(Unicode)
Aogashima (အအို့ဂါရှီမ) ကျွန်းဟာ ဂျပန်နိုင်ငံက မီးတောင်းကျွန်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်ထဲမှာ တည်ရှိပါတယ်။ ဒီကျွန်းဟာ တိုကျိုမြို့ရဲ့တောင်ဘက် ၂၂၂မိုင်ခန့်အကွာမှာတည်ရှိပြီး ဂျပန်နိုင်ငံရဲ့ တောင်ဘက်အစွန်းဆုံးမှာတည်ရှိတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။
Izu ကျွန်းစုတွေထဲမှာတော့ နေထိုင်သူနည်းပါးလွန်းလှတဲ့ အထီးအကျန်ဆုံး ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဘယ်လောက်အထီးကျန်သလဲဆိုရင် ဒီကျွန်း နဲ့ အနီးဆုံး လူနေထိုင်တဲ့နေရာဖြစ်တဲ့ Hachijō-jima ကျွန်းနဲ့တောင် ၄၄မိုင် ကွာဝေးနေလို့ ဖြစ်ပါတယ်။
အဝေးကကြည့်လျှင် လူမနေလောက်ဘူးလို့ ထင်ရတဲ့ ဒီကျွန်းပေါ်မှာ Aogashima ရွာရှိနေပါတယ်။ ကျွန်းရဲ့အကျယ်က စတုရန်းမိုင် ၃.၃၈မိုင်သာ ရှိပြီး တစ်ကျွန်းလုံးမှာနေတဲ့ လူဦးရေကလည်း ၂၀၁၄ခုနှစ်အရ ၁၇၀ ဦးပဲ ရှိပါတယ်။ အစိုးရရုံးတစ်ရုံး နဲ့ ကျောင်းတစ်ကျောင်းသာ ရှိပြီး အလွန်အေးချမ်းတိတ်ဆိတ်လှတဲ့ နေရာဖြစ်ပါတယ်။
ကျွန်းရဲ့ပတ်ပတ်လည်မှာတော့ မီးတောင်ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာခဲ့တဲ့ မတ်စောက်ပြီးတွန့်ခေါက်နေတဲ့ ကျောက်တောင်စွန်းတွေက ဝန်းရံထားပါတယ်။ ဒီကျွန်းရဲ့အမြင့်ဆုံးနေရာကတော့ Otonbu လို့ခေါ်တဲ့ နေရာဖြစ်ပြီး ၁၃၈၈ပေ မြင့်ပါတယ်။ ဒီနေရာကနေ ကျွန်းပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရှု့နိုင်ပါတယ်။
ဒီကျွန်းမှာရှိတဲ့မီးတောင်ဟာ ၁၇၈၁ နဲ့ ၁၇၈၅ ခုနှစ်ကြားမှာ နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ပေါက်ကွဲမှုကြောင့် အဲဒီအချိန်က ကျွန်းပေါ်မှာနေထိုင်ခဲ့သူ ၃၀၀ ကျော်ရှိတဲ့အနက် လူ ၁၃၀ခန့် သေဆုံးခဲ့ရပါတယ်။
Aogashima ရွာမှာနေထိုင်တဲ့သူတွေရဲ့ အဓိက အလုပ်အကိုင်ကတော့ ငါးဖမ်းခြင်း နဲ့ စိုက်ပျိုးရေးသာဖြစ်ပါတယ်။ တကူးတက လာရောက်ရတဲ့အတွက် ဒီကျွန်းကို နှစ်စဉ်လာလည်တဲ့သူ အနည်းငယ်ပဲ ရှိပါတယ်။ကျွန်းပေါ်မှာ ခရီးသွားတွေတည်းခိုဖို့ အိမ် ၆လုံးရှိပါတယ်။ ဒီကျွန်းကို လာချင်ရင်တော့ ရေကြောင်းခရီး လေကြောင်းခရီးနဲ့ လာလည်လို့ရပါတယ်။
