• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျပန်သမိုင်းထဲက အမျိုးသမီးဆာမူရိုင်းတွေအကြောင်း

by Thutamm
October 16, 2020
Reading Time: 1min read
0
ဂျပန်သမိုင်းထဲက အမျိုးသမီးဆာမူရိုင်းတွေအကြောင်း
Share on FacebookShare on Twitter

ဂျပန်လို Onna- bugeissha ဆိုတာကတော့ အမျိုးသမီးတိုက်ခိုက်ရေးပညာရှင်တွေလို့ အဓိပ္ပါယ်ရပြီး သူတို့ရဲ့မူရင်းမျိုးနွယ်တွေကတော့ ဂျပန်ဧကရာဇ်အနီးမှာခစားတဲ့ ထိပ်တန်းမှူးမက်အသိုင်းအဝိုင်းကဖြစ်ပါတယ်။ Onna- bugeissha တွေဟာ ဂျပန်ပဒေသရာဇ်ခေတ်ကာလအတွင်း အမျိုးသား ဆာမူရိုင်းတွေနဲ့ရင်ဘောင်တန်းပြီး တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့ကြပြီးBushi လို့ခေါ်တဲ့ ဆာမူရိုင်းတွေအဖြစ် သတ်မှက် အရေးပေးခြင်းကိုခံခဲ့ရပါတယ်။

Onna- bugeisshaလို့သိထားတဲ့ အမျိုးသမီးဆာမူရိုင်း တွေရဲ့ မူရင်းတာဝန်ကတော့ စစ်မြေပြင် နောက်တန်းမှာကျန်ရှိတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ယင်းကာလက အမျိုးသမီးဆာမူရိုင်းတွေဟာ ဂျပန်ဧကရာဇ်ရဲ့ ဂုဏ်ပြုဆုတံဆိပ်တွေကိုရရှိတဲ့အထိ စစ်မြေပြင်မှာအစွမ်းပြနိုင်ခဲ့ကြပါတယ်။ Onna- bugeisshaတွေအနက် ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတွေကတော့ Tomoe Gozen, Nakano Takeko, Hojo Masako တို့ဖြစ်ကြပါတယ်။

ဆာမူရိုင်းဆိုတဲ့ တိုက်ခိုက်ရေးသမားတွေ မပေါ်ပေါက်ချိန်ကာလကတည်းက ဂျပန်တိုက်ခိုက်ရေးသမားတွေဟာ ဓါးနဲ့လှံရှည်တွေကို အသုံးပြုတိုက်ခိုက်လေ့ရှိပြီး သက်ဆိုင်ရာဒေသအလိုက် အဖွဲ့ငယ်များထားရှိနေထိုင်လာခဲ့ကြပါတယ်။ ယင်းကာလ ထဲက ဂျပန်အမျိုးသမီးတွေဟာ ဂျပန်ရိုးရာလက်နက်တွေဖြစ်တဲ့ naginata ( အသွား ဓါးခွန်တက်လှံရှည်)၊ kaiken( ဓါးမြှောင်) စတဲ့လက်နက်တွေနဲ့ အသုံးပြုရတဲ့ အခြေခံ တိုက်ခိုက်ရေးနည်းပညာတွေကို သင်ကြားထားရပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်အရကော၊ ယဉ်ကျေးမှုအရပါ ကန့်သတ်ချက် အချို့ရှိနေတာကြောင့် အမျိုးသမီးတိုက် ခိုက်ရေးသမားတွေရဲ့ ပုံရိပ်ကတော့ သိသိသာသာပေါ်ထွက် လာခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

(၁၉၆ နဲ့ ၂၆၉) AD ကာလရောက်ချိန်မှာတော့ ဂျပန် ဘုရင်မ Jingu ဆိုသူ ပေါ်ထွက်လာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများစွာ ကိုပြုပြင်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီဂျပန်ဘုရင်မ Jingsu ဟာ Onna- bugeissha လို့သိထားတဲ့ အမျိုးသမီးဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး စစ်ပွဲများစွာကိုဦးဆောင်တိုက်ပွဲ ဝင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ယခင်ကတော့ ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင် Chuai ရဲ့မိဖုရားခေါင်ကြီးဖြစ်ပြီး စစ်ပွဲတစ်ခုအတွင်းမှာ ခင်ပွန်းကိုပြန်လည်လုပ်ကြံပြီး ဘုရင်မဘွဲ့ထူးကို ခံယူခဲ့သူပါ။

