင္ ဂ်ာမနီေခါင္းေဆာင္ ဟစ္တလာရဲ႕စနက္ေၾကာင့္ မ်ားစြာေသာ ဘာလင္ၿမိဳ႕သားဆယ္ေက်ာ္သက္စစ္သည္ေတြဟာ တပ္နီ ေတြရဲ႕လက္ခ်က္နဲ႔ အသက္ဆုံးရႈံးခဲ့ရတဲ့ သမိုင္းအရိပ္ဆိုးေတြလည္း ရွိေနခဲ့ပါတယ္။
ယင္းေနာက္မွာဆိုရင္ ဘာလင္ဟာ မဟာမိတ္တပ္ေတြ၊ ဆိုဗီယက္တပ္နီေတြရဲ႕သိမ္းပိုက္ျခင္းကိုခံခဲ့ရကာ ၿမိဳ႕ေတာ္ကို အေရွ႕ဘာလင္နဲ႔ အေနာက္ဘာလင္ဆိုၿပီး (၂)ပိုင္းခြဲအုပ္ခ်ဳပ္ခံခဲ့ရတဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။ (၁၉၆၁)ခုႏွစ္မွာဆိုရင္ကမာၻသမိုင္းတေလွ်ာက္ ဂ်ာမန္ေတြရဲ႕မ်က္ရည္ေတြနဲ႔ေက်ာ္ၾကားခဲ့တဲ့ ဘာလင္တံတိုင္းဆိုၿပီး ေပၚေပါက္လာခဲ့ပါေတာ့တယ္။ အေနာက္ ဘာလင္ကို အေမရိကန္၊ ၿဗိတိသွ်ႏွင့္ ျပင္သစ္အာဏာပိုင္မ်ား အုပ္ခ်ဳပ္ၿပီး အေရွ႕ဘာလင္ကိုေတာ့ ဆုိဗီယာက္ရုရွားက အုပ္ခ်ဳပ္ပါတယ္။
(၁၉၈၇)ခုႏွစ္မွာေတာ့ ဘာလင္ၿမိဳ႕ေတာ္ရဲ႕ႏွစ္(၇၅၀)ျပည့္ေျမာက္တဲ့ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို အေရွ႔ဘာလင္မွာေရာ အေနာက္ဘာလင္မွာပါ (၁)ၿမိဳ႕တည္းကို(၂)ပိုင္းခြဲက်င္းပခဲ့ပါ တယ္။ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲသြားျခင္းနဲ႔အတူ စစ္ေအးတိုက္ပြဲၿပီးဆုံးသြားခ်ိန္မွာ ေတာ့ အေမရိကန္ဦးေဆာင္တဲ့မဟာမိတ္ေတြရဲ႕ျပန္လည္ကူညီမႈနဲ႔အတူ ဘာလင္တံတိုင္းကိုၿဖိဳဖ်က္ခဲ့ၿပီး ၿမိဳ႕ေတာ္ႀကီးတစ္ခုအျဖစ္ခမ္းခမ္းနားနားရပ္တည္လာတာဟာဆိုရင္ ယေန႔အခ်ိန္ထိလို႔ပဲဆိုရပါမယ္။
ယေန႔ကာလမွာဆိုရင္လည္း ဘာလင္ဟာ သိပၸံနဲ႔နည္းပညာ ၊ႏိုင္ငံေရးနဲ႔သမိုင္းယဥ္ေက်းမႈနယ္ပယ္မွာ ကမာၻထိပ္တန္းၿမိဳ႕ေတာ္ႀကီးအျဖစ္ဆက္လက္ ရပ္တည္ေနဆဲျဖစ္တာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါအျပင္ ကမာၻေက်ာ္တကၠသိုလ္ႀကီးေတြ၊ သံစုံတီးဝိုင္းႀကီးေတြ၊ ျပတိုက္ေတြ၊ေဖ်ာ္ေျဖေရးအေဆာက္အအုံေတြ၊ ေခတ္မီအားကစားကြင္းႀကီးေတြေပၚထြန္းလာျခင္းနဲ႔အတူ ဘာလင္ဟာ ကမာၻသိၿမိဳ႕ေတာ္ႀကီးအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဘာလင္မွ ာက်င္းပတဲ့ပြဲေတာ္အခမ္းအနားေတြ၊ၿမိဳ႕ေတာ္ရဲ႕ ခမ္းနားလွတဲ့ အႏုပညာ ဗိသုကာလက္ရာေးတြ၊ ကမာၻေက်ာ္ပညာရွင္ေတြရဲ႕ေတးဂီတေဖ်ာ္ေျဖပြဲေတြ၊ ျမင့္မားတဲ့ လူေနမႈအဆင့္အတန္းေတြေၾကာင့္လည္း လူသိမ်ားထင္ရွားပါတယ္။
