Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချာလီချက်ပလင် ရိုက်ကူးခဲ့သော ဟစ်တလာဇာတ်ကား

by Thutamm
May 7, 2020
Reading Time: 1min read
0
ချာလီချက်ပလင် ရိုက်ကူးခဲ့သော ဟစ်တလာဇာတ်ကား
Share on FacebookShare on Twitter

Great Dictator ဆိုတာကတော့ (၁၉၄၀)ခုနှစ်ထုတ် အမေရိကန်နိုင်ငံရေးဟာသဇာတ်မြူးရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပြီးကမ္ဘာနိုင်ငံရေးကို လှောင်ပြောင်ထားတဲ့ ကမ္ဘာကျော်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ယင်းဇာတ်ကားရဲ့ဇာတ်လမ်း၊ဇာတ်ညွှန်း၊ ဒါရိုက်တာ၊အဓိကသရုပ်ဆောင် အဖြစ်ပါဝင်ခဲ့သူက နာမည်ကျော်ဟာသပညာရှင် ချာလီချက်ပလင်ဖြစ်ပြီး ယင်းဇာတ်ကား မှာတော့ ချာလီကိုပုံမှန်တွေ့နေကျဟာသဇာတ်ရုပ်နဲ့ နာဇီခေါင်းဆောင် ဟစ်တလာနေရာကနေပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါမယ်။

ဒါအပြင်ယင်းဇာတ်ကားဟာ ယင်းကာလကအသံတိတ်ရုပ်ရှင်တွေသာခေတ်စားနေတဲ့ ဟောလီးဝုဒ်လောကကိုထိုးဖောက်တဲ့ သံစုံရုပ်ရှင်ဖြစ်ပြီးချာလီချက်ပလင်အတွက်လည်း ပထမဆုံးသော မူရင်းအသံနဲ့ သရုပ်ဆောင်တဲ့ရုပ်ရှင်အဖြစ်လည်းဖြစ်လာခဲ့ပါတယ်။

Great Dictator ဟာ ရိုက်ကူစဉ်ကအမေရိကန်ဒေါ်လာ(၂)သန်း (ယခုချိန်နဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃၆သန်း) ကုန်ကျခဲ့ပြီးပြန်လည်ပြသရာမှာတော့ အမေရိကန်ဒေါ်လာ(၅)သန်း(ယနေ့ခေတ်ဆိုရင် ၈၉ သန်းကျော်လောက်)ပြန်လည်ရရှိခဲ့တာ ကြောင့် စီးပွားရေးအရရော အနုပညာအရပါအောင်မြင်တယ်လို့ဆိုရပါမယ်။ ဒီနေရာမှာ မျှဝေပေးချင်ကတော့ ကမ္ဘာကျော် Great Dictator ဇာတ်ကားကြီးရဲ့စိတ်ဝင်စားရာ အကြောင်းအရာတွေဖြစ်ပါတယ်။

Great Dictator ဟာ ဟစ်တလာ၊မူဆိုလီနီလိုဖက်ဆစ်နဲ့ နာဇီခေါင်းဆောင်တွေရဲ့ အငြင်းပွားစရာဇာတ်လမ်းတွေကိုအကျဉ်းချုပ်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး ဂျာမနီနဲ့ အီတလီအာဏာပိုင်တွေအတွက်တော့ ဒေါသထွက်စရာနိုင်ငံရေးလှုံဆော်မှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ထူးခြားတာကတော့ Great Dictator ကိုထုတ်လွှင့်လိုက်ချိန်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ဂျာနီနိုင်ငံရဲ့ဆက်ဆံရေးဟာ ငြိမ်းချမ်းနေဆဲကာလ မှာဖြစ်ပါတယ်။