သူမဟာ (၂၀၀)AD ခန့်မှာတော့ ဂျပန်ဘုရင်တပ်မတော် ကိုဦးဆောင်ပြီး ကိုရီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ သူမဟာ ဂျပန်စစ်တပ်ကို သွေးမြေမကျစေပဲ ကိုရီးယားနိုင်ငံအပေါ်အောင်နိုင်ခဲ့တယ်လို့ မှတ်တမ်းအချို့ကဖော်ပြခဲ့ပြီး ဂျပန်စစ်တပ်ရဲ့ဖွဲ့စည်းပုံအချို့ကိုလည်း ကိုရီးယားတိုက်ပွဲ အပြီးမှာ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ Jingsu ဟာ(၁၈၈၁)ခုနှစ်ကထုတ်ဝေ ခဲ့တဲ့ဂျပန်ငွေစက္ကူမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ ပထမဆုံးသော ဂျပန်အမျိုးသမီးအဖြစ်လည်း မျက်မှောက်ခေတ်ကာလမှာ လူသိများပါတယ်။

ဂျပန်နိုင်ငံရဲ့သမိုင်းခေတ်ကာလတွေဖြစ်တဲ့ Heian နဲ့ Kamakura တစ်လျှောက်မှာတော့ အမျိုးသမီးတိုက်ခိုက်ရေးသမားတွေဟာ စစ်မြေပြင်တွေအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ဖြစ်ရပ်တွေရှိလာခဲ့ပါတယ်။ Kamakura ခေတ်ကာအတွင်းဖြစ်ပွားခဲ့တဲ့ Genpei တိုက်ပွဲကာလ(၁၁၈၀-၁၁၈၅) ကာလအတွင်းကလည်း Tomoe Gozen အမည်ရတဲ့ နာမည်ကျော်အမျိုးသမီးတိုက် ခိုက်ရေးသမားတစ်ယောက်ပေါ်ထွက်လာခဲ့ဖူးပါတယ်။ ယင်းတိုက်ပွဲဟာ ဂျပန်နိုင်ငံရဲ့ အင်အားအကြီးဆုံးမျိုးနွယ်စုလို့ ပြောရမဲ့ Tira(Heike) နဲ့ Minamoto (Genji) တို့ တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေဖြစ်ပြီး Tomoe Gozenဟာ Minamoto (Genji)ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသားတိုက်ခိုက်ရေးစစ်သည်အတော်များများကို ရင်ဆိုင် အနိုင်ယူပြခဲ့ပါတယ်။

အထူးသဖြင့် (၁၁၈၄)ခုနှစ်၊ဖေဖော်ဝါရီ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ Awazu တိုက်ပွဲအတွင်း Tomoe Gozenရဲ့ အခန်းကဏ္ဍဟာ နာမည်ကျော် စစ်သူရဲကောင်းများစွာအလည်မှာ ထင်ပေါ်ခဲ့တာဖြစ်ပါတယ်။ သူမနဲ့ပတ်သက်ပြီး ရန်သူ စစ်သူကြီးတွေကတောင် ထုတ်ဖော်ချီးကျူးခဲ့ရပြီး သူမရဲ့စွမ်းဆောင်ရည်တွေကို သရုပ်ဖော်ထားတဲ့ ကဗျာ၊လင်္ကာများစွာဟာ ပေါ်ထွက်လာခဲ့ဖူးပါတယ်။

