• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရင်းနစ် နဲ့ ဂင်းနစ် အကြောင်း

by Thutamm
September 25, 2020
Reading Time: 2min read
0
ဂရင်းနစ် နဲ့ ဂင်းနစ် အကြောင်း
Share on FacebookShare on Twitter

အွန်လိုင်းပေါ်မှာတော့ ဂရင်းနစ် နဲ့ ဂင်းနစ် ဆိုတဲ့ စာလုံးတွေကို မကြာခဏမြင်ဖူးကြမှာပါ။ ဂရင်းနစ်စံချိန် ၊ ဂင်းနစ် မှတ်တမ်း ၊ ဂင်းနစ်စံတော်ချိန် စသည်ဖြင့် ရောပြီးရေးကြတဲ့အခါ တချို့မိတ်ဆွေတွေက ဒီစကားလုံးနှစ်လုံးကို တူသလိုလို ရောထွေးနေကောင်း ရောထွေးနေနိုင်ပါတယ်။ ဒီတခါတော့ ဂရင်းနစ် နဲ့ ဂင်းနစ် ရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

ဂရင်းနစ် Greenwich

ဂရင်းနစ် Greenwich ဆိုတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အရှေ့တောင်ပိုင်းက နယ်မြေတခုဖြစ်ပါတယ်။ ကမ္ဘာရဲ့တည်နေရာဒေသတွေကို လွယ်ကူစွာ သတ်မှတ်နိုင်စေဖို့ မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများ မှန်းဆခွဲဝေရာမှာ ဒီဂရင်းနစ်ဒေသ နဲ့ အတည့်ဖြတ်မျဉ်းကို သုံညဒီဂရီ အဖြစ် အမှတ်ထားပါတယ်။ ဒီနေရာကို ဗဟိုအဖြစ် အမှတ်ထားပြီး အရှေ့အနောက် အသီးသီးသို့ တိုး၍ ရေတွက်ရခြင်းဖြစ်ပါတယ်။

တနိုင်ငံနဲ့ တနိုင်ငံ အချိန်ချင်း မတူညီတဲ့အတွက် ဂရင်းနစ်စံတော်ချိန်ကို ကမ္ဘာ့စံတော်ချိန်အဖြစ်သတ်မှတ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ အချိန်ကို တိုးခြင်း လျော့ခြင်းများပြု၍ မှတ်သားကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အချိန်ကို ပြတဲ့အခါ GMT +6:30 လို့မြင်ကြရမှာဖြစ်ပြီး စင်ကာပူရဲ့အချိန်ကို ပြတဲ့အခါ GMT+08:00 ဆိုပြီးတွေ့ကြရမှာဖြစ်ပါတယ်။ အဲဒီမှာ GMT ဆိုတာက ဂရင်းနစ်စံတော်ချိန် Greenwich Mean Time ရဲ့ အတိုကောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက GMT +6:30 လို့ ဆိုတဲ့အတွက် ဂရင်းနစ်စံတော်ချိန်ထက် ၆နာရီခွဲပိုစောတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ စင်ကာပူက GMT+08:00 ဖြစ်တဲ့အတွက် ဂရင်းနစ်စံတော်ချိန်ထက် ၈ နာရီပိုစောတယ် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ အခု မြန်မာမှာ ည ၇နာရီခွဲရှိနေချိန်မှာ စင်ကာပူမှာတော့ ည ၉ နာရီဖြစ်နေမှာ ဖြစ်ပါတယ်။ အနှုတ် (-) နဲ့ ပြမယ်ဆိုရင်တော့ ဂရင်းနစ်စံတော်ချိန်ထက် နောက်ကျတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အောက်ကပုံကို ကြည့်ရင်ရှင်းသွားပါလိမ့်မယ်။