Great Dictator ဟာ ပရိတ်သတ်တွေရဲ့အားပေးမှုကို စံချိန်တင်ရခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့အပြင် ဇာတ်ကားရဲ့ဒါရိုက်တာ၊ဇာတ်ညွှန်း၊တေးဂီတ ပိုင်းသာမက အဓိကသရုပ်ဆောင်အဖြစ်လုပ်ကိုင်ခဲ့တဲ့ ချာလီချက်ပလင်အတွက်လည်း ရိုက်ခဲ့သမျှကား တွေအထဲမှာ ဝင်ငွေပိုင်းအရ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာတော့ Great Dictator ဇာတ်ကားဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ Library of Congress ကနေ အမေရိကန်အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းရဲ့အမွေအနှစ်ဇာတ်ကားအဖြစ်ရွေး ချယ်ခဲ့ပါတယ်။ Great Dictator ဟာထုတ်လုပ်ရေးဆု၊အကောင်းဆုံးသရုပ်ဆောင်ဆု၊ ဇာတ်ညွှန်းဆု၊ ဇာတ်ပို့သရုပ်ဆောင်ဆုနဲ့တေးဂီတဆုတွေအတွက် အမေရိကန်ရုပ်ရှင် လောကရဲ့အော်စကာမှာ(၅)နေရာအထိ ဇကာတင်စာရင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

(၁၉၆၄)မှာထုတ်ဝေခဲ့တဲ့ ချာလီချက်ပလင်ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာဆိုရင် သူအနေနဲ့ နာဇီဝါဒရဲ့ဆိုးယုတ်မှုတွေကို လက်တွေ့သိရှိမယ်ဆိုရင် သူတို့ရဲ့မှတ်တမ်းကို ပုံဖော်နေသလိုဖြစ်တဲ့ ဒီရုပ်ရှင်ကိုရိုက်ကူးမှာမဟုတ်ကြောင်း ဝန်ခံထားတာကိုတွေ့ရပါ တယ်။ ဒီရုပ်ရှင်အကြောင်းကိုသိရှိတဲ့ဟစ်တလာ Great Dictator ကိုဂျာမနီနိုင်ငံမှာသာ မက နာဇီအာဏာသက်ရောက်တဲ့နိုင်ငံတိုင်းမှာပြသဖို့ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမဲ့ ဟစ်တလာကိုယ်တိုင်တော့ ဒီရုပ်ရှင်ကို(၂)ကြိမ်အထိကြည့်ခဲ့တယ်လို့သိရပြီး ကြည့်နေစဉ်မှာအနည်းငယ်ရယ်ခဲ့တာကလွဲလို့ ဘာဝေဖန်ချက်ကိုမှပေးခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ဒီအတွက် ချာလီချက်ပလင်ကတော့ ဟစ်တလာအနေနဲ့ Great Dictator ရုပ်ရှင်အပေါ် ကိုကြည့်ခဲ့ရင် အတွေးတစ်ခုကိုတော့ရသွားမှာသေချာပါတယ် လို့ဆိုခဲ့ပေမဲ့ ဟစ်တလာ ကတော့ စစ်ဆက်တိုက်ဖို့အတွေးကိုပဲဆက်တွေးသွားခဲ့ပုံပါ။

Great Dictator ဇာတ်ကားကိုရုပ်ရှင်အဖြစ်ဖန်တီးနေဆဲကာလမှာ ဟစ်တလာရဲ့နာဇီ တပ်တွေဟာ ဥရောပသိမ်းစစ်ပွဲတွေကိုစတင်ခဲ့ပါတယ်။ နာဇီတွေရဲ့ရက်စက်မှုတွေကို ချာလီချက်ပလင်ကိုယ်တိုင်ကြားလိုက်ရချိန်မှာတော့ ဟစ်တလာနေရာကနေသရုပ် ဆောင်တဲ့ သူဇာတ်ရုပ်အတွက် သူကိုယ်တိုင်တုန်လှုပ်ခြောက်ခြားလာခဲ့တယ်လို့ဆိုပါတယ်။ နာဇီတွေအနေနဲ့ ပြင်သစ်နိုင်ငံကိုကျူးကျော်တိုက်ခိုက်ချိန်မှာတော့ ချာလီချက်ပလင်ဟာ မူလကရည်မှန်းထားတဲ့ဇာတ်ကားရဲ့ အဆုံးသတ်နေရာအစား ယနေ့ခေတ် အွန်လိုင်းမှာခေတ်စားနေတဲ့ သူရဲ့နာမည်ကျော်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေးမိန့်ခွန်းကိုထည့်သွင်းပြီး အဆုံးသတ်ခဲ့ပါတယ်။