Edo ခေတ်(၁၆၀၀-၁၈၆၈)ကိုရောက်ချိန်မှာတော့ Onna- bugeisshaတွေရဲ့ ကဏ္ဍဟာ ပြန်လည် မှေးမှိန်လာခဲ့ပြီး တာဝန်ရှိသူတွေကိုယ်တိုင်ကကို အမျိုးသမီးဆာမူရိုင်းတွေရဲ့ သမိုင်းကိုဖျောက်ဖျက်ဖို့ကြိုးစားလာပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ Onna- bugeissha (အမျိုးသမီးဆာမူရိုင်း)တွေရဲ့ တာဝန်ဟာ လင်ယောင်္ကျားကိုသာ ပြုစုဖို့ ဆိုတဲ့ရှေးရိုးစွဲ ဝါဒကိုဂျပန်အာဏာပိုင်တွေက ပြန်လည်ရိုက်သွင်းပေးခဲ့ကြပါတယ်။ ယင်းအချိန်မှာပဲ ဂျပန်ဆာမူရိုင်းတွေဟာ တိုက်ပွဲတွေမှာပါဝင်ပတ်သက်ခြင်းမရှိတော့ပဲ ဗျူရိုကရက်အရာရှိနဲ့ အရပ်ဖက်ဆိုင်ရာဂိုဏ်းအသီးသီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါအပြင် ဂျပန်အမျိုးသမီးတွေဟာ ဂျပန်နိုင်ငံရဲ့မျိုးရိုးနဲ့ယဉ်ကျေးမှုတွေကို အဓိကထိန်း သိမ်းရမဲ့သူတွေအဖြစ် အာဏာပိုင်တွေကရှုမြင်ပြီး ယဉ်ကျေးတဲ့၊ပျူငှာတဲ့၊ မျိုးရိုးဂုဏ်ကို စောင့်ထိန်းတဲ့သူတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။

(၁၈၆၈) ကနေ (၁၈၆၉)ခုနှစ်အထိ(၁)နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ Boshin War လို့သိကြတဲ့ ဂျပန်ပြည်တွင်းစစ်ကာလမှာတော့ Aizu ကိုကိုယ်စားပြုတဲ့ Nakano Takeko အမည်ရ တဲ့အမျိုးသမီးဆာမူရိုင်းတစ်ယောက်ပေါ်ထွက် လာခဲ့ပြန်ပါတယ်။ သူမဟာ Aizu ဆာမူရိုင်း (၃၀၀၀)လောက်ကိုဦးဆောင်ပြီး အင်အား(၂၀၀၀၀)လောက်ရှိတဲ့ ဂျပန် ဘုရင်တပ်မတော်စစ်သည်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာအရှုံးပေးခဲ့ရပေမဲ့ Nakano Takeko ကတော့ ဂျပန်ပြည်တွင်းစစ်တစ်လျှောက် မျိုးနွယ်စုအတွက်သာမက ဂျပန်အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးစစ်ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။

Onna- bugeissha လို့သိကြတဲ့ ဂျပန်အမျိုးသမီးဆာမူရိုင်းတွေရဲ့ အဓိကတာဝန်ဟာ နောက်တန်းမှာကျန်ခဲ့တဲ့ မိသားစုကိုစောင့်ရှောက်ဖို့အတွက်ဆိုတာကို အထက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ သူတို့ဟာ ဓါးမြှောင်၊ဓါးရှည်နဲ့လေးမြှားကို ကျွမ်းကျင်စွာအသုံးပြု တတ်ရုံသာမက နောက်ပိုင်းမှာ သေနတ်စတဲ့လက်နက်တွေကိုတောင် ကိုင်တွယ်ပြီး သက်ဆိုင်ရာ မြို့ရွာတွေကိုတောင် စောင့်ရှောက်ကာကွယ်တဲ့အထိ တာဝန်ကျေခဲ့သူ တွေဖြစ်ပါတယ်။

ပထမကမ္ဘာစစ်ကာလတွေ၊ ဖက်ဆစ်ဝါဒီတွေအားကောင်းခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကာလတွေ၊ စစ်ပြီးဂျပန်နိုင်ငံရဲ့ပြန်လည်ထူထောင်ရေးကာလတွေအထိတော့ Onna- bugeisshaတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်သမိုင်းကနေ မျက်ကွယ် ပြုထားခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ Onna- bugeisshaတွေရဲ့ သမိုင်းဟာ ဂျပန်နိုင်ငံမှာ ခိုင်ခိုင်မာမာရှိနေခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ ဂျပန်ရှေးဟောင်းယဉ်ကျေးမှု နဲ့တွဲဖက်ပြီး ပြန်လည်ဖော်ထုတ်မှုတွေ ရှိလာ တာကိုတွေ့ရပါတယ်။

