Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျပန်မှာ တရားဝင် သေနတ်ကိုင်ခွင့်ပြုထားပေမယ့် ပြစ်ခတ်မှုနည်းပါးရတဲ့အကြောင်းရင်း

by Thutamm
August 14, 2019
Reading Time: 1min read
0
ဂျပန်မှာ တရားဝင် သေနတ်ကိုင်ခွင့်ပြုထားပေမယ့် ပြစ်ခတ်မှုနည်းပါးရတဲ့အကြောင်းရင်း
Share on FacebookShare on Twitter

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံ နေ့စဉ်

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သေနတ်ကိုင်ပြစ်မှုဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သေနတ်ကိုင်ကျူးလွန်တဲ့ပြစ်မှုကြောင့် သေဆုံးသူ (၆)ဦးပဲရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ တော့ သေနတ်ပစ်ခတ်ခံရပြီး လူပေါင်း ၃၃၅၉၉ ဦးသေဆုံးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ သေနတ်ကိုင်ပြစ်မှုကျူးလွန် ခြင်းတွေ နည်းပါးအောင် ဘယ်လိုလုပ်နေသလဲဆိုတာ လေ့လာကြည့်ရအောင်။

ဂျပန်နိုင်ငံမှာ သေနတ်တစ်လက်ဝယ်ချင်ရင် စိတ်ရှည်ရမယ်၊ ဆုံးဖြတ်ချက်ခိုင်မာရပါမယ်။ တစ်နေကုန် အတန်းတက် ရမယ်။ ရေးဖြေစာမေးပွဲဖြေရမယ်။ သေနတ်ဘယ်လောက်ပစ်တတ်သလဲဆိုတာကို အရည်အချင်းအစစ်ခံရမယ်။ ၉၅ ရာခိုင်နှုန်းအောက် ရောက်နေရင် သင့်ကို သေနတ်ဝယ်ယူခွင့်ပြုမှာမဟုတ်ပါဘူး။

စိတ်ကျန်းမာရေးစစ်ဆေးမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊မရှိ စစ်ဆေးတာလည်း ပါပါသေးတယ်။ သင့်မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးတဲ့မှတ်တမ်း ရှိ၊မရှိ နဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိ၊မရှိ လည်း ရဲတပ်ဖွဲ့က စစ်ဆေးပါဦးမယ်။ သင့်နောက်ကြောင်းရှင်းတယ် ဆိုရင်လည်း သင့်ဆွေမျိုးတွေကိုစစ်ဆေးဦးမှာပါ။ သင့်ဆွေမျိုးတွေလည်းရှင်းတယ်ဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်တွေ ကိုပါ ထပ်စစ်ပါသေးတယ်။

အားလုံးစိတ်တိုင်းကျပြီဆိုမှ ထုတ်ပေးလိုက်တဲ့သေနတ်ဝယ်ယူခွင့်နဲ့ သင်ဝယ်ယူထားတဲ့ သေနတ်ကို ရဲတပ်ဖွဲ့က အချိန်မရွေး ပြန်သိမ်းပိုင်ခွင့်လည်း ရှိနေပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးဖမ်းထားတဲ့ အကွက်က လှပါတယ်။ ပစ္စတိုလို သေနတ်အတိုတွေ ဝယ်ယူခွင့်မရှိပါဘူး။ လေသေနတ်နဲ့ shotgun လို့ခေါ်တဲ့ မောင်းရှည်သေနတ်တွေကိုပဲ ဝယ်ယူခွင့်ရှိပါတယ်။ ဒီတော့ သေနတ်ဝယ်ယူထားသူဟာ သိုသိုသိပ်သိပ် သယ်လို့ မရတော့ဘူးပေါ့။

ဂျပန်မှာ သေနတ်အရောင်းဆိုင် ဘယ်နှစ်ဆိုင်ပဲဖွင့်ခွင့်ရမယ် ဆိုတာကိုလည်း ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ ပြည်နယ်ခွဲ ၄၀ ခုခန့်ရှိတဲ့ထဲမှာမှ သေနတ်အရောင်းဆိုင် (၃)ဆိုင်ထက်ပိုခွင့် မရှိပါဘူး။ အဲဒီ ၃-ဆိုင်မှာတောင်မှ ကျည်ဆံအသစ်ဝယ်ချင်ရင် ကျည်ခွံအဟောင်းကိုပြနိုင်မှ ဝယ်လို့ရမှာပါ။ အဲဒီကျည်ခွံအဟောင်း တွေ ဆိုတာကလည်း အရင်တစ်ခေါက်က သင်ဝယ်ယူသွားခဲ့တဲ့ကျည်ခွံတွေမှန်ကြောင်း တူညီတဲ့အမှတ်အသားတွေ ပါရှိရဦးမှာပါ။

သင့်အိမ်မှာထားလည်း သေနတ်ကိုဘယ်နေရာမှာထားတယ်ဆိုတာ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ သေနတ်နဲ့ကျည်ဆံကိုလည်း အတူထားလို့မရပါဘူး။ သီးခြားသော့ခတ်ပြီးထားရပါတယ်။ အဲဒီလိုထားတဲ့သေနတ် ကို ရဲက တစ်နှစ်ကိုတစ်ကြိမ် စစ်ဆေးပါသေးတယ်။ ဒီလိုနဲ့ ၃-နှစ်ပြည့်ရင် သင့်သေနတ်ကိုင်ခွင့်လိုင်စင် သက်တမ်း ကုန်ဆုံးပါပြီ။ လိုင်စင်သက်တမ်းတိုးချင်ရင် ဖြစ်စဉ်တစ်ခုလုံးကို အစကနေပြန်စရပါမယ်။ စာသင်ခန်းထဲမှာ စာတွေ့ သင်တန်း ပြန်တက်တာကနေ စပါတယ်။

