Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျာမနီ က နာမည်ကျော် ဧရာမ ဆားတောင်ကြီး

by Thutamm
August 14, 2019
Reading Time: 1min read
0
ဂျာမနီ က နာမည်ကျော် ဧရာမ ဆားတောင်ကြီး
Share on FacebookShare on Twitter

ဂျာမနီနိုင်ငံ၊ Hesse ဒေသအရှေဘက်ပိုင်းက Heringer မြို့မှာ တည်ရှိတဲ့ Monte Kali တောင်ကတော့  ထူးခြားတဲ့ ဝိသေသတွေကို ပိုင်ဆိုင်ထားတဲ့ တောင်တစ်ခု အဖြစ်ထင်ရှား ပါတယ်။ ဒေသခံတွေကတော့ ဂျာမန်ဘာသာနဲ့ Kalimanjaro (Potash ထွက်တဲ့အရပ်)လို့ခေါ်ကြတဲ့ Monte Kaliဟာ အလွန်ကြီးမားတဲ့ ဆားတောင်ကြီး တစ်ခုအဖြစ်တည်ရှိနေလို့ ဖြစ်ပါတယ်။

မူလက မီးတောင်တစ်ခု အနေနဲ့တည်ရှိတဲ့ Monte Kali ဟာ Potash တူးဖော် ရေးလုပ်ငန်းကိုကာလကြာ လုပ်ကိုင်ရာကနေတစ်ဆင့် ယခုလိုကြီးမားတဲ့ဆားတောင်ကြီး ဖြစ်လာခဲ့ပြီး ဆိုဒီယမ်ကလိုရိုကဒြပ်နှောတွေ ဖြစ်တဲ့ အိမ်သုံးဆားကြမ်းတန်ချိန်များစွာကို ထုတ်လုပ်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အကြာကတည်းက တွင်းထွက်တစ်မျိုးဖြစ်တဲ့ Potash( ဓါတ်ပြာ) တူးဖော်ရေး လုပ်ငန်းဟာ ဒီဒေသရဲ့အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့အကြီးဆုံး သတ္ထုတူးဖော်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wintershall ကုမ္ပဏီကလည်း ဒီဒေသမှာ (၁၉၀၃)ခုနှစ်ကတည်းက Potash တူးဖော်ရေး လုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ယနေ့အချိန်မှာတော့ ဒီဒေသဟာ ဂျာမနီနိုင်ငံ တွင်းသာမက ကမ္ဘာပေါ်မှာ အကြီးဆုံး Potash တူးဖော်ရေးလုပ်ငန်းခွင်ဧရိယာဖြစ်လာခဲ့ပြီး မြူးနစ်မြို့ထက်တောင် ပိုမိုကျယ်ဝန်းနေခဲ့ပြီ ဖြစ်ပါတယ်။

Potash ဆိုတာကတော့ ဓာတုတွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ပိုတက်ဆီယမ်ကွန်ပေါင်း နဲ့ ပိုတက်ဆီယမ်ကလိုရိုက်(KCL)အဓိက ပါဝင်ပါတယ်။ ယင်းကနေတစ်ဆင့် ရေတွင်ပျော်ဝင်နိုင်တဲ့ပိုတက်ဆီယမ် ပါဝင်တဲ့အိမ်သုံးဆားကိုထုတ်လုပ်နိုင်တဲ့ အပြင် ယနေ့အသုံးပြုနေကြတဲ့ ဖန်ထည်ပစ္စည်းတွေ၊ဆပ်ပြာတွေဟာလည်း Potash ဒြပ်စင်ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

AD 500 လောက်ကတည်းက တီထွင်အသုံးပြုခဲ့ကြတယ်လို့ သိရပြီး Potashဟာ စက်မှုလုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။ Potashကို(၁၄)ရာစုလောက်ကတည်းက အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှာ တူးဖော်ရရှိနိုင်ပါတယ်။

ယခုအချိန်မှာတော့ ရုရှား၊ကနေဒါ၊အမေရိကန် ပြည်ထောင်စု၊တရုတ်၊ဘီလာရုစ်၊အစ္စရေး၊ဂျော်ဒန်၊ချီလီ၊ဘရာဇီး အစရှိတဲ့နိုင်ငံတွေမှာ Potash ကိုအကြီးအကျယ် တူးဖော်ခြင်းတွေကို လုပ်ဆောင်နေပါပြီး Potash တူးဖော်တဲ့ မိုင်းတွင်းတစ်ခုဟာ ပျှမ်းမျှအား ဖြင့် မြေအောက်ကို ပေပေါင်း(၄၄၀၀)လောက် တူးရလေ့ရှိပါတယ်။