——– —- ———

(Zawgyi)

ဂ်ပန္သမိုင္းထဲက အမ်ိဳးသမီးဆာမူ႐ိုင္းေတြအေၾကာင္း

ဂ်ပန္လို Onna- bugeissha ဆိုတာကေတာ့ အမ်ိဳးသမီးတိုက္ခိုက္ေရးပညာရွင္ေတြလို႔ အဓိပၸါယ္ရၿပီး သူတို႔ရဲ႕မူရင္းမ်ိဳးႏြယ္ေတြကေတာ့ ဂ်ပန္ဧကရာဇ္အနီးမွာခစားတဲ့ ထိပ္တန္းမႉးမက္အသိုင္းအဝိုင္းကျဖစ္ပါတယ္။ Onna- bugeissha ေတြဟာ ဂ်ပန္ပေဒသရာဇ္ေခတ္ကာလအတြင္း အမ်ိဳးသား ဆာမူ႐ိုင္းေတြနဲ႔ရင္ေဘာင္တန္းၿပီး တိုက္ပြဲေတြမွာပါဝင္တိုက္ခိုက္ခဲ့ၾကၿပီးBushi လို႔ေခၚတဲ့ ဆာမူ႐ိုင္းေတြအျဖစ္ သတ္မွက္ အေရးေပးျခင္းကိုခံခဲ့ရပါတယ္။

Onna- bugeisshaလို႔သိထားတဲ့ အမ်ိဳးသမီးဆာမူ႐ိုင္း ေတြရဲ႕ မူရင္းတာဝန္ကေတာ့ စစ္ေျမျပင္ ေနာက္တန္းမွာက်န္ရွိတဲ့ သက္ႀကီး႐ြယ္အိုနဲ႔ ကေလးငယ္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ျဖစ္ပါတယ္။ ယင္းကာလက အမ်ိဳးသမီးဆာမူ႐ိုင္းေတြဟာ ဂ်ပန္ဧကရာဇ္ရဲ႕ ဂုဏ္ျပဳဆုတံဆိပ္ေတြကိုရရွိတဲ့အထိ စစ္ေျမျပင္မွာအစြမ္းျပႏိုင္ခဲ့ၾကပါတယ္။ Onna- bugeisshaေတြအနက္ ထင္ရွားခဲ့တဲ့ အမ်ိဳးသမီးသူရဲေကာင္းေတြကေတာ့ Tomoe Gozen, Nakano Takeko, Hojo Masako တို႔ျဖစ္ၾကပါတယ္။

ဆာမူ႐ိုင္းဆိုတဲ့ တိုက္ခိုက္ေရးသမားေတြ မေပၚေပါက္ခ်ိန္ကာလကတည္းက ဂ်ပန္တိုက္ခိုက္ေရးသမားေတြဟာ ဓါးနဲ႔လွံရွည္ေတြကို အသုံးျပဳတိုက္ခိုက္ေလ့ရွိၿပီး သက္ဆိုင္ရာေဒသအလိုက္ အဖြဲ႕ငယ္မ်ားထားရွိေနထိုင္လာခဲ့ၾကပါတယ္။ ယင္းကာလ ထဲက ဂ်ပန္အမ်ိဳးသမီးေတြဟာ ဂ်ပန္႐ိုးရာလက္နက္ေတြျဖစ္တဲ့ naginata ( အသြား ဓါးခြန္တက္လွံရွည္)၊ kaiken( ဓါးေျမႇာင္) စတဲ့လက္နက္ေတြနဲ႔ အသုံးျပဳရတဲ့ အေျခခံ တိုက္ခိုက္ေရးနည္းပညာေတြကို သင္ၾကားထားရပါတယ္။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးစနစ္အရေကာ၊ ယဥ္ေက်းမႈအရပါ ကန႔္သတ္ခ်က္ အခ်ိဳ႕ရွိေနတာေၾကာင့္ အမ်ိဳးသမီးတိုက္ ခိုက္ေရးသမားေတြရဲ႕ ပုံရိပ္ကေတာ့ သိသိသာသာေပၚထြက္ လာခဲ့ျခင္းေတာ့မရွိခဲ့ပါဘူး။

