• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂီနီ နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 15, 2019
Reading Time: 1min read
0
ဂီနီ နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဂီနီသမ္မတနိုင်ငံသည် အာဖရိက တိုက် အနောက်ဘက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေတွင် တည်ရှိသော သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဂီနီသမ္မတနိုင်ငံ၏ မြောက်ဘက်တွင် ဂီနီဗစ်ဆောနိုင်ငံ၊ ဆီနီဂေါနိုင်ငံနှင့် မာလီနိုင်ငံ၊ အရှေ့ဘက်တွင် အိုင်ဗရီကို့စ်နိုင်ငံ၊ တောင်ဘက်တွင် ဆီရာလီယွန်နိုင်ငံ၊ လိုက်ဘေးရီးယားနိုင်ငံ၊ အနောက်ဘက်တွင်အတ္တလန္တိတ် သမုဒ္ဒရာ တည်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၄၉၁၈ ရှိ၍ ၂၀၁၆ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၁၂.၄သန်း ရှိသည်။ မြို့တော်မှာ ကွန်နကရီမြို့ ဖြစ်သည်။

ဂီနီသမ္မတနိုင်ငံ၏ မြေမျက်နှာပြင် အနေအထား ကွဲပြားခြားနားမှု ရှိသကဲ့သို့ ရာသီဥတုတွင်လည်း ဒေသ အပိုင်းအခြားအလိုက် ကွာခြားမှုရှိသည်။ တောင်ကုန်းဒေသများ ရှိသကဲ့သို့ မြေနိမ့်လွင်ပြင် ဒေသများလည်း ရှိသည်။ တောင်ကုန်းဒေသများတွင် သမပိုင်းရာ ရာသီဥတုရှိ၍ မြေနိမ့်လွင်ပြင်ပိုင်းဖြစ်သော ကမ်းခြေပိုင်းတွင် ပူအိုက်စွတ်စိုပြီး မိုးများသည်။ ထိုအရပ်ဒေသတွင် နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၅၉ လက်မခန့်ရွာ သွန်းတတ်သည်။ တိုင်းရင်းသားများမှာ ကပ္ပလီလူမျိုးများ ဖြစ်သည်။ ဖူလာ၊ ဆူးဆူးနှင့် မာလင်ကေ လူမျိုးတို့သည် လူမျိုးစု ဖြစ်သည်။ တိုင်းရင်း ဘာသာစကား အမျိုးမျိုး ပြောဆိုကြသော်လည်း ပြင်သစ်ဘာသာမှာ ရုံးသုံးဘာသာ ဖြစ်သည်။

ဂီနီသမ္မတနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သည်။ သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။ ဗောက်ဆိုက် တူးဖော်ခြင်း လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ သံနှင့် စိန်လည်း အများအပြား ထွက်ရှိသော နိုင်ငံဖြစ်သည်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ နိုင်ငံသားတစ်ဦး၏ နှစ်စဉ်ဝင်ငွေမှာ ၂၂၈၅ ဒေါ်လာသာရှိသည်။ Guinean franc (GNF) ငွေကြေးစနစ်ကို သုံးသည်။

၁၂ ရာစုမှ စ၍ ကိုလိုနီလက်အောက် မကျရခင်အထိ Sosso ၊ Mali ၊ Songhai ၊ Wassulu စသည့် အာဖရိက အင်ပါယာများ၏ အုပ်ချုပ်မှုကိုခံခဲ့ရသည်။  ၁၈၄၉ ခုနှစ်တွင် ပြင်သစ် အစောင့်ရှောက်ခံ နယ်မြေဘဝသို့ ရောက်ခဲ့ရာမှ ၁၉၁၁ ခုနှစ်တွင် ဂီနီတစ်နိုင်ငံလုံး ပြင်သစ် ကိုလိုနီအဖြစ်သို့ ရောက်ခဲ့သည်။ ပြင်သစ်တို့ကဂီနီ တစ်နိုင်ငံလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သောအခါ ဂီနီလူမျိုးစုများက လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် လွတ်လပ်သော ဂီနီသမ္မတနိုင်ငံအဖြစ် ကြေငြာနိုင်ခဲ့သည်။

ဝန်ကြီးချုပ် ဆေကူးတိုရေသည် ဂီနီနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာ သည်။ ငါးနှစ် သက်တမ်းရှိသော ပြည်သူ့လွှတ်တော် တစ်ရပ်ရှိပြီး သမ္မတကို လူထုဆန္ဒဖြင့် ခုနစ်နှစ်တစ်ကြိမ် ရွေးကောက် တင်မြှောက်ရသည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် ဆေကူးတိုရေသည် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည် အရွေးခံရသည်။ ဂီနီနိုင်ငံသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များနှင့် အာဖရိက ညီညွတ်ရေးအဖွဲ့ဝင် ဖြစ်သည်။ လက်ရှိသမ္မတမှာ အသက် ၈၀ အရွယ်ရှိနေပြီဖြစ်သည့် Alpha Condé ဖြစ်သည်။

ဂီနီနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အချက်များ

ဂီနီရဲ့ အမြင့်ဆုံးတောင်ရှိရာ Mount Richard-Molard တောင်စဉ်တန်းဟာ ဂီနီ နဲ့ အိုင်ဗရီကိုစ့်နိုင်ငံ နယ်စပ်တလျှောက်မှာတည်ရှိပါတယ်။ အဲဒီထဲက  Nimba လို့ခေါ်တဲ့တောင်ထွတ်ဟာ ၅၇၅၀ပေ မြင့်ပြီး ဒီနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။