ဒီကျွန်းကိုသွားတဲ့လမ်းကြောင်းဟာ ရေစီးကြမ်းလွန်ပြီး တခါတရံမှာ အပူပိုင်းမုန်တိုင်းတွေရှိတတ်တာအပြင် ဆိုက်ကပ်ရတာလည်း ခက်ခဲတာကြောင့် လာချင်တဲ့အချိန်လာလို့ မရပဲ ရာသီဥတု သာယာမှ လာလို့ရမှာပါ။ Toho Air Service ကတော့ Hachijōjima ကတဆင့် ဟယ်လီကော်ပတာနဲ့ ဝန်ဆောင်မှုပေးပါတယ်။ မော်တော်ဘုတ်နဲ့ လာရင် ၂နာရီခွဲကြာမှာဖြစ်ပြီး ဟယ်လီကော်ပတာနဲ့ ဆိုရင်တော့ မိနစ် ၂၀ပဲ ကြာမှာဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဒီကျွန်းဟာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတယ်လို့ ဆိုရမှာပါ။
စွန့်စားလိုပြီး သဘာ၀ ဘဝကို ခံစားလိုတဲ့ ဂျပန်က လူတွေကတော့ ဒီကျွန်းကို မကြာခဏလာလေ့ရှိပါတယ်။ တည်းခိုခ နဲ့ အစားအစာ ၃မျိုးအပါဝင် ကုန်ကျစရိတ် ဂျပန်ယန်း ၇၅၀၀ ကနေ ၉၀၀၀ ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။ ရောက်ဖူးတဲ့သူတွေကတော့ ကမ္ဘာသစ်တစ်ခုကို လက်တွေ့မြင်ချင်ရင် ဒါမှမဟုတ် မြင်တွေ့ဖူးနေကျ အလှအပရှုခင်းတွေနဲ့ မတူတဲ့မြင်ကွင်းတွေကို မြင်ချင်ရင် ဒီကျွန်းကို သွားလည်ပါ ဆိုလေ့ရှိကြပါတယ်။
ဒီကနေ သွားလည်ချင်ရင်တော့ အောက်ကဗီဒီယိုကို ကြည့်ရင်းသွားလည်ကြပါလို့ 🙂
(Zawgyi)
ဂ်ပန္ႏိုင္ငံ က လူသိနည္းတဲ့ေနရာတစ္ခု (သို႔) အထီးက်န္ဆုံးကြၽန္း
Aogashima (အအို႔ဂါရွီမ) ကြၽန္းဟာ ဂ်ပန္ႏိုင္ငံက မီးေတာင္းကြၽန္းတစ္ခုျဖစ္ၿပီး ဖိလစ္ပိုင္ပင္လယ္ျပင္ထဲမွာ တည္ရွိပါတယ္။ ဒီကြၽန္းဟာ တိုက်ိဳၿမိဳ႕ရဲ႕ေတာင္ဘက္ ၂၂၂မိုင္ခန႔္အကြာမွာတည္ရွိၿပီး ဂ်ပန္ႏိုင္ငံရဲ႕ ေတာင္ဘက္အစြန္းဆုံးမွာတည္ရွိတဲ့ ကြၽန္းလည္း ျဖစ္ပါတယ္။
Izu ကြၽန္းစုေတြထဲမွာေတာ့ ေနထိုင္သူနည္းပါးလြန္းလွတဲ့ အထီးအက်န္ဆုံး ကြၽန္းတစ္ကြၽန္းျဖစ္ပါတယ္။ ဘယ္ေလာက္အထီးက်န္သလဲဆိုရင္ ဒီကြၽန္း နဲ႔ အနီးဆုံး လူေနထိုင္တဲ့ေနရာျဖစ္တဲ့ Hachijō-jima ကြၽန္းနဲ႔ေတာင္ ၄၄မိုင္ ကြာေဝးေနလို႔ ျဖစ္ပါတယ္။
အေဝးကၾကည့္လွ်င္ လူမေနေလာက္ဘူးလို႔ ထင္ရတဲ့ ဒီကြၽန္းေပၚမွာ Aogashima ႐ြာရွိေနပါတယ္။ ကြၽန္းရဲ႕အက်ယ္က စတုရန္းမိုင္ ၃.၃၈မိုင္သာ ရွိၿပီး တစ္ကြၽန္းလုံးမွာေနတဲ့ လူဦးေရကလည္း ၂၀၁၄ခုႏွစ္အရ ၁၇၀ ဦးပဲ ရွိပါတယ္။ အစိုးရ႐ုံးတစ္႐ုံး နဲ႔ ေက်ာင္းတစ္ေက်ာင္းသာ ရွိၿပီး အလြန္ေအးခ်မ္းတိတ္ဆိတ္လွတဲ့ ေနရာျဖစ္ပါတယ္။