(၁၉၆ နဲ႔ ၂၆၉) AD ကာလေရာက္ခ်ိန္မွာေတာ့ ဂ်ပန္ ဘုရင္မ Jingu ဆိုသူ ေပၚထြက္လာခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရး၊စစ္ေရး၊ ႏိုင္ငံေရးဆိုင္ရာ ေျပာင္းလဲမႈမ်ားစြာ ကိုျပဳျပင္မႈေတြျပဳလုပ္ခဲ့ပါတယ္။ အဲဒီဂ်ပန္ဘုရင္မ Jingsu ဟာ Onna- bugeissha လို႔သိထားတဲ့ အမ်ိဳးသမီးဆာမူ႐ိုင္းတစ္ေယာက္ျဖစ္ၿပီး စစ္ပြဲမ်ားစြာကိုဦးေဆာင္တိုက္ပြဲ ဝင္ခဲ့သူျဖစ္ပါတယ္။ သူမဟာ ယခင္ကေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ စတုတၳေျမာက္ဘုရင္ Chuai ရဲ႕မိဖုရားေခါင္ႀကီးျဖစ္ၿပီး စစ္ပြဲတစ္ခုအတြင္းမွာ ခင္ပြန္းကိုျပန္လည္လုပ္ႀကံၿပီး ဘုရင္မဘြဲ႕ထူးကို ခံယူခဲ့သူပါ။

သူမဟာ (၂၀၀)AD ခန႔္မွာေတာ့ ဂ်ပန္ဘုရင္တပ္မေတာ္ ကိုဦးေဆာင္ၿပီး ကိုရီးယားႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ပါတယ္။ သူမဟာ ဂ်ပန္စစ္တပ္ကို ေသြးေျမမက်ေစပဲ ကိုရီးယားႏိုင္ငံအေပၚေအာင္ႏိုင္ခဲ့တယ္လို႔ မွတ္တမ္းအခ်ိဳ႕ကေဖာ္ျပခဲ့ၿပီး ဂ်ပန္စစ္တပ္ရဲ႕ဖြဲ႕စည္းပုံအခ်ိဳ႕ကိုလည္း ကိုရီးယားတိုက္ပြဲ အၿပီးမွာ ျပန္လည္ျပင္ဆင္ခဲ့တယ္လို႔ဆိုပါတယ္။ Jingsu ဟာ(၁၈၈၁)ခုႏွစ္ကထုတ္ေဝ ခဲ့တဲ့ဂ်ပန္ေငြစကၠဴမွာ ေဖာ္ျပျခင္းခံခဲ့ရတဲ့ ပထမဆုံးေသာ ဂ်ပန္အမ်ိဳးသမီးအျဖစ္လည္း မ်က္ေမွာက္ေခတ္ကာလမွာ လူသိမ်ားပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕သမိုင္းေခတ္ကာလေတြျဖစ္တဲ့ Heian နဲ႔ Kamakura တစ္ေလွ်ာက္မွာေတာ့ အမ်ိဳးသမီးတိုက္ခိုက္ေရးသမားေတြဟာ စစ္ေျမျပင္ေတြအထိ တာဝန္ထမ္းေဆာင္ခဲ့တဲ့ျဖစ္ရပ္ေတြရွိလာခဲ့ပါတယ္။ Kamakura ေခတ္ကာအတြင္းျဖစ္ပြားခဲ့တဲ့ Genpei တိုက္ပြဲကာလ(၁၁၈၀-၁၁၈၅) ကာလအတြင္းကလည္း Tomoe Gozen အမည္ရတဲ့ နာမည္ေက်ာ္အမ်ိဳးသမီးတိုက္ ခိုက္ေရးသမားတစ္ေယာက္ေပၚထြက္လာခဲ့ဖူးပါတယ္။ ယင္းတိုက္ပြဲဟာ ဂ်ပန္ႏိုင္ငံရဲ႕ အင္အားအႀကီးဆုံးမ်ိဳးႏြယ္စုလို႔ ေျပာရမဲ့ Tira(Heike) နဲ႔ Minamoto (Genji) တို႔ တိုက္ခိုက္ခဲ့တဲ့စစ္ပြဲေတြျဖစ္ၿပီး Tomoe Gozenဟာ Minamoto (Genji)ဘက္ကေန ဝင္ေရာက္တိုက္ခိုက္ၿပီး အမ်ိဳးသားတိုက္ခိုက္ေရးစစ္သည္အေတာ္မ်ားမ်ားကို ရင္ဆိုင္ အႏိုင္ယူျပခဲ့ပါတယ္။