အဲဒီ Nimba တောင်ရဲ့ ဧက ၃သောင်းကျော်ကျယ်ဝန်းတဲ့ နေရာတစ်ခုဟာ ကမ္ဘာ့အမွေအနှစ်အဖြစ်UNESCO ရဲ့ သတ်မှတ်ထားခြင်း ခံရပါတယ်။ အဲဒီနေရာဟာ အလွန်လှပတဲ့ သဘာ၀၀န်းကျင်ရှိပြီး ၊ ပန်းပေါင်းစုံ နဲ့ တိရစ္ဆာန်တွေပေါများရာနေရာဖြစ်ပြီး သံသတ္တုရိုင်းတွေ တူးဖော်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ မြင်းခွာလင်းနို့ နဲ့ viviparous ဖားပြုပ်လို ရှားပါးအကောင်တွေကို အဲဒီနေရာမှာတွေ့ရလေ့ရှိပါတယ်။

အာဖရိကရဲ့ နာမည်ကျော် မြစ် ၃စင်းဖြစ်တဲ့ နိုင်ဂါမြစ် ၊ ဂမ်ဘီယာမြစ် နဲ့ ဆီနီဂေါမြစ်တွေရဲ့ မူလအစ မြစ်ဖျားခံရာဟာ ဂီနီနိုင်ငံ ဖြစ်ပါတယ်။

ဂီနီရဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့နေရာတစ်ခုကတော့ Îles de Los ကျွန်းဖြစ်ပါတယ်။ မြို့တော် ကွန်နကရီ နဲ့ကပ်ရက်မှာတည်ရှိနေတဲ့ ဒီကျွန်းစုပေါ်မှာရှိတဲ့ ကမ်းခြေတွေနဲ့ သစ်တောတွေရဲ့ သဘာဝအလှအပကြောင့် ကျော်ကြားခြင်းဖြစ်ပါတယ်။

ဂီနီဟာ နိုင်ငံဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကို ဥယျာဉ် ၃ခုနဲ့ အတူ ကာကွယ်ထိမ်းသိမ်းနယ်မြေတွေအဖြစ်သတ်မှတ်ထားပြီး အကျယ်အဝန်းအားဖြင့် ၃၃၀၀၀ စတုရန်းမိုင်တောင် ကျယ်ဝန်းပါတယ်။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းကတော့ အလွန်ခြောက်သွေ့တဲ့ ကန္တာရမြေတွေ ရှိနေပြန်ပါတယ်။

နာမည်အကြီးဆုံးရေတံခွန်ကတော့ Pita မြို့ရဲ့အနောက်ဘက် ၃၅ကီလိုမီတာ အကွာမှာရှိတဲ့ Kambadaga ရေတံခွန်ဖြစ်ပါတယ်။ အမြင့်  ၈၁၇ပေ အနံ ၂၂၆ပေ ရှိတဲ့ ဒီရေတံခွန်ရဲ့ ထူးခြားချက်ကတော့ အောက်ရောက်တဲ့အခါ နောက်ထပ် ရေတံခွန် ၃ခု ခွဲထွက်သွားတာဖြစ်ပါတယ်။ တောနက်ထဲမှာရှိတဲ့ ဒီရေတံခွန်ရဲ့ဝန်းကျင်မှာတော့ မျောက်တွေ နဲ့ အရောင်မျိုးစုံရှိတဲ့ ငှက်တွေကိုတွေ့ရမှာပါ။

ဂီနီနိုင်ငံရဲ့ အလံကို ၁၉၅၈ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ အနီ အဝါ အစိမ်း သုံးမျိုးစပ်ထားတဲ့ဒီအလံမှာ အနီက လွတ်လပ်ရေး ၊ အဝါက နေနဲ့ နိုင်ငံတွင်းထွက်ပေါများကြွယ်ဝမှု ၊ အစိမ်းက စိုက်ပျိုးရေး နဲ့ သဘာဝစိမ်းလန်းမှု တွေကို ကိုယ်စားပြုပါတယ်။

သဘာဝတွင်းထွက်ပေါများပေမယ့် အကျင့်ပျက်ချစားမှုတွေပေါများပြီး ပြည်သူတွေအတွက် အသုံးမချနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေကာ စာတတ်မြောက်သူလည်း အလွန်နည်းပါးပါတယ်။ အရွယ်ရောက်ပြီးသူရဲ့ ၃၀%သာ စာတတ်ပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုများ အလွန်ပေါများလှတာကြောင့် နိုင်ငံသားတွေရဲ့ပျမ်းမျှ လူ့သက်တမ်းဟာ ၆၀နှစ် ပဲ ရှိပါတယ်။

မြို့တော် ကွန်နကရီ မြို့ဟာ ကမ္ဘာ့အစွတ်စိုဆုံးမြို့တွေထဲတွင် ပါဝင်ပြီး နှစ်စဉ်မိုးရေချိန် ၁၄၅လက်မခန့်ရှိနေပါတယ်။

ဂီနီ(Guinea) နိုင်ငံနဲ့ အမည်တူတဲ့ အခြားနိုင်ငံတွေကတော့ Papua New Guinea, Guinea-Bissau နဲ့ Equatorial Guinea နိုင်ငံတွေဖြစ်ပါတယ်။

Myanmar Wiki
Facts of Guinea Country

Tags: countries
Next Post
ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး တည်ဆောက်မှု ၁၀ ခု

ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး တည်ဆောက်မှု ၁၀ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!