ဘာလင္ၿမိဳ႕ေတာ္ရဲ႕အမွတ္အသားအျဖစ္ေက်ာ္ၾကားတဲ့ Brandenburg Gate ဟာဆိုရင္ (၁၈)ရာစုကာလရဲ႕နာမည္ေက်ာ္ Neoclassical မုခ္ဦး စတိုင္တည္ေဆာက္ ထားတာျဖစ္ၿပီး ဦးေဆာင္တည္ေဆာက္သူကေတာ့ Prussian ဘုရင္ ဒုတိယေျမာက္ Frederick Willamျဖစ္ပါတယ္။ ဒီဇုိင္းကေတာ့ Carl Gotthard Langhans အမည္ရ နာမည္ေက်ာ္ ပရပ္ရွားဗိသုကာေက်ာ္ရဲ႕လက္ရာဒီဇိုင္းျဖစ္ၿပီး (၁၇၈၈) ကေန (၁၇၉၁)ကာလအထိ တည္ေဆာက္ခဲ့ပါတယ္။ ဥေရာပ ညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး အမွတ္အသားလည္းျဖစ္တဲ့ ယင္းအေဆာက္အအုံဟာဆိုရင္ (၈၅)ေပအထိျမင့္မားၿပီး (၂၁၃)ေပ အက်ယ္ရွိပါတယ္။ အေျခတိုင္(၁၂)အထိပါဝင္ေနၿပီး ယင္းအနက္က ပင္မေဆာင္မွာပါဝင္ေနတဲ့ ေထာက္တိုင္တစ္ခုခ်င္းဟာဆိုရင္ (၄၉)ေပအထိအျမင့္ရွိပါတယ္။
Reichstag အေဆာက္အအုံဆိုတာကေတာ့ ဂ်ာမနီရဲ႕ပါလီမန္လႊတ္ေတာ္ျဖစ္ၿပီး သမိုင္းဝင္အေဆာက္အအုံတစ္ခု အျဖစ္လည္းရွိေနပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ Brandenburg Gate အနီးမွာတည္ရွိေနၿပီး ယင္းအေဆာက္အအုံ(၂)ခုစလုံးဟာ ဘာလင္ၿမိဳ႕လယ္ရဲ႕ သမိုင္းဆိုင္ရာ ဗဟိုခ်က္မ နယ္ေျမမွာ တည္ရွိေနပါတယ္။ သမိုင္းမွာ Imperial Dietလို႔သိ ၾကတဲ့ Reichstag အင္ပါယာရဲ႕နန္းေတာ္အျဖစ္စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး (၁၉၃၃) ခုႏွစ္နဲ ႔ဒုတိယကမာၻစစ္ကာလေတြမွာေတာ့ အႀကီးအက်ယ္ဖ်က္ဆီးျခင္းခံခဲ့ရပါတယ္။ ယေန႔ေတြ႕ရတဲ့ အေဆာက္အအုံရဲ႕အစိတ္အပိုင္းမ်ားစြာဟာဆိုရင္လည္း(၁၉၇၀ )ျပည့္ႏွစ္ကာလက Bonn ကေန ဘာလင္ကိုေျပာင္းေ႐ြအေျခစိုက္လာတဲ့ ဂ်ာမန္အစိုးရအဖြဲ႕ရဲ႕အစီအစဥ္အတိုင္း ျပန္လည္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။