အထူးသျဖင့္ (၁၁၈၄)ခုႏွစ္၊ေဖေဖာ္ဝါရီ(၂၁)ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ Awazu တိုက္ပြဲအတြင္း Tomoe Gozenရဲ႕ အခန္းက႑ဟာ နာမည္ေက်ာ္ စစ္သူရဲေကာင္းမ်ားစြာအလည္မွာ ထင္ေပၚခဲ့တာျဖစ္ပါတယ္။ သူမနဲ႔ပတ္သက္ၿပီး ရန္သူ စစ္သူႀကီးေတြကေတာင္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရၿပီး သူမရဲ႕စြမ္းေဆာင္ရည္ေတြကို သ႐ုပ္ေဖာ္ထားတဲ့ ကဗ်ာ၊လကၤာမ်ားစြာဟာ ေပၚထြက္လာခဲ့ဖူးပါတယ္။

Edo ေခတ္(၁၆၀၀-၁၈၆၈)ကိုေရာက္ခ်ိန္မွာေတာ့ Onna- bugeisshaေတြရဲ႕ က႑ဟာ ျပန္လည္ ေမွးမွိန္လာခဲ့ၿပီး တာဝန္ရွိသူေတြကိုယ္တိုင္ကကို အမ်ိဳးသမီးဆာမူ႐ိုင္းေတြရဲ႕ သမိုင္းကိုေဖ်ာက္ဖ်က္ဖို႔ႀကိဳးစားလာပါတယ္။ ဒါေၾကာင့္ က်န္ရွိေနတဲ့ Onna- bugeissha (အမ်ိဳးသမီးဆာမူ႐ိုင္း)ေတြရဲ႕ တာဝန္ဟာ လင္ေယာက်ၤားကိုသာ ျပဳစုဖို႔ ဆိုတဲ့ေရွး႐ိုးစြဲ ဝါဒကိုဂ်ပန္အာဏာပိုင္ေတြက ျပန္လည္႐ိုက္သြင္းေပးခဲ့ၾကပါတယ္။ ယင္းအခ်ိန္မွာပဲ ဂ်ပန္ဆာမူ႐ိုင္းေတြဟာ တိုက္ပြဲေတြမွာပါဝင္ပတ္သက္ျခင္းမရွိေတာ့ပဲ ဗ်ဴ႐ိုကရက္အရာရွိနဲ႔ အရပ္ဖက္ဆိုင္ရာဂိုဏ္းအသီးသီးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ ဒါအျပင္ ဂ်ပန္အမ်ိဳးသမီးေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕မ်ိဳး႐ိုးနဲ႔ယဥ္ေက်းမႈေတြကို အဓိကထိန္း သိမ္းရမဲ့သူေတြအျဖစ္ အာဏာပိုင္ေတြကရႈျမင္ၿပီး ယဥ္ေက်းတဲ့၊ပ်ဴငွာတဲ့၊ မ်ိဳး႐ိုးဂုဏ္ကို ေစာင့္ထိန္းတဲ့သူေတြအျဖစ္ ေျပာင္းလဲသြားေစခဲ့ပါတယ္။

