Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂူဂယ် ရဲ့ လူသိနည်းတဲ့ အချက်ကလေးများ

by Thutamm
November 18, 2020
Reading Time: 3min read
0
ဂူဂယ် ရဲ့ လူသိနည်းတဲ့ အချက်ကလေးများ
Share on FacebookShare on Twitter

၁။ ဂူဂယ် Google ကို စတန်းဖို့ဒ်တက္ကသိုလ်မှ ပီအိပ်ချ်ဒီကျောင်းသား ၂ ဦးဖြစ်ကြတဲ့ လာရီပေ့ချ်(Larry Page) ၂၃ နှစ်နှင့် ဆာဂျီဘရင်(Sergey Brin) ၂၄ နှစ် တို့ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက် တင်သွင်းခဲ့တဲ့ Search Engine အကြောင်း ရေးသားထားတဲ့ စာတမ်းတစ်စောင်မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ အံ့သြစရာကောင်းသည်မှာ ‘ Google ‘ ဆိုတဲ့စကားလုံးဟာ အလွန်ကြီးမားတဲ့ ကိန်းဂဏန်းတန်ဖိုးဖြစ်သည့် ၁ နောက်မှ သုညအလုံး ၁၀၀ ရှိသည့်ကိန်းဂဏန်းကိုကိုယ်စားပြုသည့် ‘ googol ‘ ဆိုတဲ့စကားလုံး၏ စလုံးပေါင်းအမှားမှ ဆင်းသက်လာတာဖြစ်ပါတယ်။ ၎င်းစကားလုံးကို အသက် ၉ နှစ်အရွယ် မီလ်တန်ဆာရော့တာ(Milton Sirotta) ဆိုတဲ့ ကလေးငယ်က စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ (တည်ထောင်သူတွေ စတင်ပေးခဲ့တဲ့ အမည်ကတော့ BackRub ပါ။ backlink တွေကို စုစည်းထားတဲ့ စနစ်ဖြစ်တာကြောင့် ဒီနာမည်ကို အရင်ပေးခဲ့တာဖြစ်ပါတယ်)

၃။ ဂူဂယ်ကို ၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ စတင်တည်ထောင်ခဲ့ပြီး ရုံးခန်းဖွင့်လှစ်ခဲ့တဲ့နေရာက ဂိုထောင်တခုထဲမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ၊ ဂူဂယ်စတင်တည်ထောင်ချိန်က ရင်းနှီးသူတဦးဖြစ်တဲ့ Susan Wojcicki ရဲ့ မန်လိုပါ့ခ်က ဂိုထောင်ထဲမှာဖြစ်ပါတယ်။ Susan ဟာ နောက်တော့ ဂူဂယ်ရဲ့ ပထမဆုံး ဈေးကွက်မန်နေဂျာဖြစ်လာသလို လက်ရှိအချိန်မှာတော့ နာမည်အကြီးဆုံးဗီဒီယိုဝဘ်ဆိုဒ်ဖြစ်တဲ့ ယူကျူ့ရဲ့စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

၄။ အမှန်မှာ ‘ Google ‘ ဟာသူ့ရဲ့ရိုးရှင်းတဲ့ ပင်မစာမျက်နှာကြောင့်လူသိများခဲ့ခြင်းဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပြီး ရှုပ်ရှက်ခက်မနေတဲ့ဒီဇိုင်းဟာ ပြိုင်ဘက်များဖြစ်တဲ့ MSN ၊ Yahoo! နှင့် AltaVista တို့ထက်ပိုပြီး လူကြိုက်များရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဒီလိုရှင်းလင်းနေရခြင်းရဲ့ အဓိကအကြောင်းကတော့ Google တည်ထောင်သူများဖြစ်သည့် လာရီပေ့ချ်နှင့် ဆာဂျီဘရင်တို့ဟာ HTML အတွေ့အကြုံအနည်းငယ်သာရှိပြီး သူတို့တတ်နိုင်သလောက်နဲ့ ရေးဆွဲထားတာဖြစ်လို့ပါ။