ဂင်းနစ် Guinness

ဂင်းနစ် Guinness ဆိုတာကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အဖျော်ယမကာ အမှတ်တံဆိပ်တခုဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ မှာ ရရှိနိုင်ပါတယ်။ ၁၉၅၁ ခုနှစ်တုန်းက အဲဒီ ဂင်းနစ်ဘီယာချက်စက်ရုံရဲ့ မန်နေးဂျင်းဒါရိုက်တာ Sir Hugh Beaver နဲ့ မိတ်ဆွေတွေကြားမှာ အငြင်းအခုံတခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဥရောပတိုက်မှာ အမဲလိုက်တဲ့အခါ အမြန်ဆုံးငှက်ဟာ ရွှေရောင်ဒီလုံးငှက်လား ၊ အနီရောင်ခါ(red grouse) လား ဆိုပြီးတော့ ဖြစ်ပါတယ်။ Sir Hugh ဟာ ဒီအဖြေကိုရဖို့ စာအုပ်ပေါင်းများစွာမှာ လိုက်လံရှာဖွေခဲ့ပေမယ့် တိကျတဲ့အဖြေမရခဲ့ပါဘူး။ (အမှန်က ရွှေရောင်ဒီလုံးငှက် ဖြစ်ပါတယ်)

ဒီမှာတင် သူအကြံတခုရပါတယ်။ အဲဒါကတော့ အငြင်းအခုန်ပွဲတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် တိကျတဲ့အဖြေမရှိတာကြောင့် ဒါတွေအားလုံးပါဝင်တဲ့ စာအုပ်ထုတ်ရောင်းချနိုင်ရင် အောင်မြင်မှာပဲ ဆိုပြီးဖြစ်ပါတယ်။ ဒီနောက်မှာတော့ အချက်အလက်ရှာဖွေရာမှာ အလွန်တော်တဲ့ Norris နဲ့ Ross McWhirter အမွှာညီအစ်ကိုနဲ့ ချိတ်မိကာ စာရင်းပြုစုစာအုပ်ထုတ်ဝေဖို့ လုပ်ငန်းအပ်နှံခဲ့ပါတယ်။ McWhirter ညီအစ်ကိုဟာ ၁နှစ်ခန့်ကြာအောင် အမြန်ဆုံး ၊ အနှေးဆုံး ၊ အကြီးဆုံး ၊ အသေးဆုံး ၊ အလေးဆုံး စသည့်အချက်အလက်များကို ရှာဖွေ စာရင်းပြုစုပြီးတဲ့နောက်မှာတော့ ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ် Guinness World Records ကို ၁၉၅၅ ခုနှစ်မှာ စတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။

ထုတ်ဝေပြီးပြီးချင်းမှာပဲ အလွန်လူကြိုက်များအောင်မြင်ခဲ့ပြီး နောက် ၁နှစ် အမေရိကန်မှာ ထုတ်ေ၀ တင်ပို့တဲ့အခါမှာတော့ စာအုပ်ပေါင်း ၇၀၀၀၀ ခန့်အထိ ရောင်းချနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်တွေနဲ့ အကြောင်းအရာတိုကလေးတွေ စုစည်းထားတဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်တွေဟာ ယနေ့အချိန်မှာတော့ နှစ်စဉ် စောင်ရေ ၃.၅သန်းခန့် ရောင်းချရတဲ့အထိ အောင်မြင်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့အရောင်းရဆုံး ကော်ပီရိုက်စာအုပ်အဖြစ် နိုင်ငံပေါင်း ၁၀၀ မှာ ဘာသာစကား ၂၃မျိုးနဲ့ထုတ်ဝေကာ စောင်ရေစုစုပေါင်း သန်း ၁၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အမြင့်ဆုံး ၊ အမြန်ဆုံး ၊ အများဆုံး အစရှိတဲ့ စံချိန်တွေကိုသတ်မှတ်တဲ့အခါမှာ တိရစ္ဆာန်တွေ ၊ အဆောက်အအုံတွေ သာမက လူသားတွေဟာလည်း စံချိန်အသီးသီးတင်ကာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။ ဂင်းနစ်မှတ်တမ်းမှာ ပါဝင်လို့ ဘာငွေကြေး ၊ ဘာဆုမှ မရပေမယ့် ကမ္ဘာ့စံချိန်ရှင်ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်ရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်ကို ရရှိတာကြောင့် လူသိများသွားမှာတော့ အမှန်ပဲဖြစ်ပါတယ်။

အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ဂရင်းနစ် ဆိုတာ ဂရင်းနစ်ကမ္ဘာ့စံတော်ချိန် (GMT) ကိုပြောတာ ဖြစ်ပြီး ဂင်းနစ် (Guinness ) ကတော့ ကမ္ဘာ့စံချိန်မှတ်တမ်းကိုပြောတာဖြစ်ပါကြောင်း ဂရင်းနစ် နဲ့ ဂင်းနစ် ရောနေတဲ့ မိတ်ဆွေတွေအတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။

—— —— ———

(Zawgyi)

ဂရင္းနစ္ နဲ႔ ဂင္းနစ္ အေၾကာင္း

အြန္လိုင္းေပၚမွာေတာ့ ဂရင္းနစ္ နဲ႔ ဂင္းနစ္ ဆိုတဲ့ စာလုံးေတြကို မၾကာခဏျမင္ဖူးၾကမွာပါ။ ဂရင္းနစ္စံခ်ိန္ ၊ ဂင္းနစ္ မွတ္တမ္း ၊ ဂင္းနစ္စံေတာ္ခ်ိန္ စသည္ျဖင့္ ေရာၿပီးေရးၾကတဲ့အခါ တခ်ိဳ႕မိတ္ေဆြေတြက ဒီစကားလုံးႏွစ္လုံးကို တူသလုိလုိ ေရာေထြးေနေကာင္း ေရာေထြးေနႏိုင္ပါတယ္။ ဒီတခါေတာ့ ဂရင္းနစ္ နဲ႔ ဂင္းနစ္ ရဲ႕ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ ေဝမွ်လိုက္ပါတယ္။

ဂရင္းနစ္ Greenwich ဆိုတာကေတာ့ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ အေရွ႕ေတာင္ပိုင္းက နယ္ေျမတခုျဖစ္ပါတယ္။ ကမာၻရဲ႕တည္ေနရာေဒသေတြကို လြယ္ကူစြာ သတ္မွတ္ႏိုင္ေစဖို႔ ေျမာက္ဝင္႐ိုးစြန္းကေန ေတာင္ဝင္႐ိုးစြန္းသို႔ ေဒါင္လိုက္မ်ဥ္းမ်ား မွန္းဆခြဲေဝရာမွာ ဒီဂရင္းနစ္ေဒသ နဲ႔ အတည့္ျဖတ္မ်ဥ္းကို သုံညဒီဂရီ အျဖစ္ အမွတ္ထားပါတယ္။ ဒီေနရာကို ဗဟိုအျဖစ္ အမွတ္ထားၿပီး အေရွ႕အေနာက္ အသီးသီးသို႔ တိုး၍ ေရတြက္ရျခင္းျဖစ္ပါတယ္။