(၁၈၆၈) ကေန (၁၈၆၉)ခုႏွစ္အထိ(၁)ႏွစ္ၾကာ ျဖစ္ပြားခဲ့တဲ့ Boshin War လို႔သိၾကတဲ့ ဂ်ပန္ျပည္တြင္းစစ္ကာလမွာေတာ့ Aizu ကိုကိုယ္စားျပဳတဲ့ Nakano Takeko အမည္ရ တဲ့အမ်ိဳးသမီးဆာမူ႐ိုင္းတစ္ေယာက္ေပၚထြက္ လာခဲ့ျပန္ပါတယ္။ သူမဟာ Aizu ဆာမူ႐ိုင္း (၃၀၀၀)ေလာက္ကိုဦးေဆာင္ၿပီး အင္အား(၂၀၀၀၀)ေလာက္ရွိတဲ့ ဂ်ပန္ ဘုရင္တပ္မေတာ္စစ္သည္ေတြကို ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲမွာအရႈံးေပးခဲ့ရေပမဲ့ Nakano Takeko ကေတာ့ ဂ်ပန္ျပည္တြင္းစစ္တစ္ေလွ်ာက္ မ်ိဳးႏြယ္စုအတြက္သာမက ဂ်ပန္အမ်ိဳးသမီးအခြင့္အေရးအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီးစစ္ေခါင္းေဆာင္တစ္ေယာက္အျဖစ္ မွတ္တမ္းဝင္ ခဲ့ပါတယ္။

Onna- bugeissha လို႔သိၾကတဲ့ ဂ်ပန္အမ်ိဳးသမီးဆာမူ႐ိုင္းေတြရဲ႕ အဓိကတာဝန္ဟာ ေနာက္တန္းမွာက်န္ခဲ့တဲ့ မိသားစုကိုေစာင့္ေရွာက္ဖို႔အတြက္ဆိုတာကို အထက္မွာ ေဖာ္ျပခဲ့ၿပီးပါၿပီ။ သူတို႔ဟာ ဓါးေျမႇာင္၊ဓါးရွည္နဲ႔ေလးျမႇားကို ကြၽမ္းက်င္စြာအသုံးျပဳ တတ္႐ုံသာမက ေနာက္ပိုင္းမွာ ေသနတ္စတဲ့လက္နက္ေတြကိုေတာင္ ကိုင္တြယ္ၿပီး သက္ဆိုင္ရာ ၿမိဳ႕႐ြာေတြကိုေတာင္ ေစာင့္ေရွာက္ကာကြယ္တဲ့အထိ တာဝန္ေက်ခဲ့သူ ေတြျဖစ္ပါတယ္။

ပထမကမာၻစစ္ကာလေတြ၊ ဖက္ဆစ္ဝါဒီေတြအားေကာင္းခဲ့တဲ့ ဒုတိယ ကမာၻစစ္ကာလေတြ၊ စစ္ၿပီးဂ်ပန္ႏိုင္ငံရဲ႕ျပန္လည္ထူေထာင္ေရးကာလေတြအထိေတာ့ Onna- bugeisshaေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဂ်ပန္သမိုင္းကေန မ်က္ကြယ္ ျပဳထားျခင္းခံခဲ့ရပါတယ္။ ဒါေပမဲ့ Onna- bugeisshaေတြရဲ႕ သမိုင္းဟာ ဂ်ပန္ႏိုင္ငံမွာ ခိုင္ခိုင္မာမာရွိေနခဲ့တာျဖစ္ၿပီး ယခုေနာက္ပိုင္းမွာေတာ့ ဂ်ပန္ေရွးေဟာင္းယဥ္ေက်းမႈ နဲ႔တြဲဖက္ၿပီး ျပန္လည္ေဖာ္ထုတ္မႈေတြ ရွိလာ တာကိုေတြ႕ရပါတယ္။

Tags: kaung htetworld history
Next Post
ကြွက်သားတွေနဲ့ ဘာဘီရုပ် ကာယဗလမယ်

ကြွက်သားတွေနဲ့ ဘာဘီရုပ် ကာယဗလမယ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!