၅။ Google ၏ ပင်မစာမျက်နှာတွင် ဘာသာစကား ၁၄၉ မျိုးအထိ အသုံးပြုကာ ရှာဖွေနိုင်ပါတယ်။ Search Box အောက်တွင်ရှိသော ‘ I’m Feeling Lucky ဆိုတဲ့ခလုတ်ဟာ လူသိနည်းပြီးအသုံးပြုနည်းသောခလုတ်ဖြစ်ပါတယ်။ သို့သော်လည်းစမ်းသပ်ချက်တွင် ၎င်းခလုတ်အားဖယ်ရှားခြင်းဖြင့် Google ၏ကြုံတွေ့နေရသည့်အခက်အခဲအားဖြေရှင်းနိုင်မည်ဖြစ်ပေမယ့် အသုံးပြုသူများကတော့ ၎င်းခလုတ်ဟာ လွယ်ကူသက်သာသည့်ခလုတ်ဖြစ်သည့်အတွက် ဆက်ပြီးထားစေချင်ပါတယ်။

(မသိသေးတဲ့ မိတ်ဆွေတွေ အတွက် မြန်မာလို ဥုံဖွလို့ရေးထားတဲ့ I’m Feeling Lucky ခလုတ်အကြောင်းကို ရှင်းပြရရင် သူဟာ ပုံမှန်ရှာနေကြ Google Search နဲ့ မတူညီပါဘူး။ Search နဲ့ ရှာရင် ရှာဖွေမှုအရ result လင့်တွေကို အစဉ်လိုက်ချပေးမှာဖြစ်ပေမယ့် I’m Feeling Lucky ခလုတ်ကို နှိပ်မယ် ဆိုရင်တော့ ရှာဖွေမှု result လင့်တွေကိုမပြတော့ပဲ စာမျက်နှာတခုကို တိုက်ရိုက်ပို့ပေးလိုက်တာပါ။ ဥပမာ book လို့ရိုက်ပြီး Lucky ခလုတ်ကို နှိပ်လိုက်ရင် အွန်လိုင်းဝီကီထဲက စာအုပ်အကြောင်းစာမျက်နှာကို ပြပေးပါလိမ့်မယ်။ Myanmar လို့ ရိုက်ရှာရင် မြန်မာနိုင်ငံအကြောင်း ဝီကီစာမျက်နှာကို ပို့ပေးပါလိမ့်မယ်။ yahoo လို့ ရိုက်ပြီး Lucky ကိုနှိပ်ရင်တော့ Yahoo ဝဘ်ဆိုဒ်ဟာ တန်းပွင့်သွားမှာပါ။ Thutazone လို့ ရေးပြီး ရိုက်လိုက်ရင်တော့ သုတဇုန်ဝဘ်ဆိုဒ် ထဲ တန်းရောက်သွားမှာပါ။ )

၆။ ၁၉၉၇ ခုနှစ်က ဂူဂယ်တည်ထောင်သူတွေဟာ ဂူဂယ်ကို နည်းပညာ ကုမ္ပဏီကြီး Yahoo! ထံ ဒေါ်လာ ၁သန်းနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို Yahoo! က ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအချိန်က ဂူဂယ်ဆိုတာ လူမသိသေးတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ငြင်းပယ်ခဲ့ပေမယ့် ဂူဂယ်ကြီးထွားလာမှာကို ရိပ်မိတဲ့အချိန် ၂၀၀၂ ခုနှစ်မှာတော့ ၃ဘီလျံ နဲ့ ဝယ်ယူဖို့ တဖန်ပြန်ကမ်းလှမ်းခဲ့ပါတယ်။ ဒီတခါတော့ သူ ပြန်အငြင်းခံခဲ့ရပါတယ်။ ဒီနေ့အချိန်မှာတော့ ဂူဂယ်ကုမ္ပဏီ Alphabet ရဲ့ တနှစ်ဝင်ငွေတင် ဘီလျံ ၂၀၀ နီးပါးရှိနေပြီဖြစ်သလို ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီစာရင်းမှာလည်း ထိပ်ပိုင်းကနေ ပါဝင်နေပြီဖြစ်ပါတယ်။ တည်ထောင်သူတွေဖြစ်တဲ့ Larry Page ကတော့ ဒေါ်လာ ၇၈ဘီလျံ ၊ Sergey Brin ကတော့ ၇၆ ဘီလျံ အသီးသီး ကြွယ်ဝချမ်းသာနေပြီ ဖြစ်ပါတယ်။

