• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂန္ဓာရတိုင်းက နှစ်ပေါင်း ၂ထောင်ကျော် သက်တမ်းရှိ စေတီကြီး

by Thutamm
January 1, 2020
Reading Time: 1min read
0
ဂန္ဓာရတိုင်းက နှစ်ပေါင်း ၂ထောင်ကျော် သက်တမ်းရှိ စေတီကြီး
Share on FacebookShare on Twitter

ဒီစေတီရဲ့အမည်ကတော့ Mankiala(မန်ကီရာလာ) ဖြစ်ပြီး ပါကစ္စတန်နိုင်ငံရဲ့မြို့တော် Islamabad ရဲ့အရှေ့တောင်ဘက် ၃၆ ကီလိုမီတာအကွာက Grand Trunk လမ်းမကြီးဘေးမှာ တည်ရှိနေပါတယ်။ ပါကစ္စတန်က ပန်ဂျပ်နယ်ထဲမှာရှိနေပြီး အနီးမှာရှိတဲ့ Mankiala ရွာရဲ့အမည်ကို အစွဲပြုပြီး စေတီရဲ့နာမည်ကိုလည်း ဒီအတိုင်းပဲခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဒီစေတီတော်ကို ပါကစ္စတန် ၊ အာဖဂ္ဂန်နစ္စတန်တို့မှာ ဗုဒ္ဓဘာသာထွန်းကားခဲ့ချိန် ဂန္ဓာရ အချိန်အခါက တည်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီစေတီရဲ့ပတ်သတ်ပြီး အစဉ်အဆက်ပြောဆိုခဲ့ကြတဲ့ ပါးစပ်ရာဇဝင်ပုံပြင် အမျိုးမျိုးရှိတဲ့အနက် လူသိများတဲ့ ဇာတ်ဝထ္ထု ပုံပြင်တစ်ခုမှာတော့ ဘုရားအလောင်းတော်ဟာ တစ်ခုသောဘဝမှာ Sattva မင်းသားဖြစ်ခဲ့ပြီး ဒီစေတီရှိရာနေရာမှာ ဆာလောင်နေတဲ့ ကျားအကောင်ပေါက် ၇ ကောင်အတွက် မိမိရဲ့ ခန္ဓာကိုယ်ကိုစွန့်ခဲ့တဲ့နေရာ လို့ဆိုပါတယ်။

စေတီကိုတည်ခဲ့သူ နဲ့ပတ်သတ်လို့လည်း မူကွဲ ၂ မျိုးရှိနေပါတယ်။ တစ်မျိုးကတော့  အေဒီ ၁၂၈ နဲ့ ၁၅၈ ကာလအတွင်း ဒီဒေသမှာစိုးစံခဲ့တဲ့ ကူရှန်အင်ပါယာဘုရင် Kanishka က ဒီစေတီကို တည်ခဲ့တာလို့ ဆိုပါတယ်။

နောက်တစ်မျိုးကတော့ ဒီစေတီကို မောရိယအင်ပါယာရဲ့ ဘုရင် အာသောက က တည်ခဲ့တာလို့ သမိုင်းပညာရှင်အချို့ကယူဆကြပါတယ်။ ဗုဒ္ဓဘာသာထွန်းကားစေဖို့ အာသောက ဘုရင်ဟာ ဘီစီ ၂၆၁ခန့်မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် သဂြိုဟ်ရာမှာ ကြွင်းကျန်ရစ်ခဲ့တဲ့ပြာတွေကို ရွှေ(သို့) ငွေ သေတ္တာပေါင်း ၈၄ ခုနဲ့ ခွဲထည့်ခဲ့ပါတယ်။

ထို့နောက်မှာတော့ အဲဒီ ရွှေငွေ သေတ္တာ ၈၄ ခုကို အိန္ဒိယ ပါဋလိပုတ်ကနေ ဂန္ဓာရတိုင်း တလျှောက် မတူညီတဲ့နေရာ ၈၄ ခုမှာ ဌာပနာပြီး စေတီ ၈၄ဆူ တည်ခဲ့ပြီး Mankiala စေတီဟာလည်း ဒီအထဲက ၁ဆူ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ရာစုပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ ဒီစေတီကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သူကတော့ အာဖဂ္ဂနစ္စတန်ကို စေလွှတ်ခံခဲ့ရတဲ့ ဗြိတိသျှအထောက်တော်တစ်ဦးဖြစ်တဲ့ Mountstuart Elphinstone ဖြစ်ပါတယ်။ သူဟာ သမိုင်းပညာရှင်တစ်ယောက်လည်းဖြစ်ပြီး တောင်ပူစာပုံဖြစ်ကာ ခြုံတွေဖုံးလွှမ်းနေတဲ့ ဒီစေတီကြီးကို ၁၈၀၈ ခုနှစ်မှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စေတီကြီးရဲ့ ဌာပနာ ပစ္စည်းတွေကိုတော့ အီတလီစစ်သားကုန်သည် နဲ့ သုတေသနပညာရှင်တစ်ဦးဖြစ်သူ Jean-Baptiste Ventura က ၁၈၃၀ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီပစ္စည်းတွေဟာ ဗြိတိသျှတို့ အိန္ဒိယကို နယ်ချဲ့စဉ်ကာလအတွင်းမှာ ပျောက်သွားခဲ့ပြီး မည်သို့မည်ပုံလုပ်လိုက်သည်မသိ လက်ရှိအချိန်မှာတော့ ဗြိတိသျှ ပြတိုက်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒီစေတီကြီးကို ၁၈၉၁ ခုနှစ်ကတည်းက ထပ်မံပြင်ဆင်ခြင်း မရှိတော့ပါဘူး။ ဒီစေတီကြီး ရှိရာ Mankiala ရွာကို ပါကစ္စတန်မြို့တော် Islamabad သာမက Rawalpindi မြို့မှလည်း သွားရောက်နိုင်ပြီး သွားမယ်ဆိုရင်တော့ Karachi–Peshawar ရထားလိုင်းကိုစီးကာ Mankiala ဘူတာမှာ ဆင်းရမှာဖြစ်ပါတယ်။

Tags: buddhism
Next Post
FBI ရဲ့ လေ့ကျင့်ရေးစခန်း မြို့အတု

FBI ရဲ့ လေ့ကျင့်ရေးစခန်း မြို့အတု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!