ကြၽန္းရဲ႕ပတ္ပတ္လည္မွာေတာ့ မီးေတာင္ေပါက္ကြဲမႈကေန ျဖစ္ေပၚလာခဲ့တဲ့ မတ္ေစာက္ၿပီးတြန႔္ေခါက္ေနတဲ့ ေက်ာက္ေတာင္စြန္းေတြက ဝန္းရံထားပါတယ္။ ဒီကြၽန္းရဲ႕အျမင့္ဆုံးေနရာကေတာ့ Otonbu လို႔ေခၚတဲ့ ေနရာျဖစ္ၿပီး ၁၃၈၈ေပ ျမင့္ပါတယ္။ ဒီေနရာကေန ကြၽန္းပတ္ဝန္းက်င္ တစ္ခုလုံးကို ၾကည့္ရႈ႕ႏိုင္ပါတယ္။
ဒီကြၽန္းမွာရွိတဲ့မီးေတာင္ဟာ ၁၇၈၁ နဲ႔ ၁၇၈၅ ခုႏွစ္ၾကားမွာ ေနာက္ဆုံးအႀကိမ္ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္ေပါက္ကြဲမႈေၾကာင့္ အဲဒီအခ်ိန္က ကြၽန္းေပၚမွာေနထိုင္ခဲ့သူ ၃၀၀ ေက်ာ္ရွိတဲ့အနက္ လူ ၁၃၀ခန႔္ ေသဆုံးခဲ့ရပါတယ္။
Aogashima ႐ြာမွာေနထိုင္တဲ့သူေတြရဲ႕ အဓိက အလုပ္အကိုင္ကေတာ့ ငါးဖမ္းျခင္း နဲ႔ စိုက္ပ်ိဳးေရးသာျဖစ္ပါတယ္။ တကူးတက လာေရာက္ရတဲ့အတြက္ ဒီကြၽန္းကို ႏွစ္စဥ္လာလည္တဲ့သူ အနည္းငယ္ပဲ ရွိပါတယ္။ကြၽန္းေပၚမွာ ခရီးသြားေတြတည္းခိုဖို႔ အိမ္ ၆လုံးရွိပါတယ္။ ဒီကြၽန္းကို လာခ်င္ရင္ေတာ့ ေရေၾကာင္းခရီး ေလေၾကာင္းခရီးနဲ႔ လာလည္လို႔ရပါတယ္။
ဒီကြၽန္းကိုသြားတဲ့လမ္းေၾကာင္းဟာ ေရစီးၾကမ္းလြန္ၿပီး တခါတရံမွာ အပူပိုင္းမုန္တိုင္းေတြရွိတတ္တာအျပင္ ဆိုက္ကပ္ရတာလည္း ခက္ခဲတာေၾကာင့္ လာခ်င္တဲ့အခ်ိန္လာလို႔ မရပဲ ရာသီဥတု သာယာမွ လာလို႔ရမွာပါ။ Toho Air Service ကေတာ့ Hachijōjima ကတဆင့္ ဟယ္လီေကာ္ပတာနဲ႔ ဝန္ေဆာင္မႈေပးပါတယ္။ ေမာ္ေတာ္ဘုတ္နဲ႔ လာရင္ ၂နာရီခြဲၾကာမွာျဖစ္ၿပီး ဟယ္လီေကာ္ပတာနဲ႔ ဆိုရင္ေတာ့ မိနစ္ ၂၀ပဲ ၾကာမွာျဖစ္ပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာေတာ့ ဒီကြၽန္းဟာ ကမာၻႀကီးနဲ႔ အဆက္ျပတ္ေနတယ္လို႔ ဆိုရမွာပါ။
စြန႔္စားလိုၿပီး သဘာ၀ ဘဝကို ခံစားလိုတဲ့ ဂ်ပန္က လူေတြကေတာ့ ဒီကြၽန္းကို မၾကာခဏလာေလ့ရွိပါတယ္။ တည္းခိုခ နဲ႔ အစားအစာ ၃မ်ိဳးအပါဝင္ ကုန္က်စရိတ္ ဂ်ပန္ယန္း ၇၅၀၀ ကေန ၉၀၀၀ ခန႔္ကုန္က်မွာ ျဖစ္ပါတယ္။ ေရာက္ဖူးတဲ့သူေတြကေတာ့ ကမာၻသစ္တစ္ခုကို လက္ေတြ႕ျမင္ခ်င္ရင္ ဒါမွမဟုတ္ ျမင္ေတြ႕ဖူးေနက် အလွအပရႈခင္းေတြနဲ႔ မတူတဲ့ျမင္ကြင္းေတြကို ျမင္ခ်င္ရင္ ဒီကြၽန္းကို သြားလည္ပါ ဆိုေလ့ရွိၾကပါတယ္။
ဒီကေန သြားလည္ခ်င္ရင္ေတာ့ ေအာက္ကဗီဒီယိုကို ၾကည့္ရင္းသြားလည္ၾကပါလို႔ 🙂
Discussion about this post