ချာလီရဲ့ယင်းမိန့်ခွန်းဟာ အနှစ်သာရပြည့်ဝ လွန်းတာကြောင့် အမေရိကန်အစိုးရရဲ့ရေဒီယိုလိုင်းတွေကနေတစ်ဆင့် ထပ်မံထုတ်လွှတ် ခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ယင်းမိန့်ခွန်းကိုရိုက်ကူးစဉ်မှာလည်း ချာလီဟာ မျက်တောင်မကြာခဏခပ်နေတဲ့အတွက် အတော်ကိုကြိုးစားပြီးသရုပ်ဆောင်ခဲ့ရပါတယ်။ ယင်းမိန့်ခွန်းပြောခန်းကို ရိုက်ကူးစဉ်ကလည်း ရုပ်ရှင်အဖွဲ့သားတွေဟာ ငြိမ်းချမ်းရေး အကြောင်းကိုထည့်မပြောဖို့ချာလီကိုနားချခဲ့ပါသေးတယ်။

ဒါပေမဲ့ ချာလီကတော့ပယ်ချခဲ့ပါတယ်။ ဒီအချိန်ရောက်မှာ စက်အဖွဲ့သားတစ်ယောက်က ချာလီရေ အဲဒီငြိမ်းချမ်းရေး စကားလုံးကပဲ ရုပ်ဝင်ကြေးသန်းနဲ့ချီ ရတာကွလို့ ပြောကြားခဲ့ပြီး ချာလီချက်ပလင်က တော့ ဟေ့ကောင် ဒေါ်လာ(၅)သန်းပေးပြီး ဒီငြိမ်းချမ်းရေးစကားကိုမပြောခိုင်းလဲ ငါက တော့ပြောကိုပြောမှာကွလို့ တုံ့ပြန်ခဲ့ပါတယ်။ (ဒေါ်လာ၅ လသန်းဆိုတာ Great Dictator ဇာတ်ကားရုံတင်ပြသချိန်မှာ ပြန်လည်ရရှိတဲ့ဝင်ငွေကိုချာလီက ရည်ညွှန်းဟန် ရပါတယ်။)

စပိန်နိုင်ငံမှာတော့ Great Dictator ဇာတ်ကားကို (၁၉၇၅)နောက်ပိုင်းအချိန် ရောက်မှသာ ပြသခွင့်ရခဲ့ပါတယ်။ အကြောင်းကတော့ စပိန်ဟာ စစ်အာဏာရှင် Franciso Francoရဲ့လက်အောက်ကို ရောက်ရှိနေတာကြောင့် ဖြစ်ပြီး သူသေဆုံးပြီးနောက်ပိုင်းဖြစ်တဲ့ (၁၉၇၆)၊ဧပြီလမှသာ ရုံတင်ပြခဲ့ရပါတယ်။ အီတလီမှာဆိုရင်လည်း Great Dictatorဇာတ်ကားကို ပြသခွင့်ရခဲ့တယ်ဆိုပေမဲ့ ဇာတ်ကားအတွင်းက နပိုလီယံရဲ့ မိန်းမပါဝင်တဲ့အခန်းတွေကိုဖြတ်တောက်ထားခဲ့ပါတယ်။ အကြောင်းကတော့ အာဏာရှင် မူဆိုလီနီအမျိုးသမီးမုဆိုးမဖြစ်သွားသူ Rachele ကိုလေးစားသောအနေနဲ့ အပြစ်မရှိ တဲ့အီတလီသူတစ်ဦးကို ကာကွယ်တဲ့သဘောဖြစ်ပါတယ်။ (၂၀၀၂)ရောက်မှသာ Great Dictator ဇာတ်ကားရဲ့အပြည့်အစုံကိုအီတလီမှာပြသခွင့်ရခဲ့တာဖြစ်ပါတယ်။

