Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိပညာရှိကြီး ဆိုကရေးတီး

by Thutamm
July 25, 2019
Reading Time: 1min read
0
ဂရိပညာရှိကြီး ဆိုကရေးတီး
Share on FacebookShare on Twitter

ဆိုကရေးတီးဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိနိုင်ငံ အက်သင်းမြို့တော်၌ ဆိုကရေးတီး အမည်ရှိသော ပညာရှင်တစ်ဦးပေါ်ပေါက်ခဲ့သည်။ ထိုခေတ်က အက်သင်းမြို့သားများသည် ပညာကို အထူးလိုလား ကြသဖြင့် အကြောင်းသင့်ရာသင့်ရာ စုဝေးတိုင်ပင်ဆွေးနွေးလေ့ ရှိကြသည်။ ထိုသို့စုဝေးကြသော လူတစ်စုကို “ ဆိုးဖစ် ” ဟုခေါ် ၏။ ဆိုးဖစ်တို့သည် စကား၏ပရိယာယ်၌ လိမ်မာ၍၊ ဆွေးနွေးရာတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံသည်ထက် စကားနိုင်လု၍ ငြင်းခုံလေ့ရှိကြသည်။ သို့သော်လူတို့၏ စကားများမှာ ပရိယာယ်ကြွယ်ဝသလောက်အနှစ်သာရ ကင်းမဲ့လေသည်။

ဆိုကရေးတီးက ဤသို့ အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင် မပေးသည်သာမက၊ ယုံမှားသံသယ ဖြစ်စေပြီးလျှင်၊ ပို၍ရှုပ်ထွေးစေသည်ဟု ယူဆသဖြင့် ယင်းကို ရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ဝါဒသည်ကား၊ မိမိ၏ ကိုယ်ကျင့်တရားကို လေ့လာစီစစ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပေသည်။ ဆိုကရေးတီး၏ဩဝါဒမှာ မိမိကိုယ်ကို မိမိသိအောင် ဆန်းစစ်ကြည့်ခြင်းပင်ဖြစ်၏။ ဆိုကရေးတီး၏အလို၌ ပညာရှိလျှင် သီလရှိသည်ဟူ၏။ ပညာရှိသူသည် အစစအရာရာ၌ ခြိုးခြံ၍၊ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်လမ်းကို လိုက်သည်။ မယုတ်မလွန် ကျင့်ခြင်းပင်လျှင် စိတ်၏တည်ငြိမ်ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုကရေးတီးသည် ယူဆခဲ့၏။

ထိုခေတ်အခါက လူတို့၏ ပြုမူကျင့်ကြံပုံတို့သည် မည်မျှ လမ်းလွဲနေသည်ကို ထုတ်ဖေါ်ပြသခဲ့သည်။ သူကိုယ်တိုင်လည်း မတရားမှုကို စိုးစဉ်းမျှမပြု၊ တရားသော အမှုအတွက်ကား အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးသူမဟုတ်ချေ။ စင်စစ်လူတို့သည် ပင်ကိုယ်ကဆိုးသွမ်း သော မျိုးစေ့ရှိကြသည်မဟုတ်၊ မသိနားမလည်မှုပေါ်တွင် အခြေခံ၍ ဆိုးသွမ်းမှုဖြစ်ကြ၏။ ပညာဗဟုသုတပေါ်တွင် အခြေတည်သောအခါ ကိုယ်ကျင့်တရား ကောင်းမွန်လာကြသည်ဟု ဆိုကရေးတီးသည် ယုံကြည်၏။ ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ချေ။ သူ၏တပည့်များဖြစ်ကြသော သမိုင်းဆရာကြီး ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေတိုတို့က မိမိတို့ဆရာ၏ ဩဝါဒကထာကို နောင်လာ နောင်သားတို့ လေ့လာနိုင်စေရန် မှတ်တမ်းတင်ခဲ့ခြင်းသာ ရှိ လေသည်၊ ထိုသူနှစ်ဦးကြောင့် ဆိုကရေးတီး၏ အယူအဆ အတွေးအခေါ်နှင့် ဩဝါဒတို့သည် ဂရိတို့၏ ယဉ်ကျေးမှုကို ထင်ရှားကျော်စောစေခဲ့သည်။