တႏိုင္ငံနဲ႔ တႏိုင္ငံ အခ်ိန္ခ်င္း မတူညီတဲ့အတြက္ ဂရင္းနစ္စံေတာ္ခ်ိန္ကို ကမာၻ႔စံေတာ္ခ်ိန္အျဖစ္သတ္မွတ္ၿပီး သက္ဆိုင္ရာႏိုင္ငံရဲ႕ အခ်ိန္ကို တိုးျခင္း ေလ်ာ့ျခင္းမ်ားျပဳ၍ မွတ္သားၾကတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အခ်ိန္ကို ျပတဲ့အခါ GMT +6:30 လို႔ျမင္ၾကရမွာျဖစ္ၿပီး စင္ကာပူရဲ႕အခ်ိန္ကို ျပတဲ့အခါ GMT+08:00 ဆိုၿပီးေတြ႕ၾကရမွာျဖစ္ပါတယ္။ အဲဒီမွာ GMT ဆိုတာက ဂရင္းနစ္စံေတာ္ခ်ိန္ Greenwich Mean Time ရဲ႕ အတိုေကာက္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက GMT +6:30 လို႔ ဆိုတဲ့အတြက္ ဂရင္းနစ္စံေတာ္ခ်ိန္ထက္ ၆နာရီခြဲပိုေစာတယ္ ဆိုတဲ့ အဓိပၸါယ္ပါ။ စင္ကာပူက GMT+08:00 ျဖစ္တဲ့အတြက္ ဂရင္းနစ္စံေတာ္ခ်ိန္ထက္ ၈ နာရီပိုေစာတယ္ ဆိုတဲ့ အဓိပၸါယ္ရပါတယ္။ ဆိုေတာ့ အခု ျမန္မာမွာ ည ၇နာရီခြဲရွိေနခ်ိန္မွာ စင္ကာပူမွာေတာ့ ည ၉ နာရီျဖစ္ေနမွာ ျဖစ္ပါတယ္။ အႏႈတ္ (-) နဲ႔ ျပမယ္ဆိုရင္ေတာ့ ဂရင္းနစ္စံေတာ္ခ်ိန္ထက္ ေနာက္က်တယ္ဆိုတဲ့ အဓိပၸါယ္ပါ။ ေအာက္ကပုံကို ၾကည့္ရင္ရွင္းသြားပါလိမ့္မယ္။

ဂင္းနစ္ Guinness ဆိုတာကေတာ့ ကမာၻေပၚမွာ နာမည္ႀကီးတဲ့ အေဖ်ာ္ယမကာ အမွတ္တံဆိပ္တခုျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၂၀ မွာ ရရွိႏိုင္ပါတယ္။ ၁၉၅၁ ခုႏွစ္တုန္းက အဲဒီ ဂင္းနစ္ဘီယာခ်က္စက္႐ုံရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ Sir Hugh Beaver နဲ႔ မိတ္ေဆြေတြၾကားမွာ အျငင္းအခုံတခုျဖစ္ခဲ့ပါတယ္။ အဲဒါကေတာ့ ဥေရာပတုိက္မွာ အမဲလုိက္တဲ့အခါ အျမန္ဆုံးငွက္ဟာ ေရႊေရာင္ဒီလုံးငွက္လား ၊ အနီေရာင္ခါ(red grouse) လား ဆုိၿပီးေတာ့ ျဖစ္ပါတယ္။ Sir Hugh ဟာ ဒီအေျဖကိုရဖုိ႔ စာအုပ္ေပါင္းမ်ားစြာမွာ လုိက္လံရွာေဖြခဲ့ေပမယ့္ တိက်တဲ့အေျဖမရခဲ့ပါဘူး။ (အမွန္က ေရႊေရာင္ဒီလုံးငွက္ ျဖစ္ပါတယ္)

ဒီမွာတင္ သူအႀကံတခုရပါတယ္။ အဲဒါကေတာ့ အျငင္းအခုန္ပြဲေတြဟာ မၾကာခဏျဖစ္ပြားေလ့ရွိေပမယ့္ တိက်တဲ့အေျဖမရွိတာေၾကာင့္ ဒါေတြအားလုံးပါ၀င္တဲ့ စာအုပ္ထုတ္ေရာင္းခ်ႏုိင္ရင္ ေအာင္ျမင္မွာပဲ ဆုိၿပီးျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ အခ်က္အလက္ရွာေဖြရာမွာ အလြန္ေတာ္တဲ့ Norris နဲ႔ Ross McWhirter အမႊာညီအစ္ကိုနဲ႔ ခ်ိတ္မိကာ စာရင္းျပဳစုစာအုပ္ထုတ္ေ၀ဖုိ႔ လုပ္ငန္းအပ္ႏွံခဲ့ပါတယ္။ McWhirter ညီအစ္ကိုဟာ ၁ႏွစ္ခန္႔ၾကာေအာင္ အျမန္ဆုံး ၊ အေႏွးဆုံး ၊ အႀကီးဆုံး ၊ အေသးဆုံး ၊ အေလးဆုံး စသည့္အခ်က္အလက္မ်ားကို ရွာေဖြ စာရင္းျပဳစုၿပီးတဲ့ေနာက္မွာေတာ့ ပထမဆုံးဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းစာအုပ္ Guinness World Records ကို ၁၉၅၅ ခုႏွစ္မွာ စတင္ထုတ္ေ၀ႏုိင္ခဲ့ပါတယ္။