ချာလီချက်ပလင်က ယင်းဇာတ်ကားကိုသရုပ်ဆောင်ချိန်မှာ ဝတ်ဆင်ခဲ့ရတဲ့ နာဇီယူနီ ဖောင်းတွေကြောင့် သူအနေနဲ့တက်ကြွပြီး ရန်လိုတဲ့စိတ်ထားကိုခံစားမိခဲ့ကြောင်းနဲ့ သရုပ်ဆောင်ပြီးချိန်မှာနေ့စဉ်လုပ်နေတဲ့ အလုပ်ကိစ္စတွေကိုတောင်ပြန်လည်လုပ်ကိုင်ဖို့ ခက်ခဲကြောင်းဝန်ခံခဲ့ပါတယ်။ ဂျာမန်ဂျူးတွေတော့ Dictator ဆိုတာဟာ Esperanto လို့သိကြတဲ့ တစ်ကမ္ဘာလုံးကဂျူးတွေသုံးတဲ့ ဘာသာစကား ကနေလာတယ်လို့ ဆိုကြပြီး ဂျူးရပ်ကွတ်တွေက ဈေးဆိုင်တွေမှာသင်္ကေတအနေနဲ့ရေးသားထားလေ့ရှိကြ တယ်လို့သိရပါတယ်။ Esperanto ဘာသာစကားကိုတော့ ပိုလန်ဂျူးတစ်ယောက်ဖြစ်တဲ့ Dr.L.L. Zamenhof ဆိုသူက(၁၈၈၇)ခုနှစ်ကတီထွင်ခဲ့တာလို့သိရပါတယ်။

ကမ္ဘာကျော် အမေရိကန်မင်းသားတစ်ယောက်ဖြစ်တဲ့ Douglas Fairbanks ဆိုရင်လည်း (၁၉၃၉)ခုနှစ်က ဒီရုပ်ရှင်ကိုလာရောက်ကြည့်ရှုခဲ့ပြီး ခွက်ထိုးခွက်လန်ရယ်မောခဲ့တဲ့အထိ အကြိုက်တွေ့ခဲ့ပါတယ်။ ရုပ်ရှင်ပြီးတဲ့အချိန်မှာတော့ မိတ်ဆွေချာလီချက်ပလင်ကိုနှုတ် ဆက်ပြီးအိမ်ပြန်ခဲ့ပါတယ်။ ယင်းနှုတ်ဆတ်ခြင်းဟာ ချာလီအနေနဲ့သူမိတ်ဆွေကြီးကို နောက်ဆုံးနှုက်ဆက်ရတာဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ Douglas Fairbanks ဟာ တစ်ပတ်အကြာမှာပဲသေဆုံးသွားခဲ့လို့ဖြစ်ပါတယ်။

ယင်းကာလကအမေရိကန်သမ္မတ ဖြစ်သူ Franklin D. Roosevelt ဟာဆိုရင်လည်းချာလီရဲ့နာဇီဝါဒကိုဆန့်ကျင်တဲ့ Great Dictator ဇာတ်ကားရိုက်ကူးချိန်မှာ ဂျာမနီနဲ့ဆက်ဆံရေးတင်းမာလာကိုစိုးရွံပြီး ဆက်လက်ရိုက်ကူးမှုမပြုဖို့သူရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ Harry Hopkins ကိုစေလွှတ်ပြီး ရပ်နားစေဖို့ကြံခဲ့ပေမယ့် ချာလီကတော့ငြင်းဆန်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး Dwight D.Eisenhower က အောင်နိုင်သူမဟာမိတ်စစ်သည်တွေကိဂုဏ်ပြုတဲ့အနေနဲ့ Great Dictator ဇာတ်ကားကိုပြင်သစ်ဘာသာစကားနဲ့ထုတ်လွှတ်ဖို့တောင်းဆိုခဲဖူးပါတယ်။ ဇာတ်ကားအတွင်းမှာပဲ ချာလီဟာ သူရဲ့အမျိုးသမီးဖြစ်သူ Paulette Goddard ကိုသန့်ရှင်းရေးအလုပ်သမားခေါင်းဆောင်အဖြစ်ပါဝင်စေပြီး ကြမ်းခင်းတွေကိုပြောင် လက်နေအောင် အမှန်တကယ်တိုက်ဆေးဖို့ညွှန်ကြားခဲ့ပါတယ်။