ဒီလောက်ကန့်သတ်ထိန်းချုပ်ထားမှတော့ ဂျပန်မှာ သေနတ်ကိုင်ပြီးကျူးလွန်တဲ့ပြစ်မှုတွေ ရှားပါးတာ မထူးဆန်းပါ ဘူး။ တစ်ကယ်လို့များ လူအုပ်ကြီးကိုတိုက်ခိုက်တာတွေ ဖြစ်ပွားလာရင်လည်း ဓါးကိုင်ပြီးတိုက်ခိုက်တာတွေပဲ များ ပါတယ်။ အခုလက်ရှိသေနတ်ထိန်းချုပ်ရေးဥပဒေကို ၁၉၅၈ မှာ စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုဥပဒေပြု ပြဋ္ဌာန်း ခြင်း မလုပ်နိုင်ခင်မှာ အဲဒီမူဝါဒရဲ့မူလအစက ရာစုနှစ်ပေါင်းများစွာအထိ အလှမ်းမီပါတယ်။

သေနတ်ဆိုတာ ဂျပန်နိုင်ငံထဲကို စတင်ဝင်ရောက်လာကတည်းက တင်းကျပ်တဲ့သေနတ်ဥပဒေ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ သေနတ်ဥပဒေကို အရင်ဆုံးပြဋ္ဌာန်းတာ ဂျပန်ပါပဲ။ ကျွန်တော်တို့ရဲ့သေနတ်ထိန်းချုပ်မှုဥပဒေရဲ့ အောင်မြင်မှုတစ်ခုကတော့ လူ့ဘောင်လူ့အသိုင်းအဝိုင်းနဲ့သေနတ်နဲ့ မအပ်စပ်ဘူးဆိုတာ ဂျပန်နိုင်ငံသားတိုင်းက လက်ခံယုံကြည်သွားတဲ့ကိစ္စပဲ ဖြစ်ပါတယ် လို့ လက်နက်ကိုင်အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးအဖွဲ့ရဲ့ ညွှန်ကြား ရေးမှူး Iain Overton က ပြောပါတယ်။

၁၆၈၅ မှာ သေနတ်ပြန်အပ်တဲ့လူတွေကို ဂျပန်အစိုးရက ဆုပေးခဲ့ပါတယ်။ အဲဒါ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် အရပ်သားလက်ထဲရောက်နေတဲ့ သေနတ်ကို အစိုးရက ပြန်ဝယ်ယူခြင်း ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဂျပန်မှာ အရပ်သားသေနတ်ပိုင်ဆိုင်မှု တောက်လျှောက်ကျဆင်းသွားခဲ့ပြီး ၂၀၀၇ မှာ လူတစ်ရာမှာ သေနတ်ပိုင်ဆိုင်သူ ဝ.၆ ဦး ပဲ ရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အင်္ဂလန်မှာတော့ ၆.၂ ဦး ရှိခဲ့ပြီး အမေရိကန်မှာ ၈၈.၈ ဦး ရှိခဲ့ပါတယ်။

လူ့ဘောင်လူ့အသိုင်းအဝိုင်းထဲမှာ သေနတ်ရှိရင် သေနတ်ကိုင်ပြစ်မှု ဖြစ်ပွားမှာပါပဲ။ ဒါပေမယ့် သေနတ်အရေ အတွက်ကိုလျှော့ချနိုင်မယ်ဆိုရင် ပြစ်မှုအရေအတွက်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်ရဲတွေကိုယ်တိုင် သေနတ်သုံးတာ ရှားပါတယ်။ ကိုယ်ခံပညာကို ဦးစားပေးပါတယ်။ ဂျပန်မှာ ရဲတွေအားလုံးက ဂျူဒိုမှာ ခါးပတ်နက် တွေ ဖြစ်အောင်လို့ အစိုးရကလည်း အားပေးတိုက်တွန်းပံ့ပိုးပေးပါတယ်။ ကင်ဒိုဓါးသိုင်းကိုလည်း အလွန်ကျွမ်းကျင် သူတွေပါ။ သူတို့အတွက် သေနတ် ဟာ သိပ်ပြောပလောက်အောင် မလိုပါဘူး။

အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့မတုန့်ပြန်ပါဘူး။ အကြမ်းဖက်မှုကို အရှိန်ကျသွားအောင်လုပ်ပြီးထိန်းပါတယ်။ ၂၀၁၅ တစ်နှစ်လုံးမှာ ဂျပန်ရဲက သေနတ် (၆)ကြိမ်ပဲ ပစ်ခဲ့ပါတယ်။ ဂျပန်ရဲတွေဟာ တာဝန်ချိန်မဟုတ်ရင် သေနတ် ကို အိမ်သယ်သွားခွင့် မရှိပါဘူး။ ရဲစခန်းမှာ အပ်နှံခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ ထူးခြားလှတဲ့ သေနတ်ထိန်းချုပ်မှုအကြောင်း လေ့လာရေးသားတင်ပြလိုက်ပါတယ်။

TMK(သမန်းကျား)
ရတနာပုံ နေ့စဉ်

Tags: countriesworld knowledge
Next Post
ထူးဆန်းတဲ့အရောင်မျိုးစုံ နဲ့ မော်ရိုကို သဲကန္တာရ

ထူးဆန်းတဲ့အရောင်မျိုးစုံ နဲ့ မော်ရိုကို သဲကန္တာရ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!