ဘာလင္ၿမိဳ႕ေတာ္အေၾကာင္းကိုေဖာ္ျပမယ္ဆိုရင္ေတာ့ ဘာလင္တံတိုင္း (Berlin Wall) ကိုလည္း ခ်န္ထားလို႔မရႏိုင္ပါဘူး။ စစ္ေအးတိုက္ပြဲကာလျဖစ္တဲ့ (၁၉၆၁) ကေန(၁၉၈၉) ကာလအထိရွိေနခဲ့တာျဖစ္ၿပီး ဂ်ာမန္သားေတြကိုနယ္ေျမအစိတ္အပိုင္းအရသာမက အေတြးအေခၚကိုပါ(၂)ပိုင္းခြဲျခားခဲ့တဲ့ ယင္းတံတိုင္းႀကီးဟာ ဂ်ာမန္ေတြရတဲ့ စစ္ရဲ႕ဆိုးေမြေတြအနက္မွာေတာ့ ႏိုင္ငံေရးအရ အႀကီးအက်ယ္ေပးဆပ္လိုက္ရတဲ့ျဖစ္ရပ္တစ္ခု အျဖစ္လည္း က်န္ရွိေနပါတယ္။ ဘာလင္တံတိုင္းႀကီးကိုေတာ့ (၁၉၆၁)ခုႏွစ္၊ၾသဂုတ္လ(၁၃)ရက္ေန႔ ညတြင္းၿပီးဖုတ္ပူမီးတိုက္တည္ေဆာက္ခဲ့ၿပီး (၁၉၈၉)ခုႏွစ္၊ႏိုဝင္ဘာ(၉)ရက္ေန႔ေရာက္ခ်ိန္မွာေတာ့ တည္ေဆာက္ခ်ိန္ကာလကလိုအလွ်င္အျမန္ ၿဖိဳခ်ဖ်က္ဆီးျခင္းခံခဲ့ရပါတယ္။
ဘာလင္ရဲ႕အထင္ကရေနရာေတြအနက္မွာဆိုရင္ Holocaust Memorial ဟာတစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္ကာလအတြင္း Halocaust ျဖစ္စဥ္ေတြေၾကာင့္ ေသေၾကခဲ့ရတဲ့ ဂ်ဴးေတြအတြက္ ေအာင္းေမ့ဖြယ္ေနရာတစ္ခုျဖစ္ၿပီး (၁၉၀၀၀)စတုရန္းမီတာအထိက်ယ္ျပန႔္ကာ ေလးေထာင့္သ႑ာန္ အဂၤေတ တုံးေပါင္း(၂၇၁၁)ခု အထိပါဝင္ေနပါတယ္။ Holocaust Memorial ကိုေတာ့ ဒုတိယကမာၻစစ္အၿပီး(၆)ႏွစ္တာကာလအတြင္းမွာပဲ ျပည္သူအမ်ားလာေရာက္လည္ပတ္ရာေနရာအျဖစ္စတင္ထားရွိခဲ့ၿပီး တရားဝင္အခမ္းအနားနဲ႔ ဖြင့္လွစ္တဲ့ခုႏွစ္ကေတာ့ (၂၀၀၅)ခုႏွစ္၊ေမလကျဖစ္ပါတယ္။ Brandenburg Gate ရဲ႕ေတာင္ဘက္မွာတည္ရွိေနပါတယ္။
Museum Island ဆိုတာကေတာ့ ဘာလင္အလယ္ပိုင္း Mitte ခ႐ိုင္အတြင္း Spree ျမစ္အတြင္းက ကြၽန္းရဲ႕ေျမာက္ဘက္အက်ဆုံးေနရာမွာတည္ေဆာက္ထားတဲ့ ျပတိုက္ ကြၽန္းတစ္ခုျဖစ္ပါတယ္။ ႏိုင္ငံတကာအဆင့္မီ Museum Complex တစ္ခုအျဖစ္လည္း ရွိေနၿပီး တည္ရွိရာကြၽန္းရဲ႕နယ္ေျမတစ္ဝက္ေလာက္အထိကို က်ယ္၀န္းပါတယ္။ ဂ်ာမန္ေတြရဲ႕သမိုင္းဆိုင္ရာအေမြအႏွစ္မ်ားစြာတည္ရွိေနတဲ့အခ်က္ေၾကာင့္ ျပတိုက္ကြၽန္း ဟာ(၁၉၉၉)ခုႏွစ္ကာလကတည္းက ယူနက္စကိုရဲ႕ကမာၻအေမြအႏွစ္ထိန္းသိမ္းေစာင့္ ေရွာက္ေရးနယ္ေျမအျဖစ္သတ္မွတ္ျခင္းကို ခံထားရတာလည္းျဖစ္ပါတယ္။