Great Dictator ဇာတ်ကားကို(၁၉၃၇)လောက်ကတည်းကထုတ်ဝေခဲ့တာဖြစ်ပေမဲ့ ယင်းကားထဲမှာပါသလို နာဇီဝါဒဟာ အလွန်ဆိုးကြောင်းကို လူတွေကလက်မခံကြသေး ပဲ (၁၉၄၀)ရောက်ချိန်မှသာ အကျိုးအကြောင်းအမှန်ကိုသိရှိလာပြီး လူကြိုက်များလာ တာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ကင်မရာနောက်ကွယ်မှာတော့ ပြုလုပ်ချက်များစွာရှိခဲ့ပေမယ့် စစ်သားတွေစုရုံးကခုန်တဲ့ ရိုးရာအကလိုပြကွတ်တွေကိုတော့ဇာတ်ကားအတွင်း အများ အပြားဖြတ်တောက်ပစ်ခဲ့ပါတယ်။

ဇာတ်ကားရဲ့အဓိကဇာတ်ပို့ဖြစ်တဲ့ Jack Oakie ဆိုရင် သင့်တော်ရာ ဇာတ်ရုပ်များစွာနဲ့ Great Dictator ဇာတ်ကားအတွင်းပါဝင်ခဲ့ပေမဲ့ နပိုလီယံ ဇာတ်ရုပ်နဲ့သာလူသိများပါတယ်။ ဇာတ်ကားရဲ့အသံပိုင်းဆိုင်ရာမှာလိုအပ်တဲ့ လေယာဉ် အသံကိုထည့်သွင်းဖို့ ချာလီဟာ လေယာဉ်မော်တာသံကို နည်းမျိုးစုံနဲ့အချိန်ပေးလေ့လာ ခဲ့တယ်လို့သိရပြီး Great Dictator မှာပါတဲ့လေယာဉ်မောင်းနှင်သံတွေဟာ ချာလီကိုယ် တိုင်လေယာဉ်ကွင်းကိုသွားရောက်ပြီး အသံဖမ်းယူခဲ့တာဖြစ်ပါတယ်။

Great Dictator မှာကြည့်ရှုသူတိုင်းဘဝင်ကျတဲ့ အခန်းဖြစ်တဲ့ ဟစ်တလာကမ္ဘာလုံးနဲ့ ကတဲ့အခန်းဟာဆိုရင် (၁၉၂၈)ခုနှစ်ကာလလောက်ကတည်းက ချာလီချက်ပလင် ဆော့စရာ ကမ္ဘာလုံးကိုအသုံးပြုကခဲ့တဲ့ ကကွက်အတိုင်းသာဖြစ်ပါတယ်။ Great Dictator ကိုရိုက်ကူးနေချိန်မှာအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ ချာလီချက်ပလင်နဲ့ ဒေးဗစ် ရော်ဘင်ဆန်တို့ဟာဆိုရင် အမျိုးသမီးတွေသူတို့ကိုဆရာလုပ်တာကို အတော်လက်မခံ နိုင်တဲ့သူတွေဖြစ်ကြပါတယ်။

ယင်းဇာတ်ကားမှာတော့ ဒိုင်ယာလော့စီစဉ်သူအချို့ဟာ အမျိုးသမီးတွေဖြစ်နေတာကြောင့် သူတို့(၂)ယောက်အနေနဲ့ အခန်းအချို့မှာမသက်မသာအနေအထားနဲ့ သရုပ်ဆောင်ခဲ့ရရှာပါတယ်။ Great Dictator ဇာတ်ကားမှာပါတဲ့ ဆံပင်ညှပ်ဆိုင်ကအခန်းတွေဟာဆိုရင် အသံတိတ်ရုပ်ရှင်တွေလိုပဲ နှေးနှေးကွေး ကွေးရိုက်ရတဲ့အခန်းတွေဖြစ်ပြီး (၁)စက္ကန့်ကို ဖလက်ကွက်(၁၆)အထိသာ ရိုက်ကူးခဲ့ရ ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
Wi-Fi ကိုတီထွင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီးချော

Wi-Fi ကိုတီထွင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီးချော

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!