၇။ Google ဟာသူရဲ့ လုပ်ဆောင်ချက်များအတွက် ကွန်ပြူတာ သန်းနဲ့ချီပြီး အသုံးပြုနေရပါတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရ ဆိုရင်တော့ ဆာဗာပေါင်း အလုံး ၂.၅သန်းကျော်ကို အသုံးပြုနေရပြီး ယနေ့အချိန်မှာတော့ ဒီထက် အများကြီး ပိုးတိုးလာဖို့ပဲ ရှိပါတယ်။ သူ့ရဲ့ဆာဗာတွေကိုတော့ မြောက်အမေရိက ၊ တောင်အမေရိက ၊ ဥရောပ နဲ့ အာရှက နိုင်ငံပေါင်းများစွာမှာ တည်ဆောက်ထားရှိတာဖြစ်ပါတယ်။

၈။ တနေ့ကိုဂူဂယ် search လုပ်တဲ့ အကြိမ်ပေါင်း ဘယ်လောက်ရှိမယ်လို့ မိတ်ဆွေထင်ပါသလဲ။ ဂူဂယ်က သူ့ရဲ့အချက်အလက်တွေကို တရားဝင်ချပြလေ့မရှိပေမယ့် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းမှုအရတော့ တနေ့ကို ဂူဂယ်မှာ ရှာဖွေတဲ့ အကြိမ်ပေါင်းဟာ ၃.၅ဘီလျံ(သန်းပေါင်း ၃၅၀၀) ရှိတယ်လို့ သိရပါတယ်။

၉။ Google ဌာနချုပ်လို့လူသိများတဲ့ googleplex ဟာ Google နှင့် complex စကားလုံးနှစ်လုံးကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီရုံးချုပ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့မှာ တည်ရှိတာဖြစ်ပြီး မူလ ရုံးခန်း complex ရဲ့ အကျယ်က စတုရန်းပေ ၂သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အဲဒီမြို့မှာ ဂူဂယ်ရဲ့ ရုံးခန်း ဧရိယာဟာ စတုရန်းပေ ၃.၅သန်း ကျော် ရှိသွားပြီ လို့ သိရပါတယ်။

၁၀။ Google ၏ရုံးခန်းတွင် အဝတ်အစားကန့်သတ်ထားခြင်းမရှိပဲ ဝန်ထမ်းများဟာ အဆင်ပြေတဲ့ မည်သည့်အဝတ်အစားကိုမဆို ဝတ်ဆင်နိုင်ပါတယ်။ ဂူဂယ်ဝန်ထမ်းတွေဟာ ရုံးတွင်း မည်သည့်နေရာမှာ ရှိနေနေ စားသောက်စရာတွေဟာ ပေ ၁၅၀ မကွာဝေးတဲ့ နေရာမှာ အရံသင့်ရှိနေပါတယ်။ Google ရဲ့ အချိန်ပြည့်ဝန်ထမ်းကို Googler လို့ခေါ်ပြီး ဝန်ထမ်းအသစ်ကို Noogler လို့ခေါ်ပါတယ်။

၁၁။ Google ဟာ တလကို အနည်းဆုံး ကုမ္ပဏီ အသစ်တခုကို ဝယ်ယူလျက်ရှိပါတယ်။ သူဝယ်ယူခဲ့တဲ့ ကုမ္ပဏီတွေအနက်က ထင်ရှားတဲ့ နည်းပညာကုမ္ပဏီတွေကတော့ Android ၊ ယူကျူ့ နဲ့ GPS ဆော့ဖ်ဝဲကုမ္ပဏီ Waze တို့ ဖြစ်ပါတယ်။