ထုတ္ေ၀ၿပီးၿပီးခ်င္းမွာပဲ အလြန္လူႀကဳိက္မ်ားေအာင္ျမင္ခဲ့ၿပီး ေနာက္ ၁ႏွစ္ အေမရိကန္မွာ ထုတ္ေ၀ တင္ပုိ႔တဲ့အခါမွာေတာ့ စာအုပ္ေပါင္း ၇၀၀၀၀ ခန္႔အထိ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ စိတ္၀င္စားဖြယ္ အခ်က္အလက္ေတြနဲ႔ အေၾကာင္းအရာတုိကေလးေတြ စုစည္းထားတဲ့ ဂင္းနစ္မွတ္တမ္းစာအုပ္ေတြဟာ ယေန႔အခ်ိန္မွာေတာ့ ႏွစ္စဥ္ ေစာင္ေရ ၃.၅သန္းခန္႔ ေရာင္းခ်ရတဲ့အထိ ေအာင္ျမင္ေနၿပီျဖစ္ပါတယ္။ ကမာၻ႔အေရာင္းရဆုံး ေကာ္ပီရုိက္စာအုပ္အျဖစ္ ႏုိင္ငံေပါင္း ၁၀၀ မွာ ဘာသာစကား ၂၃မ်ဳိးနဲ႔ထုတ္ေ၀ကာ ေစာင္ေရစုစုေပါင္း သန္း ၁၀၀ ေက်ာ္အထိ ေရာင္းခ်ႏုိင္ခဲ့ၿပီးျဖစ္ပါတယ္။

အျမင့္ဆုံး ၊ အျမန္ဆုံး ၊ အမ်ားဆုံး အစရွိတဲ့ စံခ်ိန္ေတြကိုသတ္မွတ္တဲ့အခါမွာ တိရစာၦန္ေတြ ၊ အေဆာက္အအုံေတြ သာမက လူသားေတြဟာလည္း စံခ်ိန္အသီးသီးတင္ကာ ဂင္းနစ္ကမာၻ႔မွတ္တမ္းမွာ ပါ၀င္ႏုိင္ခဲ့ၾကပါတယ္။ ဂင္းနစ္မွတ္တမ္းမွာ ပါ၀င္လုိ႔ ဘာေငြေၾကး ၊ ဘာဆုမွ မရေပမယ့္ ကမာၻ႔စံခ်ိန္ရွင္ပုဂၢဳိလ္အျဖစ္ ဂင္းနစ္ရဲ႕ တရား၀င္ အသိအမွတ္ျပဳလက္မွတ္ကို ရရွိတာေၾကာင့္ လူသိမ်ားသြားမွာေတာ့ အမွန္ပဲျဖစ္ပါတယ္။

အဲဒီေတာ့ ျပန္ခ်ဳပ္လုိက္မယ္ဆုိရင္ ဂရင္းနစ္ ဆုိတာ ဂရင္းနစ္ကမာၻ႔စံေတာ္ခ်ိန္ (GMT) ကိုေျပာတာ ျဖစ္ၿပီး ဂင္းနစ္ (Guinness ) ကေတာ့ ကမာၻ႔စံခ်ိန္မွတ္တမ္းကိုေျပာတာျဖစ္ပါေၾကာင္း ဂရင္းနစ္ နဲ႔ ဂင္းနစ္ ေရာေနတဲ့ မိတ္ေဆြေတြအတြက္ ဗဟုသုတအျဖစ္ ေ၀မွ်လုိက္ရပါတယ္။

Tags: knowledge
Next Post
ထိုင်းနိုင်ငံ အကြောင်း သိကောင်းစရာ

ထိုင်းနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!