Potash မိုင်းတွင်းတွေဟာ Potash ဒြပ်စင်တွေအပြင် Sodium Chloride( Potassium (၂၀)ရာခိုင်နှုန်းကနေ (၃၅)ရာခိုင်နှုန်းအထိ ပူးတွဲပါဝင်)ကိုထုတ်လုပ်ပေး လေ့ရှိပါတယ်။ဒါကလည်း Potashနဲ့ Sodium Chloride(ဆားကြမ်း) တွေဟာ ဒြပ်နှောတစ်ခုအဖြစ် ပူးတွဲတည်ရှိနေလို့ပါ။ ဒါကြောင့် Potash တန်ချိန်များစွာကိုထုတ်ယူလိုက်တိုင်း Sodium Chloride(ဆားကြမ်း) တန်ချိန်များစွာ ဟာ မြေပြင်ပေါ်မှာ စုပုံကျန်ရှိနေခဲ့ပါတယ်။

ဒီလိုနည်းနဲ့ တဖြည်းဖြည်းစုပုံလာရာကနေ နှစ်များစွာ ကြာတဲ့အခါမှာတော့ မြင်တွေ့ရတဲ့ အတိုင်း Monte Kaliတောင်ဟာ ဆားတောင်ကြီး တစ်ခုအဖြစ် အသွင် ပြောင်းသွားခဲ့ပါတယ်။ အတိအကျဆိုရင်တော့ Monte Kaliတောင်ရဲ့ (၉၆)ရာခိုင်နှုန်း လောက်ဟာ ဆားကြမ်းတွေ အဖြစ်တည်ရှိနေပါတယ်။

Monte Kaliဟာ ၁၉၇၃ ခုနှစ်ကာလ လောက်ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မူလက မြေပြက်ထက် မီတာ(၂၀၀)လောက်သာ မြင့်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ထုတ်လုပ် တဲ့ Potashတန်ချိန်များစွာကနေ ပိုလျှံလာတဲ့ ဆားကြမ်းတွေကြောင့် (၂၀၁၄) ခုနှစ်၊ ဇန်နဝါရီမှာတော့ မူလစုပုံရာနေရာကနေ (၉၀)hectares လောက်အထိကို ဆားကြမ်း တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ Monte Kaliမှာ ဆားကြမ်း တန်ချိန် သန်းပေါင်း(၁၈၈) သန်းလောက်စုပုံနေတာဖြစ်ပြီး နှစ်စဉ် နောက်ထပ် ဆားတန်ချိန် (၆.၄) သန်းလောက်စုပုံရောက်ရှိနေခဲ့ပါတယ်။

Monte Kaliဟာ ဂျာမနီရဲ့အခြားပြည်နယ်တစ်ခုဖြစ်တဲ့ Thuringia နယ်စပ်နဲ့ ထိစပ်လျက်ရှိပြီး အလှပဆုံးသော (Natural View)တစ်ခုကိုလည်း ပိုင်ဆိုင်ထား သေးပါတယ်။ ဒါကတော့ Monte Kali Towers နဲ့ Kalimanjaro လို့ဒေသခံတွေကသိကြတဲ့ Monte Kali တောင်ထိပ်ပေါ်ကနေ Heringen မြို့အပါအဝင် အရပ်လေးမျက်နှာက ပတ်ဝန်းကျင်ရှုခင်းတွေကို ရှုမြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၁၇၄၀)လောက်မြင့်မားတဲ့ အတွက် ပတ်ဝန်း ကျင်ရှုခင်းတွေကို အပေါ်စီးကနေမြင်နိုင်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ(၁၀၀၀၀) လောက်ရှိပါတယ်။ ဒါအပြင် ကမ္ဘာအရပ်ရပ်က လာရောက်လေ့လာသူများစွာဟာလည်း လာရောက်လည်ပတ်ပြီး ဂျာမနီရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်း ကနေ အကျိုးပြုနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ရှုထောင့်က ကြည့်ရင်တော့ ဒီဒေသရဲ့ ဂေဟ စနစ်တစ်ရပ် လုံးဟာ Monte Kali ကြောင့် အကြီးအကျယ် ပျက်စီးနေရပြီလည်း ဖြစ်ပါတယ်။ များစွာ သောဆားတန်ချိန်များစွာဟာ ဒေသရဲ့ မြေပြင်ပေါ်မှာသာမက ရေထု၊မြေထုနဲ့ မြေဆီလွှာထဲကိုပါ စိမ့်ဝင်နေတာကြောင့် မြေဆီလွှာအပါအဝင်၊မြစ်ရေနဲ့ မြေအောက် ရေတွေပါ ညစ်နွမ်းပျက်စီးရပါတယ်။

ဒါအပြင် Monte Kaliဒေသ တစ်ဝိုက်မှာရှိတဲ့ မြေလွှာဟာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်လေ့မရှိပဲ ဆားငန်ဓာတ်ကို ခံနိုင်တဲ့ Halophyte လို အပင်မျိုးတွေပဲ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ ဒါအပြင် ဒီဒေသရဲ့ အနီးစပ်ဆုံးမှာတည်ရှိတဲ့ Werra မြစ်ပါ မူလက ရေချိုသယံဇာတကို ထုတ်လုပ်ပေးနိုင် ခဲ့ပေမယ့် ယခုအခါမှာတော့ ညစ်နွမ်း ပျက်စီးနေရပြီ ဖြစ်ပါတယ်။

VIDEO

Tags: kaung htetworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ဂရိနိုင်ငံ အကြောင်း သိကောင်းစရာ

ဂရိနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!