ဆိုကရေးတီးသည် အက်သင်းမြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွား၍၊ သူ၏ဖခင်မှာ ပန်းပုဆရာဖြစ်သည်။ပန်းပု ပညာကို သင်ကြားလေ့လာစဉ်က ပညာကိုကောင်းစွာမသင်ခဲ့ရချေ။ ဖခင်၏ ပန်းပုပညာကို သင်ယူလျက်၊ ပန်းပုဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ထိုအလုပ်ကို စွန့်လွှတ်၍ အမှန်တရားကို စဉ်းစားကြံဆခြင်းဖြင့် ပျော်ပိုက်နေလေသည်။သူသည်နေရေး စားရေးအတွက် မပူပင်ချေ။ ရောင့်ရဲလွယ်သောစိတ်ဓာတ်ရှိ၏။ ကြံ့ခိုင်သောကိုယ်ခန္ဓာကြောင့် ခံနိုင်ရည်ရှိလေသည်။ အတန်ငယ် စားရုံအိပ်ရုံနှင့် နေနိုင်သော သတ္တိရှိရကား စီးပွားရှားဖွေခြင်းကို မပြုဘဲ အမှန်တရား ကိုသာ ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ဆိုကရေးတီးသည် အက်သင်းမြို့တော်ရှိ လမ်းမကြီးများ ပေါ်တွင် ကြမ်းတမ်းသော အဝတ်ကိုဝတ်ဆင်လျက် ဖိနပ်ကို အလျင်းမစီးဘဲ သွားလာတတ်သည်။ အရပ်မှာပု၍ လမ်းလျှောက်ပုံမှာ ဘဲသွားသကဲ့သို့ဖြစ်ရကား အကြည့်ရဆိုးလေသည်။ ဝတ်မှုစားမှုကို ဂရုမစိုက်ခြင်းကြောင့် အမြဲညစ်ပတ်ပေရေ နေလေသည်။ သွားလာယင်း သူသိလိုသမျှကို တွေးတောကြံဆ၍နေတတ်၏။ လမ်း၌တွေ့ရသော မည်သူကိုမဆို လှမ်း၍ မေးမြန်းတတ်သည်။

ထိုခေတ်အခါက အက်သင်းမြို့သားတို့သည်အလွန်အလှကြိုက်၍ ဂုဏ်မက်သူများဖြစ်ရကား၊ အရုပ်ဆိုး၍အဝတ်အစုတ် အပြတ်ကို ဝတ်သော ဆိုကရေးတီးအားရှောင်လွှဲသွားတတ်ကြသည်။ သို့ရာတွင် အချို့ကမူ သူ၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဟောပြေါချက်များကို နားထောင်ကောင်းလှသဖြင့် ဝိုင်း၍နားထောင်ကြလေသည်။ လူတို့သည် ဆိုကရေးတီး၏ စကားများကို နာယူမှတ်သား ကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် ပျောက်ကွယ်ကြရသည်။ ရှေးကလူတို့၏ တွေးတော ယူဆချက်များကို ဆိုကရေးတီးသည် အမှန်သို့ရောက်အောင် ဟောပြောခဲ့သည်။ ဆိုကရေးတီး၏ ဩဝါဒကို မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူကြရသည်။ ထိုအခါက စစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည် ဆိုကရေးတီးကို ကြည်ညိုသူဖြစ်ရာ သူ့ဆရာအကြောင်းကို ဆိုကရေးတီး၏ စိတ်မှာ အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍၊ သူ၏ဟောပြောချက်တို့သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင် ဖြစ်တော့သည်ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ မဟုတ်ချေ။ နံနက်စောစောကစ၍ တစ်နေရာတွင်ရပ်ကာ တစ်စုံ တစ်ခုကို စဉ်းစားနေလျှင် သူမည်မျှကြာမည်ကို စောင့်ကြည့်ကြသော လူများသာ ညောင်းညာနှုန်းရိပေသည်။ အိပ်လျက် စောင့်ကြရပေမည်။ သို့ရာတွင် ဆိုကရေးတီးကား ထိုနေရာမှ ရွေ့ရှားလိမ့်မည် မဟုတ်ချေ။ ဆိုကရေးတီး၌ ဤကဲ့သို့ အမူအကျင့်ရှိ သော်လည်း သူသည် အပေါင်းအသင်းဝင်ဆံ့၍ မိတ်ဆွေများအိမ်၌ကျင်းပသော ထမင်းစားပွဲများတွင် ရယ်စရာပျက်လုံးများနှင့်လည်း သောတတ်သည်။ ပညာရှိပီပီ နက်နဲသော အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ဆိုကရေးတီးသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောင့်အရှက်ပေးခြင်းတို့ကို လုံးဝမှုသူမဟုတ်ချေ။ ယင်းသို့ စိတ်အနှောင့်အရှက်ကို ခံနိုင်ရည်ရှိခြင်းမှာ သူ၏နှုတ်သီးကောင်း သဘောဆိုးသော ဇနီးပီး၏ အနှောင့်အယှက်ပေးမှုကို ကျင့်သားရပြီးဖြစ်သောကြောင့်ဟု ဆိုရပေမည်။

ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည်နှင့် ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဖူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်း ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေသည်ဟု ယူဆလာသောအခါ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့်မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။

ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍ ကိုယ်ကျင့်တရား မရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့် ရန်သူသုံးဦး ခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည်သာမက လူတို့၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြောသော်လည်း ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုသို့ ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက်များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က သူ့အား အပြစ်ရှိသည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်းငယ်မျှမတုန်လှုပ်ချေ။ စီရင်ချက်အတိုင်း လာ၍ပေးသော အဆိပ်ခွက်ကို သတ္တိရှိရှိနှင့် မော့ချလိုက်လေသည်။

မြန်မာ့စွယ်စုံကျမ်းမှ

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
မန္တလေးက ရှေးဟောင်းကြေးရုပ်ကြီးတွေရဲ့ သမိုင်းကြောင်း

မန္တလေးက ရှေးဟောင်းကြေးရုပ်ကြီးတွေရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!