ျပတိုက္ကြၽန္းေပၚမွာတည္ရွိေနတဲ့ ဘာလင္ကာသီျဒယ္ ဟာဆိုရင္လည္း ၿမိဳ႕ေတာ္ေန ႐ိုမန္ကတ္သလစ္ဘာသာဝင္ေတြရဲ႕ အထြတ္အျမတ္ထား ဝတ္ျပဳရာေနရာျဖစ္ၿပီး(၁၅) ရာစုကာလကတည္းကတည္ရွိေနခဲ့တာျဖစ္ပါတယ္။ ယေန႔ျမင္ေတြ႕ရတဲ့ဘုရားေက်ာင္းကိုေတာ့ (၁၉၀၅)ခုႏွစ္ကာလကတည္းက နာမည္ေက်ာ္ Kaiserzeit ဗိသုကာလက္ ရာဟန္ပန္အတိုင္းတည္ေဆာက္ခဲ့ပါတယ္။ ထူးျခားခ်က္ကေတာ့ ဘာလင္ကာသီျဒယ္ ဟာဆိုရင္ အျခားေသာ ကာသီျဒယ္ ေတြလိုဘုန္းေတာ္ႀကီးေတြ ေက်ာင္းထိုင္ရာေနရာ အျဖစ္ေတာ့ရွိမေနခဲ့ပါဘူး။
ဘာလင္ၿမိဳ႕ေတာ္ရဲ႕နာမည္ေက်ာ္ေနရာတစ္ခုကေတာ့ Alexanderplatz ရင္ျပင္ျဖစ္ၿပီး လာေရာက္လည္ပတ္သူအမ်ားဆုံးေသာ ဘာလင္ရဲ႕သမိုင္းဝင္ေနရာတစ္ခုဆိုရင္လည္း မမွားပါဘူး။ ယင္းရင္ျပင္ဟာဆိုရင္ အလယ္ေခတ္ကာလက Alex to Berliners အမည္ရ ကြၽဲႏြားတိရစာၦန္ေဈးအျဖစ္လည္းေကာင္း၊ (၁၉)ရာစုအလယ္ပိုင္းကာလေတြ မွာဆိုရင္လည္း စစ္ေရးျပကြင္းနဲ႔လူထုေလ့က်င့္ခန္းျပဳလုပ္တဲ့ ေနရာအျဖစ္လည္းေကာင္းအသုံးျပဳခဲ့ပါတယ္။ Alexanderplatz ဆိုတဲ့အမည္ကိုေတာ့ ဘာလင္ကို(၁၈၀၅) ခုႏွစ္ကာလကလာေရာက္လည္ပတ္ခဲ့တဲ့ ႐ုရွားဇာဘုရင္ ပထမ အလက္ဇႏၵားကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အမည္ေပးခဲ့တာလို႔လည္းသိရပါတယ္။
ဘာလင္ဆိုတဲ့အမည္ဟာ လက္ရွိဘာလင္ၿမိဳ႕ေတာ္ဝန္းက်င္အရပ္မွာအေျခခ်ေနထိုင္ခဲ့ၾကတဲ့ အေနာက္ဘက္ပိုင္း Slavic ေတြရဲ႕ဘာသာစကားကေန ဆင္းသက္လာခဲ့တာျဖစ္ၿပီး ေရွးေဟာင္း Polabian ေတြရဲ႕ ဘာသာစကား berl-birl(စိမ့္ဆန္ေသာေဒသ) နဲ႔လဲဆက္ ႏြယ္မႈရွိေနတယ္လို႔ဆိုပါတယ္။ (၂၀၀၅)ခုႏွစ္ကဆိုရင္ ကမာၻေက်ာ္ၿမိဳ႕ေတာ္ႀကီးေတြနဲ႔ ယွဥ္ၿပီး ဘာလင္ဟာ ယူနက္စကိုကခ်ီးျမႇင့္တဲ့ City of Design ဆုကိုရရွိခဲ့ပါတယ္။ ဥေရာပရဲ႕ခမ္းနားတဲ့ ကဇာက္႐ုံေပါင္း (၄၄)ခု၊ သံစုံတီးဝိုင္းျပဇာက္႐ုံ (၇)႐ုံ၊ ျပတိုက္ေပါင္း ၁၃၈ ခုနဲ႔အႏုပညာျပခန္းေပါင္း ၄၀၀ ေက်ာ္ေလာက္အထိ ဘာလင္ၿမိဳ႕ေတာ္မွာတည္ရွိေနတာ ျဖစ္ပါတယ္။
ဒါအျပင္ ကမာၻေက်ာ္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားဟာဆိုရင္ သူတို႔ရဲ႕ေဖ်ာ္ေျဖပြဲေတာ္ေတြကို ဘာလင္ၿမိဳ႕မွာ မပ်က္မကြက္ က်င္းပေလ့ရွိၾကပါတယ္။ ဘာလင္ရဲ႕ ႏိုက္ကလပ္ယဥ္ေက်းမႈဟာဆိုရင္လည္း ဥေရာပထိပ္တန္းအဆင့္မွာရွိေနၿပီး ေသာၾကာေန႔လို ညနက္အခ်ိန္ေတြဟာ ဘာလင္ရဲ႕ၿမိဳ႕ျပအလွကို ေရာင္စုံကာလာမ်ိဳးစုံရွိေနတဲ့ ကပြဲ႐ုံေတြ၊ စားေသာက္ဝိုင္းေတြ အေဖ်ာ္ယာမကာေတြနဲ႔ ကမာၻအရပ္ရပ္ကလာေရာက္လည္ ပတ္သူေတြကို အၿမဲအမွတ္ရေနေအာင္ဖမ္းစားေလ့ရွိပါတယ္။