၁၂။ Google ဟာ သူရဲ့အင်ဂျင်နီယာများကို အလုပ်ချိန်ရဲ့ ၈၀% သာ ပုံမှန်အလုပ်တွေကို လုပ်စေပါတယ်။ ကျန်တဲ့အလုပ်ချိန် ၂၀ ရာခိုင်နှုန်းကို အကြံဉာဏ်အသစ်များ စဉ်းစားဖို့အတွက် အသုံးချဖို့တိုက်တွန်းထားပါတယ်။ Google ရဲ့များပြားလှတဲ့ ထုတ်ကုန်တွေဟာ အဲဒီ ၂၀ ရာခိုင်နှုန်းမှ ထွက်လာသော စိတ်ကူးများဖြစ်ပါတယ်။

၁၃။ Google ဟာ ဝန်ထမ်းများကို ကျန်းမာရေးပုံမှန်စစ်ဆေးနိုင်ရန် နဲ့ ကုသဖို့အတွက် ဆရာဝန်များနှင့်သူနာပြုများကို လုပ်ငန်းခွင်အတွင်းမှာပဲ ထားရှိပေးပါတယ်။ ဂူဂယ်ရုံးအများစုက ဝန်ထမ်းတွေဟာ ပုံမှန်ဝန်ထမ်းတွေလို ခုံတလုံးတည်းနဲ့ အမြဲတမ်းထိုင်နေစရာမလိုပဲ နှစ်သက်တဲ့နေရာမှာ ထိုင် ၊ ထ၊ အိပ် နှစ်သက်သလို အလုပ်လုပ်နိုင်ပါတယ်။

၁၄။ ရုံးခန်းတွေကိုလည်း ဝန်ထမ်းတွေ စိတ်ကြည်လင် တက်ကြွနေစေဖို့ ဒီဇိုင်းမျိုးစုံ နဲ့ ဖန်တီးပေးထားပါတယ်။ တချို့ရုံးခန်းတွေဆိုရင် ကစားကွင်းနဲ့ အပန်းဖြေဖို့ နေရာတွေပါ ထည့်ပေးထားပါသေးတယ်။ အလုပ်လုပ်ရင်း စိတ်အိုက်လာလို့ ကလေးတယောက်လို လျှောစီး နိုင်သလို ဘီလိယက် ၊ ဂိမ်းကစားတာတွေအပြင် ရေကူးနိုင်ဖို့ ရေကူးကန် အသေးစားတွေ ထည့်သွင်းပေးထားတဲ့ ရုံးခန်းတွေ ရှိနေတတ်ပါတယ်။

၁၅။ Google ဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့ပါက အဆိုပါဝန်ထမ်း ၁၀ နှစ်လုပ်ခလစာ၏ တဝက်ကို သူရဲ့အိမ်ထောင်ဖက်ကရရှိမှာဖြစ်ပါတယ်။ တကယ်တော့ Google ဝန်ထမ်းများနှင့်သူရဲ့မိသားစုဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်အားလပ်ရက်တွင်တောင်မှ ခရီးသွားအာမခံဖြင့်ကာကွယ်ပေးထားတာဖြစ်ပါတယ်။ ဒါအပြင် အဲဒီဝန်ထမ်းမှာ ကလေးတွေကျန်ခဲ့မယ်ဆိုရင် အဲဒီကလေး တယောက်စီဟာ အသက် ၁၉နှစ် ရောက်သည်အထိ လစဉ် ဒေါ်လာ ၁၀၀၀ စီ ရနေဦးမှာ လို့ သိရပါတယ်။

Tags: world companies
Next Post
မဒါဂတ်စကာ နိုင်ငံ အကြောင်း သိကောင်းစရာ

မဒါဂတ်စကာ နိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!