ဘာလင္မွ ာႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ Berlinale လို႔သိၾကတဲ့ Berlin International Film Festival (ဘာလင္႐ုပ္ရွင္ပြဲေတာ္)ဟာဆိုရင္လည္း တက္ေရာက္သူ (၅)သိန္းဝန္းက်င္ အထိကိုရွိေနခဲ့ကာ ကမာၻေပၚမွာအေက်ာ္ၾကားဆုံးေသာ႐ုပ္ရွင္ပြဲေတာ္ေတြအနက္က တစ္ခုအျဖစ္လည္းရပ္တည္ေနပါတယ္။ ဒါအျပင္ကမာၻေပၚမွာအႀကီးဆုံးေသာ New Year’s Eve ဟာဆိုရင္လည္း ႏွစ္စဥ္ဘာလင္ၿမိဳ႕ေတာ္က လက္ခံက်င္းပရတာျဖစ္ၿပီး လူတစ္သန္းအထိ လာေရာက္ေလ့ရွိပါတယ္။ အဓိကစုရပ္ထားရာေနရာကေတာ့ ဘာလင္ရဲ႕အမွတ္ အသားျဖစ္တဲ့ Brandenburg Gate မွာျဖစ္ၿပီးမီးရႉးမီးပန္းေတြကို တစ္ၿမိဳ႕လုံးနီးပါးပစ္လႊတ္ကာ ႏွစ္သစ္ႀကိဳဆိုတဲ့ ဘာလင္ရဲ႕ျမင္ကြင္းေတြဟာ ကမာၻ႔မီဒီယာေတြထက္ႏွစ္စဥ္ ေရပန္းစားေလ့ရွိပါတယ္။
ဘာလင္ဟာ တူးေျမာင္းေတြ နဲ႔ ပတ္သက္ရင္ နာမည္ႀကီးၿပီး ထင္ရွားတဲ့ အီတလီ ဗင္းနစ္ၿမဳိ႕ နဲ႔ နယ္သာလန္ အမ္စတာဒမ္ၿမဳိ႕ေတြထက္ တူးေျမာင္းအေရအတြက္ေရာ ၊ တံတားအေရအတြက္ပါ ပုိမုိမ်ားျပားပါတယ္။ ဘာလင္မွာ ရွိတဲ့ တူးေျမာင္းစုစုေပါင္းရဲ႕ အရွည္ကိုေပါင္းလုိက္ရင္ မုိင္ ၁၁၀ ခန္႔ရွိမွာျဖစ္ၿပီး ဒီတူးေျမာင္းေတြကို ျဖတ္ထုိးထားတဲ့ တံတားအေရအတြက္ကေတာ့ ၁၀၀၀ ၀န္းက်င္ ရွိေနပါတယ္။
မ်ားစြာေသာ အမ်ားျပည္သူသုံး Wireless LAN ေနရာမ်ားစြာ ဟာဆိုရင္ (၂၀၁၆)ခုႏွစ္ကတည္းက ဘာလင္ရဲ႕ေနရာအႏွံ႔မွာတည္ရွိေနခဲ့ပါတယ္။ ဥေရာပမွာဆိုရင္ေတာ့ ဘာလင္ဟာလာေရာက္လည္ပတ္သူ အမ်ားဆုံးေသာၿမိဳ႕ေတာ္ႀကီးေတြအနက္ တစ္ခုအျဖစ္ရွိေနၿပီး အမ်ားဆုံးလာေရာက္လည္ပတ္သူေတြကေတာ့ ဂ်ာမန္ျပည္တြင္း၊ အဂၤလန္၊ နယ္သာလန္၊ အီတလီ၊ စပိန္ နဲ႔ အေမရိကန္ျပည္ေထာင္စု စတဲ့ ေနရာေတြကျဖစ္ပါတယ္။ ဘာလင္ၿမိဳ႕ေတာ္မွာ ဟိုတယ္ေပါင္း ၈၀၀ နီးပါး ဟုိတယ္ခန္းေပါင္း ၁၅၀,၀၀၀ ၀န္းက်င္ရွိေနသလုိ ၂၀၁၈ ခုႏွစ္ကဆုိရင္ လာေရာက္လည္ပတ္သူေပါင္း ၁၃.၅သန္း အထိ ရွိခဲ့ပါတယ္။
Discussion about this post